← Chapters

ပြန်လည် ပေါ်ထွက်လာသူ

Vol. 73 Ch. 1015

ပြန်လည် ပေါ်ထွက်လာသူ

Vol. 73 Ch. 1015

လုရွှေ‌ရောင် နန်းတော်၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်သည့် လုဝမ်ဟိုင် ကျရှုံးခဲ့သည့်တိုင် မဟာစက်ဝန်း ရှန့်ထို ညီလာခံ ဝင်ခွင့် တိုက်ပွဲများမှာ ခပ်ကျဲကျဲဖြင့် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

“ဓားရိုင်းဂိုဏ်း အဓိက တပည့်... အသက် ၈၃ နှစ်... ကြယ်တာရာ အမြုတေ အဆင့်သုံး... ရန်သူအဆင့်... အဆင့်နိမ့် လောကသခင်...”

“သေမျိုးတစ်ပိုင်း အရှင် ဝေးလမ်းရဲ့ တပည့်... အသက် ၉၈ နှစ်... ကျင့်ကြံခြင်း အခြေခံ ကြယ်တာရာ အမြုတေ အဆင့်သုံး...အဆင့်နိမ့် အချိန်သခင်...”

“‌အေးခဲနှင်းနန်းတော်ရဲ့ အဓိက အဓိက တပည့်... အသက် ၁၃၁ နှစ်... ကြယ်တာရာ အမြုတေ အဆင့်လေး... ရန်သူအဆင့်... လောကသခင် အဆင့်မြင့်...”

ထိုထိပ်သီး ပါရမီရှင် သုံးယောက်မှာ စင်မြင့်ပေါ်သို့ ဝံ့ကြွားစွာဖြင့် တက်လှမ်းကာ သူတို့၏ အရည်အချင်းများကို သက်သေပြဖို့ ကြိုးပမ်းခံကြသည်။ သို့သော်လည်း... အမှန်တရားကတော့ ခါးသီးလွန်းလှသည်။ သူတို့အားလုံး ကျရှုံးခဲ့ပေသည်။

မည်သို့ပင် စိန်ခေါ်သူများကတော့ ဆက်လက် ပေါ်ထွက်နေဆဲ ဖြစ်ပေသည်။ ထိုအထဲ၌ မိမိကိုယ်ကို သကသေပြလိုသည့် လျှို့ဝှက် အာဏာရှင် အဆင့်များလည်း အပါအဝင် ဖြစ်ပေသည်။

“သင်္ကေတသုံးခု လျှို့ဝှက် အာဏာရှင်... အသက် ၅၀၀၀ အောက်... လျှို့ဝှက် အာဏာရှင် အဆင့်နှစ်၊ ရန်သူ အဆင့်... လျှို့ဝှက် ဝိညာဉ် အထွတ်အထိပ် အဆင့်...”

"လျှို့ဝှက် ကြယ်တာရာ အဆင့်... အသက် ၁၀၀၀ ကျော်... ကျင့်ကြံခြင်း အဆင့်... တစ်ဝက်တစ်ပျက် လျှို့ဝှက် အာဏာရှင် အဆင့်တစ်... ရန်သူ အဆင့်... လျှို့ဝှက်ဝိညာဉ် အဆင့်နိမ့်...”

သက်တမ်း ကုန်လုနီးပါး ဖြစ်နေသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ ထာဝရ အစည်းအရုံး၏ စနစ်ကို စမ်းသက်ရန် စိန်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း... တစ်ချက်မျှ မလှုပ်ရှားရသေးခင် အချိန်အတွင်းမှာပင် သူမမှာ ရန်သူထံတွင် အသတ်ခံခဲ့ရသည်။

သူမ၏ ရဲရင့်သည့် အနစ်နာခံမှုက အခြားလူများကို အံ့သြ ထိတ်လန့်စေခဲ့သည်။ ထို့အပြင်... စမ်းသပ်မှုတွင် လျှို့ဝှက် ကြယ်တာရာ အဆင့်များ အတွက် အခွင့်အ‌‌ရေး မရှိကြောင်းလည်း ထင်ရှားစေခဲ့သည်။

“သင်္ကေတ သုံးခု ခြေချခြင်း အဆင့်...သေမျိုးတစ်ပိုင်း အရှင်... အသက် ၁၂၀၀၀ အောက်... ကျင့်ကြံခြင်း အဆင့်... လျှို့ဝှက် အာဏာရှင် အဆင့်သုံး... ရန်သူအဆင့်... အထွတ်အထိပ် သေမျိုးတစ်ပိုင်း အရှင်”

ထိုပုဂ္ဂိုလ်ကြီးမှာ ဟောင်ရှောင်လုံပြီးလျှင် စိန်ခေါ်လာသည့် ဒုတိယမြောက် သေမျိုးတစ်ပိုင်း အရှင် အဆင့် ဖြစ်သည်။ ကံဆိုးစွာပင် သူက ကျရှုံးရုံသာ မကပဲ သေဆုံးခဲ့ပေသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက ဟောင်ရှောင်လုံနှင့် ယှဉ်ပါက များစွာ နိမ့်ပါးလေရာ အညံ့ခံဖို့ အော်ဟစ်ရန် အချိန်ပင် မရလိုက်ချေ။

အားလုံးမှာ စိတ်နှင့် ဝိညာဉ် နှစ်ခုစလုံး အေးစက်နေသလို ခံစားနေရ၏။ တစ်ချိန်တည်း၌ သူတို့ အထင်ကြီးနေသည့် အတိတ်မှာ သည်လောက်ကြီး ကြီးကျယ် ခမ်းနားခြင်း မရှိကြောင်း သူတို့ သဘောပေါက်လာခဲ့သည်။ ခေတ်သစ် တစ်ခုကား ပြောင်းလဲ နေချေပြီ ဖြစ်လေသည်။

ပထမ တစ်လလုံးတွင် နာမည်ကျော် ရွေးချယ်ခံများ၊ တန်ခိုးရှင် စာရင်းဝင်များမှာ တိတ်တဆိတ်ပင် ဆက်လက် ကျင့်ကြံ နေကြကာ အကြီးအကဲများထံမှ လမ်းညွှန်မှုများကို လိုက်နာ နေကြသည်။ ကျရှုံးသူ၊ ‌အောင်မြင်သူတို့ထံမှ သင်ခန်းစာများ ယူကာ မိမိကိုယ်ကို အဆင်သင့် ပြင်ဆင် နေကြသည်။

တစ်ချိန်တည်း၌ လောကသခင် အဆင့်အောက် လူများမှာ ဖြတ်ကျော်၍ မရနိုင်သည့် ပြဿနာ တစ်ခုနှင့် ရင်ဆိုင် နေရသည်။ ထိုအရာက... သူတို့ ရင်ဆိုင်ရမည့် ရန်သူမှာ အနိမ့်ဆုံး လောကသခင် အဆင့် ဖြစ်မှာ သေချာ နေသောကြောင့်ပင်။ လောကနယ်မြေ တစ်ခုကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို သူတို့ မသိချေ။ ထာဝရ နယ်မြေ ဆေးလုံးပင်လျှင် ထိုအတားအဆီးကို ကျော်လွှားရန် ကူညီပေးနိုင်စွမ်း မရှိချေ။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လေးထောင့်ကွက် အတွင်း၌ ရွေးချယ်ခံ သုံးယောက်မှာ သုန်မှုန်စွာဖြင့် ကျင့်ကြံ နေကြ၏။ သူတို့က ကျင့်ကြံခြင်း နည်းလမ်းများကို လှည့်ပတ်ကာ ဂိုဏ်းသင်္ကေထံမှ ဒြပ်စင် စွမ်းအင်များကို စုပ်ယူ နေခဲ့ကြသည်။

အခြားတစ်ဖက်တွင်တော့ လင်းရှန်းရှဲ့မှာ ကျင့်ကြံခြင်း မရှိချေ။ သူမက စင်မြင့်ထက်ကိုသာ ရွှေရောင် တလက်လက် တောက်ပသည့် မျက်ဝန်းများနှင့် လှမ်းကြည့် နေခဲ့သည်။

လင်းရှန်းရှန်းမှာ ထိုအရာကို သတိထားမိရာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“ရှန်းရှဲ့...”

“သမီး သိပါတယ်... အမေ...”

လင်းရှန်းရှန်းက ဖြတ်ပြောလိုက်၏။ သူမက အရူးတစ်ယောက် မဟုတ်ချေ။ စင်မြင့်မှာ ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း သူမ သိပေသည်။ စုမေ့၊ ရွှယ်ရီဖေး၊ ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့မှာ ‌ကြောက်မက်ဖွယ် ကောင်းသည့် ပါရမီရှင်များ ဖြစ်ကြသည်။ ထို့အပြင်... သူတို့၏ နောက်ကွယ်တွင် တူညီသည့် ပုဂ္ဂိုလ် တစ်ယောက်လည်း ရှိနေပေသေးသည်။ သူကတော့ ဝေ့ဝူယင်ပင်။

လင်းရှန်းရှန်းနှင့် လင်းရှန်းရှဲ့တို့ နှစ်ယောက်စလုံးမှာ စင်မြင့်က သူတို့ အတွက် မဟုတ်ကြောင်း သိရှိထားကြပေသည်။

တစ်လနှင့် နှစ်ပတ်တိတိ ကြာမြင့်ပြီး နောက်တွင်တော့ စန်းလော့ယန်၏အသံက နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံး သုံးရက် အတွင်းစိန်ခေါ်သူ တစ်ယောက်မှ မရှိခဲ့ပါချေ။

“ဖိတ်ခေါ်ခံထားရတဲ့ တန်ခိုးရှင် နတ်မိမယ်နဲ့ တန်ခိုးရှင် သူရဲကောင်း စာရင်းဝင်တွေက နောက်ဆယ့်ငါးရက်နေရင် စစ်ဆေးခံစရာ မလိုပဲ ဟင်းလင်းပြင် တံခါးကို ဖြတ်သန်းခွင့် ရရှိပါမယ်... ကောင်းကောင်း ကျင့်ကြံကြပါ”

တန်ခိုးရှင် နတ်မိမယ်နှင့် တန်ခိုးရှင် သူရဲကောင်း စာရင်းဝင်များမှာ ထိုနေရာကို သူတို့၏ တိုက်ခိုက်ရေး စွမ်းအားကြောင့် ရောက်ရှိလာခဲ့ကြခြင်း မဟုတ်ချေ။ သူတို့၏ နောက်ခံ၊ ပါရမီနှင့် ရုပ်ရည်တို့ကြောင့် ရောက်ရှိလာခဲ့ကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့်ပင် နဂါး နတ်မိမယ်နှင့် အစွန်းရောက်ယင် နတ်မိမယ်တို့မှ လွဲ၍ မည်သူမှ စိန်မခေါ်ခဲ့ကြခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာပင် ဂိုဏ်းကြီးများ၏ အချို့သော ရွေးချယ်ခံများမှာလည်း ထိုစာရင်းများ၌ ပါဝင်ပေသည်။

လင်းရှန်းရှန်း ပြုံးလိုက်မိ၏။ သူမ၏ စိုးရိမ်မှုများက လေနှင့် အတူ လွင့်ပါး သွားခဲ့ပြီ ဖြစ်သည်။ ကြည့်ရသည်က... မြေကြီး ရှန့်ထိုများမှာ တန်ခိုးရှင် စာရင်းဝင်များကို ထိုက်တန်ကြောင်း သက်သေပြရန် အခွင့်အရေး ပေးခဲ့ပုံ ရသည်။ သို့သော်လည်း... သူတို့အားလုံးက ရှေ့ထွက်ရန် ငြင်းဆိုခဲ့ကြလေရာ အဆုံးသတ်၌ သည်အတိုင်း ဖြတ်သန်းခွင့် ပေးရန် ဆုံးဖြတ်ခဲ့ကြပုံ ရသည်။

လင်းမင်ကလည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ လင်းရှန်းရှဲ့ တစ်ယောက် စင်မြင့်ကို စိန်ခေါ်ကာ သေဆုံးသွားမည်ကို သူ တကယ် စိုးရိမ် နေခဲ့ခြင်းဖြစ်သည်။

“အချိန်ကျတော့မယ်...”

လင်းမင် ကိုယ့်ကိုယ်ကို သတိပေးလိုက်လေ၏။

...

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေနှင့် မြင့်မြတ်သော ကြယ်တာရာ နယ်မြေ အကြားရှိ နတ္ထိ ဟင်းလင်းပြင် တစ်နေရာတွင် အ‌သေးစား အရွယ် လေလွင့်ကောင်းကင် တစ်ခုမှာ တိတ်တဆိတ် လွင့်မြော နေခဲ့လေ၏။ ၎င်းက စည်းချက် ညီညီဖြင့် ပြန့်ကားသွားလိုက် ကျုံဝင်လာလိုက် ဖြစ်နေခဲ့သည်။

ထိုလေလွင့် ကောင်းကင်၏ အလယ်ဗဟိုတွင်တော့ ချောမောသည့် ပုံရိပ် တစ်ခုမှာ တိတ်တဆိတ် ကျင့်ကြံနေခဲ့၏။ သူ၏အသက်ရှူသံများက နှေးကွေးနေကာ သဘာဝနှင့် တစ်သားတည်း ဖြစ်နေခဲ့သည်။ သို့သော်လည်း... သေချာ သတိထားကြည့်မည် ဆိုပါက ဂြိုဟ်၏ ပြန့်ကားသွားမှုနှင့် ကျုံ့ဝင်လာမှုတို့မှာ သူ၏ ဝင်သက်ထွက်သက်များနှင့် ထပ်တူကျနေသည်ကို ထူးဆန်းစွာ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ရုတ်ချည်းပင် ပုံရိပ်မှာ မျက်လုံးများကို ဖွင့်လိုက်ကာ ကြယ်တာရာ အလင်းများကို လှစ်ဟာ ပြသ၏။

ဘုန်း...

လေလွင့်ကောင်းကင်မှာ အရှိန်အဟုန်နှင့် ပေါက်ကွဲသွားကာ ပုံရိပ်မှာ အမှောင် ဟင်းလင်းပြင် အတွင်း ပေါ်လာခဲ့၏။ သူက ပြုံးလိုက်ရင်း အဖြူရောင် အလင်းစက်များဖြင့် ပြည့်နှက်နေသည့် လက်ကို စစ်ဆေး လိုက်သည်။

“သောက်ရမ်းမိုက်တယ်...”

***

All Chapters