← Chapters

အခန်း (၁၀၃၅)

Vol. 74 Ch. 1035

အခန်း (၁၀၃၅)

Vol. 74 Ch. 1035

သွေးမြစ် ....

မြေအောက်မြစ် ....

ဟန်မူယဲ့က ဘိုးဘေးသွေးမြစ်ဟုခေါ်သော အငွေ့အသက်တစ်ခုကို မြင်ဖူးခဲ့သည်။

သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။

“ဟန်မူယဲ့က သွေးမြစ်အင်မော်တယ်ဘုရင်ကို နှုတ်ဆက်ပါတယ်”

သွေးမြစ်အင်မော်တယ်ဘုရင်က ကျယ်လောင်စွာ ရယ်လိုက်သည်။

“မင်းက ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ”

ဟန်မူယဲ့က အင်မော်တယ်ဘုရင်မင်ဟယ်၏ အမွေအနှစ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သေခြင်းရှင်ခြင်းစွမ်းအားကိုလည်း စုစည်းထားသည်။

သွေးမြစ်အင်မော်တယ်ဘုရင်အတွက် ဟန်မူယဲ့သည် အင်မော်တယ်ဘုရင်မင်ဟယ်၏ မျိုးဆက်သစ်တစ်ယောက် ဖြစ်သည်။

ကျင့်ကြံခြင်းလောကသည် အမွေအနှစ်များကိုသာ အသိအမှတ်ပြုသည်။

ထို့ကြောင့် သူက ရွှေကြာပန်းတောင်ထွတ် နည်းလမ်းကို တိုက်ရိုက်ထုတ်ပေးလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သွေးစက်ကျချောက်ကမ်းပါးသို့ ရောက်လာသောအကြောင်း၊ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ ထိခိုက်သွားသောအကြောင်းနှင့် ဝင်္ကပါ စွမ်းအားကုန်နေသည့်အကြောင်းကို ပြောပြလိုက်သည်။

တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါပြား ထိခိုက်သွားကြောင်း ကြားလိုက်ရသောအခါတွင် သွေးမြစ်အင်မော်တယ်ဘုရင်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ဝင်္ကပါ စွမ်းအားကုန်နေသည့်အကြောင်းကို ကြားလိုက်ရသောအခါတွင် သူက အေးစက်စွာ နှာမှုတ်သည်။

“လောဘကြီးတဲ့ ကြွက်လေးတွေပဲ”

“ချုံးချီနဲ့ စန်းယွမ်က ဝင်္ကပါစွမ်းအားကို အသုံးပြုပြီး သွေးမျိုးဆက်ပုတီးစေ့တွေကို စုစည်းထားတယ်။ သူတို့က ဒီလိုအချိန်မှာတောင် အဲဒါကို ထုတ်မသုံးဘူး။ တကယ်လောဘကြီးနေတာပဲ”

ဝင်္ကပါကို စောင့်ကြပ်‌နေသော ချုံးချီနှင့် စန်းယွမ်က ဝင်္ကပါစွမ်းအားကို ကြားဖြတ်ယူပြီး သွေးမျိုးဆက်ပုတီးစေ့များ စုစည်းရန်အတွက် သွေးကန်တစ်ခု တည်‌ဆောက်ထားကြောင်း သွေးမြစ်အင်မော်တယ်ဘုရင်က ပြောပြခဲ့သည်။

သွေးမျိုးဆက်ပုတီးစေ့သည် နတ်ဘုရားလောကတွင် အလွန်နာမည်ကြီးသည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားလောကသည် သွေးမျိုးဆက်ပုတီးစေ့များကို အသုံးပြုပြီး နဂါးမိကျောင်းအား ဖိနှိပ်ထားသော တောင်ထွတ်တစ်ခုကို နှစ်သိမ့်ပေးရမည်။

“မင်းက သွေးကန်ကို ချိုးဖောက်ပြီး သွေးမျိုးဆက်ပုတီးစေ့တွေကို ယူသွားနိုင်ရင် သူတို့က အစွမ်းကုန်ခုခံနိုင်လိမ့်မယ်”

သွေးမြစ်အင်မော်တယ်ဘုရင်က ညင်သာစွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သွေးမြစ်အင်မော်တယ်ဘုရင်ကို ကြည့်သည်။

“အကြီးအကဲ သွေးကန်ကိုရှာပြီး ဘယ်လိုချိုးဖောက်ရမလဲ သိလား”

အကယ်၍ သွေးကန်ကို ရှာဖွေရန် လွယ်ကူလျှင် သွေးမြစ်အင်မော်တယ်ဘုရင်က ကိုယ်တိုင်ဖျက်ဆီးပစ်လိမ့်မည်။

ထို့ကြောင့် သွေးကန်နှင့်ပတ်သတ်ပြီး တစ်ခုခု ထူးခြားနေရမည်။

“သွေးကန်က နဂါးမိကျောင်းကို ဖိနှိပ်ထားတဲ့နေရာမှာ ရှိနေတယ်။ အဲဒီသားရဲက အရမ်းသန်မာတာကြောင့် ဝင်္ကပါက အပြည့်အဝ ဖိနှိပ်မထားနိုင်ဘူး”

“မင်းက အဲဒီကိုသွားမယ်ဆိုရင် ဂရုစိုက်ပါ။ ခြေတစ်လှမ်းမှားသွားရင် သားရဲရဲ့ အငွေ့အသက်က မင်းခန္ဓာကိုယ်ကို တိုက်စားသွားလိမ့်မယ်”

“အင်မော်တယ်သခင်တွေကတောင် အဲဒါကို ခုခံနိုင်မှာမဟုတ်ဘူး”

သွေးမြစ်အင်မော်တယ်ဘုရင်က သက်ပြင်းချသည်။

သွေးစက်ကျချောက်ကမ်းပါးက အခက်အခဲနှင့် ကြုံနေရသောကြောင့် ဟန်မူယဲ့က တုံ့ဆိုင်းမနေခဲ့ပေ။ သူက သွေးမြစ်အင်မော်တယ်ဘုရင်၏ လမ်းညွှန်ချက်အတိုင်း မှောင်မည်းနေသောနေရာသို့ ရောက်လာသည်။

“အဲဒီလှေကားထစ်တွေအတိုင်း အောက်ဆင်းသွားလိုက်။ ကမ္ဘာဦးခေတ်မိစ္ဆာရဲ့ အစစ်အမှန်ခန္ဓာကိုယ်က အတွင်းပိုင်းမှာ ရှိနေတယ်”

သွေးမြစ်အင်မော်တယ်ဘုရင်၏ အသံက ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ရွှေအလင်းစက်လုံးမှ ထွက်ပေါ်လာသည်။

သွေးမြစ်အင်မော်တယ်ဘုရင်က ဟန်မူယဲ့ကို ကူညီရန်အတွက် ဝိညာဉ်အပိုင်းအစတစ်ခု ပေးလိုက်သည်။

လမ်းကြောင်းသည် နက်ရှိုင်းပြီး အဆုံးမရှိသော ဖိနှိပ်မှုစွမ်းအားဖြင့် ပြည့်နှက်နေသည်။ ဟန်မူယဲ့က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ကျောပေါ်တွင် သယ်ထားသည်ဟု ခံစားနေရသည်။

မြေအောက်မြစ်၏ ဖိနှိပ်နိုင်စွမ်းနှင့် ဆင်တူသည်။

ဟန်မူယဲ့က မိုင်ထောင်ချီအကွာအထိ ရောက်လာပြီး စိတ်မကူးမယဉ်နိုင်‌သော ဖိအားကို သယ်ဆောင်ထားသည်။

သူက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကိုသာ သယ်ဆောင်ထားရလျှင် သည်းခံနိုင်သည်။ သို့သော် သူ့ရှေ့တွင်ရှိသော ကမ္ဘာသည် ပြောင်းလဲနေသည်။

ဤနေရာသည် အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ထိုအငွေ့အသက်သည် လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သည်။

“စိတ်ငြိမ်ငြိမ်ထား။ ဒါက ကမ္ဘာဦးခေတ်မိစ္ဆာရဲ့ စွမ်းအားအမျှင်တန်းလေးတစ်ခုပဲ။ မင်းက ဒါကို မခုခံနိုင်ရင် သွေးကန်ကို ရောက်မှာမဟုတ်ဘူး”

ဟန်မူယဲ့က အသက်ရှူသွင်းလိုက်သည်။ သူ့စိတ်ထဲတွင် ရွှေဝိညာဉ်အလင်းက တောက်ပနေပြီး ဦးခေါင်းထက်တွင် ရွှေကြာပန်းပေါ်လာသည်။ သူက ရှေ့ဆက်သွားခဲ့သည်။

သူက ရွှေအင်မော်တယ်အဆင့်သို့ ရောက်သွားပြီး အလွန်ခွန်အားကောင်းလာသည်။

အကယ်၍ ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေလျှင် ရှေ့ဆက်သွားနိုင်မည်မဟုတ်ပေ။

နောက်ထပ်မိုင်တစ်ထောင်အကွာတွင် အလင်းစက်လုံးက မှိန်ဖျော့လာသည်။

သူက ခေါင်းမော့ကြည့်လိုက်ပြီး အနက်ရောင်တောင်တန်းကို မြင်ရသည်။

သို့သော် အစစ်အမှန်တောင်တန်း မဟုတ်ပေ။

ဟန်မူယဲ့က ပါ့ရှား၏ သွေးမျိုးဆက်မှတ်ဉာဏ်များကို မြင်ခဲ့ရသည်။

ထိုအရာသည် နဂါးမိကျောင်း၏ အမြီး ဖြစ်သည်။

“ဂရုစိုက်ပါ။ သွေးကန်က ရှေ့မှာပဲ။ မင်းက အငွေ့အသက်ကို ဖုံးကွယ်ထားရမယ်”

အလင်းစက်လုံး၏ အသံက ကြားနိုင်ရုံမျှသာ ဖြစ်သည်။

ဤနေရာတွင် သွေးမြစ်အင်မော်တယ်ဘုရင်၏ ဝိညာဉ်က စွမ်းအားမထုတ်နိုင်အောင် ဖိနှိပ်ခံထားရကြောင်း ဟန်မူယဲ့က နားလည်သွားသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကြမ်းတမ်းသည့်ခွန်အားသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်တော့မည်ဟု ထင်ရသည်။

“အကြီးအကဲ၊ ကျွန်တော်တို့ ဘယ်လောက်အထိ ဆက်သွားရအုံးမှာလဲ။ ကျွန်တော်က တောင့်မခံနိုင်တော့ဘူး”

ဟန်မူယဲ့က တီးတိုးပြောသည်။

သူ့ရှေ့တွင်ရှိသော အလင်းစက်လုံးက တုန်ခါသွားပြီး မှိန်ဖျော့သော အလင်းကို ထုတ်ပေးသည်။

ထိုအလင်းက ဟန်မူယဲ့၏ရှေ့တွင် ပြန့်ကျဲသွားပြီး အငွေ့အသက်တချို့ကို တားဆီးပေးထားပုံရသည်။

ဟန်မူယဲ့က ရှေ့ဆက်သွားနေသည်။ အမွှေးတိုင်တစ်တိုင်ခန့် ကုန်ဆုံးသွားသောအချိန်တွင် အလင်းရောင်က ပျောက်ကွယ်သွားသည်။ ကြမ်းတမ်းသော အငွေ့အသက်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်တိုးဝင်လာသည်။

ထိုအချိန်တွင် သူက ပေတစ်ရာကျယ်သော သွေးကန်ကို မြင်လိုက်ရသည်။ ထိုကန်ထဲတွင် ရွှေရောင်သွေးပုတီးစေ့များ ရှိနေကြသည်။

ဟန်မူယဲ့က ဒယိမ်းဒယိုင်ဖြစ်နေပြီး သွေးကန်ဆီသို့ ဆက်သွားလိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ်သွားပြီး ရပ်တန့်လိုက်သည်။

“မြန်မြန်လေး ငါက ....”

သွေးမြစ်အင်မော်တယ်ဘုရင်က အလျင်လိုနေပုံပေါ်သည်။

သို့သော် ဟန်မူယဲ့က သူ့စကားကို နားမထောင်ခဲ့ပေ။

သူက ဦးတည်ချက်ပြောင်းပြီး တောင်တန်းဆီသို့ သွားလိုက်သည်။

“မင်း ပြန်လာခဲ့”

ဝိညာဉ်အလင်းလုံးက ပေါက်ကွဲသွားပြီး သွေးမြစ်အင်မော်တယ်ဘုရင်၏ပုံရိပ်ကို ထုတ်ဖော်သည်။

ထိုပုံရိပ်က တုန်ခါနေပြီး ကြမ်းတမ်းသောအငွေ့အသက်ကြောင့် အက်ကွဲကြောင်းများ ပေါ်လာသည်။

သို့သော် ဟန်မူယဲ့က ပြန်မသွားခဲ့ပေ။

သွေးမြစ်အင်မော်တယ်ဘုရင်က လက်မြှောက်သည်။ ရွှေအလင်းက ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။

ဟန်မူယဲ့၏ ခေါင်းပေါ်တွင်ရှိသော ရွှေကြာပန်းက ရွှေအလင်းကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ရွှေကြာပန်းထဲတွင် သွေးမြစ်အင်မော်တယ်ဘုရင်၏ အမွေအနှစ် ပါဝင်နေပြီး ယခုအချိန်တွင် ဟန်မူယဲ့၏ ဝိညာဉ်ကို ဖိနှိပ်ထားသည်။

သူက ရွှေကြာပန်းကို ရည်ရွယ်ချက်ကောင်းဖြင့် ပေးလိုက်ခြင်းမဟုတ်ပေ။

“ဝီ”

ရွှေကြာပန်းက တုန်ခါနေပြီး ပွင့်ချပ်များက တစ်ခုပြီးတစ်ခု ပြန့်ကားလျက် ရွှေအလင်းကို ထုတ်လွှတ်သည်။

ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏ ခန္ဓာကိုယ်တွင် ထက်မြိသောစွမ်းအင်တစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်ဒိုင်းကာကို ဖျက်ဆီးလိုက်သည်။

ထို့နောက် ဟန်မူယဲ့က ရှေ့ဆက်သွားသည်။

“နောက်တစ်ယောက် ဆုံးရှုံးသွားပြန်ပြီ။ နှမြောစရာပဲ”

သွေးမြစ်အင်မော်တယ်ဘုရင်၏ ပုံရိပ်က တောင့်မခံနိုင်တော့ပဲ ပျောက်ကွယ်သွားသည်။

ထိုပုံရိပ် ပျောက်ကွယ်သွားသောအခါ ဟန်မူယဲ့က နောက်သို့ ပြန်လှည့်လာသည်။

သူက သွေးမြစ်အင်မော်တယ်ဘုရင် ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်ပြီး ပြုံးသည်။

လောကတွင် ဝိညာဉ်ကို ထိန်းချုပ်နိုင်သော နည်းလမ်းများ အမျိုးမျိုးရှိသည်။ သို့သော် သူ၏ မူလဝိညာဉ်ဓားနှင့် မဖြတ်တောက်နိုင်သော နည်းလမ်းများ သိပ်မရှိပေ။

ရွှေကြာပန်းက သူ့ဝိညာဉ်ကို ထိန်းချုပ်တော့မည့်အချိန်တွင် မူလဝိညာဉ်ဓားက ဖိနှိပ်ထားပြီး ရွှေကြာပန်းထဲတွင်ရှိသော ထူဆန်းသည့်စွမ်းအားကို ပယ်ဖျက်လိုက်သည်။

သူက သွေးမြစ်အင်မော်တယ်ဘုရင်၏ ရွှေကြာပန်းအမွေအနှစ်ကို ရရှိခဲ့သည်။

အလကားရလာခြင်း ဖြစ်သည်။

သူက သွေးကန်ဆီသို့ လျှောက်သွားလိုက်ပြီး လက်မြှောက်သည်။ အနီရောင်အလင်းစီးကြောင်းတစ်ခုသည် ကန်ထဲတွင်ရှိနေသော သွေးပုတီးစေ့များအားလုံးကို လွှမ်းခြုံပြီး သိမ်းဆည်းလိုက်သည်။

သွေးကန်က သိပ်မကြီးပေ။ သို့သော် သွေးပုတီးစေ့တစ်သိန်းခန့် ရှိနေသည်။

ထိုသွေးပုတီးစေ့များ ရလာရန်အတွက် သွေးကန်က နှစ်ပေါင်းများစွာကြာအောင် စုဆောင်းခဲ့ရလိမ့်မည်။

ဟန်မူယဲ့က သွေးပုတီးစေ့ကို ကိုင်ထားပြီး မျက်လုံးများ တောက်ပသွားသည်။

သွေးပုတီးစေ့သည် သွေးမျိုးဆက်စွမ်းအားကို သယ်ဆောင်ထားပြီး ခါးသီးအင်မော်တယ်နယ်မြေတွင် အနှစ်သာရပြောင်းလဲခြင်းမီးပြင်းဖိုနှင့် သန့်စင်ထားသော အရောင်ကိုးမျိုးဆေးလုံးနှင့် ဆင်တူသည်။

သို့သော် သွေးပုတီးစေ့က အရောင်ကိုးမျိုးဆေးလုံးထက် ပိုမိုသန့်စင်ပြီး အားကောင်းသည်။

သွေးပုတီးစေ့တစ်လုံးသည် အနည်းဆုံး နတ်စွမ်းအားသလင်းကျောက်တစ်ရာနှင့် ယှဉ်နိုင်သည်။

သို့သော် သွေးပုတီးစေ့၏စွမ်းအားက ထူးခြားသည်။ ကမ္ဘာဦးခေတ်၏ သွေးမျိုးဆက်စွမ်းအားကို သယ်ဆောင်ထားသည်။

ထို့ကြောင့် နတ်ဘုရားကမ္ဘာတွင် ပိုမိုတန်ဖိုးရှိသည်။

‘တကယ့်ကို အကျိုးအမြတ်ရလိုက်တာပဲ’

ဟန်မူယဲ့က သွေးပုတီးစေ့များကို သိမ်းဆည်းပြီး တောင်တန်းဆီသို့ လျှောက်သွားသည်။

သွေးမြစ်အင်မော်တယ်ဘုရင်က သူ့တွင် ပါ့ရှားသွေးမျိုးဆက်ရှိနေကြောင်း မသိပေ။

သူက ဤနေရာသို့ ရောက်လာပြီး တက်ကြွနေသော ပါ့ရှားသွေးမျိုးဆက်ကို ဖိနှိပ်ထားခဲ့ရသည်။

ယခုအချိန်တွင် သူက အနည်းငယ်သာ ဖြေလျော့ပေးလိုက်သော်လည်း ပါ့ရှားပုံရိပ်က သူ့နောက်တွင် ပေါ်ထွက်လာသည်။

ကြမ်းတမ်းသောအငွေ့အသက်သည် ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသော်လည်း ဟန်မူယဲ့ကို ရူးသွပ်မသွားစေပဲ ပိုမိုစိတ်ရှင်းနေစေသည်။

ဤနေရာသည် သူနှင့်သက်ဆိုင်သော အစစ်အမှန်နေရာ ဖြစ်သည်။

သူက ခြေတစ်လှမ်းဖြင့် ပေတစ်သောင်းကို ကျော်ဖြတ်လိုက်သည်။

ဖိအား လျော့ကျသွားသည့်အပြင် သူက ခွန်အားကောင်းသောကြောင့် ဖြစ်သည်။

သူ၏ ရုန်းကန်မှုသည် သွေးမြစ်အင်မော်တယ်ဘုရင်ကို လှည့်စားရန်အတွက်သာ ဖြစ်သည်။

သူ၏ ရုပ်ခန္ဓာစွမ်းအားဖြင့် ဤနေရာတွင် သွားလာရန် သိပ်မခက်ပေ။

သူ့ရှေ့တွင် တောင်တန်း၏မျက်နှာပြင်သည် ကြေးခွံနှင့်တူပြီး မာကျောမှုနှင့် အေးစက်မှုကို ထုတ်လွှတ်နေသည်။

သူက လက်ကိုဆန့်ထုတ်ပြီး တောင်တန်းကို ဖိထားလိုက်သည်။ သူက တစ်ကိုယ်လုံး တုန်ခါပြီး တောင့်တင်းသွားသည်။

သူ၏ အပြုအမူကြောင့် ကမ္ဘာဦးခေတ်၏သားရဲကို မနိုးထစေလျှင်ပင် အနည်းဆုံး တုံ့ပြန်မှုရလိမ့်မည်ဟု ထင်ထားခဲ့သည်။

သူက နဂါးမိကျောင်း၏ လက်ကျန်ဝိညာဉ်နှင့် ဆက်သွယ်နိုင်မည်။

သို့သော် ဝိညာဉ်စွမ်းအား မရှိကြောင်း သိလိုက်ရသည်။

သူက အသက်ပြင်းပြင်းရှူသွင်းပြီး ဓားဆန္ဒကို ထည့်သွင်းလိုက်သည်။

All Chapters