စားသောက်ခြင်း အတတ်ပညာ
Vol. 107 Ch. 4.1112
ဘယ်သူကို ပြောနေတာလဲ။
လုရွှမ် တုတ်တုတ်မှ မလှုပ်ပေ။
"ဆရာတူအစ်ကို စုန့်ယိစုန့်... မင်းငါ့နောက်ကို လိုက်နေတာ ကြာပြီမလား...ဘာလို့ဖုံးကွယ် ထားသေးတာလဲ... မင်းမသေသေးဘူး ဆိုတာ ငါတို့သိတယ် မင်းနှစ်ပေါင်းများစွာ စီစဉ်ပြီး မင်းနာမည်ကို အမည်ဝှက်ထားခဲ့တာက ဒီနေ့လက်စားချေဖို့ပဲ မဟုတ်လား?"
ဆရာတူအစ်ကို စုန့်ယိစုန့် ဆိုတာ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူအကြောင်းကို ပြောနေတာ ဖြစ်ပေမည်။ ထိုစဥ် လျှို့ဝှက်ဆန်းကြယ်တဲ့ လူက စစ်မြေပြင်သို့ ကြွလှမ်းလာသည်။ ပါးကို ကိုင်ထားတာကြောင့် မျက်နှာတဝက်သာ ပေါ်နေ၏။
ပါးတစ်ခြမ်းက ချောမောပြေပြစ်ပြီး ကျန်ပါးတစ်ခြမ်းကတော့ မွေးကတည်းက အကြောမရှိသလို လုံးလုံးလျားလျား ပုံပျက်နေသည်။ ဤကဲ့သို့ လုံးဝကွဲပြားသော မျက်နှာနှစ်ခုကို လူတစ်ဦးအဖြစ် ပေါင်းစည်းနိုင်မည်ဟု လုရွှမ် မထင်ထားပေ။
"ဘယ်လောက် လှလိုက်တဲ့ ပါးပြင်လဲ အစ်ကိုစုန့် ပြောပါဦး မဟုတ်ဘူးလား"
သွမ်းယန်ချီ အသံထွက်လာပေမယ့် အခုအချိန်မှာတော့ သွမ်းယန်ရင်းရဲ့ ခန္ဓာကိုယ် ဖြစ်နေတာကြောင့် လုရွှမ် ရွံရှာပုံသလို ဖြစ်သွားသည်။ ဒါက ထူးဆန်းပေမယ့် အစွမ်းထက်တယ် ဆိုတာ သိသာပါ၏။ သူတို့နှစ်ယောက် လိမ္မာပါးနပ်စွာ စကားပြောကြသည်ကို ပြန်ပြောင်း သတိရမိရာ ထိုအရာက ဤကျင့်စဥ်၏ အကျိုးသက်ရောက်မှု ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
အဲဒီလူက မျက်နှာတစ်ခြမ်းက အလွန်ချောမောပြီး တခြမ်းက ပျက်စီးနေရာ ဒီလိုကျင့်စဥ်မျိုးကို လေ့ကျင့်ထားလို့လား။
"ချီလေး.... မင်း ငါ့ကို လှည့်ဖျားချင်နေတာလား"
လုရွှမ် အံ့အားသင့်သွားသည်။ သူတို့နှစ်ယောက်ကြားမှာ ဆက်နွယ်မှု ရှိနေတာလား။ ထိုစဥ် သွမ်းယန်ရင်း၏ ယောက်ျားပီသသော ခန္ဓာကိုယ်မှ ပေါ့ပါးသော ရယ်မောသံ ထွက်ပေါ်လာသည်။
"အစ်ကိုစုန့်... မင်းရဲ့အရည်အချင်းတွေက တခြားသူတွေလောက် မတော်ဘူး မင်းကသာ ငါ့ကိုလှည့်စားခဲ့တာလေ... မင်းဒီနေရာကို ရှာတွေ့ခဲ့တယ် ပြီးတော့ ငါတို့ကို ဒီကိုလာအောင် ဆွဲဆောင်ပြီး ငါတို့မောင်နှမတွေကို လမ်းပြလို လုပ်ခိုင်းတယ်... မင်းရဲ့အစီအစဥ်ကို ငါ မသိဘူးထင်လို့လား?
လတ်စသတ်တော့ အဲ့လိုကိုး!
လုရွှမ် တိတ်တိတ်လေး တွေးလိုက်သည်။
စုန့်ယိ၏ အသွင်အပြင်ကို ကြည့်ပြီး သွမ်းယန်ရင်းက ဆရာတူအစ်ကိုဟု ခေါ်ဝေါ်ပြီးနောက် လုရွှမ်သည် ၎င်းကို သူ့စိတ်ထဲတွင် အခြေခံအားဖြင့် ခန့်မှန်းခဲ့ပြီး ဖြစ်ရပ်မှန်များက သူမှန်းဆထားသည့် အတိုင်းဖြစ်ကြောင်း သက်သေပြခဲ့သည်။
သွမ်းယန်ရင်း၏ အသံသည် နာကြည်းမှုနှင့် မောက်မာမှု အပြည့်ဖြင့် ထွက်ပေါ်လာသည်။
"မင်းကြောင့်သာ မဟုတ်ရင် ချီလေးက ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်တဲ့ မိန်းကလေး ဖြစ်လာခဲ့မှာ... ဒါတွေအားလုံးက မင်းအပြစ်ပဲ ဒါကြောင့် မင်းလုပ်သမျှက မင်းသေရဖို့ ထိုက်တန်ပါတယ်!"
စုန့်ယိစုန့်က ခဏလောက် စဉ်းစားကြည့်သည်။
"ငါတို့ ပူးပေါင်းနိုင်မယ် ထင်တယ်... အတိတ်က ပျောက်ကွယ်သွားပြီလေ မင်းရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းဖို့ ငါ ကူညီပေးနိုင်ပါတယ်... ငါ နှစ်တွေ အများကြီး လေ့လာခဲ့ပြီးပြီ ဒီလေ့ကျင့်မှုကို နောက်ပြန်လှည့်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ထားတယ်"
သွမ်းယန်ရင်း: "ချီလေး သူ့စကားကို နားမထောင်နဲ့ သူက ငါတို့ကို ထပ်ပြီး ကြံစည်ချင်နေတာ!"
ပါးစပ်က ထပ်တူကျသော်လည်း သွမ်းယန်ချီရဲ့ အသံက ထွက်ပေါ်လာသည်။
"အစ်ကို ညီမတို့ သူ့စကားကို အရင် နားထောင်ရင်တော့ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး"
စုန့်ယိက တခစ်ခစ်ရယ်ရင်း "ဟုတ်တယ် ဆရာတူညီလေးရင်း...နားထောင်ကြည့်ရုံနဲ့ မှားမှာမဟုတ်ဘူး... ဒီနေ့လို ချီလေး ဖြစ်လာတာ ငါ့အမှားပဲ မင်းအသက်ကို မစတေးခဲ့ရင် မင်းညီမသေတာ ကြာလောက်ပြီ"
"ဒါပေမယ့် မင်းရဲ့မူလဘဝကိုရော မလိုချင်ဘူးလား? နှစ်တွေကြာလာလို ငါကျောင်းကနေ ထွက်ခွာသွားပြီးတော့ ချီလေးအပေါ် ငါလုပ်ခဲ့တာကို နောင်တရနေခဲ့တယ် ရလဒ်အနေနဲ့ ငါတို့သုံးယောက် အရှုံးတွေပဲ ရလာပြီး ဒီလို လူမဟုတ်တစ္ဆေမဟုတ် ဖြစ်လာတယ်”
စုန့်ယိစုန့်က ခေတ္တရပ်လိုက်ပြီး။
"အခု ငါ့ပုံစံကို မင်းမြင်ပြီးပြီပဲ.... ကျန်တစ်ဝက်ကို ငါ့ခန္ဓာကိုယ်ထဲကို လုံးလုံးထည့်လိုက်ပြီ အဲဒါက ညှဉ်းပန်းနှိပ်စက်မှု မဟုတ်တော့ဘဲ အတတ်ပညာ တစ်ခုလို ဖြစ်သွားတယ်"
"အတတ်ပညာ ဟုတ်လား? မင်းလူတွေကို ဝါးစားနေတာပဲ ကျင့်ကြံသူတွေကို ခြေရာလက်ရာမချန်ဘဲ လုံး၀ ကိုက်စားနေတာ... အဲဒါကို အတတ်ပညာလို့ ခေါ်နိုင်ရင် ဟမ့်!"
သွမ်းယန်ရင်းသည် နောက်စကားများကို မပြောတော့ပေ။ အကြောင်းမှာ သူ့ရှေ့က စုန့်ယိခန္ဓာကိုယ်သည် ဖောက်ပြန်ကာ လက်သီးများကို တစ်ချက်ပြီး တစ်ချက် ထိုးသတ်လိုက်လေသည်။ သွမ်းမောင်နှမသည် သူ၏ ပြတ်သားစွာ ပြင်ဆင်ထားသော လက်သီးစွမ်းရည်ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"တန်ပြန်လက်သီး? ဒီလိုလက်သီးသိုင်းကို မင်းဘယ်လိုလုပ် သိနေတာလဲ"
သွမ်းယန်ရင်းက အော်လိုက်ရာ သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး လူနှစ်ယောက်က ပြန်ဖြစ်သွားသည်။
"ကျောက်အာ့နဲ့ ကျန်းစန်း တိုက်ကြ!"
ရွှီတ ဆိုလိုက်သည်။ နေမကောင်း ဖြစ်နေချိန်မှာ သတ်ပစ်နိုင်မယ့် အခွင့်အရေးကို မြင်ရင် လက်မနှေးသင့်ပေ။ လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ထူးထူးခြားခြား ရောနှောထားသည်။ ယခုအခိုက်အတန့်တွင် လူနှစ်ဦး ကွဲကွာသွားသည်ကို မြင်တွေ့ရပြီး အသက်ရှုကြပ်ကာ အမြန်ထွက်ပြေးချင်လာသည်။
စုန့်ယိ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွား၏ သူ့ခြေရင်းအောက်တွင် ချီထျန်းပု ကောင်းကင်ကို ဖျက်ဆီးသည့်ခြေလှမ်းကို အသုံးပြု၍ လျင်မြန်စွာ ရွေ့လျားကာ သူတို့နှစ်ဦးရှေ့သို့ ပြေးပြီး ရွှီတနှင့် လက်ဖဝါးချင်း လဲလှယ်လိုက်သည်။
ရွှီတသည် ယခုအခိုက်အတန့်တွင် ပြင်းထန်စွာ ဒဏ်ရာရနေပြီး သူ့လက်ဖဝါးကို ပြန်လည် တိုက်ခိုက် ခံလိုက်ရသောအခါ ပါးစပ်မှ သွေးအန်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေ၏။ လုရွှမ်၏ မျက်လုံးများထဲ၌ပင် သူက အလွန်ပင် သန်မာနေခဲ့သည်။ တောင်များနှင့် မြစ်များကြားတွင် သိသာထင်ရှားသော ခြားနားမှု မရှိသော်လည်း သူ့လက်သီး ပေါက်ကွဲသောအခါတွင် ခွန်အားကို အနည်းဆုံး နှစ်ဆအထိ ပြသလာသည်။
အလွန်ကောင်းမွန်သော လက်သီးသိုင်းပင်။
"နှစ်ကြိမ်မရှိလက်ဝါး!"
"မဖြစ်နိုင်ဘူး... နှစ်ကြိမ််မရှိလက်ဝါးက ပျောက်နေတာကြာပြီ မင်းဘယ်လိုလုပ် လေ့လာနိုင်မှာလဲ"
စုန့်ယိက ရယ်ပြီး "ဒါပဲပြောမယ်!"
ထို့နောက် သူက ရွှီတကို ကြည့်လိုက်သည်။
"မင်းရဲ့ခြေရာလက်ရာကို ငါသိနိုင်ခဲ့တာကို မင်း သိချင်နေလား ငါတကယ် ပြောရတော့မှာပေါ့... အဲဒါက အရမ်းအစွမ်းထက်တယ် ဒါပေမယ့် ကံမကောင်းစွာပဲ ငါ့မှာ ပထမအဆင့် ကျွမ်းကျင်မှုသုံးဆင့်ပဲရှိတော့ ဒီတစ်ခါ မင်းကိုစားရင်း နောက်ဆက်တွဲ စွမ်းရည်တွေကို ငါရနိုင်တယ်လေ"
သူက ကျယ်လောင်စွာ ရယ်မောပြီး ရွှီတဆီသို့ တစ်ဖန် လျှောက်သွားကာ ပြင်းထန်သော လက်သီးဖြင့် ထိုးချလိုက်သည်။ ရွှီတ၏ လက်ရှိအခြေအနေအရ သူ လုံးဝ မခံနိုင်တော့ပေ။ လက်ဖဝါး တစ်ဖက်တည်းဖြင့် အသတ်ခံရမှာ သေချာပါသည်။
ရွှီတ သူ့လက်များကို ဆုပ်ကိုင်ထားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ့လက်များ ကျိုးသွားခဲ့သည်။ စုန့်ယိ လက်သီးသည် ပြင်းထန်လွန်းသဖြင့် ရွှီတ ခန္ဓာကိုယ်မှာ ထိမှန်ပြီးနောက် ဆယ်မီတာကျော် အကွာအထိ ပျံသန်းကာ ကျောက်တုံးကြီးကို ထိမှန်၍ သွေးအန်ထွက်သွားခဲ့သည်။
"မင်း သူ့ကို သေအောင်ရိုက်မှာလား"
သွမ်းယန်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"မင်းမှန်တယ် ငါ သူ့ကို သေအောင် ရိုက်ချင်နေတာ အသက်ရှင်နေတဲ့ လူတွေက လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနိုင်ပေမယ့် သေတဲ့လူတွေက မလုပ်နိုင်ဘူးလေ... သူ့အတိတ်နဲ့ လေ့ကျင့်မှုစွမ်းရည်တွေ အပါအဝင် သူ့ခန္ဓာကိုယ်ထဲမှာ မှတ်တမ်းတင်ထားလိမ့်မယ်... ဒါ ငါသင်ယူခဲ့တဲ့ လျှို့ဝှက်ချက်ပဲ ဟာဟား အရာအားလုံးက တစ်စွန်းတစ်စ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလေ”
သွမ်းယန်ချီ: "ဒီလူတွေရဲ့ အလောင်းတွေကို ရှင် မျိုချလိုက်တာလား"
"မှန်တယ် ငါသူတို့ရဲ့ အလောင်းတွေကို မျိုချလိုက်ပြီး သူတို့ရဲ့ မှတ်ဥာဏ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လုံးလုံးလျားလျား စုပ်ယူပစ်လိုက်တာ..."
"မင်းတို့လည်း အတူတူပါပဲ မင်းတို့ကို ဒီလျှို့ဝှက်နည်းလမ်း ငါသင်ပေးနိုင်တယ် ပြီးတော့ မင်းတို့ ဝါးမြိုနိုင်မယ်... နောက်ဆုံး လုံလောက်အောင် လေ့ကျင့်လိုက်တဲ့အခါ ငါတို့ကို ဖိနှိပ်ထားတဲ့ ကျိန်စာကလည်း ပျောက်ကွယ်သွားပြီး ငါတို့ပဲ အသက်ရှင်နေလိမ့်မယ် ဟားဟားဟားဟားဟားဟား !"
စုန့်ယိသည် ရိုင်းစိုင်းမှု မောက်မာမှု အပြည့်ဖြင့် ရယ်မောလိုက်သည်။
"မင်း လုရွှမ်ကို မျိုချလိုက်တာလား?"
ကျောက်အာ့ ရုတ်တရက် ထအော်လိုက်သည်။
"လုရွှမ်? ငါ တစ်ခါမှ မကြားဖူးဘူး"
"အိုး ဒါဆို မင်း လူချင်းတွေ့ရတော့မှာပါ!"
လုရွှမ် အသံကအရင် ထွက်လာပြီး လူကိုယ်တိုင်လည်း ဖြည်းညှင်းစွာ ထွက်လာခဲ့လေသည်။
"လုရွှမ်!"
ယွမ့်ချောင်ချင် စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်သည်။ လုရွှမ်ကို ပြန်တွေ့ရတာက ပျော်ရွှင်ရလိမ့်မယ်လို့ သူမ တစ်ခါမှ မထင်ထားခဲ့ပေ။
"စတုတ္ထလေး!"
ကျောက်အာ့နဲ့ ကျန်းစန်းတို့သည်လည်း မျှော်လင့်ချက် အရိပ်အမြွက်များဖြင့် စိတ်လှုပ်ရှားစွာ တစ်ပြိုင်တည်း အော်လိုက်သည်။