← Chapters

ရာရာ၏စွမ်းအား

Vol. 008 Ch. 792

ရာရာ၏စွမ်းအား

Vol. 008 Ch. 792

ထိုအခိုက်တွင် မိုလျိုက ယူချင်းထံကို ရောက်လာသည်။ သူ့အနီးမှ အနက်ရောင် မိစ္ဆာအငွေ့အသက်များက ဆန့်တန်းလာကာ လက်များအဖြစ် ပြောင်းလဲသွားသည်။ မိုလျို၏နောက်တွင် ဧရာမကြီးမားသော မိစ္ဆာပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာ၏။ မိစ္ဆာကား ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း ပါရှိကာ အလွန်အမင်း အရုပ်ဆိုးပေသည်။ ကြောက်မက်ဖွယ် မိစ္ဆာက ယူချင်းအား လက်ချောင်းများ ဆန့်တန်းကာ ဖမ်းဆုပ်ရန် ကြိုးစားသည်။ ယူချင်းက လက်ဆန့်တန်း လိုက်သည်တွင် လောကဓာတ်များ ပါဝင်သော နက်ရွှေရောင် စစ်ပုဆိန်တစ်ချောင်း ပေါ်လာ၏။

လက်များက ယူချင်းထံကို လာရောက် ဆုပ်ကိုင်ရန် ကြိုးစားသည်တွင် ယူချင်းက ရှေ့ကို တစ်လှမ်းတိုးကာ မြေပြင်အား တုန်ခါစေလျက် လေထဲ ခုန်တက်လိုက်သည်။ စစ်ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်တွင် လက်တစ်ချောင်းက အလယ်မှ ကွဲထွက် သွားတော့သည်။ သို့သော်လည်း မိုလျိုက စိုးရိမ်ပူပန်ဟန်မရဘဲ နောက်ထပ် လက်ချောင်းများကို ထပ်မံစေလွှတ်ကာ ယူချင်း၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ရန် ကြိုးစားသည်။ ယူချင်းက ရှေ့တည့်တည့်ကို တိုးဝင်သွားကာ သူ၏ပုဆိန်အား ဝှေ့ယမ်းသည်တွင် ထိုနေရာက သွေးလွှမ်းသွား၏။

တစ်ချိန်တည်းမှာပင် ဗာဂျာရာဒေသမှ ဝူပေကလည်း သူ၏လက်နှစ်ဖက်ကို အုပ်မိုးကာ ပြောသည်… “ကျုပ်တို့က ဒီအတိုင်း ရပ်ကြည့်နေတာ မသင့်တော်ဘူး…” ထိုသို့ပြောကာ သူက တိမ်တိုက်ပြည်နယ်၊ ချူမဟာကလန်မှ ချူချိန်ထံသို့ တိုးဝင်သွားသည်။ ဝူပေက ဂါထာတစ်ခုကို ရွက်ဆို လိုက်သည်တွင် သူ့နောက်၌ အလွန် ဝင်းလက်သော ရှေးဗုဒ္ဓဘုရား တစ်ပါး ထွက်ပေါ်လာသည်။ လေထဲတွင် ဗုဒ္ဓတရားတော်များကို ကြားနာ လာရသည်တွင် ဗုဒ္ဓပုံရိပ်များစွာ ဖြစ်ပေါ်လာပြီး ကောင်းကင်ကို ဖုံးအုပ် သွားတော့၏။

ချူချိန်က ဆက်လက်၍ ရှေ့ကို တိုးလာသည်တွင် လေမတိုက်ပါဘဲနှင့်ပင် သူ၏ အဝတ်အစားများက လွင့်နေသည်။ စွမ်းအားများ စုဖွဲ့လာမှုနှင့်အတူ သူ့နောက်တွင် အလွန်ခွန်အားကြီးသော လူဝံကြီးတစ်ကောင်ပေါ်လာ၏။ သားရဲဘုရင်ကား စစ်မှန်သော ခွန်အားကို ပိုင်ဆိုင်ပေ၏။ ထို့အတူ ချူမဟာကလန်မှ လူများကလည်း ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ကြပေသည်။

ဗုဒ္ဓအသံတော်ကား ပိုမို၍​ ပြင်းထန်လာဟန်ရပြီး လေဟာနယ် တစ်ခုလုံး တုန်ခါလာချိန်တွင် လူဝံဘုရင်ကလည်း မာန်သွင်း အော်ဟစ်သည်။ လေထုများ တုန်ခါစေခြင်းဖြင့်ပင် ဗုဒ္ဓပုံရိပ်များ တစ်ခုပြီးတစ်ခု ဆင်းသက်လာကာ သူတို့၏ လက်ဝါးများဖြင့် မြေပြင်ပေါ်မှ ချူချိန်ကို ဖိနှိပ်လာကြ၏။

ချူချိန်က ဂရုစိုက်ဟန် မရပေ။ လူဝံကြီးက လက်ဆန့်တန်းကာ ဗုဒ္ဓလက်ဝါးဖြင့် ရင်ဆိုင် တိုက်ခိုက်ကြရာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာသည်။

ဗုဒ္ဓအသံတော်ကား ပိုမို၍ ကျယ်လောင်လာ၏။ ဝူပေ၏နောက်မှ ဗုဒ္ဓဘုရားပုံတော် ကလည်း ပိုမို၍ လင်းလက်လာကာ နေမင်းတစ်စင်း ပေါ်လာပြီး တခြား ဗုဒ္ဓပုံရိပ်များ အားလုံးက ပင်မပုံရိပ်သို့ လာရောက် ပေါင်းစပ်ကြသည်။

မှန်သည် … သူတို့အပြင် ဝူပေ၏ကြီးမားသော ခွန်အားနှင့် တိုက်ခိုက်မှုများ ကလည်း ကောင်းမွန်လွန်း လှပေသည်။ ပတ်ဝန်းကျင်က ပြင်းထန်စွာ တုန်ခါကာ မီးတောက်မီးလျှံများ လောင်ကျွမ်း တောက်လောင်ကြ၏။ မဟာဗောဓိလက်ဝါးက ကောင်းကင်မှ ဆင်းသက်လာကာ ချူချိန်အား ဖိနှိပ်လာတော့၏။

ချူချိန်က ဖိအားကို ရင်ဆိုင်ရန် သူ၏ခန္ဓာနှင့် သက်စောင့်ဝိညာဉ်အား ပေါင်းစပ် လိုက်သည်တွင် သူကိုယ်တိုင်က နတ်လူဝံကြီးအလား ဖြစ်လာပြီး လက်ဆန့်တန်း လိုက်သည်တွင် လှံရှည်တစ်လက် ပေါ်လာပြီး ရှေ့မှ လေဟာနယ်ကို ဝှေ့ယမ်းလိုက်သည်။

ဘုန်း …

ချူချိန်က ရှေ့ကို ဝုန်းခနဲ မြည်သံနှင့်အတူ ရှေ့ကို တက်လာသည်။ စစ်ဘုရင်လှံရှည်က ကြီးမားသော အရှိန်အဟုန်ဖြင့် သူ့ထံကို ရောက်လာသော မဟာဗောဓိ လက်ဝါးအား ရင်ဆိုင်၏။ လူဝံက မာန်သွင်းသည်တွင် လေထုက တုန်ခါပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ မဟာဗောဓိ လက်ဝါးက ကြေပျက်သွားသော်လည်း ချူချိန်ကား မြေပြင်ပေါ်ကို လွင့်စဉ် သွားတော့သည်။

သို့တိုင်အောင် ပြည်နယ်ကိုးခုမှ ပရိသတ်များကား စိတ်လှုပ်ရှားခြင်းကြီးစွာ ဖြစ်ရသည်။ သည်လူများကား အမှန်ပင် ထိပ်သီး ဆယ်နေရာနှင့် ထိုက်တန်ပေသည်။

ဝူပေ၏ မဟာဗောဓိလက်ဝါးက တားဆီးခံရခြင်းက ချူချိန်၏ ကြီးမားသော ခွန်အားက ဝူပေအား ဆတူယှဉ်ပြိုင် တိုက်ခိုက်နိုင်ကြောင်း သက်သေပြသည်။

တခြား ထောင့်များမှ လူများကလည်း စတင် လှုပ်ရှား လိုက်ကြသည်။

ရှားရီက ကျူးကော့ရီရှေ့တွင် ရပ်ကာ ပြောသည်… “ကျိရှားပြည်နယ်ရဲ့ တပည့်တစ်ယောက် အနေနဲ့ ခင်ဗျားက ချီပြည်နယ် အပြင်ဘက်အထိ နာမည် ကျော်ကြားတယ်… ဒီနေ့ ကျုပ်က အခွင့်အရေးရတုန်း ခင်ဗျားနဲ့ ယှဉ်ပြိုင် ကြည့်ချင်တယ်…”

“ခင်ဗျား အရင်စပါ…” ကျူးကော့ရီက ယဉ်ကျေးစွာ ပြောသည်။

သူတို့ နှစ်ယောက်လုံးထံမှ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ် လာကြသည်။ ရှားရီအား နဂါးကိုးကောင်က ဝန်းရံထား၏။ လေထဲတွင် စစ်မှန်သော နဂါးအငွေ့အသက်များ ယှဉ်သန်းနေကာ နဂါးအော်သံက ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ပေါင်းစပ်သွားသည်။ ကျူးကော့ရီ၏ နောက်၌ ရှေးဟောင်း သင်္ကေတငါးခု ဖြစ်ပေါ်လာကာ ဓာတ်ငါးမျိုးစွမ်းအင် အားများအား ထုတ်လွှတ်သည်။ သူက လက်ဝှေ့ယမ်းသည်တွင် ဓာတ်ငါးမျိုးကို ကိုယ်စားပြုသော တံခါးပေါက်များ ဖြစ်ပေါ်လာပြီး တစ်ခုပြီးတစ်ခု ရှားရီထံကို့ မြန်ဆန်စွာ ပျံသန်း သွားကြသည်။

ရှားယီက ရွေ့လျားကာ  လက်များကို ဝှေ့ယမ်း၍​ သူ၏သိုင်းပညာကို ထုတ်ဖော်လိုက်သည်။ တိုက်ကွက်တိုင်းက ပတ်ဝန်းကျင်မှ စွမ်းအားများကို သယ်ဆောင်ခြင်းဖြင့် နဂါးမာန်သွင်းသံများနှင့် အတူ သူ့အား နဂါးများ တစ်ကောင်ပြီး တစ်ကောင် လှည့်ပတ်ကြရာ ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားမိကြရသည်။

ပုံရိပ်ယောင်များက ရှားရီအနီးကို ရောက်လာသောအခါ သူ့အား လှည့်ပတ်နေသော နဂါးများထံမှ အလွန် အားကောင်းသော တန်ပြန်ကန်အား တစ်ခုများ ထွက်ပေါ်လာပြီး ပုံရိပ်ယောင်များအား ကုပ်ခြစ် ဖျက်ဆီးကြသည်။

“တန်ပြန်ကန်ခြင်း လောကဓာတ်…” ပရိသတ်များ၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ရှားရီကား ဆွဲငင်ခြင်းနှင့် တန်ပြန်ကန်ခြင်း လောကဓာတ် နှစ်ခုကို နားလည် ဆင်ခြင်ထားသည်။ ထိုနှစ်ခုမျှကို ကျင်လည်စွာ အသုံးပြုနိုင်ခြင်းက သူ့အား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းစေပေသည်။ ယခုတွင် ကျူးကော့ရီ၏ ဓာတ်ငါးမျိုး စွမ်းအင်များက သူ့အနီးကိုပင် ကပ်ရန် မလွယ်ကူပေ။

သူတို့ နှစ်ယောက်အကြား တိုက်ပွဲက ပရိသတ်များ၏ မရေမတွက်နိုင်သော မျက်လုံးများကို ဆွဲငင်ထားပေ၏။ သူတို့ကား နာမည်ကျော် ရှားကလန်မှ ရှားရီနှင့် ကျိရှားတော်ဝင် နန်းတော်မှ ရှားပါး ပါရမီရှင် ကျူးကော့ရီတို့ ဖြစ်ကြကာ ဤတိုက်ပွဲ၌ မည်သူက အနိုင်ရမည်နည်း။

ကျူးကော့ရီက သူ၏လက်ကို ဝှေ့ယမ်းကာ တံခါးပေါက်များဖြင့် လေထဲမှ ရှားရီကို ဝန်းရံသည်တွင် တံခါးပေါက်များက ဝင်္ကပါတစ်ခု အသွင် နေရာယူ လာကြသည်။

ရှားရီက ရုတ်တရက် သူ၏လက်များကို မြှောက်လိုက်သည်။ နဂါးတစ်ကောင်၏ ပုံရိပ်က အပေါ်မှ မြည်သံပေးကာ ဆင်းသက် လာသည်။ ဧရာမနဂါး ပုံရိပ်ကြီးက လေထဲတွင် ပေါ်လာကာ များစွာသော တံခါးများအား ချိုးဖျက် သွားသည်။

ကျူးကော့ရီကား တည်ငြိမ်နေဆဲ ဖြစ်သည်။ ဓာတ်ငါးမျိုး သင်္ကေတများက ပိုမို၍ပင် လင်းလက် လာသည်။ ချက်ချင်းပင် လေထဲ၌ များစွာသော တံခါးပေါက်များ ဖြစ်ပေါ်လာသည်။ မြန်ဆန်စွာပင် ရှားရီကား တံခါးပေါက် များစွာ၏ ဝန်းရံခြင်းကို ခံရကာ ပတ်ဝန်းကျင်နှင့် သီးခြား ဖြစ်သွားခဲ့၏။

ဤသည်ကို မြင်လျှင် ရှားရီထံမှ အလွန် ကြောက်မက်ဖွယ် ကောင်းသော နဂါးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းခြင်းဖြင့် ပိုမိုအားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ နဂါးပုံရိပ်များ ပါဝင်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး လေဟာနယ်အား ဖုံးအုပ်သွားသည်။ တံခါးပေါက်များ ကလည်း ထိုစွမ်းအင်ကို ထမ်းပိုးထားရဟန်ရကာ ရှားရီ၏ ဆွဲငင်ခြင်း လောကဓာတ် အောက်တွင်ပင် ရှားရီထံသို့ ပျံသန်း သွားကြသည်။

“ဒီစွမ်းအား…” လူအများအပြားက အံ့အားသင့် သွားကြသည်။ ပြောကြသည်မှာ ရှားကလန်မှ ထိုပုဂ္ဂိုလ်ကြီးက သည်ပညာရပ်ကို အဆုံးစွန်အထိ လေ့ကျင့်ခဲ့ကာ တစ်လောကလုံးမှ အရာခပ်သိမ်းအား ဆွဲငင်းခြင်း၊ တွန်းကန်ခြင်းတို့ဖြင့် ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။ ထိုပညာရပ်ကိုလည်း အင်ပါယာရှား ကိုယ်တိုင် သင်ကြားပေးခြင်း ဖြစ်သည်ဟု ဆိုကြကာ အင်ပါယာရှား ကိုယ်တိုင်က တစ်လောကလုံးကို အသက်ရှူသွင်း ရှူထုတ်ရုံမျှဖြင့် လောကကို တုန်ခါ စေနိုင်သည်ဟု ဆိုစမှတ် ပြုကြရသည်။

“ရီကုဟောင်နဲ့ ရာရာတို့လည်း တိုက်ခိုက် နေကြတယ်…” ရီကုဟောင် သည်လည်း စင်မြင့်တစ်နေရာတွင် ရာရာကို သွားရောက် တိုက်ခိုက်နေသည်ကို ပရိသတ်များ သတိထားမိ လိုက်ကြသည်။ သို့သော် လူအများအပြားက ရာရာသာ အနိုင်ရမည်ဟု ခန့်မှန်းကြသည်။

ရီကုဟောင်၏ မျက်လုံးများက ရာရာထံကို ရောက်နေသည်။ သူ၏ အကြည့်တစ်ချက်က အရာဝတ္ထုများအား ဖြတ်တောက်နိုင်စွမ်း ရှိသည့်အလား သူ့မျက်လုံးများမှ ကြောက်မက်ဖွယ် အငွေ့အသက်များ လေထုထဲကို ပျံ့နှံ့လာသည်။ ရာရာက ပြန်ကြည့်သည်တွင် ထူးဆန်းသော စွမ်းအင်တစ်ခုက သူမ၏ စိတ်နယ်ပယ်ထဲကို လာရောက် တိုက်ခိုက်သည်ကို အံ့အားသင့်ဖွယ်ရာ ခံစားရသည်။

သူမ၏ မျက်လုံးများက အရောင်လက် သွားသည်။ နောက်ထပ် အခိုက်အတန့်တွင် ရိုးစင်းဟန်ရသော သူမ၏ မျက်လုံးများက ရေခဲတမျှ အေးစက်သွားပြီး ရီကုဟောင်အား မှော်မျက်လုံး စွမ်းအင်ဖြင့် ဝါးမျိုတော့မည့်အလား ကြည့်သည်။

ရီကုဟောင်ကား ရုတ်ခြည်း ကြက်သီးများ ထသွားကာ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ယင်သွားသည်။ သူ့မျက်လုံထဲကို မြင်ကွင်းတစ်ခုက တိုက်ရိုက် ဝင်ရောက်လာကာ သူ့စိတ်နယ် အတွင်း၌ မရေမတွက်နိုင်သော ဓားများက မိုးစက် မိုးပေါက်များပမာ ဖြစ်ပေါ်လာပြီး အရာအားလုံးကို အစိတ်အစိတ် အမြွှာမြွှာ ဖြတ်တောက် သွားတော့မည့်အလား ထင်မှတ် လာရ၏။

သွေးနီရောင် ဓားတစ်လက်က သူ့ရှေ့ကို ဖျတ်ခနဲ ရောက်လာသည်တွင် အမှန်တကယ် ရာရာ၏ ပုံရိပ်ဖြစ်နေပြီး သူ့အား စူးရဲစွာ ကြည့်နေသည်ကို မြင်ရသည်။ ဓားက သူ၏စိတ်နှလုံးကို တိုက်ရိုက် ထွင်းဖောက် သွားသည်ဟု ရီကုဟောင်က ခံစားရသည်။

“မဟုတ်ဘူး…” ရီကုဟောင်က ထိတ်လန့်တကြားဖြင့် ရှိရှိသမျှသော စွမ်းအားများကို အသုံးပြုလျက် အော်ဟစ် လိုက်သည်တွင် သူပိတ်မိနေသော မှော်မျက်လုံး နယ်ပယ်ထဲမှ ပြန်လည် လွတ်မြောက်လာသည်။ သို့တိုင်အောင် သူကား ထိတ်လန့် တုန်လှုပ်နေဆဲ ဖြစ်သည်။ ထိုအခိုက်တွင် ရာရာက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ သိလိုက်ရသည်။

သည်မိန်းကလေးကား မိစ္ဆာတစ်ပါး ဖြစ်၏။

စင်မြင့်ပေါ်တွင် တိုက်ပွဲလေးခုက ဆက်တိုက် ဖြစ်ပေါ်လာကာ ပရိသတ်များ အားလုံးကို ကြီးစွာ စိတ်လှုပ်ရှားစေသည်။

ယူချင်းနှင့်မိုလျို၊ ဝူပေနှင့်ချူချိန်၊ ရှားရီနှင့်ကျူးကော့ရီ၊ ရီကုဟောင်နှင့် ရာရာတို့၏ တိုက်ပွဲများ ဖြစ်ကြသည်။

“ရီကုဟောင်က ဘာဖြစ်နေတာလဲ … သူ့တိုက်ခိုက်မှုတွေက ရပ်တန့်သွားဟန် ရတယ်… အခြေအနေလည်း သိပ်ကောင်းဟန် မရဘူး…” လူအများအပြားက ရီကုဟောင်၏ ထူးဆန်းသော အခြေအနေကို သတိထားမိ ကြသည်။

“မှော်မျက်လုံး… သူတို့ နှစ်ယောက်လုံးက မှော်မျက်လုံးပညာနဲ့ တိုက်ခိုက်နေကြတာ… ရီကုဟောင်က အရေးနိမ့်နေတဲ့ပုံပဲ…” အချို့က ခန့်မှန်းကြသည်။ ရာရာကား အမှန်ပင် အန္တရာယ် များလွန်း လှသည်။

ဧည့်ကြည့်စင်နောက်တွင် ကျေးရွာခေါင်းဆောင် အဘိုးအိုကား ရာရာနှင့် ရီကုဟောင်တို့ တိုက်ပွဲကို တည်ငြိမ်စွာ ကြည့်နေသည်။ သည်နှစ် ပြည်နယ်ကိုးခု ညီလာခံ၌ များစွာသော ပါရမီရှင်များ ပေါ်ထွက်လာသည့်တိုင် ရာရာနှင့် ယှဉ်နိုင်မည့်လူကား အလွန်တရာ ရှားပါးပေမည်။ ပုံမှန်အားဖြင့် သည်မိန်းကလေးကား နိုဘယ်အဆင့်တွင် ပြိုင်ဘက်ကင်း သည်ဟု ဆိုနိုင်ပေသည်။

“သတိထား…” ရှားပြည်နယ်ဘက်တွင် ပြည်နယ်ကိုးခု ကျောင်းတော်မှ တစ်ယောက်က အလန့်တကြား ရေရွတ်မိသည်။ ရာရာက ရုတ်တရက် သူမရပ်နေရာမှ ပျောက်ကွယ် သွားကာ ရီကုဟောင်၏ရှေ့ကို ရုတ်ခြည်းပေါ်လာပြီး သူမ၏လက်ညှိုးကို ရှေ့သို့ ညွှန်လိုက်သည်။ ရီကုဟောင်က သူ၏ စွမ်းအားများ အားလုံးကို တစ်နေရာတည်းတွင် စုစည်းကာ လက်ညှိုးအား ခုခံသည့်တိုင် လက်ညှိုးအဖျားက သူ၏နဖူးကို တိုက်ရိုက် လာရောက် ထိတွေ့ကာ ထိုခဏ၌ပင် သူ၏မျက်နှာက ပြာနှမ်းသွားသည်။ အကယ်၍​ ရာရာကသာ ဆန္ဒရှိပါက ထိုလက်ညှိုး တစ်ချက်က သူ့အသက်အား အဆုံးသတ် နိုင်ပေသည်။

ရီကုဟောင်က သူ့ရှေ့မှ မိန်းကလေးကို ထိတ်လန့်စွာ ကြည့်သည်။ သူ့ထံကို စီးဆင်းလာသော အလွန်အမင်း အေးစက်သော အငွေ့အသက်များကို ခံစားရကာ သူကား ခုခံအား မဲ့ပေသည်။

“အာကာသ လောကဓာတ်…” လူအများအပြားက ရာရာကို ကြည့်ကာ ရေရွတ်မိကြသည်။ သူမက ခြေတစ်လှမ်းမျှဖြင့် ရီကုဟောင်၏ ရှေ့ကို ရောက်လာသည်။

သည်မိန်းကလေးက မည်သူ ဖြစ်မည်နည်း။ မျက်လုံးပေါင်း များစွာက ရာရာနှင့် ရီကုဟောင်ထံကို ရောက်လာသည်။ အနိုင်အရှုံးက ထိုမျှ မြန်ဆန်စွာ ဖြစ်ပေါ် လာသည်လား။ ရီကုဟောင်ကဲ့သို့ အားကောင်းသူက ထိုမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားသည်လား။

ရာရာမူကား သိပ်ထူးခြားသော အမူအရာ မရှိပေ။ ရီကုဟောင်အား အနိုင်ယူပြီးနောက် သူမက နောက်လှည့်ကာ တိုက်ပွဲများအား ကြည့်သည်။ ဟွာဂျီယူကား စိန်ခေါ်မည့်လူ မရှိဘဲ တစ်ယောက်တည်း ဖြစ်နေသည်။ ရာရာက ဟွာဂျီယူထံသို့ လှမ်းသွား လိုက်သည်။ ဟွာဂျီယူကလည်း မိန်းကလေးအား ကြည့်သည်။ သက်စောင့်ဝိညာဉ် ပေါ်လာကာ ပြင်းထန်သော စိတ်နယ်လွန် စွမ်းအားက ပတ်ဝန်းကျင်ကို ပျံ့နှံ့လာ၏။ သို့သော် သူမ၏မျက်လုံးက ရာရာ၏ မျက်လုံးနှင့် ဆုံမိသည်တွင် ဟွာဂျီယူက ချောက်နက်ထဲကို ကျဆင်းသွားသလို ခံစားလိုက်ရကာ ရီကုဟောင်ကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လာရသည်။ ဓားက သူမကျဆင်းနေသော အဆုံးမဲ့ ချောက်နက်ထဲကို ကျဆင်းလာကာ သူမကား ပြေးစရာ ရှောင်ဖယ်စရာ နေရာမရှိဘဲ သူမ၏ ဖြစ်တည်မှုကို လောကမှ ဖယ်ရှားတော့မည့် ခံစားချက်ကို ရသည်။

ဟွာဂျီယူက သူမ၏ စိတ်နယ်လွန် စွမ်းအားကို ထုတ်လွှတ်လိုက်ကာ ကောင်းကင်နှင့် မြေပြင်အား ထိန်းချုပ်ရန် ကြိုးစားကာ တစ်ချိန်တည်းမှာပင် အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်အားကို အခြေခံ၍ ရှေးနတ်ဘုရားတစ်ပါး ဖြစ်တည်လာ၏။ လျှပ်စီးနတ်ဘုရားကား ထောင်ပေါင်းများစွာသော လက်များပါဝင်ကာ သူ၏လက်များကိုပင် ဆန့်တန်း၍ ရာရာကို သွားရောက် တိုက်ခိုက်သည်။

ကောင်းကင်တွင် ကမ္ဘာပျက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။ ရှေးနတ်ဘုရား၏ လက်များက လျှပ်စီးရောင်များ ပြိုးပြိုးပြက်ပြက် လင်းလက်ကာ ရာရာ၏ စိတ်စွမ်းအားကို ဖျက်ဆီးရန် ရောက်လာကြ သော်လည်း တကယ်တမ်း ဟွာဂျီယူ တွေ့ရှိရသည်ကား သွေးနီရောင် လွှမ်းနေသော ဓားတစ်လက်သာ ဖြစ်သည်။

“ဖြတ်တောက်စမ်း…” ဓားက အဆုံးအစမဲ့သော စွမ်းအားများကို သယ်ဆောင်၍ ရှေးနတ်ဘုရားအား ဖြတ်တောက် သွားသည်တွင် ဟွာဂျီယူ၏ မျက်နှာက ပြာနှမ်းသွားသည်။ စိတ်စွမ်းအားကို အခြေတည်၍ ဖန်ဆင်းထားသော ရှေးနတ်ဘုရားက ပျက်စီးသွားသည်တွင် တစ်ခဏချင်းပင် သူမက စိတ်စွမ်းအား ကုန်ခန်းမှုဒဏ်ကို ခံစားလိုက်ရပြီး နောက်ကို ဆုတ်လိုက် ရသည်။

“စင်ပေါ်က ဆင်းသွားတော့…” ရာရာက ဟွာဂျီယူကို ပြောသည်။

ဟွာဂျီယူက သူမ၏ရှေ့မှ မိန်းကလေးကို ကြည့်သည်။ ထို့နောက် ယူချင်းအား လှမ်းကြည့်ကာ… သူက သည်ထူးဆန်းသည့် မိန်းကလေးအား အနိုင်ယူနိုင်မည်လား တွေးမိသည်။ ထို့နောက် သူမက နောက်လှည့်ကာ ရီဖူရှင်းတို့ ရှိနေရာ ဧည့်ကြည့်စင်ဘက်ကို လှမ်းသွား လိုက်သည်။

ရီဖူရှင်း သူမအား ပြုံးလျက် ကြည့်ကာ ဘေးတွင် ထိုင်စေသည်… “စိတ်ဓာတ်မကျနဲ့.. ဒီမိန်းကလေးက နည်းနည်း ဉာဏ်များတယ်… မင်းကောင်းကောင်း လုပ်ခဲ့တယ်…” အကယ်၍ ဟွာဂျီယူကသာ တခြားလူများနှင့် တိုက်ခိုက်ပါက အခွင့်အရေး ရှိနိုင်သော်လည်း ရာရာနှင့်မူကား ရလဒ်ကို စဉ်းစားနေစရာပင် မလိုပေ။ မဟုတ်လျှင် နောက်ဆုံး တိုက်ပွဲအား ရာရာနှင့်ယူချင်းတို့ ဖြစ်မည်ဟု သူခန့်မှန်းခဲ့မည် မဟုတ်ပေ။

ဟွာဂျီယူက မိန်းကလေးအား ကြည့်ကာ ခေါင်းညိတ်သည်။ ထို့နောက် သူမက ရီဖူရှင်းကို တီးတိုးပြောသည်… “သူမရဲ့စိတ်စွမ်းအားက နည်းနည်း ထူးဆန်းတယ်…”

“ဘယ်လိုလဲ…” ရီဖူရှင်းက ဟွာဂျီယူကို ကြည့်သည်။

ဟွာဂျီယူက စိတ်ဖြင့် ရီဖူရှင်းကို လှမ်းပြောသည်။

ရီဖူရှင်း၏အမူအရာက အလွန်တရာ လေးနက်သွား၏။ ရာရာက ထူးခြားသည်ကို သူသိပြီး ဖြစ်သော်လည်း ထိုမျှအတိုင်းအတာ ရှိမည်ဟု သူမထင်ထားပေ။

ဤသို့ဆိုလျှင် သူမက…

***

All Chapters