လော့ဝူရွှမ်၏ စိတ်နှလုံးမိစ္ဆာ
Vol. 72 Ch. 940
ယွင်ချွီးရှို့သည် အလွန်သိချင်နေသောကြောင့် စပ်စပ်စုစု မေးမြန်း၏။ “ကောင်းကင်ဓားမလော့၊ နေဝသည နာသညာယတနစျာန်ကို ကျင့်ထားတာလား”
လော့ဝူရွှမ်က ခေါင်းယမ်း၍ ပြောသည်။ “ငါ့ဓားမနဲ့ ဓားမတာအိုအပေါ် သစ္စာရှိသရွေ့ ငါ့မှာ ကြောက်စရာမှ မရှိတာ.... မဟာလေဟာနယ်ကို ကြောက်စရာလား”
ယွင်ချွီးရှို့ သူ့ကို ချီးကျူးမိသည်။ “ကောင်းကင်ဓားမလော့မှာ ခိုင်မာတဲ့ တာအိုနှလုံးသား ရှိနေပြီပဲ... ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် ဓားမသိုင်းပညာရှင် ပီသပါပေတယ်”
သူမက ချင်မူ့ဘက် လှည့်ကာ ပြောသည်။ “နင်တော့ ကောင်းကင်ဓားမလော့ကြောင့် သေရတော့မယ်”
ချင်မူ ပြုံးလိုက်သည်။ “ကျွန်တော်က ငယ်ငယ်ကတည်းက သတ္တိကောင်းပါတယ်... ဘာကိုမှ မကြောက်ခဲ့ဘူး”
ယွင်ချွီးရှို့က အေးစက်စက် ရယ်၏။ “နှစ်ယောက်လုံးက အကြောက်အရွံ့မရှိတဲ့ လူငယ်တွေပါလား... မဟာလေဟာနယ်က ဘယ်လောက် ကြောက်စရာကောင်းလဲ နင်တို့ မသိသေးလို့ပါ”
လော့ဝူရွှမ်သည် သူမမျက်ဝန်းများကို စိုက်ကြည့်ပြီးနောက် အထက်အောက် အကဲခတ်ကာ ပြော၏။ ”မိန်းကလေးက ငါ့တာအိုနှလုံးသားက အကြောက်တရားမရှိတော့အထိ သန်မာနေမှန်း မသိဘူးပဲ”
ယွင်ချွီးရှို့ ဒေါသထွက်သွားသည်။
သတ္တိကောင်းသော ချင်မူက သူမကို ‘မိန်းကလေး’ ဟု ခေါ်ခဲ့ဖူးသော်လည်း ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သည့်အတွက် ခေါ်ပိုင်ခွင့်ရှိသည်။ ဤလော့ဝူရွှမ်ကလည်း သူမကို အတင့်ရဲစွာ အထင်သေးဝံ့ပြီး မိန်းကလေးဟု ခေါ်နေ၏။
သို့သော် သူမက ကောင်းကင်နတ်ဧကရီလည်း ဖြစ်၊ ကောင်းကင်နတ်အရှင်လည်း ဖြစ်သောကြောင့် ခွင့်လွှတ်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။
ချင်မူ့မျက်လုံးများ ဝင်းလက်သွားပြီး လော့ဝူရွှမ်ပေါ် အကြည့်ရောက်သွားသည်။ လော့ဝူရွှမ်က သူ့အကြည့်ကို ခံစားရ၍ အေးတိအေးစက် နှာခေါင်းရှုံ့ကာ ခပ်ပြတ်ပြတ် ပြော၏။ “ငါ အခု မင်းကို မသတ်သေးဘူး... မဟာလေဟာနယ်ဆီ ရောက်တာနဲ့ ငါ မင်းကို သတ်မယ်... ကြောက်ရင် ဒီမိန်းကလေးကို နေဝသည နာသညာယတနစျာန် သင်ပေးဖို့ တောင်းပန်လိုက်”
ချင်မူ ပြုံး၍ သူ့ကို လျစ်လျူရှုကာ သင်္ဘောပေါ်ရှိ ကျန်လူငယ်များအား အကဲခတ်နေသည်။
ဤလူငယ်များသည် ကောင်းကင်နတ်အရှင်များနှင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များ၏ တပည့်များ ဖြစ်၍ ထူးချွန်ပြောင်မြောက်ကြ၏။
သူ့မှာ သူတို့ကို ကြည့်ရင်း တိတ်တိတ်လေး ထိတ်လန့်သွားမိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုပြီးနောက် လူငယ်ပါရမီရှင်များစွာ ထွက်ပေါ်လာခဲ့သော်လည်း ကောင်းကင်နတ်ဘုံ၌ လူငယ်ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိနေသည်။ တစ်ယောက်ချင်းစီသည် သူ့နည်းသူ့ဟန်ဖြင့် ထူးချွန်ထက်မြက်ကြပြီး အလွန်အစွမ်းထက်ကြ၏။
ကောင်းကင်နတ်ဘုံက ကမ္ဘာများ၊ ကောင်းကင်ဘုံများကို အုပ်စိုးထားသည့်အလျောက် ဤကမ္ဘာလောကတို့မှ ထူးချွန်သောတပည့်များ ရွေးထုတ်ရန် မခက်ပေ။
“အမ်”
ချင်မူမှာ အရှင်မယွမ်မုနှင့် ဆင်သော အမျိုးသမီးတစ်ယောက်ကို သတိထားမိလိုက်သဖြင့် မျက်ဝန်းများ တောက်ပသွားသည်။ ထိုအမျိုးသမီး၏ ပုံပန်းသွင်ပြင်က ကောင်းကင်နတ်ဧကရီ၏ ညီမနှင့် အတော်လေး ဆင်သည်။ သူ ယွင်ချွီးရှို့ဆီသို့ မေးလိုက်၏။ “ခင်ဗျားမှာ ညီမရှိလား”
ယွင်ချွီးရှို့ ကြောင်သွားပြီး သူ ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်သည်။ သူမ၏မျက်ခုံးများ ပင့်တက်သွားကာ အေးစက်စက် ရယ်လေသည်။
သူမလည်း ထိုမအမျိုးသမီးက အရှင်မယွမ်မုနှင့် ဆင်ကြောင်း တွေ့ရ၏။ ငယ်ရွယ်ပြီး သူမလို လှပနေသာ မိန်းမငယ်လေးအသွင် ရှိနေရုံသာ ကွဲပြားသည်။
ယွင်ချွီးရှို့က ထိုအမျိုးသမီးဆီ ချဉ်းကပ်သွားပြီး သူမမျက်နှာထက်က အေးစက်စက် အပြုံးသည် ရိုးသားဖြူစင်သည့် အပြုံးဖြင့် အစားထိုးခံလိုက်ရသည်။
ထိုအမျိုးသမီးမှာ သူ့ကို မြင်လျှင် ဣန္ဒြေမဆည်နိုင်အောင် အံ့အားသင့်သွားသည်။ ထို့နောက် နှစ်ယောက်သား အပြုံးပန်းများ ဝေဝေဆာဆာဖြင့် ပျော်ရွှင်စွာ စကားပြောနေကြဟန်တူသည်။
ချင်မူ သူတို့ကို စပ်စပ်စုစု စောင့်ကြည့်နေမိသည်။ ဤအမျိုးသမီးနှင့် ယွင်ချွီးရှို့ကြား ပတ်သက်မှုက သူ့ကို စိတ်ဝင်စားလာစေ၏။
အရှင်မယွမ်မုက ကောင်းကင်နတ်ဧကရီလက်ချက်နှင့် သေဆုံးခဲ့ရသည်။ ကောင်းကင်နတ်ဧကရီက သူမကို ဖယ်ရှားပြီး သူခန္ဓာကိုယ်အား အသုံးချ၍ ဧကရီတစ်ပါး ဖြစ်လာခဲ့သည်။ ထို့နောက် ကျွယ်ဝူချိန်အသွင်ဖြင့် ကောင်းကင်နတ်ဧကရာဇ်ကို လှည့်စားခဲ့သည်။
နောက်ပိုင်း ကောင်းကင်နတ်အရှင်လင်က သူမ၏နောက်စေ့ကို ဆံထိုးဖြင့် ထိုး၍ လုပ်ကြံသတ်ဖြတ်ခဲ့သည်။ သို့သော် သူမ၏ခန္ဓာကိုယ်ထဲရှိ မူလဝိညာဉ်သည် လွတ်မြောက်သွားကာ ကောင်းကင်မဟာမိတ်အဖွဲ့သို့ တိတ်တဆိတ် ဝင်ရောက်၍ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါး ဖြစ်လာခဲ့၏။
အရှင်ယွမ်မု၏ ခန္ဓာကိုယ်ကတော့ ချင်မူ သိမ်းထားသည့် သလင်းကျောက်ခေါင်းတလားထဲတွင် ပိတ်လှောင်ခံထားရသည်။ ဤခန္ဓာမျိုးက မပျောက်ကွယ်နိုင်သောကြောင့် ချင်မူ အခေါင်းကို လက်ခံရပြီးနောက်တွင် အရှင်မယွမ်မုသည် အသက်ပြန်ဝင်လာပြီး သူ့ကို တိုက်ခိုက်ခဲ့သေး၏။ ဝေစွေ့ဖုန်းက သူမအား ဖိနှိပ်ပေးခဲ့လေသည်။
ကောင်းကင်နတ်ဧကရီနှင့်လည်း ဆင်၊ အရှင်မယွမ်မုနှင့်လည်း တူသော ဤမိန်းကလေးသည် လူဝင်စားလာသည့် ယွမ်မု ဖြစ်နေမည်လော။
‘အမိကမ္ဘာမြေက သေသွားပေမယ့် မပျောက်ကွယ်သွားဘူး.... ကောင်းကင်မဟာမိတ်အဖွဲ့၊ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့ သူ့ကို အပြတ်ရှင်းဖို့ ကြိုးစားတာလည်း မအောင်မြင်ခဲ့ကြဘူး.... ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကတော့ အမိကမ္ဘာမြေလိုမျိုးပေါ့... ဒီတော့ အရှင်ယွမ်မုက တကယ် သေသွားတာလား”
ချင်မူက ယွင်ချွီးရှို့ ဤမိန်းကလေးနှင့်အတူ သူ့ဆီ လျှောက်လာသည်ကို ကြည့်ရင်း ပြုံးနေသည်။ ‘ဒီမိန်းကလေးက အရှင်မယွမ်မု ဖြစ်နိုင်တယ်... ဒါပေမဲ့ အရှင်မယွမ်မုက အစောကြီး သေသွားခဲ့တာ... သူ ကောင်းကင်နတ်သိုင်းပညာရှင်အဆင့်မှာပဲ မရှိနိုင်ဘူး... ဒါဆို....”
သူက တွေးရင်း ပြုံးပြနေ၏။ ‘အရှင်မယွမ်မုက ကောင်းကင်မဟာမိတ်အဖွဲ့ဝင် ဖြစ်လောက်မလား.... ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်နေလောက်လား.... ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်ကတော့ ပိုပိုစိတ်ဝင်စားစရာ ကောင်းလာပြီ’
ယွင်ချွီးရှို့နှင့် ထိုမိန်းကလေးက သူ့အရှေ့တွင် ရပ်လိုက်ကြပြီး ယွင်ချွီးရှို့သည် အပြုံးတစ်ခုဖြင့် ပြော၏ “ကောင်းကင်နတ်အရှင်၊ ငါ နင့်ကို ညီမလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်... ဒါက လျန်းဟွာဟွန်၊ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တပည့်တဲ့.... သူက သိပ်တော်တာပဲ”
လျန်းဟွာဟွန်က လေးလေးစားစား နှုတ်ဆက်လိုက်၍ ချင်မူ ပြုံးလိုက်သည်။ “မမကြီး၊ ထုံးစံတွေ မလိုပါဘူး... ထပါ... ပွင့်သမျှ ပန်းပွင့်တိုင်းဟာ နွမ်းခြောက်သွားပေမယ့် ဘယ်သူက ခြောက်သွေးနေတဲ့ ပန်းတစ်ပွင့်ကို သနားကရုဏာသက်သလဲ... မမကြီးဟွာဟွန်ရဲ့ နာမည်က ကောင်းသလို၊ လှလည်း လှတယ်”
သူက သူမအား ရိုးရိုးသားသား ချီးကျူးနေသည်။
ယွင်ချွီးရှို့ဆီမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်လာသည်။
လျန်းဟွာဟွန်သည် လှပသော်လည်း ကျွယ်ဝူချိန်သဖွယ် ပြီးပြည့်စုံစွာ ဖန်ဆင်းထားသော ခန္ဓာကိုယ်နှင့် ယှဉ်သည့်အခါ မှေးမှိန်သွား၏။
ယွင်ချွီးရှို့၏ ခန္ဓာကိုယ်မှာ ကျွယ်ဝူချိန်၏ ပုံစံအတိုင်း ဖန်ဆင်းခံထားရသော်လည်း ချင်မူက သူမကို တစ်ခါမှ မချီးကျူးဘဲ လျန်းဟွာဟွန်ကိုမူ ချီးကျူးနေသည်။ အလှအပနှင့် ပတ်သက်လာလျှင် ကောင်းကင်နတ်အရှင်မူ၏အကြိုက်က အမှန်တကယ် ပြဿနာ ဖြစ်၏။
လျန်းဟွာဟွန်က ပြန်ထ၍ မျက်ဝန်းလှလှလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်ကလည်း ဘက်စုံထူးချွန်ပြီး အင်မတန် ထက်မြက်တဲ့ လူတစ်ယောက်ပါပဲ”
ယွင်ချွီးရှို့သည် အေးစက်စက် ပြုံးလိုက်၏။ “ငါ့နာမည်မှာလည်း အကြောင်းရင်း ရှိတယ်... ကောင်းကင်နတ်အရှင်မူ သိလား”
ချင်မူက ဖြေလိုက်၏။ “လရောင်အောက်က ရေပြင်ဟာ အမြဲ ကြည်လင်နေလိမ့်မယ်... တောင်တန်းတွေကနေ ထွက်ပေါ်လာတဲ့ တိမ်တိုက်တွေဟာ အမြဲလင်းလက်နေမယ်ဆိုတာလား”
ယွင်ချွီးရှို့က ခေါင်းယမ်း၏။ “မဟုတ်ဘူး”
လျန်းဟွာဟွန်က အသာအယာ ဦးညွှတ်အရိုအသေပေးကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “တိမ်တိုက်တွေဟာ တောင်တန်းတွေကနေ ထွက်လာလိုစိတ်မရှိဘူး... လူ့ပြည်မှာ လူတစ်ယောက်ရဲ့ ဂုဏ်သတင်းဟာ အဲဒီလူနဲ့ ပတ်သက်တာမှန်သမျှ ဖော်ထုတ်ပေးတတ်တယ်.... အစ်မတော်ယွင်ရဲ့ နာမည်က ဒီအဓိပ္ပါယ်ပါ ... ဒီခန္ဓာကတော့ နှလုံးသား မရှိတဲ့အတွက် အနှောင့်အဖွဲ့ကင်းတယ်... လူ့ပြည်မှာ လူတစ်ယောက်ရဲ့ နာမည်က ကမ္ဘာတစ်စင်း ဖန်ဆင်းနိုင်တယ်တဲ့”
ယွင်ချွီးရှို့သည် လက်ခုပ်တီး၍ ရယ်လိုက်၏။ “ညီမလေးလျန်းက ငါ့ကို နားလည်တဲ့ပုံပဲ... အေးခဲတဲ့ရာသီတွေမှာ မပြောင်းမလဲ အားနည်းနေတဲ့ ပန်းရိုးတံကို သနားကြတယ်... နှင်းကို မနာလိုဖြစ်နေမှုဟာ လေအေးတွေနဲ့ တိုက်ထုတ် ဖယ်ရှားခံလိုက်ရတယ်... လျန်းဟွာဟွန်က ကရုဏာတရားအကြောင်း ပြောနေတာ မဟုတ်ဘူး... ပန်းတွေ အတူတူတွဲနေလို့ ဘာလို့ မရတဲ့အကြောင်း ပြောနေတာ... လေအေးက ပန်းပွင့်တွေကို အစောကြီး ခြောက်သွေ့စေတယ်လေ... ညီမလေးလျန်းက ထက်မြက်တယ်.... ထက်မြက်တဲ့ပုံပေါ်ပြီး တုံးအနေတဲ့ ငတုံးတွေလို မဟုတ်ဘူး” သူမက စကားပြောပြီးသည်နှင့် ချင်မူ့ဆီသို့ ကြည့်သည်။
ချင်မူမှာ ခံရခက်စွာဖြင့် နှုတ်ဆိတ်နေလိုက်သည်။
ဤမိန်းကလေးနှစ်ယောက်သည် ခွဲမရသကဲ့သို့ ရင်းနှီးနေပြီး တစ်ယောက်ကိုတစ်ယောက် အစ်မတော်၊ ညီမတော်ပင် ခေါ်နေသေး၏။
သူတို့နှစ်ယောက် ခွာပြဲ၍ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်မည့်အခြေအနေအား ချင်မူ မျှော်လင့်မိသည်။ ပြင်းထန်ရက်စက်ပြီး ဝုန်းဝုန်းဒိုင်းဒိုင်း ဆူညံမည်မှာတော့ အသေအချာပင်။
ဤအမျိုးသမီးနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင် ပြုံးနေကြသည့်အတွက် သူတို့နှစ်ယောက်ကြားရှိ ညီအစ်မသံယောဇဉ်မှာ နက်ရှိုင်းသယောင် ထင်ရ၏။ ခွာပြဲသွားလျှင် အင်မတန် စိတ်ဝင်စားစရာကောင်းလိမ့်မည်။
သင်္ဘောသည် မဟာလေဟာနယ်မှ ထုတ်လွှတ်နေသော ရောင်ခြည်တော်အနား နီးကပ်လာပြီးနောက် အစပ်နားဆီသို့ ရောက်လာခဲ့ချေပြီ။
သင်္ဘောမောင်းနေသော အရာရှိနတ်ဘုရားက လှမ်းအော်သည်။ “အားလုံး သတိထားကြပါ.... နေဝသည နာသညာယတနစျာန်ကို အချိန်မရွေး ထုတ်သုံးပေးကြပါ.... သုံးနေတာ ဘယ်တော့မှ မရပ်ကြနဲ့”
သင်္ဘောပေါ်ရှိ လူတိုင်း ကျင့်စဉ်ကို အသုံးပြု၍ အတွေးများကို မတွေးနိုင်သောအခြေအနေသို့ ဝင်ရောက်သွားစေ၏။
ချင်မူမှာ ဤကျင့်စဉ်ကို တစ်ခါမှ မလေ့လာဖူးသောကြောင့် သူ့စိတ်ထဲရှိ အတွေးများ ရှင်းလင်းနေစေကြောင့် သူ့စိတ်ကို ထိန်းချုပ်လိုက်သည်။
သင်္ဘောက ရောင်ခြည်တော်ထဲ ဝင်ရောက်လိုက်သည့်အခါ နူးညံ့သော အလင်းရောင်သည် သင်္ဘောအပေါ်ရှိ လူအယောက် ၃၀၀ အား လွှမ်းခြုံသွား၏။ ချင်မူမှာ အတွေးများ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည်။ ဤအလင်းရောင်က စုစည်းနေသော အတွေးများ ဖြစ်ပေသည်။
သို့သော် ထူးဆန်းစွာနှင့် ဤအတွေးများက မည်သည့်အကြံ ၊ မည်သည့်ရည်ရွယ်ချက်မှ မရှိသော ရိုးရိုးရှင်းရှင်းအတွေးသာ ဖြစ်သည်။ လူတစ်ယောက်၏ ဖြူစင်သန့်ရှင်းသော ဗလာအသိစိတ်အလျဉ်အလားပင်။
‘ဒါမျိုး ဘယ်လိုလုပ်တာလဲ’ သူ တွေးလိုက်မည်။
ချင်မူအနေဖြင့် ကောင်းကင်နတ်ဘုံရှိ ကောင်းကင်နတ်အရှင်များနှင့် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်အများစုထက် ကမ္ဘာဦးအစ ဖန်ဆင်းရှင်တို့၏ ကျင့်စဉ်များကို နားလည်ထားသည်။ မှန်သည်၊ ရှုကျွင်းလို ဖန်ဆင်းရှင်နှင့် တော့ မယှဉ်နိုင်ပေ။
သို့သော် ကမ္ဘာဦးအစ ဖန်ဆင်းရှင်များ၏ ကျင့်စဉ်နည်းနာများအား သူ နားလည်နေပြီဖြစ်သည်။ နည်းလမ်းက မြင်ယောင်ခြင်းဖြင့် မိမိကိုယ်ကို သန်မာလာစေခြင်း ဖြစ်၏။
သို့သော် မြင်ယောင်နိုင်ရန် အသိစိတ်အလျဉ်ထဲတွင် မြင်ယောင်နေသည့်အရာများကို တည်ဆောက်ရသည်။ ဥပမာ ကောင်းကင်နယ်စားမင်းအား မြင်ယောင်ရန် အတွေးများဖြင့် ကောင်းကင်နယ်စားမင်းအသွင် တည်ဆောက်၍ အသုံးချရခြင်း ဖြစ်ပေသည်။
သို့တိုင်တောင် မဟာလေဟာနယ်သည် အကြံအစည်မရှိ၊ ရည်ရွယ်ချက်မရှိသော အတွေးအဖြူထည်များကို အလင်းရောင်အဖြစ် စုစည်ထား၏။ ဤသည်ကား ထူးဆန်းနေသလို၊ သူ၏နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။
‘ကမ္ဘာဦးအစ ဖန်ဆင်းရှင်တွေမှာ ငါ နားလည်သေးတဲ့ ကျင့်စဉ်တွေ ရှိလောက်တယ်’
သူ ဤသို့တွေးလိုက်သည်နှင့် သင်္ဘောအရှေ့၌ ကမ္ဘာဦးအစ ဘီလူးကြီးတစ်ကောင် ပေါ်လာသည်။ ၎င်း၏လက်ဝါးက သင်္ဘောကို လှမ်းဆွဲပြီး ပါးစပ်ထဲ ပစ်ထည့်သည်။
ချင်မူ မှင်သက်သွားသည်။ သင်္ဘောပေါ်ရှိ အခြားသူများမှာ ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးသဖြင့် ထိတ်လန့်ကုန်ကြသည်။
“ဘယ်ကောင် လျှောက်တွေးနေတာလဲ”
လော့ဝူရွှမ်က လေပေါ် ခုန်တက်၍ ကျောရှိ ကောင်းကင်ဓားမအား ဆွဲထုတ်သည်။ ဓားမတစ်ချက်ဖြင့် ဖန်ဆင်းရှင်မှာ ပိုင်းဖြတ်ခံလိုက်ရ၏။
ဓားသွား၏အလင်းရောင်သည် ရင်သပ်ရှုမောဖွယ်ရာ အင်အားကြီးမားပြီး ဓားသွားက ဖန်ဆင်းရှင်၏လက်အား ခုတ်ချလိုက်၏။ လော့ဝူရွှမ် ထပ်မံပြီး ဓားမပင့်မြှောက်လိုက်သည့်အခါ ဓားမရောင်က ထိုဖန်ဆင်းရှင်၏ လည်ပင်းအား ဖြတ်တောက်သွားသည်။
လော့ဝူရွှမ်က ဓားမကို သိမ်း၍ သင်္ဘော၏အရှေ့ပိုင်းသို့ ဆင်းသက်လာသည်။ သူက လှည့်ကြည့်ပြီး အေးစက်စက် ပြော၏။ “နေဝသည နာသညာယတနစျာန်ကို ဆက်သုံးနေကြ... မရပ်နဲ့... မဟုတ်ရင် ငါတို့လမ်းမှာ အန္တရာယ်တွေ ပိုများလာလိမ့်မယ်... ပြီးတော့ ဘယ်သူ လျှောက်တွေးနေတာလဲ”
သူစကားပြောပြီးသည်နှင့် သူ့အနောက်မှ ဗြန်းဗြန်းဗြုန်းဗြုန်း အသံများ ထွက်လာသည်။
လော့ဝူရွှမ် အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်လိုက်သည့်အခါ မဟာလေဟာနယ်၏ အလင်းရောင်ထဲတွင် ခြေထောက်ပေါက်နေသော သေတ္တာတစ်လုံးက သင်္ဘောဆီ ပြေးလာနေကြောင်း မြင်လိုက်ရဿည်။
သင်္ဘောအပေါ်၌ လူငယ်တစ်ယောက်က ဓားတစ်လက်ကိုင်လျက် ရပ်နေသည်။
ဤလူငယ်သည် ချင်မူငယ်ငယ်တုန်းက ဖြစ်ပြီး သူ့မျက်လုံးများက ကြယ်တာရာများသဖွယ် လင်းလက်တောက်ပနေ၏။
လော့ဝူရွှမ် တုန်လှုပ်သွားပြီး တစ်ဖက်တည်း ကျန်တော့သည့် လက်လည်း တုန်ရီလာ၏။ သူက လက်ကို မနည်းမြှောက်ကာ ကျောနောက်ရှိ ဓားမအား ဆွဲထုတ်သည်။
ယင်းက သူ၏စိတ်နှလုံးမိစ္ဆာ၊ သူ့တာအိုနှလုံးသားထဲ၌ အကြောက်ဆုံးလူ ဖြစ်ပေသည်။
လော့ဝူရွှမ်က ဓားကို ပင့်မြှောက်၍ မာန်သွင်းဟစ်အော်ကာ သင်္ဘောပေါ် ခုန်ထွက်ပြီး သေတ္တာအပေါ်ရှိ လူငယ်ဆီ ရွေ့လျားသွား၏။
လူငယ်က ဓားဆွဲထုတ်လိုက်သဖြင့် သူ၏ဓားရောင်ကား လော့ဝူရွှမ်၏ ဓားရောင်နှင့် ဆုံတွေ့သွားတော့သည်။
လော့ဝူရွှမ်သည် ကောင်းကင်နတ်ဘုံ၏ အစွမ်းထက်ဆုံး ကောင်းကင်ဓားမဖြစ်သည်မှာ ထင်မှားစရာမရှိပေ။ ဓားမတစ်ချက်တွင် မရေမတွက်နိုင်သော အပြောင်းအလဲများ ကိန်းဝပ်ကာ ခမ်းနားတင့်တယ်နေ၏။
သူက ကောင်းကင်ဓားမက ဓားမလမ်းစဉ်၏ ကောင်းကင်ဘုံ ဆယ့်သုံးထပ်အဆင့်အထိ ရောက်နေချေပြီ။
သို့တိုင်အောင် သေတ္တာအပေါ်ရှိ လူငယ်ကလည်း မယုံနိုင်လောက်အောင် သန်မာသည်။ သူက အဆက်မပြတ် ပြောင်းလဲနေသော ဓားမသိုင်းကွက်ကို ခုခံ၍ အားနည်းချက်အား ထိုးနှက်တတ်၏။
များစွာမကြာလိုက်ဘဲ လော့ဝူရွှမ် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်လာသည်။
သင်္ဘောအပေါ်တွင် ချင်မူမှာ မှင်သက်စွာဖြင့် တွေးနေမိသည်။ ‘လော့ဝူရွှမ်ရဲ့ ရင်ထဲမှာ ငါက အဲဒီလောက် အစွမ်းထက်တယ်လား’
သင်္ဘောအရှေ့၌ လူရိပ်နှစ်ခုသည် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေပြီး သူတို့ဆီမှ အလင်းရောင်များ ဖြာထွက်နေ၏။ သူတို့၏ကျင့်စဉ်များ ထိတိုက်သွားတိုင်း လျှပ်စီးဝင်းလက်သွားသကဲ့သို့ မီးပွားအလင်းရောင်တို့ တောက်ပလာသည်။ လော့ဝူရွှမ်၏ ဓားမလမ်းစဉ်က အားကောင်းသထက် အားကောင်းလာပြီး သူ၏မိစ္ဆာဓားမသည် ကောင်းကင်တစ်လျှောက် ခုတ်ပိုင်းနေ၏။
သို့သော် လူငယ်ချင်မူက သူ့ဓားမသိုင်းကွက်ထဲရှိ အားနည်းချက်ကို အမြဲ ရှာတွေ့နိုင်သည်။ ဓားရောင်တစ်ချက် လက်သွားသည်နှင့် လော့ဝူရွှမ်မှာ ဒဏ်ရာတစ်ချက် ရသည်။
ချင်မူက လော့ဝူရွှမ်၏ တာအိုနှလုံးသားထဲ၌ ထိုကဲ့သို့ လူမျိုး ဖြစ်၏။
ချုံဧကရာဇ်ခေတ်၏ နောက်ဆုံးနှစ်၊ ထိုည၊ ထိုအမှောင်ထုထဲတွင် ချင်မူသည် သေတ္တာတစ်လုံးအပေါ် ရပ်၍ ဓားတစ်ချက်ဖြင့် သူ့လက်မောင်းအား ဖြတ်တောက်ခဲ့၏။
ထိုအခါ ချင်မူ့အရိပ်က သူ့တာအိုနှလုံးသားထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့မှာ နှစ်လေးသောင်း အချိန်ယူကာ ကောင်းကင်နတ်ဘုံတွင် နှစ်ယောက်မတွေ့နိုင်သော ဓားမနတ်ဘုရားတစ်ပါးအဖြစ်သည့်အထိ ကျင့်ကြံနိုင်ခဲ့၏။ နတ်ဘုရားစီရင်စင်မြင့်ထက်ရှိ နတ်ဘုရားစီရင်ဓားမအား ဆွဲကိုင်နိုင်သူ ဖြစ်လာခဲ့သည်။
သို့ရာတွင် ချင်မူ၏အရိပ်အောက်မှ သူ မလွတ်မြောက်ခဲ့ပေ။
သူ၏ဓားမလမ်းစဉ်က ခိုင်မာအားကောင်းလာခဲ့သလို၊ သူ့ရင်ထဲရှိ ချင်မူကလည်း သန်မာအားကောင်းလာခဲ့သည်။
မဟာလေဟာနယ်သို့ ရောက်လျှင်ချင်း သူ့တာအိုနှလုံးသားထဲရှိ မိစ္ဆာသည် အပြင်ထွက်လာပြီး အမှန်တကယ် တည်ရှိနေချေပြီ။
ယွင်ချွီးရှို့က စိတ်လှုပ်တရှား လှမ်းပြောသည်။ “ကောင်းကင်ဓားမလော့၊ ကောင်းကင်နတ်အရှင်မူအစစ်ကို သတ်နိုင်မှ ရှင့်ရင်ထဲက စိတ်နှလုံးမိစ္ဆာကို အနိုင်ယူနိုင်မှာ”