Chapter (1116) Arc 4 လှုံ့ဆော်
Vol. 107 Ch. 4.1116
လုရွှမ် ခဏလောက် စဉ်းစားပြီး 'ကောင်းကင်' တောင်ထိပ်ဆီသို့ ပြေးသွားလိုက်သည်။ အကြောင်းပြချက်က အလွန်ရိုးရှင်းပါသည်။ လူတိုင်းမြင်ဖူးကြလား မသိပေမယ့် တောင်ထိပ်သုံးခုရဲ့ နာမည်တွေကတော့ အမြဲ ပြောင်းလဲနေ၏။
တစ်နည်းဆိုရသော် တောင်ထိပ်သုံးခုသည် ကွဲပြားသော်လည်း အမှန်တကယ် အန္တရာယ်အဆင့်တွင် များစွာကွာခြားမှု မရှိသင့်ပေ။ ကောင်းကင်တောင်ထိပ် ဟူသော အမည်ကြောင့် အန္တရာယ်ရှိသော အသွင်အပြင်သည် လူများကို တစ်ချက်ကြည့်ရုံဖြင့် ကြောက်ရွံ့နေစေပေမည်။
သို့သော် အခြားတောင်ထိပ်နှစ်ခုသည် အလွန်အန္တရာယ်ရှိပုံ မပေါ်သော်လည်း အန္တရာယ်များက လျှို့ဝှက်နေရာများတွင် ဝှက်ထားပြီး ဆန့်ကျင်ဘက်တွင်မူ ၎င်းတို့သည် ပို၍ပင် အန္တရာယ်ရှိလေသည်။
တောင်ခြေရင်းသို့ ရောက်သောအခါ လုရွှမ်သည် ဤနေရာသည် ယခင်က သူတက်ခဲ့သည့် တောင်ခြေနှင့်မတူဘဲ နားမလည်နိုင်သော အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
တောင်ခြေရင်းမှာ စောင့်နေတဲ့ လူတွေဟာ လုရွှမ် ရောက်လာတာကို မြင်တော့ မျက်လုံးအရောင်တွေ ပြောင်းသွားကြလေသည်။
"ငါ့ဟာ!"
"ငါ့ဟာ!"
ဤနေရာ၌ စောင့်ဆိုင်းနေသော ကျင့်ကြံသူတွေက နှစ်ဆယ်ခန့်သာ ရှိပြီး စွမ်းရည် လွန်စွာ ထက်မြက်လှသူတွေချည်း ဖြစ်သည်။ တစ်ယောက်နဲ့ တစ်ယောက်ကြားက မောက်မာမှုတွေဟာ မျက်နှာတွေပေါ်မှာ လုံးလုံးပေါ်နေပြီး သူတို့ကိုယ်တိုင်ကလွဲလို့ တခြားသူတွေကို မမြင်စေချင်ကြပုံပင်။
အော်ဟစ်ပြီးနောက် လူတိုင်းက အခြားသူများကို အထင်အမြင် သေးစွာဖြင့် ကြည့်ရှုနေကြသည်။ အထူးသဖြင့် လုရွှမ်ကို လုံးဝဂရုမစိုက်ပေ။ ဒီလူတွေက လုရွှမ်ကို ကြည့်နေသလို လုရွှမ်ကလည်း ဒီလူတွေကို ကြည့်နေ၏။
စန်းချိုင်တောင်ထိပ်မှ ထွက်ခွာသွားသော တောက်ပမှုများထဲတွင် တံဆိပ်ပြားများ တစ်ခုပြီးတစ်ခု ပါရှိသည်။ သင့်မှာ ကောင်းကင် စာလုံးနဲ့ တံဆိပ်ပြားရှိရင် ကောင်းကင်တောင်ထိပ်ကို တက်ဖို့က ပိုလွယ်လိမ့်မည်။ မရှိရင်တောင် တက်နိုင်ပေမယ့် အန္တရာယ်က ပိုကြီးလာမှာ သေချာပါသည်။
လုရွှမ်သည် ဤနေရာမှ လေထုကို ခံစားလိုက်ရပြီးသည်နှင့် ဤလူတွေရဲ့ တောင်ထွတ်အပေါ် တုန်ယင်နေသော အရိပ်အမြွက်ကို သတိထားမိလိုက်သည်။
ယခုအချိန်တွင် ထိခိုက်မှုမှာ သိသာထင်ရှားခြင်း မရှိသေးသော်ငြား မြင့်မားသော နေရာသို့ တက်သည့်အခါ အပိုအန္တရာယ်က ကျင့်ကြံသူတွေ အချင်းချင်း ဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။
"ကောင်လေး ဒီနေရာက မင်းလာသင့်တဲ့ နေရာ မဟုတ်ဘူး နောက်ဆုတ်လိုက်တာ ပိုကောင်းမယ်"
မျှော်စင်နယ်ပယ် အဆင့်၅ရှိ ရဟန်းတစ်ယောက်က ဆိုလိုက်သည်။ သူ့တွင် စွမ်းအင်တွေနဲ့ ကြွယ်ဝ ပြည့်စုံတဲ့ မျက်လုံးတစ်စုံ ရှိ၏။ ၎င်းမှာ လောက၌ စည်းစိမ်ဥစ္စာရှိသမျှကို ရွတ်ဖတ်တော်မူသော ပညာရှိလိုလူပင်။
ထိုဘုန်ကြီး၏ ပါးပြင်သည် ကရုဏာအပြည့်ဖြင့် ပြုံးနေကာ သူ့ကိုတစ်ချက် ကြည့်လိုက်ရုံဖြင့် လူအများက သူဟာ စိတ်သဘောထား ကောင်းသူဟု ခံစားရစေသည်။ လုရွှမ်နှလုံးသားက တင်းကျပ်လာပြီး သူ တိတ်တိတ်လေး သက်ပြင်း ချလိုက်သည်။
သက်တောင့်သက်သာ ရှိပုံရသော အပြုံးသည် တခြားသူ၏စိတ်ထဲသို့ တိုက်ရိုက်ဝင်စေပြီး စေတနာမျိုးစေ့ကို ချန်ထားခဲ့လေသည်။ လုရွှမ်လည်း ညင်သာစွာ ပြုံးပြီး သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပေးလိုက်သော် တဆတ်ဆတ် တုန်ခါနေသော သူ့ပတ်ဝန်းကျင်က လေများ ပြေလျော့သွားသည်။
"ကျေးဇူးပါ ဆရာတော်"
ဘုန်းကြီးက လန့်သွား၏။ နောက်အခိုက်အတန့်မှာ သူ လုရွှမ်ကို ကြည့်လိုက်တဲ့ မျက်လုံးတွေက တောက်ပလာကာ ပါးစပ်ထောင့်မှာလည်း အပြုံးတစ်ခု ပွင့်လာပြီး စကားမပြောတော့ချေ။
"ဟားဟား!"
လူတစ်ဦးက "ချောင်ကွမ်း မင်းကမ္ဘာ့သူရဲကောင်းတွေကို လျှော့တွက်ထားနေတာလား"
တစ်ကိုယ်လုံးနီးပါး ဖုံးလွှမ်းနေသော သွေးများနှင့် စွမ်းအင်များဖြင့် ထွားကျိုင်းသော အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဒေါသသံဖြင့် ဆိုလာသည်။
"ကောင်လေး ငါ့မှာ စည်းကမ်းတွေ အများကြီး မရှိဘူး.... ရိုးရိုးရှင်းရှင်း တံဆိပ်ပြားကိုပဲ လွှဲပေးလိုက်"
ထိုသို့ပြောပြီးနောက် လုရွှမ် မရှောင်နိုင်လောက်သော လက်သီးဖြင့် တိုက်ရိုက် ထိုးချလိုက်သည်။ အပြင်ထွက်ပြီး တခြားသူတွေဆီက အသိအမှတ် ပြုတာကို လိုချင်တဲ့အခါ ခွန်အားက ပထမပါပဲ။ လူတစ်ယောက်ကို မနှစ်သက်ပါက တိုက်ရိုက် အနိုင်ကျင့်လိုက်ကြမှာပဲ ဖြစ်ပေသည်။
လုရွှမ်ရဲ့နည်းလမ်းက အရမ်းရိုးရှင်းပါသည်။ လက်တစ်ဖက်တည်းနဲ့ ပြန်တိုက်လိုက်တာပဲ ဖြစ်သည်။ လက်သီးနှစ်လုံးက တစ်ပြိုင်တည်း တိုက်မိသွား၏။ ဝုန်းကနဲ အသံကြီး မြည်သွားပေမယ့် လုရွှမ်ခန္ဓာကိုယ်သည် မလှုပ်မယှက်ဖြင့် ထိုလူ၏လက်သီးကို လေထုအလယ်တွင် ဆုပ်ကိုင်ထားသည်။
လုရွှမ် ထိုလူကြီး၏ လက်သီးကို အမှန်တကယ် တားဆီးနိုင်မည်ဟု မမျှော်လင့်ထားတာမို့ ဘုန်းကြီး၏ မျက်လုံးများက တောက်ပနေခဲ့သည်။ လက်သီးက အရမ်းပြင်းတာကြောင့် ဖမ်းမိရင်တောင် ဖမ်းထားဖို့က မလွယ်ပါဘူး။ ထို့အပြင် တွန်းအားဖြစ်စေ ဖမ်းဆုပ်အားဖြစ်သေ သဘာဝအလျောက် အားနည်းချက် တစ်ခုရှိသည်။
ယခင်က အထင်အမြင် သေးသူများ ရှိခဲ့သော်လည်း ယခုအခါတွင် လုရွှမ်သည် နတ်မီးနယ်ပယ် ပထမအဆင့်ဖြင့် အမှန်တကယ် ပြန်တိုက်ခိုက်နိုင်တာကို မြင်လိုက်ရသဖြင့် သူတို့၏ အမူအရာများ ပြောင်းလဲသွားကုန်သည်။ လူတိုင်း၏ အတွေးထဲတွင် လုရွှမ်၏ နောက်ခံက လျှို့ဝှက် ဆန်းကြယ်လာသည်။
ထိုလူကြီး၏ မျက်နှာလည်း ပြောင်းလဲသွားလေသည်။ လုရွှမ် သူ့လက်ဖဝါးကို ဖမ်းထားနိုင်တာက အလွန်ရှက်စရာ ကောင်းလှသည်။ သူက ကျယ်လောင်စွာ အော်ပြီး နောက်တစ်ဖက်က လက်သီးဖြင့် ထပ်ထိုးပြန်သည်။ လက်သီးစွမ်းအင်က အရင်ကထက် ပိုမိုပြင်းထန်တဲ့ အင်အားတစ်ခုနဲ့ ဖြိုခွင်းလာခဲ့သည်။
လုရွှမ်လည်း အနည်းငယ် အံ့အားသင့်သွား၏။ သူသည် လက်သီးကို ခုခံဖို့သာ ရည်ရွယ်ထားကာ ထိုလူကြီး၏ လက်သီးကို ဖမ်းထားနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ထိုလူသည် မျှော်စင်နယ်ပယ် ဒုတိယအဆင့်တွင် ပြီးပြည့်စုံသော ပါရမီရှင်တစ်ဦးဟု ယူဆသော်လည်း သူ၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ကြည့်လျှင် သူသည် ခန္ဓာကိုယ် သန့်စင်သော မျိုးရိုးဖြစ်မှာ ထင်ရှားပြီး အစွမ်းသတ္တိသည် သာမန် လူများထက် သဘာဝအားဖြင့် လွန်စွာ ထက်မြတ်လိမ့်မည်။
သို့သော် တစ်ဖက်မှာတော့ လုရွှမ်သည်လည်း သူ၏ တိုးတက်လာသော ကြံ့ခိုင်မှုနှင့် ပတ်သက်၍ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူ့ရှေ့က လူကြီးက နောက်လက်တစ်ဖက်ဖြင့် ထိုးလာရာ လုရွှမ်လည်း လက်သီးနဲ့ပဲ ပြန်ခုခံလိုက်တော့သည်။
ဝုန်း!
ကျယ်လောင်သော အသံတစ်ခု ထွက်လာခဲ့သည်။ လုရွှမ်နှင့် လူကြီး၏ ခန္ဓာကိုယ်များက တစ်ပြိုင်တည်း တုန်လှုပ်သွား၏။ ဘယ်သူက နိုင်သွားလဲ ဆိုတာကို သဲလွန်စ မရှိကြသော်လည်း လုရွှမ်တို့က အဝေးတွင် ရပ်နေကြဆဲပင်။ သူတို့ရဲ့ စွမ်းအားကို တူညီစွာ အသွင်ပြောင်းပုံက အံ့သြစရာ ကောင်းလောက်အောင် သေသပ်လှသည်။
"ဟမ်!"
လူကြီးက လက်သီးကို ပြန်ရုတ်သိမ်းလိုက်သည်။
"ကောင်လေး မင်းက တကယ်ကို အစွမ်းထက်တယ်"
"ခင်ဗျားလည်း အတူတူပါပဲ"
လုရွှမ် သူ့လက်သီးတွေကို ပြန်ရုတ်လိုက်ပါ၏။ သူ့ရဲ့ ကြံ့ခိုင်မှုအရှိန်ကို မကြာသေးခင်ကမှ နှေးကွေးသွားပုံရပြီး သူကတော့ မြေကမ္ဘာက သူရဲကောင်းတွေကို တကယ်ကို လျှော့တွက်ခဲ့မိကြောင်း သုံးသပ်ခဲ့သေးသည်။
အံ့သြစရာကောင်းတာက ဒီမှာ ခွန်အားနဲ့ ယှဉ်နိုင်တဲ့ ဆရာတစ်ယောက်နဲ့ လာတွေ့နေသည်။
ဒါပေမဲ့ လူတိုင်းကတော့ လုရွှမ်ကို ကြောင်အစွာ ကြည့်နေကြဆဲ။ ပထမလက်သီး ထွက်လာတဲ့အခါ အားလုံးရဲ့ အမြင်က ပြောင်းလဲသွားခဲ့သည်။ ထိုလက်သီးကြောင့် သူ့ရဲ့ခွန်အားတွေ ဆုတ်ခွာသွားပြီလို့ ထင်ခဲ့ကြပေမယ့် ဒုတိယလက်သီးက သေချာပေါက် အင်အားမရှိပေမယ့် ပိတ်ဆို့နေဆဲပါပဲ။
အဲဒါက တကယ့်ခွန်အားပင်။ လုရွှမ်လည်း မျှော်စင်နယ်ပယ်မှာ ခွန်အားကောင်းတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရလို့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ထိုလူကြီးသည် ကွာရစ်ဟုခေါ်သည်။ သူသည် ဝေးကွာသော လူမျိုးစုမှ ဆင်းသက်လာကာ လူမျိုးစုအတွင်းရှိ လူတိုင်းသည် ထူးထူးခြားခြား ထက်မြက်သော လူများဖြစ်သည်။ လုရွှမ် မရောက်လာခင်မှာ ကွာရစ်ကို စိန်ခေါ်နေတဲ့ မယုံကြည်နိုင်သူတွေ ရှိနေပြီဖြစ်ပေမယ့် အင်အားအရတော့ ဘယ်သူကမှ ကွာရစ်ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
လုရွှမ် ဤလူများကို လျစ်လျူရှုထားခဲ့သည်။ သူ့ခြေဖဝါးက အနည်းငယ် လှုပ်ရှားသွားကာ ပေသုံးဆယ်ကျော် အမြင့်သို့ ခုန်ဆင်း၍ တောင်တန်းပေါ်က ကျောက်တုံးတစ်တုံးကို ကိုင်ကာ အမြန် ခုန်တက်သွားခဲ့သည်။
"ဒီကောင်လေးက တံဆိပ်ပြား မသုံးတာ တွေ့လိုက်လား"
"သူ့မှာ တံဆိပ်ပြား မရှိလို့ ဖြစ်နိုင်ပါ့မလား"
ချီးမွမ်းသံတစ်သံ ထွက်ပေါ်လာသည်။
“အခုနက ငါ လှုပ်ရှားလိုက်တုန်းက အဲဒီကလေး သူ့ဖြူစင်တဲ့ ကာယခွန်အားကိုပဲ သုံးသွားတာ"