← Chapters

နှစ်နှစ်တာ

Vol. 93 Ch. 1292

နှစ်နှစ်တာ

Vol. 93 Ch. 1292

မရင်းနှီးသည့် ကောင်းကင်ယံ၊ မရင်းနှီးသည့် ကုန်းမြေနှင့် မရင်းနှီးသည့် ကမ္ဘာတစ်ခု…

နေမင်း၉စင်းက ကောင်းကင်အထက် စူးစူးရှရှ တောက်ပနေသည်။ သို့သော်လည်း ကုန်းမြေက ထိုနယ်မြေကိုးစင်းကြောင့် ပူကျစ်နေခြင်း မရှိပေ။ ဤနေရာတွင် တစ်နှစ်ပတ်လုံး ရာသီဥတုလေးခုက ကွဲပြား၏။

အကြောင်းအရင်းက ထာဝရကြယ်စင်ကုန်းမြေသည် အင်မတန်ကြီးမား‌လွန်း၍ ဖြစ်သည်။

ထိုအရာက ကြီးမားလွန်းသည့်အတွက် နေမင်း၉စင်းကပင် နည်းနည်းလေးမှ မလှုပ်ခတ်နိုင်ပေ။ နေမင်းနှင့် ယှဉ်လိုက်ပါက ထိုအရာသည် ထာဝရကြာရှည်နေသည့် တည်ရှိမှုတစ်ခု ဖြစ်၏။ တခြားတစ်ဖက်တွင် နေမင်းက ကမ္ဘာတွင် လှည့်ပတ်နေခြင်းမျှသာ ဖြစ်သည်။

ထိုအရာက ဝမ်ပေါင်လဲ့၏ ကျောက်ပြားကမ္ဘာအပေါ် နားလည်နိုင်စွမ်းအား ပျက်ယွင်းသွားစေသည်။

သူက ဤဧရာမကုန်းမြေကြီးကို နယ်မြေ ၂၇ ခု ပိုင်းခြားထားကြောင်း သိလိုက်ရ၏။ ထိုနယ်မြေတစ်ခုချင်းစီတွင် ပိုင်နက် ရှစ်ထောင်စီ ရှိလေသည်။

ပိုင်နက်တစ်ခုချင်းစီ၏ အရွယ်အစားက ကွဲပြားပြီး အကြီးဆုံးက ကျောက်ပြားကမ္ဘာလောက် ရှိနိုင်သလို အသေးဆုံးက ကျောက်ပြားကမ္ဘာ၏ တစ်ဝက်လောက် ရှိနိုင်သည်။ ထို့ကြောင့် ဤကြယ်တာရာကောင်းကင်ကို ဖော်ညွှန်းရာ ကျယ်ပြောသည်ဟူသော စကားကို သုံးဖို့ရာပင် မသင့်တော်လှပေ။

တစ်ချိန်တည်းဆိုသလို ပိုင်နက်တစ်ခုချင်းစီတွင် မြို့ပေါင်းရာချီ ရှိလေ၏။ ထိုမြို့များတွင် သူက ဆောင်းခိုနေသည့် ဧရာမသားရဲကြီးများသဖွယ် ဖြစ်၏။ တစ်ခုချင်းစီက ကွဲပြားသည့် သွင်ပြင် ရှိကြသည်။ တစ်ခုချင်းစီက သက်ရှိနှင့်တူကြ၏။ သူတို့က ဆောင်းခိုနေကြသလိုမျိုး ဖြစ်သော်လည်း သူတို့နိုးထလာသည်နှင့် ကမ္ဘာမြေတုန်လုမတတ်ဖြစ်သွားလိမ့်မည်။

ဒဏ္ဍာရီထဲတွင် ထိုဧရာမသားရဲကြီးများက အသက်ရှင်နေသည်ဟု ဆိုကြ၏။ သူတို့ကို ထာဝရကြယ်စင်ကုန်းမြေမှ စွမ်းအားကြီး ကျင့်ကြံသူများက ဖမ်းဆီးကာ ဤနေရာတွင် ပိတ်ဆို့ပြီး မြို့များအဖြစ် ပြောင်းလဲထားသည်ဟု ဆိုကြသည်။

ဤကျယ်ပြောလှသည့် ကုန်းမြေပေါ်တွင် နေထိုင်သည့် သက်ရှိအရေအတွက်က အသင်္ချေ မဟုတ်သော်လည်း အရေအတွက်အားဖြင့် ရေတွက်ဖို့ရာ ခက်ခဲနေဆဲ ဖြစ်၏။

ဤနေရာရှိ ဝိညာဉ်စွမ်းအားကြွယ်ဝမှုကြောင့် ကျင့်ကြံရေးက ပုံမှန်သာ ဖြစ်ပေသည်။ စွမ်းအားကြီး ပုဂ္ဂိုလ်များကြား … ဤနေရာရှိ လူသားအရေအတွက်ကြောင့် လူအနည်းငယ်သာ မွေးဖွားလာသည်က ပုံမှန်သာ ဖြစ်၏။  သမိုင်းကြောင်းတစ်လျှောက် တတိယအဆင့် ကျင့်ကြံသူအရေအတွက်ကသာ တိုးပွားလာလေသည်။

ဤအရာကို ကိုယ်စားပြုသည့်အရာက ကောင်းကင်ယံရှိ နေမင်း၉စင်း ဖြစ်၏။

“ကောင်းကင်အရှင် ၉ယောက်” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်သည်။ သူ့အသံက ပထမနယ်မြေ၏ ပိုင်နက်ရှစ်ထောင်အနက် ပထမဆုံးမြို့အပြင်ဘက်ရှိ တောင်ပေါ်တွင် ပျံ့နှံ့လာသည်။

သူက ဤကုန်းမြေပေါ်သို့ ရောက်ရှိသည်မှာ နှစ်နှစ်တာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သည့်နှစ်နှစ်က သူသည် ဝမ်ရီရီနှင့် သူမ ဖခင်နောက်မှ လိုက်ကာ ဤကုန်းမြေဆီ ရောက်ရှိလာသည်။ သူက ဝမ်ရီရီ၏ အိမ်တွင် နေထိုင်ခဲ့လေ၏။ ထိုအရာက သာမန်နှင့် တူသည့် တောင်တစ်လုံးဖြစ်ကာ ထိပ်တွင် လှိုဏ်ဂူတစ်လုံး ရှိလေသည်။

ထိုလှိုဏ်ဂူထဲတွင် ကမ္ဘာတစ်ခု ပါဝင်နေဟန်ပေါ်၏။ ထိုအရာက ဝမ်ရီရီ၏ အိမ် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့က ဝမ်ရီရီ၏ မိခင်ကိုလည်း မြင်တွေ့ခဲ့ရသည်။ သူမက အင်မတန် သိမ်မွေ့သည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ၏ မျက်ဝန်းများက လဲ့နေပြီး အတော်လေး ညင်သာလှသည်။ ဝမ်ရီရီကို ကြည့်သည့်အခါပင် ပိုမိုညင်သာလှ၏။

ဝမ်ပေါင်လဲ့က ဝမ်ရီရီသည် အစ်ကိုကြီးတစ်ယောက် ရှိကြောင်း သိခဲ့ရသည်။ သူက အိမ်က ထွက်သွားသည်မှာ နှစ်များစွာ ကြာမြင့်လာပြီး အပြင်ဘက်တွင် လေ့ကျင့်နေကာ ပြန်မလာသေးပေ။

ထိုအရာအားလုံးက ဝမ်ပေါင်လဲ့အား သူ့မိဘနှင့် သူ့ညီမငယ်လေးကိုပါ ပြန်လည်တွေးတောသွားမိစေသည်။

ကျေးဇူးတင်စရာကောင်းလှစွာဖြင့် သူတို့အားလုံးက သူနှင့်အတူ ရှိသေး၏။ သူတို့က သူ့လက်ဖဝါးပြင်ထက်က ကမ္ဘာပေါ်တွင် ရှိနေသော်လည်း သူတို့က ဘေးကင်းကင်းနှင့် ရှိနေကြသည်။

ဝမ်ရီရီ၏ အိမ်တွင် အချိန်တစ်ခုကြာ နေထိုင်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သူတို့ စီစဉ်ပေးသည့်အရာများကို ငြင်းဆန်ပြီးသည့်နောက်တွင် တစ်ယောက်ထဲ ထွက်လာခဲ့သည်။ သူက သူ့ဂိုဏ်းတူအစ်ကိုကြီး ပြန်လည်ဝင်စားဖို့ သင့်တော်သည့် နေရာတစ်ခုကို ရှာဖွေပေးလိုသည်။

တစ်ချိန်တည်းဆိုသလို သူက မရင်းနှီးသေးသည့် ကမ္ဘာကို ပိုမိုကြည့်ရှုချင်မိ၏။

သူက အဖေဝမ် ပြောခဲ့သည့်စကားကို အမှတ်ရနေဆဲ ဖြစ်သည်။

“လက်ရှိ မင်းက ကောင်းကင်ဘုံ တက်လှမ်းဖို့ အရည်အချင်းပြည့်မှီတယ်။ မင်းက ကောင်းကင်ကို တက်လှမ်းဖို့ တိုက်ခိုက်စွမ်းရည်လည်း ရှိတယ်။ ဒါပေမဲ့ မင်းရဲ့ တာအိုနှလုံးသားနဲ့ အစွဲအလမ်းက မပြီးပြည့်စုံသေးဘူး။ ပြင်ဆင်မှုတွေ အားလုံး ပြီးသွားတာနဲ့ ငါ့ကို လာရှာလှည့်။ ငါက မင်းအတွက် ကောင်းကင်ဘုံလမ်းစဉ်ကို ဖွင့်လှစ်ပေးမယ်”

ဝမ်ပေါင်လဲ့က ဦးညွှတ်ပြီးသည့်နောက်တွင် တောင်တန်းဆီမှ ထွက်ခွာလာခဲ့သည်။

သူက ဤကမ္ဘာအနှံ့ လျှောက်လှမ်းလာခဲ့၏။ သို့သော်လည်း ဤကုန်းမြေက ကျယ်ပြောလွန်းသည့်အတွက် ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံဆင့်ဖြင့်ပင် နှစ်နှစ်အတွင်း အရာအားလုံးကို မြင်တွေ့ဖို့ အင်မတန် ခက်ခဲလှသည်။ ထို့ကြောင့် ကုန်းမြေတစ်လျှောက်ကို မြင်းတစ်ကောင်သဖွယ် ဖြတ်သန်းလာပြီးသည့်နောက် လွန်ခဲ့သည့် ဆယ်လခန့်က သူသည် သူ့ဂိုဏ်းတူအစ်ကိုကြီး ပြန်လည်ဝင်စားမည့် နေရာတစ်ခုကို ရှာနိုင်ခဲ့သည်။

ထိုနေရာတွင် သူက သူ့ဂိုဏ်းတူအစ်ကိုကြီး၏ ဝိညာဉ်မှ မျက်နှာကို ရေးခြယ်ပေးခဲ့၏။ သူက သူ့တာအိုပညာရပ်များကို အသုံးပြုကာ ပြန်လည်ဝင်စားခြင်းစက်ဝန်းကို ဆင့်ခေါ်ပြီး တောင်အောက်ရှိ မြို့ဆီ ပို့ဆောင်ခဲ့သည်။

သန္ဓေတည်နေသည့် ဝမ်းအိမ်အတွင်း လျှို့ဝှက်ဆန်းကြယ်မှုကြောင့် သူ့ဂိုဏ်းတူအစ်ကိုကြီး၏ အတိတ်ဘဝမှ မှတ်ဉာဏ်များက သူ့ကျင့်ကြံဆင့်အနေအထားတစ်ခုသို့ ရောက်ရှိပြီးသည့်နောက်မှသာ ပြန်လည်နိုးထလာလိမ့်မည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က အလျင်လိုနေခြင်း မရှိပေ။ သူက တောင်ထိပ်တွင် နေ့တိုင်းထိုင်လျက် သူ့နတ်ဘုရားအသိစိတ်က မြို့ထဲရှိ ချမ်းသာကြွယ်ဝသော အိမ်တစ်အိမ်ကို အာရုံစိုက်ထားလိုက်သည်။

သူက သူ့ဂိုဏ်းတူအစ်ကိုကြီး၏ ပြန်လည်ဝင်စားမှုကို ခံစားရခြင်းက သူ့အတွက် အလေ့အကျင့်တစ်ခုလို ဖြစ်လာခဲ့၏။

တစ်ချိန်တည်းဆိုသလို သူက ဤကုန်းမြေနေရာအနှံ့တွင် ရှိနေသည့် တာအိုကို နားလည်ဖို့ ကြိုးစားနေသည်။

သူ့အမြင်တွင် ထိုထာဝရကြယ်စင်ကုန်းမြေအထက် တုန်လှုပ်ဖွယ် ဝဲကတော့များစွာ ရှိနေသည်။ အားအကောင်းဆုံး ၉ခုက ကောင်းကင်ယံတွင် ရှိနေသည့် နေမင်းများ ဖြစ်၏။ တစ်ခုချင်းစီက ကောင်းကင်ကိုပင် လှုပ်ခတ်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားကြသည်။ အထူးသဖြင့် အလယ်တွင်ရှိနေသည့် နှစ်ခု ဖြစ်သည်။ သူတို့က ဝမ်ပေါင်လဲ့ကို အန္တရာယ်ကြီးကြောင်း ခံစားချက်ကို ပေးစွမ်းနေသည်။

တခြားသော ဝဲကတော့များအတွက်မူ သူတို့က အဖက်ဖက်သို့ ပြန့်ကျဲနေပြီး သူတို့က စတုတ္ထအဆင့်ပင် ရောက်ဟန်မပေါ်ပေ။ သူတို့က ထိပ်သီးတတိယအဆင့်ဖြစ်ကာ စတုတ္ထအဆင့်တစ်ပိုင်းဟု မှတ်ယူနိုင်သည်။

သို့သော်လည်း ခြွင်းချက်တချို့တော့ ရှိ၏။ ကောင်းကင်ယံတွင် မရှိနေသည့် အရာများက အားအကောင်းဆုံး ဝဲကတော့များ ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အမြင်တွင် ထာဝရကြယ်စင်ကုန်းမြေ၏ မြောက်ဖက်အပိုင်းတွင် ကောင်းကင်ယံရှိ အားအကောင်းဆုံး နေမင်းထက် အားနည်းခြင်း မရှိသည့် တည်ရှိမှုတစ်ခု ရှိလေသည်။ ထိုသူက စတုတ္ထအဆင့် ဖြစ်လိမ့်မည်။

“ဆယ်ယောက်လား” ဝမ်ပေါင်လဲ့က ကောင်းကင်ယံမှ နေမင်း၉စင်းကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။

ဤနေရာတွင် တတိယအဆင့် ကျင့်ကြံသူများစွာ ရှိနေပြီး တစ်ယောက်ချင်းစီက တုန်လှုပ်ဖွယ် တာအိုပမာဏကို ပိုင်ဆိုင်ထားကြသည်။ သူတို့က ကျင့်ကြံရင်းဖြင့် စကြဝဠာ၏ တာအိုကို စုပ်ယူနေကြ၏။ ဤသည်က ဝဲကတော့များ၏ ဇစ်မြစ် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာထဲ စကြဝဠာအဆင့်ဟု ခေါ်ဆိုသည့်အရာက ဤနေရာတွင် တတိယအဆင့်သာ ရှိသေးကြောင်း သဘောပေါက်သွားခဲ့သည်။

ဤကုန်းမြေအထက်တွင် တတိယအဆင့် ကျင့်ကြံသူများစွာ ရှိ၏။

ဝမ်ပေါင်လဲ့က ကောင်းကင်ယံမှ နေမင်း၉စင်းကို ကြည့်နေမိသည်။ တကယ်တမ်းတော့ ထိုအရာများက ဝဲကတော့များသာ ဖြစ်၏။ ဝမ်ပေါင်လဲ့က ထိုပုဂ္ဂိုလ်များ၏ အမြင်အောက်တွင် သူက ဝဲကတော့အသွင် ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။

အကြောင်းအရင်းကမူ သူ၏ ကျင့်ကြံဆင့်ကလည်း စတုတ္ထအဆင့် ရောက်ရှိနေပြီဟု ယူဆနိုင်သည်။ တကယ်တော့ သူက စတုတ္ထအဆင့်ထဲ ဝင်ရောက်ဖို့ အကွာအဝေးတစ်ခုမျှသာ လိုတော့သည်။ လိုအပ်နေသည့်အရာက စကြဝဠာ၏ ထောက်ပံ့မှုဖြစ်၏။

လူတစ်ယောက်က တာအို၏ အဆုံးသတ်ကို ရောက်ပြီး ဇစ်မြစ် ဖြစ်သွားသည့်အခါ စတုတ္ထအဆင့် ဖြစ်ပေသည်။

ကောင်းချီးဟုခေါ်ဆိုသည့်အရာက တကယ်တော့ ပုံသဏ္ဍာန်ထုတ်ဖော်ခြင်း အမျိုးအစားတစ်မျိုးသာ ဖြစ်၏။ ထိုအရာက ဆဌမအဆင့်အောက်ရှိ တိုက်ခိုက်စွမ်းရည်ကို ကိုယ်စားပြုသည်။

ထိုအရာကို ရယူဖို့ နည်းလမ်းများစွာရှိပြီး ကောင်းကင်တံတား လျှောက်လှမ်းခြင်းက တစ်ခု အပါအဝင် ဖြစ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့သည် သူသာ ကောင်းကင်တံတားကို လျှောက်လှမ်းသည်နှင့် သူ့ကျင့်ကြံဆင့်က သေချာပေါက် မြင့်တက်လာမည်ဖြစ်ကာ သူ့တိုက်ခိုက်စွမ်းရည်ကလည်း သိသိသာသာ တိုးတက်လာလိမ့်မည်မှန်း သိထားသည်။

သို့သော်လည်း အဖေဝမ် ပြောသည်က မှန်ကန်ကြောင်း နားလည်ထား၏။ သူ့တာအိုနှလုံးသားနှင့် အစွဲအလမ်းက မပြည့်စုံသေးပေ။ သူက သူ့ဂိုဏ်းတူအစ်ကိုကြီးနောက်ကို လိုက်ကာ အဖော်ပြုပေးလိုသေး၏။

သူ့လက်ဖဝါးပြင်ထက်က ကမ္ဘာပေါ်တွင် သူ့မိဘများနှင့် အဖော်ပြုကာ မိသားစုနွေးထွေးမှုကို ခံစားကြည့်ချင်နေသည်။

ထို့အပြင် ကျောက်ယမုန့်၊ ကျိုးရှောင်ရနှင့် လီဝမ်အာ … သူ့ညီမလေးလည်း ရှိနေသေးသည်။

သူ မသေချာသည့် အရာများစွာလည်း ရှိနေသေး၏။

ဤကုန်းမြေက သူ့ကို အခြေငြိမ်စေသည့် ခံစားချက်မျိုး ပေးစွမ်း၏။

ထို့အပြင် ဤနေရာရှိလူများက သူ့အပေါ် ဆိုးရွားသည့် အမြင်မျိုး မရှိကြပေ။ တစ်ဖက်တွင် သူက ဧည့်သည်တစ်ယောက် ဖြစ်၍ ဖြစ်သည်။ ထို့အပြင် ဝမ်ရီရီ၏ အဖေက သူ့ကို ကိုယ်တိုင်ခေါ်ဆောင်၍ ဖြစ်သည်။ သူက ဝမ်ရီရီ၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက် ဤကုန်းမြေ၏ အလိုဆန္ဒနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များက  သူ့ကို အကောင်းဖက်မှသာ မြင်ကြ၏။

တစ်ချိန်တည်းဆိုသလို ယခင်နှစ်နှစ်အတွင်း ဝမ်ရီရီ၏ လာရောက်တွေ့ဆုံမှုအပြင် ဤကုန်းမြေရှိ စွမ်းအားကြီးပုဂ္ဂိုလ်များမှ လာရောက်တွေ့ဆုံမှုများစွာလည်း ရှိခဲ့သည်။ ထိုအရာက ကောင်းကင်ယံရှိ နေမင်းပင် အပါအဝင် ဖြစ်၏။ သူတို့က သူတို့ရှေ့တွင် နည်းလမ်းမျိုးစုံနှင့် ပေါ်ထွက်လာကြသည်။ သူတို့၏ မျက်ဝန်းအထက် သိချင်စိတ်နှင့် နက်နဲသည့် အဓိပ္ပာယ်တချို့ ကိန်းအောင်းနေ၏။

ကြည့်ရသည်မှာ ဆွေပြမျိုးပြ လာရောက်လည်ပတ်သည့် သမက်တစ်ယောက်ကို ကြည့်နေသလိုမျိုး ဖြစ်၏။

အထူးသဖြင့် သူတို့ထဲက တစ်ယောက်က လာရောက်သည့်အချိန်တိုင်း မုန်တိုင်းကိုပင် ခေါ်ဆောင်လာခဲ့သည်။

နမူနာအနေဖြင့် ယခု ကောင်းကင်ကြီးက ကြည်လင်နေသော်လည်း ရုတ်ချည်း မိုးရွာလာခဲ့သည်။

ထို့နောက် မိုးရွာလာသည့်အခါ သူရဲကောင်းဆန်သည့် အသံတစ်သံက အဝေးမှ ထွက်ပေါ်လာခဲ့သည်။

“ထာဝရကြယ်စင်ကုန်းမြေရဲ့ ကောင်းကင်တာအို အစုတ်ပလုတ်။ ငါက မင်းကို အဲ့တုန်းက ဆူခဲ့ရုံတင် မဟုတ်ဘူးလား။ ငါ လာတဲ့အချိန်တိုင်း ဘာလို့ မိုးရွာချနေရတာလဲ”

All Chapters