← Chapters

အခန်း (၁၀၃၆)

Vol. 74 Ch. 1036

အခန်း (၁၀၃၆)

Vol. 74 Ch. 1036

“ဘုန်း”

ဟန်မူယဲ့၏ မျက်နှာက ဖြူဖျော့သွားပြီး မျက်လုံးထောင့်မှ သွေးများစီးကျလာသည်။

နှာခေါင်းသွေးလည်း ထွက်လာသည်။

သို့သော် သူက လက်မလွှတ်ခဲ့ပေ။

မရေမတွက်နိုင်သော ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

နဂါးမိကျောင်းက ကမ္ဘာဦးခေတ်တွင် ရှင်သန်ခဲ့သည်။ သူ၏ မှတ်ဉာဏ်များက အလွန်နက်ရှိုင်းပြီး အဆုံးမရှိဟု ပြောနိုင်သည်။

နဂါးမိ‌ကျောင်း၏ မှတ်ဉာဏ်အများစုက သက်တောင့်သက်သာ ရှိနေသည်။

ပြင်ပအကြောင်းအရာများကို ဂရုမစိုက်သော အစစ်အမှန်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ကမ္ဘာဦးခေတ်၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်ရာတွင်လည်း ပေါ့ပါးစွာ တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

လောကကို ဖျက်ဆီးနိုင်သော ကပ်ဘေးသည် နဂါးမိကျောင်းကဲ့သို့ တည်ရှိမှုများကို အန္တရာယ်မပေးနိုင်ပေ။

ကပ်ဘေးများက တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားသည်။ သူတို့၏ ခွန်အားကို မခန့်မှန်းနိုင်တော့ပေ။

ခေတ်များ ကုန်လွန်ပြီး ကမ္ဘာဦးခေတ်၏ ကျွမ်းကျင်သူတချို့က ထွက်သွားကြသည်။

သူတို့က မူလကမ္ဘာမှ ထွက်သွားကြသည်။

ထို့နောက် ကျူးကျော်သူများ ရောက်လာကြသည်။

နောက်ပိုင်းတွင် ယုံကြည်ချက်ကွဲပြားမှုကြောင့် ကမ္ဘာဦးခေတ်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများက တိုက်ခိုက်ခဲ့ကြသည်။

နောက်ပိုင်းတွင် ကမ္ဘာဦးခေတ် ပျက်စီးသွားသည်။

မူလကမ္ဘာက ပြိုကွဲသွားပြီး ကပ်ဘေးရောက်လာသည်။ မရေမတွက်နိုင်သော နတ်ဘုရားသားရဲများ သေဆုံးခဲ့ရသည်။

အားကောင်းသော နတ်ဘုရားသားရဲတချို့က ထွက်သွားကြသည်။ တချို့က အမွေအနှစ်များကို ချန်ရစ်ခဲ့သည်။ တချို့ကတော့ လူသားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ခမ်းနားသော အင်မော်တယ်ကမ္ဘာသည် ထိုသို့ ပျက်စီးသွားသည်။

နဂါးမိ‌ကျောင်း၏ သက်တောင့်သက်သာရှိသော ဘဝသည်လည်း နှောင့်ယှက်ခံလိုက်ရသည်။

နဂါးမိကျောင်းက ရှုံးနိမ့်သွားသည်။

လုံလောက်အောင် မသန်မာသောကြောင့် မဟုတ်ပဲ ရန်သူများက အလွန်ဉာဏ်များသောကြောင့် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ကို သုံးပိုင်းခွဲပြီး မတူညီသော နေရာသုံးခုတွင် ချိတ်ပိတ်ထားသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူက ဆံပင်ဖြူနှင့် ပြုံးပြနေသော လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

“ဟားဟား၊ လူငယ်လေး။ ဒါက လက်ဆောင်ကောင်းတစ်ခုပဲမဟုတ်လား”

ကောင်းကင်တက်လှမ်းနတ်ဘုရားဘုရင် ....

သူက သွေးစက်ကျချောက်ကမ်းပါး၏ အောက်တွင် နဂါးမိကျောင်း၏ဝိညာဉ်ကို ရှင်းထုတ်ခဲ့သည်။

သူက အစီအစဉ်ချပေးခဲ့သည်။

ပါ့ရှား၏ သွေးမျိုးဆက်သည် နဂါးမိ‌ကျောင်းဆီမှ ဆင်းသက်လာသည်။

နှစ်ပေါင်းငါးသန်းအား ကျော်ဖြတ်နိုင်သော နည်းလမ်းကိုလည်း အင်မော်တယ်ဘုရင်က တည်ဆောက်ခဲ့သည်။

‘ဒါဆိုရင် ဒီနေရာရဲ့ အစီအစဉ်ကရော ဘယ်လိုမျိုးလဲ’

ဟန်မူယဲ့က တောင်တန်းကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးသွားသည်။

သူက ဟွမ်ခြောက်၏ခံစားချက်ကို နားလည်သွားသည်။

အလွန်ရှုပ်ထွေးသည်။

သူ့နောက်တွင် ပါ့ရှား၏ပုံရိပ်က ပေတစ်သောင်း၊ ပေတစ်သိန်း၊ ပေတစ်သန်းအထိ ကြီးမားသွားသည်။

ပါ့ရှားက အနက်ရောင်တောင်တန်းများထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားသည်။

သူက နဂါးမိ‌ကျောင်း၏ခန္ဓာကိုယ်ကို သန့်စင်တော့မည်။

စိတ်ကူးမယဉ်နိုင်သော နဂါးမိကျောင်း၏ အမြီးပိုင်းသည် သူ့ရှေ့တွင် ရှိနေသည်။

ကောင်းကင်တက်လှမ်းနတ်ဘုရားဘုရင်က အချိန်ကြာမြင့်စွာ အစီအစဉ်ချထားပြီး သူရောက်လာမည့်အချိန်ကို စောင့်ကြိုနေခဲ့သည်။

နဂါးမိကျောင်း၏ ခန္ဓာကိုယ်ကြောင့် အင်မော်တယ်ဘုရင်များကိုပင် ဖျက်ဆီးပစ်နိုင်လိမ့်မည်။

ထိုခန္ဓာကိုယ်ဖြင့် နတ်ဘုရားကမ္ဘာသို့ တိုက်ရိုက်သွားပြီး ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်နှင့် တွေ့နိုင်လိမ့်မည်။

သွေးရောင်ချည်မျှင်များသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။

ချည်မျှင်များ၏ အပြင်ဘက်တွင် သွေးစက်ကျချောက်ကမ်းပါး ရှိနေသည်။

သွေးစက်ကျချောက်ကမ်းပါး၏ အပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော အင်မော်တယ်သခင်နှစ်ယောက် ရှိသည်။

ခန်းဆောင်ထဲတွင် ဝင်္ကပါပြားကို အသက်သွင်းနေသော အင်မော်တယ်သခင်သုံးယောက် ရှိသည်။

လိုဏ်ဂူများထဲတွင် ဝင်္ကပါကို အားဖြည့်ပေးနေသော ကျင့်ကြံသူများ ရှိကြသည်။

သွေးမြစ်အင်မော်တယ်ဘုရင်ကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။

သွေးစက်ကျချောက်ကမ်းပါး၏ တောင်ထွတ်တွင် အသံတစ်သံကို ကြားနိုင်သည်။

“ချုံးချီ၊ ဝင်္ကပါက တစ်ရက်ပဲ တောင့်ခံနိုင်တော့မယ်။ အင်မော်တယ်ဘုရင်ရဲ့လူတွေက ဘယ်တော့လာမှာလဲ”

အင်မော်တယ်သခင်စန်းယွမ်က ဘေးတွင်ရှိနေသော ချုံးချီကို ကြည့်လိုက်ပြီး တီးတိုးမေးသည်။

“စိတ်မပူပါနဲ့။ အဲဒီအင်မော်တယ်ဘုရင်က ငါတို့ကို ဂရုမစိုက်ဘူးဆိုရင်တောင် သူ့တပည့်တွေက သွေးကန်ထဲမှာရှိတဲ့ သွေးပုတီးစေ့တွေကို ဂရုစိုက်တယ်”

“နတ်စွမ်းအားသလင်းကျောက် သောင်းချီပြီးတန်ဖိုးရှိတဲ့ သွေးပုတီးစေ့သုံးရာကို နတ်ဘုရားကလန်က စိတ်ဝင်စားမှာပဲ”

“နတ်ဘုရားကမ္ဘာမှာရှိတဲ့ လူတိုင်းက နတ်စွမ်းအားကိုပြောင်းလဲပြီး ကျင့်ကြံဖို့ မလိုဘူး”

“နတ်ဘုရားကမ္ဘာကို သွားကြရအောင်။ ငါတို့က အင်မော်တယ်သခင်တွေပဲလေ”

ချုံးချီက ကြမ်းတမ်းသောမျက်နှာထားကို မဖော်ပြတော့ပေ။ မျှော်လင့်ချက်များကို ပြသနေသည်။

သွေးပုတီးစေ့သုံးရာနှင့် လဲလှယ်ထားသော ကြွယ်ဝမှုဖြင့် သူတို့နှစ်ယောက်က နတ်ဘုရားကမ္ဘာတွင် ကောင်းမွန်စွာ နေနိုင်လိမ့်မည်။

ဖူယွီအင်မော်တယ်ကမ္ဘာ၏ အရှုပ်အထွေးများသည် သူတို့နှင့် မသက်ဆိုင်ပေ။

ဟန်မူယဲ့က ခန်းဆောင်ထဲတွင် ရွှေ‌ရောင်ဝင်္ကပါပြားအား အစွမ်းကုန်အသက်သွင်းနေသော အင်မော်တယ်သခင်သုံးယောက်ကို ကြည့်လိုက်သည်။

ဝင်္ကပါပြားသည် ရွှေအလင်းကို ထုတ်ပေးနေသည်။

ဟန်မူယဲ့က ရွှေအလင်းကို ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။

ထိုဝင်္ကပါပြားသည် နေရာသုံးခုနှင့် ဆက်သွယ်ထားသည်။

တစ်နေရာသည် ဖူယွီအင်မော်တယ်ကမ္ဘာ ဖြစ်သည်။ နောက်တစ်နေရာသည် နတ်ဘုရားကမ္ဘာဖြစ်ပြီး နောက်ဆုံးနေရသည် သွေးစက်ကျချောက်ကမ်းပါး၏ အပြင်ဘက်တွင်ရှိ‌သော နတ်ဘုရားကလန်စစ်တပ် ဖြစ်သည်။

ဝင်္ကပါပြားကို အသက်သွင်းရန် ကြာမြင့်နေသည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။

နေရာသုံးခုကို တစ်ပြိုင်နက် ဆက်သွယ်ထားခြင်း ဖြစ်သည်။

တစ်ယောက်ယောက်က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို ပြုပြင်ခဲ့သည်။ ဟန်မူယဲ့က ကျင့်ကြံနေသော အင်မော်တယ်သခင်သုံးယောက်ကို ကြည့်လိုက်သည်။ သို့သော် ထူးခြားမှုကို မမြင်ရပေ။

မဟုတ်သေးပေ။

အကယ်၍ သူက အင်မော်တယ်သခင်မြောင်ယွမ်ကို သံသယဝင်မနေခဲ့လျှင် လွဲချော်သွားလိမ့်မည်။

အင်မော်တယ်သခင်မြောင်ယွမ်၏ နေရာတွင် အရိုးများနှင့် ပြည့်နေသည်။

သူက အရိုးစုအငွေ့အသက်ကို အသုံးပြုပြီး ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။

ဟန်မူယဲ့က တည်ငြိမ်စွာ လေ့လာကြည့်လိုက်သည်။

ထိုအရိုးစုသည် အင်မော်တယ်သခင်မြောင်ယွမ် ဖြစ်သည်။

ထိုသို့ဆိုလျှင် အင်မော်တယ်သခင်မြောင်ယွမ်အတုက မည်သည့်နေရာတွင် ရှိနေသနည်း။

ဟန်မူယဲ့က လိုဏ်ဂူများကို ကြည့်လိုက်သည်။

သူက အင်မော်တယ်သခင်မြောင်ယွမ်ကို နှစ်ကြိမ်သာမြင်ဖူးသော်လည်း အငွေ့အသက်ကို မှတ်မိနေသည်။

သူက လိုဏ်ဂူတစ်လုံးထဲတွင်ရှိသော အင်မော်တယ်သခင်မြောင်ယွမ်ကို မြင်လိုက်ရသည်။

ယခုအချိန်တွင် အင်မော်တယ်သခင်မြောင်ယွမ်က အသက်ခြောက်ဆယ်ခန့်ရှိသော တာအိုတန်ခိုးရှင်တစ်ယောက်အဖြစ် အသွင်ပြောင်းထားသည်။

သူ့ဘေးတွင် ကျင့်ကြံသူတစ်ရာခန့် စုဝေးနေကြသည်။

“မနက်ဖြန် ဝင်္ကပါပျက်စီးသွားရင် သွေးမျိုးဆက်ပုတီးစေ့တွေအားလုံးကို ယူလာရမယ်”

“သွေးစက်ကျချောက်ကမ်းပါးမှာ သောင်းချီတဲ့ သွေးမျိုးဆက်ပုတီးစေ့တွေ ရှိနေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ တကယ်တော့ တစ်ရာလောက်ပဲ ကျန်တော့တယ်။ တခြားပုတီးစေ့တွေက အားကုန်နေပြီ။ အသုံးမဝင်တော့ဘူး”

“ငါတို့က သွေးမျိုးဆက်ပုတီးစေ့တွေအားလုံးကို အစွမ်းကုန်သုံးပြီး ယူရမယ်။ စစ်တပ်ရောက်လာရင် ငါတို့က နတ်ဘုရားကမ္ဘာမှာ ကျင့်ကြံနိုင်လိမ့်မယ်”

အင်မော်တယ်သခင်မြောင်ယွမ်က ရှင်းပြလိုက်ပြီး လူစုခွဲသည်။

ထိုလူများက လိုဏ်ဂူများထဲသို့ ဝင်သွားပြီး တိတ်ဆိတ်စွာ ပုန်းအောင်းနေကြသည်။

ဟန်မူယဲ့က ထိုလူများကို ကြည့်လိုက်သည်။

“ရွှေမီးတောက်”

အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသော ကျင်း‌ဟော်က တုန်လှုပ်သွားပြီး မတ်တပ်ရပ်သည်။

“မွေးစားအဖေ”

ဟန်မူယဲ့၏ ပုံရိပ်ကို သယ်ဆောင်ထားသော ရွှေအလင်းလွှာတစ်ခု ဖြစ်တည်လာသည်။

“ဒီအင်မော်တယ်ကျောက်တုံးတွေကို လိုဏ်ဂူထဲမှာရှိတဲ့လူတွေဆီ ခွဲပေးလိုက်ပါ”

ဟန်မူယဲ့က ပြောသည်။

ထို့နောက် အလင်းလွှာထဲမှ သိုလှောင်အိတ်တစ်လုံး ထွက်လာသည်။

ရွှေမီးတောက်က ဟန်မူယဲ့၏ ထူးဆန်းသောနည်းလမ်းများနှင့် အသားကျနေသည်။

ရွှေမီးတောက်က သိုလှောင်အိတ်ကို ယူလိုက်ပြီး မျက်ခုံးပင့်သည်။

သိုလှောင်အိတ်ထဲတွင် အင်မော်တယ်ကျောက်တုံး သန်းတစ်သောင်း ရှိနေသည်။

ထိုကျောက်တုံးများသည် သွေးစက်ကျချောက်ကမ်းပါးတွင်ရှိသော ကျင့်ကြံသူများအားလုံးကို ခွန်အားပြန်ရစေရန် လုံလောက်သည်။

“ပြီးတော့ ဒီသွေးမျိုးဆက်ပုတီးစေ့တွေက ယဇ်ပလ္လင်မှာရှိတဲ့ သွေးစက်တွေကို အစားထိုးပြီး ဝင်္ကပါကို အားဖြည့်ပေးနိုင်တယ်”

သွေးမျိုးဆက်ပုတီးစေ့ တစ်ထောင်ပါနေသော နောက်ထပ်သိုလှောင်အိတ်တစ်လုံး ထပ်ရောက်လာသည်။

ထိုပုတီးစေ့များသည် သွေးစက်ကျချောက်ကမ်းပါးတွင်ရှိသော ပုတီးစေ့များ၏ အရေအတွက်ထက် သာလွန်နေသည်။

ရွှေမီးတောက်၏ မျက်လုံးများက တောက်ပသွားသည်။

ဟန်မူယဲ့ပေးသော အင်မော်တယ်ကျောက်တုံးနှင့် သွေးပုတီးစေ့များကို အသုံးပြုလိုက်လျှင် သွေးစက်ကျချောက်ကမ်းပါးသည် ပျက်စီးတော့မည်မဟုတ်ပေ။

“ကျွန်တော် အခုသွားလိုက်ပါမယ်”

သူက လေးနက်စွာ ပြောသည်။

“နေအုံး”

ဟန်မူယဲ့က ပြတ်သားသောမျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှေမီးတောက်၏ရှေ့တွင်ရှိသော အလင်းလွှာတွင် လိုဏ်ဂူအမျိုးမျိုး၏မြင်ကွင်းများ ပေါ်လာသည်။

လူတစ်ရာခန့်၏ ပုံစံကို ဖော်ပြထားသည်။

“ဒီလူတွေအားလုံးကို ရှင်းလင်းပစ်ရမယ်”

ရှင်းလင်းရမည် ....

ရွှေမီးတောက်က အံ့အားသင့်သွားပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်သည်။

သူ၏ မွေးစားအဖေက ရှင်းပစ်ရန် ပြောခဲ့သောကြောင့် ထိုလူများက ပြဿနာရှိနေလိမ့်မည်။

“အင်မော်တယ်သခင်တွေကို သတိမထားမိစေနဲ့”

ဟန်မူယဲ့က စကားပြောလိုက်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ရွှေမီးတောက်က ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်လာသည်။

ဟန်မူယဲ့က လိုဏ်ဂူများဆီသို့ ဦးတည်သွားသော ရွှေမီးတောက်ကို ကြည့်လိုက်ပြီး တခြားမြင်ကွင်းတစ်ခုကို ဆက်ကြည့်သည်။

သွေးမြစ်အင်မော်တယ်ဘုရင် ဖြစ်သည်။

ယခုအချိန်တွင် သွေးမြစ်အင်မော်တယ်ဘုရင်က မြင့်မြတ်ပြီး ဖြောင့်မတ်သော သူတော်စင်တစ်ယောက်၏ပုံစံမျိုး မဟုတ်တော့ပေ။

All Chapters