ဖွဲ့စည်းတည်ဆောက်ပုံ
Vol. 93 Ch. 1285
စကား၏ စည်းမျဉ်းဥပဒေသနှင့် စကားတစ်ခွန်း၏ စည်းမျဉ်းဥပဒေသကြားက အခြေခံကွာဟချက်သည် ရှေ့တစ်ခုက အနန္တစွမ်းအား ပါဝင်ဟန်ပေါ်သော်လည်း လက်တွေ့တွင်မူ သူတို့က ကမ္ဘာတွင် တည်ရှိနေသည့် စည်းမျဉ်းဥပဒေသများသာ ဖြစ်၏။
နောက်တစ်ခုအတွက်မူ သူတို့က ဗလာနတ္ထိမှ မွေးဖွားလာခြင်း ဖြစ်ပြီး သူတို့ပေါ်ထွက်လာသည်နှင့် ထာဝရ တည်ရှိသွားလိမ့်မည်။
နှစ်ခုလုံးက ဆက်ခံသူနှင့် တည်ထောင်သူသဖွယ် ဖြစ်၏။ သူတို့က အတူတူဖြစ်သော်လည်း အခြေခံအားဖြင့် ကွဲပြားနေသည်။
သွေးနီရောင်လူငယ်လေး၏ စကားစည်းမျဉ်းဥပဒေသက အံ့မခန်းဖြစ်ကာ ကျောက်ပြားကမ္ဘာအပေါ် ပြင်းထန်သည့် သက်ရောက်မှုမျိုး ရှိ၏။ ထိုအရာက ကျောက်ပြားကမ္ဘာကိုပင် အပြင်းအထန် တုန်ခါသွားစေသည်။ လေထုထဲမှ ပေါ်ထွက်လာသည့် စည်းမျဉ်းဥပဒေသက ဝမ်ပေါင်လဲ့၏ သစ်သားဓာတ်တာအို ကမ္ဘာ အတွင်းနှင့် အပြင်မှ စုဝေးလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ သစ်သားဓာတ်တာအိုကမ္ဘာအတွင်း စီးဝင်သွား၏။
သစ်သားဓာတ်တာအိုကမ္ဘာအတွင်း ကောင်းကင်အထက် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင်သစ်သားဆူးချွန်က သွေးနီရောင်လူငယ်လေး ဖွဲ့စည်းထားသည့် ဧရာမနတ်ဧကရာဇ်မျက်နှာကြီး၏ ပေရာချီအထက်တွင် ရှိနေပြီး အပြင်းအထန် တုန်ခါသွားသည်။ ထိုအရာက သက်ရောက်မှုကို တောင့်မခံနိုင်တော့ဟန်ပေါ်သည်။ သစ်သားဆူးချွန်၏ အဖျားက ကြေမွလာပြီး ဆူးချွန်အပိုင်းက ဖျက်ဆီးခံလိုက်ရကာ အပိုင်းပိုင်းအစစက နေရာအနှံ့ ပြန့်ကျဲသွားသည်။ အသက်တစ်ရှိုက်စာ အနည်းငယ်အတွင်း ဆူးချွန်၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိက ဖျက်ဆီးခံလိုက်ရ၏။
ဧရာမသစ်ပင် ပျက်စီးမှုကြောင့် ဆူးချွန်ဝန်းကျင်တွင် လေထုက ဝေဝါးလာသည်။
ဧရာမသစ်ပင်ကြီးက ယခုအခါ သစ်ပင်တစ်ပင်ထက် သစ်သားပြားနှင့် တူနေလေသည်။ တကယ်တော့ ထိုအရာက ဆူးချွန်နှင့် မတူတော့ဘဲ သစ်သားပြား ထောင်ထားသလို ဖြစ်နေ၏။
ထိုအရာက ဆက်လက်ဖျက်ဆီးခံနေရဆဲ ဖြစ်၏။
သစ်သားပြားက အပြီးတိုင်ဖျက်ဆီးခံရပြီး အမှုန့်ဖြစ်သွားဖို့ သိပ်ကြာမြင့်မည့်ဟန်မပေါ်ပေ။
အပေါ်ယံမှကြည့်လျှင် ဝမ်ပေါင်လဲ့က အန္တရာယ်ကြား ကျရောက်နေသည်ကို မြင်ရလိမ့်မည်။ သူ့သေခြင်းရှင်ခြင်းက မျဉ်းကြောင်းတစ်ခုအပေါ် ကျရောက်နေ၏။
အနက်ရောင်သစ်သားက သူ့ပင်မခန္ဓာကိုယ်ဖြစ်သည့်အတွက် ထိုအရာသာ ဖျက်ဆီးခံလိုက်ရပါက ဝမ်ပေါင်လဲ့အနေဖြင့် ဆက်လက်တည်ရှိဖို့ရာ ခက်ခဲလိမ့်မည်။
အရာအားလုံးက အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ ယခင်က ဓာတ်ငါးပါး၏ တာအိုကမ္ဘာလေးခုအတွင်း ဝမ်ပေါင်လဲ့က အရေးသာခဲ့သော်လည်း ယခုအခါ သူ့နဂို သစ်သားဓာတ်တာအိုကမ္ဘာတွင် ရှုံးနိမ့်နေရသည်။
အရာအားလုံးက အကျိုးအကြောင်း မသင့်ပေ။ နောက်ကွယ်တွင် နတ်ဆိုးတစ်ကောင် ရှိနေသည့်အလား ဖြစ်၏။
နောက်အခိုက်အတန့်လေး၌ နတ်ဧကရာဇ်၏ မျက်နှာအသွင်ပြောင်းလဲထားသည့် သွေးနီရောင်လူငယ်လေးက ပြောလိုက်သည်။
“ဝမ်ပေါင်လဲ့ အဆုံးသတ်မှာ မင်းက အကြွင်းအကျန် ဝိညာဉ်တစ်ခုပဲ။ ဒီတစ်ကြိမ် မင်း နိုင်မှာ မဟုတ်ဘူး။ ငါက မင်းရဲ့ သစ်သားဓာတ်တာအိုကမ္ဘာအလှည့်ကို စောင့်နေတယ်ဆိုတာကို မသိဘူးမလား။ ဒါက ငါ့ရဲ့ စကားတစ်ခွန်းတာအိုကို မင်းရဲ့ အရင်ကမ္ဘာလေးခုမှာ ထုတ်မသုံးခဲ့ရတဲ့ အကြောင်းအရင်းပဲ။ မင်းရဲ့ ကမ္ဘာတွေကို စောင့်ကြည့်နေပြီးတော့ မင်း အရေးသာပြီလို့ ထင်တဲ့အချိန်မှ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ စောင့်နေတာ။ ဝမ်ပေါင်လဲ့ ငါ နိုင်ပြီ” သွေးနီရောင်လူငယ်လေးက ပြောလိုက်သည်။ သူက အင်မတန် အားနည်းနေသော်လည်း သူ့မျက်နှာအထက် ရူးသွပ်သည့် အမူအရာမျိုးမရှိဘဲ တည်ငြိမ်စွာ ရှိနေလေ၏။
သူ ယခင်က တွေ့ကြုံခဲ့ရသည့် ရူးသွပ်မှုက အလိမ်အညာသဖွယ် ဖြစ်၏။
အစမှ အဆုံးအထိ သူသည် လေဟာနယ်ထဲမှ ဖြတ်သန်းလာစဉ် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က တိုးမြင့်လာကြောင်း ခံစားမိခဲ့၍ ထိုရူးသွပ်မှု၏ မျက်နှာဖုံးအောက်တွင် တည်ငြိမ်မှုက ရှိနေခဲ့သည်။
တည်ငြိမ်မှုက ဝမ်ပေါင်လဲ့၏ သစ်သားဓာတ်တာအို အလှည့် ရောက်ရှိလာသည်အထိ စောင့်ဆိုင်းနေခဲ့၏။
သူက သစ်သားဓာတ်တာအိုအတွင်း အားအကောင်းဆုံး စွမ်းရည်ကို တည်ငြိမ်စွာ ပြသလာခဲ့သည်။ သူက တိုက်ကွက်တစ်ခုတည်းဖြင့် အနိုင်ရရှိသူကို ဆုံးဖြတ်ပေးမှာ ဖြစ်၏။
အရာအားလုံးက သစ်သားကမ္ဘာတာအိုအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကာ သွေးနီရောင်လူငယ်လေး၏ စကားက ပြင်ပကမ္ဘာအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
ထိုစဉ် ကျောက်ပြားကမ္ဘာ၏ အပြင်ဘက်စကြဝဠာအတွင်း အကြည့်များက စုဝေးနေကြ၏။ ပေါ်ထွက်လာသည့်သူ၏ ဖိအားကြောင့် ကျောက်ပြားကမ္ဘာဝန်းကျင်ထိ ကြယ်တာရာကောင်းကင်ကြီးက ဖိအားကို တောင့်မခံနိုင်တော့ဘဲ စတင်ပုံပျက်လာ၏။
ထိုပုံပျက်မှုက ပိုမိုပင် ပြင်းထန်လာခဲ့သည်။ သူတို့က ကျောက်ပြားကမ္ဘာအပေါ်အထိ သက်ရောက်မှုရှိသည်။ ထိုအကြည့်အောက်တွင် ဝမ်ရီရီ၏ ဖခင်ဖြစ်သူဆီမှ အေးစက်စက် သရော်သံကြောင့် ပျောက်ကွယ်သွားခဲ့ရသည့် လူအိုကြီးတစ်ယောက်၏ အသံက ပြန်လည်ထွက်ပေါ်လာ၏။
“အမှိုက်”
ထိုအသံက အေးစက်ကာ ဒေါသဖြင့် ပြည့်နှက်နေပြီး ရွံရှာမှုတို့ ကိန်းအောင်းနေသည်။
သူ့စကားသံ ပျံ့နှံ့လာသည့်အခါ ကျောက်ပြားကမ္ဘာအပြင်ဘက်၌ ပုံရိပ်တစ်ခုရှေ့ ထွက်ပေါ်လာသည်။ ထိုအရာက ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူအိုကြီတစ်ယောက် ဖြစ်၏။ သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်သဖွယ်ဖြစ်နေပြီး သူက ကြယ်တာရာကောင်းကင်နှင့် ပေါင်းစည်းထားသလို ဖြစ်နေသည်။ သို့သော်လည်း သူက ကြယ်တာရာကောင်းကင်မှ အနည်းငယ် တွန်းလှန်ခံနေရသည်။
သူ့မျက်နှာအထက် မှုန်မှိုင်းမှိုင်း အမူအရာကို မြင်တွေ့နိုင်လေ၏။ သို့သော် သိပ်မရှင်းလင်းလှပေ။ ပြောရမည်ဆိုလျှင် ထိုလူအိုကြီး၏ ဖခင်ဖြစ်သူဘက် လှည့်ကြည့်လာသည်။
“တာအိုရောင်းရင်းဝမ် ကိစ္စတွေက ဒီလိုအခြေအနေထိ ဖြစ်လာခဲ့ပြီ။ သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးသား။ ကျုပ်တို့ရဲ့ အစီအစဉ်ကို တားဆီးမှာလား”
ဝမ်ရီရီ၏ ဖခင်ဖြစ်သူက ခေါင်းမော့ကာ ကြည့်လာသည်။ သူ့မျက်ဝန်းက အေးစက်ကာ စိတ်ခံစားချက် ကင်းမဲ့နေပြီး တည်ငြိမ်နေလေသည်။ ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ရှုံးနိမ့်နေပြီး အချိန်မရွေး သေဆုံးသွားတော့မည့်ဟန် ဖြစ်နေသော်လည်း သူ့အမူအရာက ဘာမှမပြောင်းလဲပေ။
သူက စကားတစ်ခွန်းမှ မပြောပေ။ ပြောရလျှင် ပိုမိုအေးစက်သည့် အသံက ကျောက်ပြားကမ္ဘာ၏ အတွင်းမှ ရုတ်ချည်းထွက်ပေါ်လာ၍ ဖြစ်၏။
“ဘယ်သူ့ကို အမှိုက်လို့ ပြောတာလဲ”
ဝမ်ရီရီ၏ ဖခင်ဖြစ်သူက အံ့အားသင့်ခြင်း မရှိပေ။ သူက ခေါင်းလှည့်ကာ ကြည့်လိုက်၏။ တခြားတစ်ဖက်တွင် လူအိုကြီးက သိသိသာသာ အံ့ဩသွားလေသည်။ သူက ကျောက်ပြားကမ္ဘာဘက်ကို အလျင်အမြန်လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
သူက ကျောက်ပြားကမ္ဘာ၏ ကြယ်တာရာကောင်းကင်အထက် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ထိုမျက်နှာက ဝမ်ပေါင်လဲ့ ဖြစ်၏။
လူအိုကြီးက ဝမ်ပေါင်လဲ့သည် နတ်ဧကရာဇ်၏ ထောင်ချောက်အတွင်း ကျဆင်းသွားသည်ဟု ခံစားမိသည်။ သူက ရှင်းထုတ်ခံရမည့် အန္တရာယ်ကြား ကျရောက်နေလေ၏။ သို့သော်လည်း သူ့ရှေ့တွင်ရှိနေသည့် ဧရာမမျက်နှာကြီးက သစ်သားတာအိုကမ္ဘာတွင် ရှိနေသည့် ပုံရိပ်ထက် အားကောင်းသည့် ခံစားချက်ကို ပေးစွမ်း၏။ သူက ထိုလူအိုကြီးကိုပင် လှုပ်ခတ်နိုင်စွမ်းရှိသည်။
“မင်း” ထိုလူအိုကြီး၏ အမူအရာက ပြောင်းလဲသွားခဲ့၏။
“သစ်သားတာအိုကမ္ဘာမှာ တိုက်ခိုက်နေတဲ့သူက သူ့ကိုယ်ပွားထဲက တစ်ခုပဲ” ဝမ်ရီရီ၏ ဖခင်ဖြစ်သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“သူက နတ်ဧကရာဇ်ရဲ့ ကိုယ်ပွားနဲ့ စွမ်းအာအကုန်သုံးပြီး တိုက်ခိုက်နေတယ်လို့ ထင်နေတာလား။ ဒါပေမဲ့ လက်တွေ့မှာတော့…”
“မင်းအမြင်မှာတော့ လက်နက်၊ ငါ့အမြင်မှာတော့ မိတ်ဆွေရောင်းရင်း … သူက အစကတည်းက တစ်ခါထဲ ခန့်မှန်းထားပြီးသား။ သူက ဧကရာဇ်ရဲ့ ကိုယ်ပွားကို ငါးစာအဖြစ် သုံးပြီး မျှားခေါ်နေခဲ့တာ။ သူ့ရဲ့ လွတ်လပ်ခွင့်ကို သက်ရောက်ဖို့ ကြိုးစားနေတဲ့ ငါးကြီးကြီးကို ဖမ်းဖို့ပေါ့”
“တာအိုရောင်းရင်းကျို ခင်ဗျားရဲ့ အစီအစဉ်က မလုံလောက်ဘူး”
ဝမ်ရီရီ၏ ဖခင်ဖြစ်သူက ပြောလိုက်သည့်အခါ လူအိုကြီး၏ အမူအရာက ပျက်ယွင်းသွားခဲ့သည်။ သူ့မျက်ဝန်းအထက် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး ကျောက်ပြားကမ္ဘာအပေါ် ပေါ်ထွက်လာသည့် ဝမ်ပေါင်လဲ့၏ မျက်နှာကို ကြည့်လိုက်သည်။
“ငါ မယုံဘူး။ နတ်ဧကရာဇ်က ဖိနှိပ်ခံထားရပြီး အိပ်မောကျနေပေမဲ့ သူ့အသိစိတ်ကနေ ဖွဲ့စည်းလာတဲ့အတွေးတွေက သာမန်လူတွေ တိုက်ခိုက်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ သစ်သားဓာတ်အဆီအနှစ် ရှိနေတယ်ဆိုရင်တောင် ဒါက အကြွင်းအကျန်ဝိညာဉ်ပဲ။ စွမ်းအားကုန်သုံးဖို့ လိုတယ်”
“အဲဒါကြောင့် ခင်ဗျားအတွက် နတ်ဧကရာဇ်ရဲ့ အသိစိတ်ကို ဖိနှိပ်ထားပြီးတော့ ကျန်ရှိနေတဲ့ စွမ်းအားကို ပုံဖော်ဖို့ မဖြစ်နိုင်တာပေါ့”
“ခင်ဗျားက သူ့ကို ပြောတာလား” ကျောက်ပြားကမ္ဘာပေါ်တွင် လူအိုကြီး၏ စကားကို မစောင့်ဆိုင်းဘဲ ဝမ်ပေါင်လဲ့၏ မျက်နှာက ဖြတ်ပြောလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကျောက်ပြားကမ္ဘာတွင် သစ်သားဓာတ်တာအိုက ပုလဲလုံးသဖွယ် ဖြစ်၏။ ပုလဲလုံး၏ အပြင်ဘက်တွင် အဆုံးမဲ့လေဟာနယ် ရှိနေသည်။ ထိုအခိုက်အတန့်၌ လေဟာနယ်က တွန့်လိမ်သွားကာ လောင်ကျွမ်းသွား၏။ ထိုအခိုက်အတန့်လေးတွင် လေဟာနယ်တစ်ခုလုံးက စတင်လှုပ်ခတ်လာပြီး သစ်သားဓာတ်တာအိုကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
လူအိုကြီးငရဲက ထိုအရာကို မြင်သည့်အခါ စိတ်ထဲ တုန်ယင်သွား၏။ သူ့အမြင်မှ ကျောက်ပြားကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည့်အရာက ဧရာမလက်ကြီးတစ်ခု ဖြစ်နေသည်။
ထိုလွှမ်းခြုံလိုက်သည်ဆိုသော အရာက ဧရာမလက်ကြီးသာဖြစ်ပြီး သစ်သားဓာတ်တာအိုကမ္ဘာကို သူ့လက်ထဲတွင် ဆုပ်ကိုင်လိုက်ခြင်း ဖြစ်၏။
ဤသည်က ရုန်းကန်နေဖို့ အခွင့်အရေး မရလိုက်ပေ။ ဧရာမလက်သီးဆုပ်ကြီးက ကျောက်ပြားကမ္ဘာမှ ထွက်ပေါ်လာပြီး ထိုလူအိုကြီးရှေ့ ပေါ်ထွက်လာသည်။
အဝေးတစ်နေရာမှ ကျောက်ပြားကမ္ဘာပေါ်ရှိ လက်သီးက ကြီးမားကာ အံ့အားသင့်ဖို့ ကောင်း၏။ ထိုအရာက ရှေးခေတ်အချိန်ကတည်းက ဖြစ်တည်လာဟန်ပေါ်သည်။ တစ်ချိန်တည်းဆိုသလို ပေါကြွယ်ဝသည့် အသက်စောင့်စွမ်းအားကလည်း ထွက်ပေါ်လာ၏။
“လော့ရဲ့ လက်လား။ မင်းက ကျောက်ပြားကမ္ဘာကို သန့်စင်ပစ်လိုက်တာလား” လူအိုကြီးက အလန့်တကြား ပြောလိုက်သည်။