နောင်တမရှိ
Vol. 93 Ch. 1288
သူ့လက်ဖဝါးအထက် ကမ္ဘာတစ်ခု ရှိနေသည်။
ဝမ်ပေါင်လဲ့က ခေါင်းမော့ပြီးသည့်နောက် ပြန်လည်ငုံ့ကြည့်လိုက်၏။ သူက လက်ဖဝါးအလယ်ရှိ ကမ္ဘာကို ကြည့်လိုက်စဉ် ထောင့်တိုင်း၊ နေရာတိုင်းမှ သက်ရှိအားလုံးကို မြင်တွေ့လိုက်ရသည်။
ထို့ကြောင့် ကျောက်ပြားကမ္ဘာတစ်ခုလုံးထဲ ရင်းနှီးပြီးသား သူ့မိသားစုဝင်များ၊ သူ့ဆရာ၊ သူချစ်မြတ်နိုးရသူများ၊ သူ့မိတ်ဆွေရောင်းရင်းများနှင့် တစ်ခါက သူနှင့် ရန်သူဖြစ်ခဲ့ဖူးသည့်သူများပင် အပါအဝင် အကုန်လုံးကို မြင်လိုက်ရသည်။
သူက သူတို့၏ အတိတ်ကိုပင် မြင်တွေ့နိုင်သလို ကျောက်ပြားကမ္ဘာ၏ ကန့်သတ်ချက်ရှိသော အနာဂတ်ကိုပင် တွေ့မြင်နိုင်သည်။ အဆုံးသတ်တွင် ထိုအရာအားလုံးက စာအုပ်တစ်အုပ်အတွင်း ရေးသားထားခြင်း ဖြစ်၏။
တကယ်တော့ ထိုအရာသည် ကံကြမ္မာစာအုပ်မျှသာ မကဘဲ စာအုပ်ထက် ကျော်လွန်နေသည့် ပိုမိုကြီးမားသည့် စာအုပ်တစ်ခု ဖြစ်နေသည်။
ထိုအရာက အရေးမကြီးပေ။ အရေးကြီးသည့်အရာက စာအုပ်အထဲတွင်ပါဝင်နေသည့် စိတ်ခံစားချက်များ ဖြစ်၏။ ထိုအရာက သူ့ဘဝ၏ မှတ်ဉာဏ်များ ပါဝင်နေသည်။
ထိုမှတ်ဉာဏ်က သူ့စိတ်ထဲ ပုံရိပ်များသဖွယ် ထွက်ပေါ်လာ၏။ သူ မွေးဖွားသည့် အခိုက်အတန့်မှစ၍ စိတ်ခံစားချက်အားလုံး၊ တိုက်ပွဲများ၊ သူ့စိတ်ရှုပ်ထွေးမှုများနှင့် သူ့မှတ်ဉာဏ်များ အားလုံး ပါဝင်သည်။
အဆုံးသတ်တွင် ထိုအရာက လေသင်္ဘောတစ်ခုအပေါ် ရပ်တန့်သွားခဲ့၏။ လေသင်္ဘော၏ စားသောက်ခန်းတွင် ကြက်ပေါင်ကို အားရပါးရ ကိုက်စားနေသည့် ဖက်တီးလေးတစ်ယောက် ရှိနေသည်။
ယခင်က ကိုယ်အလေးချိန် လျှော့ချဖို့က သူ့ဘဝ၏ ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့သလို ပြည်ထောင်စုကြီး၏ ဥက္ကဌ ဖြစ်လာဖို့ကလည်း သူ့တစ်ဘဝတာ အိပ်မက်မက်ခဲ့ရသည့် အိပ်မက် ဖြစ်ပေသည်။ ယခင်က အဆင့်မြင့်အရာရှိများ၏ ကိုယ်ရေးအတ္ထုပ္ပတိက သူ ယုံကြည်ထားခဲ့ရသည့် ဘဝနိယာမ ဖြစ်၏။ သူ့အနေဖြင့် ဝိတ်လျှော့ဖို့ရာ မလိုအပ်သည့် အချိန်အခါလည်း ရှိခဲ့ဖူးပြီး အိပ်မက်ဆုံးရှုံးသွားရသည့် အချိန်အခါပင် ရှိခဲ့ဖူးသည်။
အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်ရေးအတ္တုပ္ပတိက သူ့သိုလှောင်အိတ်အတွင်း ဖုန်တက်သွားရသည့် အခိုက်အတန့်ပင် ရှိခဲ့ဖူးသည်။
“ငါက ငါ မဟုတ်တော့တဲ့အချိန်ရော ရှိခဲ့လား…” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူက ညာဖက်လက်ကိုမြှောက်ကာ ရှေ့တွင် အသာဝှေ့ယမ်းလိုက်၏။
သူ့လက်က သူ့စိတ်ထဲမှ ပုံရိပ်အားလုံးကို ကြေမွသွားစေသည်။
သူ့လက်တစ်ချက်အဝှေ့တွင် အတိတ်မှ မှတ်ဉာဏ်များက ဝေဝါးသွား၏။
သူ့လက်က တစ်ခါက တည်ရှိဖူးသမျှ အရာအားလုံးကို မြှုပ်နှံလိုက်သည်။
တူညီလှစွာ သူ့လက်တစ်ချက်အဝှေ့တွင် သူ့ရှေ့၌ မြူများကို ဖယ်ရှားပစ်လိုက်သည်။ ကြေမွနေသည့် လေဟာနယ်အတွင်း ခရာမှုတ်သံထွက်ပေါ်လာသည်။
သူ့လက်တစ်ချက်အဝှေ့တွင် မျှော်လင့်ချက်အသစ်ကို စိုက်ပျိုးနိုင်ခဲ့၏။ မြှုပ်နှံလိုက်သည့်အရာက အတိတ်မှ ငယ်ရွယ်မှု ဖြစ်သည်။ ထိုအရာထဲတွင် ပြန်လည်မွေးဖွားလာသည့်အရာက ထာဝရရှင်သန်မည့် ဇာမဏီတစ်ကောင် ဖြစ်လိမ့်မည်။
“ငါ့တောင်ပံတွေ လောင်ကျွမ်းတာ ငါ့ရဲ့ အလိုဆန္ဒအတိုင်းပဲ။ ငါ့ရဲ့အလိုဆန္ဒကျန်ရှိနေသရွေ့ ငါက ကောင်းကင်ပြာမှာ ပျံသန်းနိုင်လိမ့်မယ်။ ငါက လွတ်မြောက်ပြီး အနှောင်အဖွဲ့ကင်းလိမ့်မယ်”
ဝမ်ပေါင်လဲ့က ခေါင်းကို မော့ကြည့်လိုက်သည်။ သူ့လက်တစ်ချက်အဝှေ့တွင် သူ့ဝန်းကျင်ရှိ လေဟာနယ်က ပျောက်ကွယ်သွား၏။ သူ အသွင်ပြောင်းထားသည့် အနက်ရောင်သစ်သားပြားကပင် ယခုအခိုက်အတန့်၌ ပျောက်ကွယ်သွားခဲ့သည်။
ဝမ်ပေါင်လဲ့ဝန်းကျင်တွင် ပေါ်ထွက်လာသည့်အရာက သူတောင်းတနေခဲ့ရသည့် မဟာစကြဝဠာတစ်ခု ဖြစ်၏။ ထိုအရာသည် တကယ့်စကြဝဠာ ဖြစ်ပေသည်။
ထိုအရာက သူ့ကို ပြန်လည်မွေးဖွားစေကာ ပိုမိုမြင့်မားသည့် ရည်မှန်းချက်ကို လိုက်လံရှာဖွေနိုင်ဖို့ ခွင့်ပြုပေးထားသည်။
ကြယ်တာရာကောင်းကင်က နက်ရှိုင်းကာ ကြယ်အလင်းများက တောက်ပနေလေ၏။ စကြဝဠာ၏ ထောင့်တိုင်းတွင် စည်းမျဉ်းဥပဒေသများစွာ ထွက်ပေါ်နေသည်။ ထိုအရာသည် ကျောက်ပြားကမ္ဘာနှင့် ကွဲပြားနေ၏။ ဤနေရာရှိ စည်းမျဉ်းများက အထွတ်အထိပ်ဖြစ်ကာ တာအိုက ပိုမိုပြီးပြည့်စုံသည်။
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်၏။ ပို၍အတိအကျပြောရမည်ဆိုလျှင် သူက အငွေ့အသက်ကို စုပ်ယူနေခြင်း မဟုတ်ဘဲ စကြဝဠာ၏ တာအိုအမှတ်အသားများကို စုပ်ယူနေခြင်း ဖြစ်၏။ စည်းမျဉ်းဥပဒေသများမှ ဖွဲ့စည်းထားသည့် တာအိုအမှတ်အသားများက သူ အသက်ရှူလိုက်သည်နှင့် သူ့ကိုယ်ထဲ စီးဝင်လာကာ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားပြီး သူ့ခန္ဓာကိုယ်ထဲမှ တာအိုဖြင့် သဟဇာတ ဖြစ်လာသည်။
ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်ငါးပါးတာအိုက ပိုမိုတောက်ပလာ၏။ ထိုအရာက ပိုမိုပြီးပြည့်စုံသွားဟန်ပေါ်သည်။ နောက်ဆုံးတွင် သူ့ဝန်းကျင်၌ ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုဝဲကတော့က ဖြည်းဖြည်းချင်း လှည့်ပတ်ကာ ပိုမိုကြီးမားလာ၏။ ထိုအထဲတွင် ဝမ်ပေါင်လဲ့က ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အရာအားလုံးကို ကြိုဆိုလိုက်သည်။
အဝေးတစ်နေရာမှ ထိုအရာသည် စိတ်ဝိညာဉ်ပင်လယ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်၏။ စိတ်ဝိညာဉ်ပင်လယ်အတွင်းတွင် ဝမ်ရီရီက တိတ်တဆိတ်ရပ်နေပြီး ဝမ်ပေါင်လဲ့ကို ကြည့်နေသည်။ သူမ ဘေးတွင် စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး၊ မျောက်ဝံအိုကြီးနှင့် မြေခွေးလေးတို့ကပင် ကြည့်နေကြသည်။
သို့သော်လည်း တခြားသူများနှင့် ယှဉ်လိုက်လျှင် မြေခွေးလေး၏ အကြည့်တို့က လေးစားမှုနှင့် ရိုကျိုးမှုတို့ ပြည့်နှက်နေ၏။
မည်သူကမှ ဘာမှမပြောသည့်အတွက် မြေခွေးလေးကလည်း ဘာမှမပြောပေ။ မျောက်ဝံအိုကြီးက မျက်လုံးကို မှိတ်ထားပြီး စန္ဒာကြယ်ဂိုဏ်း ခေါင်းဆောင်ကြီး၏ အကြည့်ကမူ ရှုပ်ထွေးနေသည်။ ဝမ်ရီရီကမူ တစ်စုံတစ်ခု ပြောလိုသော်လည်း တုံ့ဆိုင်းနေလေ၏။ ထိုအရာက သူတို့ခွဲခွာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ကို ပထမဦးဆုံး ပြန်လည်တွေ့ဆုံခြင်းဖြစ်၏။
အဆုံးသတ်တွင် သူမက ဘာပြောရမှန်း မသိသည့်အတွက် တိတ်ဆိတ်လျက်သာ ကျန်ရှိနေသည်။
စိတ်ဝိညာဉ်ပင်လယ်က တိတ်ဆိတ်နေပြီး စိတ်ဝိညာဉ်ပင်လယ်အပြင်ဘက် သင်္ဘောပေါ်တွင် ရှိနေသည့်ပုံရိပ်က စိတ်လှုပ်ရှားသည့် အမူအရာမျိုး ရှိနေလေ၏။ သူက စံပြတစ်ယောက်ဖြစ်နေပြီး သူ့ကျင့်ကြံဆင့်က စံပြများကြား အထွတ်အထိပ် ရောက်နေသည်ဆိုလျှင်ပင် သူက ဖခင်တစ်ယောက် ဖြစ်နေသေး၏။
ပြောရလျှင် သူ့သမီးဖြစ်သူကို ကယ်တင်ဖို့ နှစ်များစွာ စောင့်ဆိုင်းနေရသည့် ဖခင်တစ်ဦး ဖြစ်၏။ ယခုအခါ အရာအားလုံးက ပြီးဆုံးသွားခဲ့သည်။ ထို့ကြောင့် သူကပင် သေမျိုးတစ်ယောက်လိုမျိုး စိုးရိမ်မှုကို ပြသလာခဲ့သည်။
အကြောင်းအရင်းက သူသည် အရေးကြီးသည့်အခိုက်အတန့် ကျရောက်လာကြောင်း သိထား၍ ဖြစ်၏။
သူက ဤကိစ္စ ပြီးဆုံးဖို့ နှစ်များစွာ စောင့်ဆိုင်းနေခဲ့ရသည်။ သို့သော်လည်း အဆုံးသတ်တော့မည့်ဆဲဆဲတွင် အသက်တစ်ရှိုက်စာ အခိုက်အတန့်ကပင် သူ့အတွက် ကြာမြင့်လွန်းနေ၏။
အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းစာ အချိန်ကုန်ဆုံးသွားပြီးသည့်နောက်တွင် ထိုစိတ်ဝိညာဉ်ပင်လယ်အလယ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က ရုတ်တရက် ခေါင်းမော့လာသည်။
သူ့ခန္ဓာကိုယ်ရှိ အရှိန်အဝါက ပိုမို အပြောင်းအလဲ မြန်လာသည်။ ထိုအရာက စွမ်းအားနှင့် ဖုံးကွယ်မှုတို့ ရောနှောနေခြင်းမျိုး မဟုတ်ပေ။ ထိုအစား လေဟုန်ဖြင့် တိုက်ခတ်နိုင်သည့် မြူခိုးငွေ့လို ဖြစ်နေသည်။ ထိုအရာက လွတ်လပ်ကာ စကားများပင် မလိုအပ်ပေ။
သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်ငါးပါးတာအိုက စကြဝဠာထဲမှာ တာအိုအမှတ်အသားဖြင့် ပေါင်းစည်းသွားကာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ ကျောက်ပြားကမ္ဘာ၏ တာအိုက မပြီးပြည့်စုံခဲ့ချေ။ ဝမ်ပေါင်လဲ့က သူတို့ကြား အပြီးပြည့်စုံဆုံးဖြစ်ကာ သူ့အသိစိတ်က အတိတ်ဘဝမှ စကြဝဠာထိ ပျံ့နှံ့သွားပြီး ပြင်ပလောကနှင့် ပေါင်းစည်းနိုင်ခဲ့သော်လည်း အဆုံးသတ်တွင်မူ တကယ့်စကြဝဠာနှင့် ယှဉ်လိုက်လျှင် သူက ဟာကွက်တချို့ ရှိနေသေး၏။
သို့သော် ယခုအခိုက်အတန့်တွင် ထိုဟာကွက်များက အလျင်အမြန် ပြန်လည်ဖြည့်စည်းသွား၏။ သူက သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားဖို့ရာ မလိုအပ်တော့ပေ။ ထိုအခိုက်အတန့်တွင် သူ့ ခန္ဓာကိုယ်က ကျယ်ပြန့်ကာ အံ့မခန်းဖြစ်လာပြီး သူ့ကျင့်ကြံဆင့်က အလျင်အမြန် ပေါက်ထွက်လာသည်။ သို့သော်လည်း ထိုပေါက်ထွက်လာမှုက အထွတ်အထိပ် မဟုတ်သေးဘဲ အခြေခံမျှသာ ရှိသေး၏။
ဓာတ်ငါးပါးကို အခြေခံအဖြစ်ထားကာ ပိုမိုသိပ်သည်းလာခဲ့သည်။
ထိုသိပ်သည်းမှုက သူ့အား အတိတ်တာအိုကို ပိုမိုနားလည်လာစေ၏။ တူညီလှစွာ အနာဂတ်အတွက်လည်း အတူတူသာ ဖြစ်ပေသည်။
အစွန်းရောက်ယင်နှင့် အစွန်းရောက်ယန်တို့ကလည်း အတူတူသာ ဖြစ်၏။
ပြောရမည်ဆိုလျှင် တာအို ၆ခုနှင့် တစ်ပိုင်းဟုဆိုရသော်လည်း တကယ်တမ်းတွင်မူ ၈ခုနှင့်တစ်ပိုင်း ဖြစ်နေသည်။
ပို၍အရေးကြီးသည်က ဝမ်ပေါင်လဲ့၏ ဝန်းကျင်ရှိ လွတ်လပ်သည့် အငွေ့အသက်က ပိုမိုသိသာလာ၏။
ပြောရလျှင် သူက လွတ်လပ်သည်ဟု ဆိုနိုင်သည်။ လက်တွေ့တွင်မူ ထိုအရာက သူ၏ မသေမျိုးအရှိန်အဝါ ဖြစ်၏။
သူ့အုတ်မြစ်က ပိုမိုခိုင်မာလာကာ အတိတ်ကိုပင် ကျော်လွန်သွားခဲ့သည်။ သူမသေမျိုးအရှိန်အဝါက ဆက်တိုက်ပျံ့နှံ့လာသည့်အခါ ဝမ်ပေါင်လဲ့၏ ဆံပင်များက လေမတိုက်သော်လည်း တလူလူ လွင့်နေလေ၏။ သူ့အဖြူရောင်ဝတ်ရုံကလည်း တလူလူလွင့်နေပြီး သူ့အရှိန်အဝါတစ်ခုလုံးက လွတ်မြောက်မှု အငွေ့အသက်ကို ဆောင်ကျဉ်းလာသည်။
သူက လူသားတစ်ယောက် မဟုတ်တော့သကဲ့သို့ ဖြစ်၏။
“ဟုတ်တယ်။ လူသားတစ်ယောက် မဟုတ်ဘူး” ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ရေရွတ်လိုက်သည်။
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် သူက မမလေးကို လှမ်းကြည့်လိုက်သည်။
ထို့နောက် ဝမ်ရီရီ၏ တုံ့ဆိုင်းဆိုင်းအမူအရာနှင့် စိတ်ရှုပ်ထွေးသည့် စိတ်ခံစားချက်အောက်တွင် ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။
သူက သွားဖြူဖြူ၊ ဆံပင်ရှည်ရှည် ပိုင်ဆိုင်ထားပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့အပြုံးက နေရောင်ခြည်လို နွေးထွေးလှသည်။
“မမလေးကို ကယ်ပေးပါရစေ”
ဝမ်ပေါင်လဲ့က ပြောလိုက်ပြီးသည့်အခါ ညာဖက်လက်ကို မြှောက်ပြီး အသာပေးပို့လိုက်သည်။ ထိုအရာက သူ့အတိတ်၊ ပစ္စုပ္ပန်နှင့် ကံကြမ္မာပင် အပါအဝင် ဖြစ်၏။ ထိုအရာက သူမ၏ ဖခင်ဖြစ်သူနှင့် အပေးအယူ ဖြစ်သော်လည်း သူက လုပ်ဖို့ရာ လိုလားပေသည်။
သူ့တွင် ဘာမှညည်းတွားစရာမရှိသလို နောင်တရစရာလည်း မရှိပေ။