ရန်လာမစနဲ့
Vol. 93 Ch. 1286
ကျောက်ပြားကမ္ဘာ၏ ဇစ်မြစ်က ဆန်းကြယ်လှသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့နှင့် ကျောက်ပြားကမ္ဘာအပြင်ဘက်ရှိ လူများအတွက်မူ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ဤနေရာက လော့၏ ညာဖက်လက်မှ ဖွဲ့စည်းထားခြင်း ဖြစ်၏။
ထိုအရာက နဂိုမူလက အလွန်အမင်း တည်ငြိမ်နေသော်လည်း လော့၏ သေဆုံးမှုကြောင့် စည်းတံဆိပ်က ကြာရှည်မခံတော့ပေ။ ထိုအရာက အမြစ်မဲ့သစ်ပင်လိုမျိုး ဖြည်းဖြည်းချင်း ခြောက်သွေ့လာကာ လော့၏ ညာဖက်လက်က ဖြည်းဖြည်းချင်း မှေးမှိန်လာပြီး နဂိုစွမ်းအား ပျောက်ဆုံးသွားလေသည်။
ထိုအရာသည် လော့အနေဖြင့် နတ်ဧကရာဇ်၏ တကယ့်ကိုယ်ပွားကို တိုက်ခိုက်နိုင်သော်လည်း သူ့လက်ကမူ ကိုယ်ပွားကိုသာ တားဆီးနိုင်သည့် အကြောင်းအရင်း ဖြစ်၏။ အဆုံးသတ်တွင်မူ ထိုအရာက လက်၏ တားဆီးမှုကို ဖြတ်ကျော်လာနိုင်ခဲ့သည်။
တကယ်တမ်းတော့ လက်တွေ့တွင် လော့၏ လက်ထဲ၌ အသက်စောင့်စွမ်းအား မကျန်ရှိတော့ပေ။
သို့သော် ယခုတွင် လူအိုကြီး၏ မျက်ဝန်းအထက် ကျောက်ပြားကမ္ဘာမှ ထွက်ပေါ်နေသည့် ကြီးမားသည့်လက်က သူ အဝေးမှ မြင်တွေ့ဖူးသည့်အရာနှင့် အတော်လေး ကွဲပြားနေသည်။ ထိုအရာသည် ခြောက်သွေ့နေခြင်း မရှိသလို မှေးမှိန်နေခြင်း မရှိတော့ဘဲ အသက်စောင့်စွမ်းအားဖြင့် ပြည့်နှက်နေ၏။
ထိုအသက်စောင့်စွမ်းအားက ကျဆုံးသွားသော လော့ဆီမှ ရရှိလိုက်ခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့ဆီမှ ဖြစ်၏။
ထိုအကြောင်းအရင်းကြောင့် လူအိုကြီးသည် ဆွံ့အမိသွားခြင်း ဖြစ်၏။ သူက ထိုအရာပြီးမြောက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ကျောက်ပြားကမ္ဘာကို သန့်စင်ဖို့အတွက် ဖြစ်သည်။
ကျောက်ပြားကမ္ဘာကို သန့်စင်လိုက်ခြင်းကသာ ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲပစ်ပြီး လော့၏ လက်ဖြင့် ပူးပေါင်းကာ အသက်စောင့်စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည်။
ထိုအရာက လူအိုကြီး၏ စိတ်နှလုံးသားထဲ အကြောက်တရားကို တိုးမြှင့်လာစေသည်။ သူ ကြောက်ရွံ့သည်က ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့် မဟုတ်ပေ။ တကယ်တမ်းတော့ စတုတ္ထအဆင့်က သူ့ကို တုန်လှုပ်စေဖို့ရာ မလုံလောက်ပေ။
သူ့ကို ထိတ်လန့်သွားစေသည်က ဝမ်ပေါင်လဲ့၏ ဇစ်မြစ်နှင့် စောစောလေးက ပြသခဲ့သည့် မျှားခေါ်သည့် အစီအစဉ် ဖြစ်ပေသည်။
သစ်သား စမ်းသပ်ချက်…
လူအိုကြီးက မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သူက အနက်ရောင်သစ်သား၏ ဇစ်မြစ်ကို သိထားလေ၏။ ထိုအရာသည် အဆုံးမဲ့စကြဝဠာထဲ သစ်သားဓာတ်တာအို၏ ဇစ်မြစ်တစ်ခုမှ ဖွဲ့စည်းထားလေသည်။ ထိုအရာသည် သစ်သားဓာတ်၏ အထွတ်အထိပ်ဖြစ်သလို သစ်သားဓာတ် တာအိုစည်းမျဉ်းဥပဒေသကို ကျင့်ကြံသည့် သက်ရှိအားလုံးအတွက်လည်း ဇစ်မြစ်တစ်ခု ဖြစ်၏။ ထိုအရာသည် စမ်းသပ်ချက်ပုံစံတစ်ခု ဖြစ်ပေသည်။
ထိုအရာက အကြောင်းအရင်းကမူ မူလဇစ်မြစ် ငါးခုလုံးက အသိစိတ် မရှိကြပေ။ တခြားနည်းဖြင့် ပြောရလျှင် သူတို့အတွက် အစစ်အမှန် အသိစိတ်ပိုင်ဆိုင်ဖို့ရာ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့သည် သူတို့တာအိုကို ကျင့်ကြံသည့်သူများအပေါ် သက်ရောက်မှု မရှိပေ။ သူတို့က အလိုလိုသိစိတ်ကိုသာ မှီခိုကြ၏။ သူတို့က စကြဝဠာ၏ အခြေခံသဘောတရားကို ပြောင်းလဲပစ်ဖို့ ကြိုးစားသည့် သက်ရှိများထံသာ စမ်းသပ်ချက် ယူဆောင်လာလိမ့်မည်။
သို့သော်လည်း ရှေးခေတ်အချိန်ကတည်းက ထိုစမ်းသပ်ချက်မျိုး ကြုံတွေ့ဖူးသည့်သူက တစ်ဦးတည်းသာ ရှိ၏။ ထိုသူက နတ်ဧကရာဇ် ဖြစ်ပေသည်။
အကယ်၍ ထိုနတ်ဧကရာဇ်က စမ်းသပ်ချက်ကို အောင်မြင်သွားပါက စကြဝဠာထဲရှိ သက်ရှိအားလုံးသည် ရွေးချယ်စရာ မရှိဘဲ ဦးညွှတ်ရလိမ့်မည်။ ထိုအရာက သူပင် လိုလားသည့် အရာမျိုး မဟုတ်ပေ။ ထိုအကြောင်းအရင်းကြောင့် သူက တခြားသောသူများဖြင့် ပူးပေါင်းလိုက်ခြင်း ဖြစ်၏။
တခြားတစ်ဖက်တွင် နတ်ဧကရာဇ် ကျရှုံးသွားပါက သူ့ဆီ ပါဝင်နေသည့် တာအိုတစ်သောင်းက ပြန်လည်ရောက်ရှိသွားမည် ဖြစ်၏။ စံပြအဆင့်တွင်ရှိနေသည့် ကျင့်ကြံသူများက သူတို့ကို နားလည်နိုင်မည့် အခွင့်အရေး ရလာမည်ဖြစ်ကာ ထိုအချိန်တွင် နတ်ဧကရာဇ်အသစ် တစ်ယောက် မွေးဖွားလာနိုင်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လွှမ်းမိုးမှုအောက်တွင် သစ်သားလက်နက်ကို အသုံးပြုမည့်အစီအစဉ်က ပေါက်ဖွားလာခြင်း ဖြစ်၏။ လော့၏ လက်ဖြင့် ပိတ်ဆို့ထားသည့် ကျောက်ပြားကမ္ဘာက အစကတည်းက ထူးကဲခဲ့သည်။ ထို့ကြောင့် အစီအစဉ်ကို ဤနေရာတွင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်၏။
နဂိုအစီအစဉ်အရ ဝမ်ပေါင်လဲ့သည် နတ်ဧကရာဇ်ကို စုတ်ဖြဲပစ်မည့် လက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ အကယ်၍ သူသာ အောင်မြင်ပါက နတ်ဧကရာဇ်သည် စမ်းသပ်ချက် ကျရှုံးသွားပြီး သေဆုံးသွားလိမ့်မည်။
အကယ်၍ ဝမ်ပေါင်လဲ့ ကျရှုံးသွားပါက နတ်ဧကရာဇ်သည် ဟာကွက်အကြီးကြီး ကျန်ရှိသွားလိမ့်မည်။ သူက ပြီးပြည့်စုံမှုဆီ ရောက်ရှိနိုင်တော့မည် မဟုတ်ဘဲ သေဆုံးသွားနိုင်ချေ ရှိ၏။
တစ်ချိန်တည်းဆိုသလို သစ်သားဓာတ် ဇစ်မြစ်၏ ထူးကဲသော သဘာဝကြောင့် အစစ်အမှန်အသိစိတ် ဖြစ်လာဖို့ရာ မဖြစ်နိုင်ပေ။ ထို့ကြောင့် အစီအစဉ်က သူ ထိန်းချုပ်မှု ပျောက်ဆုံးသွားရမှ ကာကွယ်ပေးဖို့အတွက် ကာကွယ်ရေးအလွှာကိုပင် ထားရှိခဲ့သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ကို များစွာ အာရုံမစိုက်ထားခြင်း ဖြစ်၏။ သူ့အတွက် ထိုအရာက လက်နက်တစ်ခုသာ ဖြစ်၏။ ထိုအရာက အသိစိတ်ရှိလာသည်ဆိုလျှင်ပင် အသိစိတ်က ကြီးထွားဖို့ ကန့်သတ်ခံထားရလိမ့်မည်။ ထိုအရာနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုအပ်ပေ။ သဘောတရားအရ ပြောပါက တစ်ဖက်လူသည် အစစ်အမှန် မဟုတ်ပေ။ ထို့အပြင် တခြားသော အကြောင်းအရင်းများလည်း ရှိနေသေး၏။ ထိုသူက သူ့ရှေ့တွင် ရပ်နေလျှင်ပင် သူ့ကို မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ပြောရလျှင် သူတို့က ကွဲပြားသည့် ဒိုင်မေးရှင်းနှစ်ခုမှ ဖြစ်တည်နေသလိုမျိုး ဖြစ်၏။
သို့သော်လည်း ထိုအရာအားလုံးက စံပြတစ်ယောက်၏ သမီးကြောင့် ဖြစ်လာခြင်း ဖြစ်၏။ တခြားသော စံပြများဖြစ်ပါက ကိစ္စကြီးကြီးမားမာ ဖြစ်မည် မဟုတ်ပေ။ သို့သော် ထိုစံပြက အင်မတန် အားကောင်းပြီး တခြားသော စံပြအဆင့် ကျင့်ကြံသူများကိုပင် ဖျောင်းဖျနိုင်သည်။ သို့သော် သူက ထိုစံပြ၏ အပြုအမူနှင့်ပတ်သက်ပြီး သဘောတူလိုက်ရ၏။
ထိုအရာက ပထမဦးဆုံး သွေဖယ်မှုတစ်ခု ဖြစ်ပေသည်။ ယခုအခါ ဒုတိယမြောက် သွေဖယ်မှု ရှိလာခဲ့၏။
သစ်သားလက်နက်က နဂိုအစီအစဉ်ထက် ကျော်လွန်အောင် ကြီးထွားလာခဲ့သည်။ ထိုအရာ နတ်ဧကရာဇ်၏ ကိုယ်ပွားကိုပင် ငါးစာအဖြစ် အသုံးပြုပြီး သူ့ကို မြင်လိုက်၏။
သူ့စိတ်ထဲ ဂယက်ရိုက်လာကာ ထိုကိစ္စသည် ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွာကြောင်း သဘောပေါက်သွားခဲ့သည်။
“မဖြစ်နိုင်ဘူး။ မသေမျိုး တစ်ယောက်ပဲ…”
လူအိုကြီးက ခေါင်းယမ်းကာ တစ်စုံတစ်ခုကို တွေးမိသွားသည်။ သူက ကျောက်ပြားကမ္ဘာပေါ်ရှိ ဝမ်ပေါင်လဲ့၏ မျက်နှာကို ပြန်ကြည့်လိုက်စဉ် စိတ်ရှုပ်ထွေးမှုများ ပေါ်ထွက်လာ၏။
ယခုအခါ ကိစ္စများက ထိန်းချုပ်မှုကင်းလွတ်သွားသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ထိုအရာက ဤစကြဝဠာထဲ ဟိုးရှေးအချိန်ကတည်းက တည်ရှိနေခဲ့သည့် မသေမျိုး၏ အမွေအနှစ်ကြောင့် ဖြစ်၏။
ပြောရမည်ဆိုလျှင် သူ စတင်ခဲ့သည့် အစီအစဉ်က ချိုးဖောက်လုနီးပါးမဖြစ်နိုင်သည့် ပုံချပ်တစ်ခုဖြစ်သော်လည်း မသေမျိုးများကမူ လွတ်လပ်ပြီး အနှောင်အဖွဲ့ ကင်းကြသည်။
နှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ နောက်တစ်ခုက ပိုမိုအားကောင်းမှန်း သိသာလှ၏။
“ဒီစကြဝဠာရဲ့ မသေမျိုးက ဘာလဲ။” လူအိုကြီးက တိတ်ဆိတ်နေကာ ဝမ်ရီရီ၏ ဖခင်ဖြစ်သူကလည်း တိတ်ဆိတ်နေ၏။ ဝမ်ပေါင်လဲ့ကပင် တိတ်ဆိတ်နေခဲ့သည်။
လော့၏ လက်က ကျောက်ပြားကမ္ဘာမှ ဆန့်ထုတ်လာသည်။ လူအိုကြီးအတွက် ထိုအရာသည် များပြားလှသည့် အသက်စောင့်စွမ်းအားဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ထိုသို့မဟုတ်ခဲ့ပေ။ လော့၏ လက်မှ ထွက်ပေါ်နေသည့်အရာက အသက်စောင့်စွမ်းအား မဟုတ်ဘဲ အမှောင်ချီသာ ဖြစ်၏။
ထိုအကြောင်းအရင်းကမူ အမှောင်ချီမှ ဖွဲ့စည်းထား၍ ဖြစ်၏။ ဝမ်ပေါင်လဲ့က ဓာတ်ငါးပါးအပြင် နောက်ထပ် ဉာဏ်အလင်းပွင့်မှုတချို့ ရရှိခဲ့သည်။
သူက အစွန်းရောက်တာအို ၈ပါးအနက် ကျန်ရှိနေသည့် တာအို၃ခုအပေါ် ဉာဏ်အလင်းပွင့်ခဲ့သည်။ ထိုဓာတ်ငါးပါးပြီးသည့်နောက်တွင် ယင်နှင့်ယန် ဖြစ်လာသည်။ ယင်နှင့်ယန်က လွတ်လပ်၏။
အစွန်းရောက် ယင်၊ အစွန်းရောက် ယန်၊ အစွန်းရောက် လွတ်လပ်မှု
သို့သော်လည်း အစွန်းရောက်ယန် လစ်ဟာနေမှုကြောင့် ဝမ်ပေါင်လဲ့အနေဖြင့် ထိုအရာကို ရရှိဖို့ရာ ခက်ခဲနေသည်။ ထို့ကြောင့် အစွန်းရောက် လွတ်လပ်မှုက မပြီးပြည့်စုံသေးပေ။ သို့သော်လည်း သူက အစွန်းရောက် ယင်ကိုမူ ကျွမ်းကျင်နေပြီ ဖြစ်၏။ ထို့ကြောင့် ထိုအရာက အမှောင်ဂိုဏ်း၏ အမှောင်တာအိုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် လူအိုကြီးနှင့် လူငယ်လေးတို့ ထင်မှတ်မထားသည့် အပြောင်းအလဲကို ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်က ဓာတ်ငါးပါးတာအို မဟုတ်တော့ဘဲ တာအိုခြောက်ခုနှင့်တစ်ပိုင်း ဖြစ်နေသည်။
ထိုအပိုတစ်ဝက်က လွတ်လပ်မှု ဖြစ်၏။
ခြောက်ခုနှင့်တစ်ပိုင်း တာအိုက သူ့အားအကောင်းဆုံး ကိုယ်ပွားကို လူငယ်လေးနှင့် တိုက်ခိုက်ဖို့ ခွင့်ပြုပေးထားသည်။ တစ်ချိန်တည်းဆိုသလို ကျန်ရှိနေသည့် တာအိုတစ်ပိုင်းက ဝမ်ပေါင်လဲ့အား သူ့ကိုယ်ပိုင်တည်ရှိမှုအကြောင်း မေးခွန်းထုတ်လာစေသည်။
သူက ဤတိုက်ပွဲကို လူမည်မျှက စောင့်ကြည့်နေကြောင်း သိချင်မိသည်။ လူမည်မျှက သူ့ကို လွှမ်းမိုးဖို့ ကြိုးစားနေသည်ကို သိချင်မိ၏။
သူက သူ့အစစ်အမှန်ပုံစံဖြစ်သည့် အနက်ရောင်သစ်သားသည် ဘယ်နေရာက ရောက်လာမှန်း သိချင်မိသည်။
သူက တခြားသူ ပြောသည်ကို မယုံဘဲ သူကိုယ်တိုင် မြင်တွေ့ချင်သည်။
ထို့ကြောင့် သူက နတ်ဧကရာဇ်၏ ကိုယ်ပွားကို ငါးစာအနေနှင့် အသုံးပြုခဲ့ခြင်း ဖြစ်၏။
သူက ဓမ္မသခင်ကြီး၏ ကောင်းကင်ကံကြမ္မာစာအုပ်ထဲ၌ ရှိစဉ်အခါက အတိတ်ဘဝထဲ ကန့်သတ်ချက်များ ရှိနေသော်လည်း ပြင်ပကမ္ဘာကို မြင်တွေ့လိုမိသည်။ ဤသည်က သူ့အတွက် ယခုပင် အတူတူဖြစ်၏။ သူက အဖြစ်အပျက်ကို မြင်တွေ့ချင်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့သည် သူ့တကယ့် ခန္ဓာကိုယ်ကို ဖုံးကွယ်ကာ ကျောက်ပြားကမ္ဘာ တိတ်တဆိတ်သန့်စင်ခဲ့ခြင်း ဖြစ်၏။
မည်သည့်အရာကို မြင်လိုက်စေကာမူ ကျောက်ပြားကမ္ဘာက သူ့နေရာသာ ဖြစ်၏။ ထို့ကြောင့် သူသည် ကျောက်ပြားကမ္ဘာကို သူ့လက်ထဲအရင် ထိန်းချုပ်လိုသည်။
ထိုအခိုက်အတန့်၌ သူက မြင်လိုက်ရသည်။
ခေတ္တမျှ တိတ်ဆိတ်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ရုတ်ချည်း ပြုံးလိုက်၏။ လူအိုကြီး၏ စိတ်ရှုပ်ထွေးသည့် အကြည့်အောက်တွင် သူက လက်ကိုဆန့်ထုတ်လိုက်ပြီး အနည်းငယ် ခြေမွလိုက်သည်။
ထိုနေရာတွင် အက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ထိုအသံက ကြည်လင်ကာ ကျယ်လောင်လွန်းသည့်အတွက် ဝိညာဉ်ကိုပင် လှုပ်ခတ်သွားစေနိုင်သည်။ ထိုအရာက စကြဝဠာ၏ အနက်ပိုင်းမှ ဖြစ်တည်လာဟန်ပေါ်၏။ ထိုအရာက စကြဝဠာ၏ အနက်ပိုင်းမှ ဤနေရာအထိ ပျံ့နှံ့လာသည်။ လူအိုကြီး၏ နှလုံးသားက လန့်ဖျတ်သွားကာ အဖက်ဖက်မှ လေဟာနယ်ကိုပင် စုဝေးလာစေသည်။ ထိုဝန်းကျင်တွင်ရှိနေသည့် အကြည့်အားလုံးကလည်း လေးလေးနက်နက် ဖြစ်လာကြ၏။
ပြန်လည်ဝင်စားခြင်းက ဖျက်ဆီးခံလိုက်ရသည်။
“ခင်ဗျားက သူ့ကို သေစေချင်တယ် မလား။ အခု လုပ်လိုက်ပြီလေ”
“အခုကနေစပြီး ကျုပ်ကို ရန်လာမစနဲ့”
ဝမ်ပေါင်လဲ့၏ အသံက အင်မတန်တည်ငြိမ်နေပြီး စကြဝဠာအနှံ့ ပျံ့နှံ့လာသည့်အခါ ကျောက်ပြားကမ္ဘာပေါ်ရှိ မျက်နှာကြီးက လော့၏ လက်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် လေဟာနယ်ကိုပင် တုန်ခါသွားစေနိုင်သည့် ပေါက်ကွဲသံများက ထွက်ပေါ်လာကာ လှိုင်းတွန့်များက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ကျောက်ပြားကမ္ဘာကြီးအစား ဧရာမအနက်ရောင်သစ်ပင်ကြီးအဖြစ် အစားထိုးသွားခဲ့သည်။ ထိုဧရာမသစ်ပင်ကြီးက ကောင်းကင်ထဲ မားမားမတ်မတ် ရပ်တည်နေ၏။