← Chapters

တန်ပြန်တိုက်ခိုက်မှု

Vol. 107 Ch. 4.1113

တန်ပြန်တိုက်ခိုက်မှု

Vol. 107 Ch. 4.1113

"မင်း? ကောင်လေး မင်းငါ့နောက်ကနေ တလမ်းလုံး လိုက်လာခဲ့တာလား"

စုန့်ယိစုန့်သည် ရှက်ရွံ့စွာ ဒေါသထွက်လာသော အရိပ်အယောင်များနှင့် သူ့မျက်နှာတစ်ခြမ်းက တွန့်လိမ့်သွားသည်။

"လုရွှမ် မင်းဘာလို့ဒီကိုရောက်နေတာလဲ"

သွမ်းယန်ရင်းနှင့် သွမ်းယန်ချီတို့၏ စကားသံများသည် အံ့သြခြင်း အပြည့်ဖြင့်။ သူတို့က တစ်ယောက်ကို တစ်ယောက် အရှက်အကြောက်ကြီးသော အရိပ်အမြွက်များဖြင့် ကြည့်နေကြသည်။

လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ငါသာ မလာခဲ့ရင် ဒီလောက် အံ့သြစရာကောင်းတဲ့ မြင်ကွင်းကို ငါ ဘယ်လို မြင်နိုင်ရမှာလဲ? သေချာတာပေါ့ ကမ္ဘာကြီးက အရမ်းကြီးပြီး အံ့သြစရာတွေနဲ့ ပြည့်နေတာပဲလေ"

လုရွှမ် ရွှီတဆီ လျှောက်သွားပြီး ဆေးလုံးတစ်လုံး ပါးစပ်ထဲ ထည့်​ပေးလိုက်သည်။ လုရွှမ်နဲ့ သူတို့သည် လုံးဝလမ်းခွဲလိုက်ကြပြီဟု သူတို့သုံးယောက်က တွေးတောမိသော်လည်း လုရွှမ် သူ့ကို ကယ်တင်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထို့နောက် ယွမ့်ချောင်ချင်ထံသို့ လျှောက်သွားလိုက်တဲ့အခါ ယွမ့်ချောင်ချင်က ခါးသက်စွာ ပြုံးကာ ကြည့်နေလေသည်။ ထိုနည်းအတူပင် သူသည် ဆေးလုံးတစ်လုံး ပေးကာ ယွမ့်ချောင်ချင်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ သူမ၏ အသက်စွမ်းအင် အလွန်လျော့ကျသွားတာကို တွေ့ခဲ့ရသည်။

"ကျေးဇူးတင်ပါတယ်!"

"ဟမ့် မင်းဒီကိုရောက်လာ​ပြီ ဆိုကတည်းက ပြန်ထွက်သွားဖို့ မစဥ်းစားနဲ့တော့"

စုန့်ယိစုန့်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်တဲ့ ရောင်ဝါတစ်ခုနဲ့ လှမ်းအော်လိုက်ပါ၏။

ရွှီတ အသက်ပြင်းပြင်းရှူပြီး "လုရွှမ်... သတိထားပါ ဒီလူနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မရှိစေနဲ့..."

ရွှီတဆိုရင်း သွေးစွန်းနေတဲ့ သူ့လက်ဖဝါးနဲ့ သွေးစွန်းနေတဲ့ အလွှာကို ထုတ်ပြဖို့ ကြိုးစားလေသည်။ သူ့လက်က အရေခွံဟာ လှီးဖြတ်ခံထားရ​ပြီ။

"ကောင်လေး မင်းရဲ့ အရည်အချင်းက အရမ်းကောင်းတယ် မင်းလေ့ကျင့်ချင်တဲ့ အရည်အချင်းတွေက ထူးထူးခြားခြား လျှို့ဝှက်ချက်တွေ အများကြီး ရှိမယ်ထင်တယ် အခု သူတို့အားလုံး ငါ့အပိုင်ပဲ"

စုန့်ယိစုန့်သည် သူ့ခြေဖဝါးအောက်မှ ချီထျန်းပုကို သုံး၍ တစ္ဆေကဲ့သို့ လျင်မြန်စွာ ပြေးလာ၏။ လုရွှမ်လည်း သူ့ခြေထောက်ကို လှုပ်လိုက်ပြီး တူညီသော ချီထျန်းပု၏ လှည့်စားသည့် ခြေလှမ်းကို အသုံးပြုသွားသည်။ ကျွမ်းကျင်မှုအရ သူက စုန့်ယိထက်ပင် သာလွန်သေးသည်။

စုန့်ယိရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူ့အပြုံးက ပိုကြောက်စရာ ကောင်းလာသည်။ သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သော် လင်းယုန်ခြေသည်းများ လှုပ်ရှားသွားကာ လက်ငါးချောင်းက အပြာနုရောင် အလင်းတန်းများ လင်းလက်၍ အဆိပ်ငွေ့များ ဖုံးလွှမ်းသွားသည်။

"ဟမ့်.... ငါ့သိုင်းပညာနဲ့ ကမ္ဘာပေါ်က အရာအားလုံးကို ဝါးမြိုသွားမယ်!"

လုရွှမ် သတိမ​ပေါ့ဝံ့ဘဲ ချက်ချင်းပင် ခရမ်းရောင်မီးကို သူ့ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့သွားစေသည်။ ခရမ်းရောင်မီးသည် သူ့လက်ပေါ်တွင် စိမ့်ဝင်သွားကာ စုန့်ယ်ဘက်သို့ ပြန်လည် ဖိချလိုက်သည်။

"ဖီးနစ်နတ်မီး?"

စုန့်ယိ အံ့သြတကြီးနဲ့ အော်လိုက်ပြီး လုရွှမ်ရဲ့ အရာတွေကို သူ့ကိုယ်ပိုင်ဘဏ္ဍာအဖြစ် မှတ်ယူလိုက်တော့သည်။ သို့သော် လောလောဆယ်တော့ သူ အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားရသည်။ ဖီးနစ်နတ်မီးသည် ပြင်းထန်လွန်းသဖြင့် ခုခံနေတာက ရယ်စရာဖြစ်သွားခဲ့သည်။

"မင်းရဲ့ထူးဆန်းတဲ့မီးက အရမ်းအစွမ်းထက်တယ်... ငါအရမ်းကြိုက်တယ်"

စုန့်ယိ ဓားရှည်ကို သူ့အနောက်ကနေ ဆွဲထုတ်လိုက်ရာ ၎င်းက နတ်လက်နက်တစ်ခု ဖြစ်နေ၏။

"ဟေး ငါ ဒါကို ရှေးသင်္ချိုင်းတစ်ခုကနေ ရှာတွေ့ခဲ့တယ် သူ့အလောင်းကို ဝါးမျိုပြီး သူ့အမွေကို ရခဲ့တယ်လေ... ကောင်လေး မင်းဓားကို ဆွဲထုတ်လိုက် မင်းမှာ ဘာအရည်အချင်းတွေ ရှိလဲဆိုတာ သိချင်တယ် ငါ့ရဲ့မျက်လုံးကို ဘယ်လို ထိုးဖောက်နိုင်မလဲ ကြည့်ရသေးတာပေါ့"

လုရွှမ်လည်း ပေါ့ပေါ့ပါးပါး ပြုံးပြီး ချင်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။ နတ်ဓားက ဓားအိမ်မပါတော့ပေ။ ၎င်း၏ ထက်မြက် တောက်ပနေပြီး လူသတ်နိုင်သော ရောင်ဝါသည် သဘာဝအတိုင်း ပြင်းထန်သော လေ​ပြင်းများကို တိုက်ခတ်စေသည်။ ပတ်ဝန်းကျင်ရှိ တိမ်များနှင့် သစ်ပင်များကို လှုပ်ခါစေကာ ၎င်း၏ အသွင်အပြင်ကို ထင်ရှားလာစေသည်။

"သွမ်းယန်ချီ... သွမ်းယန်ရင်း... ငါ့ကိုမင်းတို့ တစ်ကြိမ် လှည့်စားဖူးတယ် ဒုတိယ အကြိမ်မှာ ငါ့အတွက် အသုံးဝင်မယ်လို့ မင်းတို့ထင်လား"

လုရွှမ် လှောင်ပြောင်ပြီး ဓားစွမ်းအင်က ပေါက်ကွဲထွက်သွားစေရာ ဖြောင်းကနဲ အသံနှင့်အတူ ဖန်ကွဲအက်သွားသလို လေထုကြီး တုန်ခါသွားကာ အလင်းတန်းများ တဖျပ်ဖျပ်တောက်လျက် အပိုင်းပိုင်းဖြစ်သွားသည်။

"မင်းတို့နှစ်ယောက်နဲ့ နောက်မှ စာရင်းရှင်းမယ်... စုန့်ယိ မင်းတိုက်လို့ရပြီ!"

စုန့်ယိသည် မောင်နှမနှစ်ယောက်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း သူတို့၏ အစီအစဉ်များကို ရှင်းရှင်းလင်းလင်း မသိလိုက်ကြောင်း ခန့်မှန်းမိသွားသည်။

"ရပါတယ် မင်းကို အရင်သတ်ပြီး တခြားသူတွေရဲ့ အတွေးတွေကိုလည်း ဖြတ်ပစ်မယ်"

စုန့်ယ် အော်ပြောပြီး သူ့ဓားကို ဓားတစ်ဒါဇင်ထက် ပိုထုတ်ကာ လုရွှမ်ဆီ ပစ်သွင်းလိုက်သည်။

"ငါ့ရဲ့ ဓားအလင်းနဲ့ အရိပ်စွမ်းရည်ကို ကြည့်စမ်း!"

လုရွှမ်ကလည်း ရယ်မောပြီး ဓားတစ်ချောင်းရဲ့ စွမ်းအားကို ဓားဒါဇင်နဲ့ချီပြီး ခွဲထားလိုက်သည်။ သူ့နောက်ကျောမှ ဓားစွမ်းအင်တစ်ခု ထွက်လာပြီး ခွဲခြမ်းနေသော အလင်းဓားရိပ်ကို ဖြန့်ကြဲလိုက်သည်။

"ဟားဟားဟား" စုန့်ယိ ရယ်လိုက်သည်။

ဒါဇင်နဲ့ချီတဲ့ ဓားအရိပ်ကနေ ဓားအရိပ်ရာနဲ့ချီ ကွဲသွားပြီးနောက် ဓားအရိပ်က ဆက်ပြီး ပြောင်းလဲသွားတာကို မြင်လိုက်ရသည်။ ထို့အပြင် ဓားအရိပ်များ၏ ရောင်ဝါဟာ အနည်းငယ် အားနည်းသွားသော်လည်း စုစုပေါင်းပမာဏအရ အနည်းဆုံး ဆယ်ဆတိုးလာသည်။

စုန့်ယိ ရက်စက်စွာ ပြုံးကာ ဓားရိပ်များနောက်တွင် ပုန်းအောင်းနေလိုက်သည်။ ထို့နောက် သူက ဓားစွမ်းအင်အား တစ်စင်းပြီးတစ်စင်း ပစ်လွှတ်ကာ ဓားအခင်းအကျင်းတစ်ခု ဖြစ်သွားခဲ့သည်။

လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးတောက်၏ အလင်းရောင်များဖြင့် လင်းလက်နေပြီး ဓားပုံစံများထံမှ အစစ်အမှန် သို့မဟုတ် အစစ်အမှန်၏ အနည်းငယ်မျှသော သဲလွန်စကို ရှာမတွေ့နိုင်ပေ။

ဓားအခင်းအကျင်း ပုံစံက ရှေ့သို့ တိုးလာသောအခါ လုရွှမ်လည်း ဓားစွမ်းအင်ကို တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က နောက်သို့ ဆုတ်ခွာသွားရသည်။

"ဟားဟား ငါ့ဓားအောက်မှာ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါ့ဓားအောက်မှာဆို တစ္ဆေတစ်ကောင်ပဲကွ!"

လုရွှမ် စကားမပြောဘဲ ဓားစွမ်းအင်ကို တစ်ချက်ပြီး တစ်ချက် ပစ်လွှတ်သည်။

စွမ်းရည်သုံးမျိုးဓားမှ ယွမ်ယန်ဓားကိုးစင်း အထိ ဓားတစ်ချောင်းပြီး တစ်ချောင်း ပစ်လိုက်သည်။ ဓားအခင်းအကျင်း ဖွဲ့စည်းမှုကို ဗုံးကြဲပြီးနောက် အလင်းဓားများ၏ အရိပ်များသည် ဆက်လက် ပြန့်ကျဲသွားပြီး ပိုမိုအသေးစိတ်ကျသော ဓားအခင်းအကျင်းများအဖြစ် အဆက်မပြတ် ပြောင်းလဲသွားခဲ့၏။

ဓားအခင်းအကျင်း ဖွဲ့စည်းမှု ဆက်လက် ဖြစ်ပေါ်နေပြီး ဓားစွမ်းအင်သည် ပိုးသားကဲ့သို့ ချောမွေ့နေလာသည်။ ထိုအခါ တဖြည်းဖြည်း မမြင်နိုင်သလောက်ပင် ဖြစ်လာကာ တိမ်များနှင့် မီးခိုးများအဖြစ်သို့ ပြောင်းလဲလုနီးပါး ဝန်းကျင်ဧရိယာကို ဖုံးလွှမ်းကာ လုရွှမ်ကိုလည်း လုံးလုံးလျားလျား ဖုံးအုပ်ထားလိုက်သည်။

လုရွှမ့၏ဓားသည် ဓားအခင်းအကျင်း ဖွဲ့စည်းမှုကို ထိမှန်ရုံမျှသာ ရှိ၏။ သို့သော် ဓားအခင်းအကျင်း ဖွဲ့စည်းမှုကတော့ လုရွှမ်ခေါင်းပေါ်တွင် ဖိလုနီးပါးဖြစ်နေကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

နောက်အခိုက်အတန့်တွင် လုရွှမ် ဓားသွားပုံစံအောက်၌ ကြေကွဲဖွယ် ကောင်းလောက်အောင် သေဆုံးလုနီးပါး ဖြစ်သွား​တော့မည်ကို လူတိုင်း စိတ်ကူးကြည့်နိုင်သည်။ ယွမ့်ချောင်ချင်ပဲဖြစ်ဖြစ် သူခိုးသုံးယောက်ရဲ့ မျက်လုံးတွေပဲဖြစ်ဖြစ် စိတ်ပျက်အားငယ်မှု တွေ တဟုန်ထိုး ထွက်ပေါ်လာနေသည်။

လုရွှမ် သေသွားရင် သူတို့​နောက်​ ဘာဖြစ်​သွားမလဲ။ လုရွှမ်က ဓားစွမ်းအင်ကို တစ်ချက်ပြီးတစ်ချက် ပစ်ခတ်နေဆဲဖြစ်ပြီး စွမ်းအားသည် တဖြည်းဖြည်း အားနည်းသွားသော်လည်း လှုပ်ရှားမှုက သိသိသာသာ အရှိန်ပြင်းလာသည်။

"ဟမ့် ကိုယ့်အဆင့်ကို မသိတဲ့ကောင်...ငရဲကိုသွားပေတော့!"

ထိုစဥ် လုရွှမ်က ရုတ်​တရက်​ ပြုံးလိုက်​သည်​။

"ဒါကမင်းကို​ ပြောရမှာ"

"ခွဲ!"

လုရွှမ် အော်လိုက်သော်လည်း ချင်ထျန်းဓားက မလှုပ်ရှားတော့ပေ။ သူ့ခန္ဓာကိုယ်ပေါ် ထားရှိတဲ့ ဓားဟာ သက်မဲ့အရာဝတ္ထု ဖြစ်သွားလုနီးပါး ဖြစ်သွားသည်။ ချင်ထျန်းဓားကို ကောင်းကင်သို့ ညွှန်လိုက်တဲ့အခါ ဓားဖွဲ့စည်းပုံကို ထိခတ်ထားသော ဓားစွမ်းအင်ကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဓားစွမ်းအင်များက ငါးအုပ်ကြီးလို လုရွှမ်ခန္ဓာကိုယ်ကို လုံး၀ ဖုံးလွှမ်း ဝန်းရံထားသွားသော်လည်း ချက်ချင်းတွင် ဓားအခင်းအကျင်းကို ထိခတ် ပြန့်ကျဲသွား​လေသည်။ စုန့်ယိစုန့် အမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး!"

သို့သော် သူအခင်းအကျင်းကို ဘယ်လိုပဲ ပြင်ဆင်နေပါစေ လုရွှမ်ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ဓားစွမ်းအင်များသည် ဓားရည်ရွယ်ချက်နှင့်အတူ စုစည်းကာ ချင်ထျန်းဓား ကိုယ်ထည်တစ်ဝိုက်တွင် ပျံ့နှံ့သွားခဲ့သည်။

"ဓားစွမ်းအင်ကို ပိုးသားအဖြစ် ပြောင်းလဲဖို့ မင်းမှာ ထိန်းချုပ်နိုင်စွမ်း မရှိဘူးလား... ဒါဆို မင်းက ဓားပညာလမ်းစဉ်မှာ နောက်ကျ ကျန်နေသေးတယ်လို့ ပြောရမယ်... အဲဒါ မင်းရဲ့ နားလည်မှု မဟုတ်သလို မင်းရဲ့ ကျွမ်းကျင်မှုလည်း မဟုတ်ဘူး... မင်း ခိုးယူနိုင်ပေမယ့် အစစ်အမှန် မလုပ်နိုင်ဘူး"

"ခေါင်းဖြတ်!"

ချင်ထျန်းဓား ပြေးထွက်သွားသည်။ ဓားစွမ်းအင်များ အားလုံးသည် အလင်းနှင့် အရိပ်မျဉ်းတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး စုန့်ယိ ခန္ဓာကိုယ်ကို ဖြတ်ပျံသွားလေသည်။

နောက်အခိုက်အတန့်မှာ လှုပ်ရှားဖို့ အချိန်မရတော့ဘဲ သူ့ရင်ဘတ်ကိုသာ ငုံ့ကြည့်လိုက်ရတော့သည်။ တစ်ဆက်တည်း သူ့ခန္ဓာကိုယ်က အလယ်ကနေ တစ်ခြမ်းကွဲသွားပြီး မျက်လုံးဖွင့်လျက်သား မြေပြင်ပေါ် လဲကျသွား၏။

"မင်းတို့ ထွက်သွားချင်တိုင်း ထွက်သွားဖို့ အရမ်းလွယ်တယ်လို့ မထင်နဲ့လေ!"

လုရွှမ် ဖျတ်ကနဲ လှုပ်ရှားလိုက်ပြီး သွမ်းမောင်နှမရှေ့မှာ ပိတ်ရပ်လိုက်သည်။

All Chapters