← Chapters

အစွမ်းတွေ ဘယ်လောက်များများဝှက်ထားသေးလဲ? တစ်ခါတရံ ကိုယ့်ကြမ္မာကိုယ်လက်ခံရမည်! ၂

Vol. 16 Ch. 226

အစွမ်းတွေ ဘယ်လောက်များများဝှက်ထားသေးလဲ? တစ်ခါတရံ ကိုယ့်ကြမ္မာကိုယ်လက်ခံရမည်! ၂

Vol. 16 Ch. 226

''အိမ်မွေးတိရစ္ဆာန်လေ့ကျင့်တာ!'' လီခိုင်က ထပ်ပြီးဖြတ်ပြောလိုက်သည်_ ''ဒီနေ့လယ်က ခြံဝင်းထဲကဖရဲခင်းထဲမှာ စမ်းသပ်မှုလုပ်နေတာ... အဝတ်အစားနဲ့ ကျောပိုးအိတ်သယ်ထားတဲ့ရှဉ့်လေးတစ်ကောင်က ဖရဲခင်းထဲမတ်တပ်ရပ်ပြီး ငါစမ်းသပ်နေတာကို အကြာကြီးစိုက်ကြည့်နေတယ်... နောက်တော့ အစ်မလင်းက ခွေးနဲ့လျှောက်လာတာ... ရှဉ့်လေးက ခွေးခေါင်းပေါ်ခုန်တက်ပြီး အတူတူပြန်သွားကြရော''

မာလဲ့ဝမ်က ဖြည့်ပြောလိုက်၏_ ''ရှဉ့်တစ်ကောင်မကဘူး... ချင်လင်က သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထဲမှာ ရှဉ့်တွေအများကြီးလေ့ကျင့်ပေးထားတာ''

ချန်ရှန်းဖေက ရုတ်တရက်တစ်ခုခုတွေးမိပြီး ဂုဏ်ယူသံနှင့်_ ''ချင်လင်ရဲ့အရည်အချင်းအကြောင်း မင်းတို့ကောင်တွေလုံးဝမသိပါဘူး... ငါပဲသိတာ''

ထိုစကားကို တခြားသူများစိတ်ဝင်စားသွားကြသည်။

''ဘာများလဲ?'' မာလဲ့ဝမ်က သိချင်စိတ်နှင့်မေးလိုက်၏။

ချန်ရှန်းဖေကရှင်းပြလိုက်သည်_ ''ငါးမျှားတာလေ... အရင်က ချင်လင်နဲ့ငါ ရေလှောင်တမံသွားပြီး ငါးမျှားကြတယ်... သူဘယ်လိုမျှားလဲသိလား? ငါငါးတစ်ကောင်ဖမ်းမိတဲ့အချိန်မှာ သူကနှစ်ပုံးဖမ်းမိထားပြီ... ငါးတွေကိုက သူ့ချိတ်ကိုဝင်တိုးနေသလိုပဲ... သူက ငါးမျှားဆရာတွေထက်ပိုတော်တာ သေချာတယ်... သူသဘာဝငါးကြီးတစ်ကောင်ဖမ်းမိတာကိုတောင် ငါ့မျက်စိနဲ့တွေ့လိုက်ရတာ''

မာလဲ့ဝမ်နှင့်လီရှင်းက နည်းနည်းစိတ်လှုပ်ရှားသွားကြသည်။

ချင်လင်က အရည်အချင်းတွေဘယ်လောက်များဝှက်ထားတာလဲ?

ဆရာချန်ဖုန်းဝူတောင် သူဌေးချင်က အလွန်ထူးဆန်းသောလူဟုခံစားလိုက်ရသည်။ လုပ်ငန်းတစ်ခုမှာ ကိုယ့်နာမည်ကိုယ်တည်ဆောက်နိုင်တာကိုကမဆိုး။ ဒီလုပ်ငန်းမှာထိပ်တန်းဖြစ်လာတာ အထင်ကြီးစရာပင်။

သို့သော်သူက နယ်ပယ်အသီးသီးမှာ ထိပ်တန်းအဆင့်တောင်ဝင်သူဖြစ်နေသည်။ ဒါသာမန်လူလုပ်နိုင်သောအရာမဟုတ်။



ချင်လင်က ရုံးခန်းဘက်ပြန်လာပြီး မီဒီယာခန်းထဲလျှောက်သွားလိုက်သည်။

ဤအခန်းမှာ ကျောက်မိုချင်းက အထူးစီစဉ်ထားခြင်းဖြစ်၏။

စံအိမ်တရားဝင်အကောင့်တွင် ပရိသတ် ၁.၈ သန်းကျော်နေပြီဖြစ်သည်။ စံအိမ်မှာအလုပ်များသည့်အချက်ပါပေါင်းလိုက်လျှင် တချို့ကိစ္စကိုင်တွယ်ဖို့ သီးသန့်လူတချို့ခန့်ရပေမည်။ မဟုတ်ရင် သူမလုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

ချင်လင်က မီဒီယာခန်းထဲဝင်လာသောအခါ အထဲကအလင်းရောင်က အပြင်ထက်ပိုပြီး တောက်ပနေသည်။ ဗီဒီယိုရိုက်ရန် အထူးတပ်ဆင်ထားခြင်းဖြစ်၏။

အထဲတွင် ကျောက်မိုချင်းနှင့်ကောင်းယောင်ယောင်အပြင် တခြားလူနှစ်ယောက်ရှိသည်။

အမျိုးသားတစ်ဦးက ကင်မရာကိုင်ထားပြီး ကွန်ပျူတာနှင့်ချိတ်ဆက်နေ၏။ သူကဗီဒီယိုတည်းဖြတ်သူဖြစ်သည်။ သူတို့ခန့်ထားသော ကျွမ်းကျင်အယ်ဒီတာတစ်ဦးပင်။ သူကကင်မရာများကိုလည်း ဂရုစိုက်ပေးသည်။

နောက်တစ်ယောက်က မိန်းကလေးဖြစ်ပြီး ကောင်းယောင်ယောင်နှင့်အတူ တခြားဖန်သားပြင်တစ်ခုမှဗီဒီယိုကိုကြည့်နေသည်။

ဖြတ်ထားသောဗီဒီယိုကိုအံကျဖြစ်အောင်စဉ်နေခြင်းဖြစ်၏။

မိန်းကလေးက စီစဉ်သူဖြစ်သည်။

အရင်ကျောက်မိုချင်းက စံအိမ်တရားဝင်အကောင့်အတွက် ဗီဒီယိုစာသားများကိုစဉ်းစားရ၏။ အခုတော့ အထူးစီစဉ်သူကိုလက်လွှဲပေးထားပြီ။

ဗီဒီယိုရဲ့အမျိုးသမီးဇာတ်ဆောင်ကတော့ ကောင်းယောင်ယောင်ပင်။ သူ့ကိုဒီလောက်သဘောကောင်းပြီးဖော်ရွေအောင် ဘယ်သူများလုပ်ထားပါလိမ့်?

''သူဌေး!'' ကောင်းယောင်ယောင်က ချင်လင်ကိုသတိပြုမိပြီး ချက်ချင်းနှုတ်ဆက်လိုက်သည်။

စီစဉ်သူမိန်းကလေးနှင့်အယ်ဒီတာက သူ့ကိုရိိုရိုသေသေနှုတ်ဆက်လိုက်၏။

“သူဌေး!''

“သူဌေး!''

ချင်လင်ကခေါင်းညိမ့်ပြီး_ ''ဆက်လုပ်ပါ... ကျွန်တော့်ကိုစိတ်ထဲမထားနဲ့!''

ကျောက်မိုချင်းက ချင်လင်ကို ဖန်သားပြင်ဆီဆွဲခေါ်ပြီး_ ''ချင်လင်... ဗီဒီယိိုကိုတစ်ချက်လောက်လာကြည့်ပါဦး... အဆင်ပြေရင် ဒီညအချိန်ကောင်းမှာတင်မလို့''

“အင်း!” ချင်လင်ခေါင်းညိမ့်လိုက်သည်။

…



အချိန်ကုန်လွန်သွား၏။

ကောင်းကင်က လုံးဝမှောင်မဲသွားသည်။

စံအိမ်မှာ အရင်လိုတိတ်ဆိတ်မနေ။ သတို့သမီးခန်းဖွင့်ပြီးနောက် ညလုံးပေါက်နေသည့်ခရီးသည်များက စံအိမ်တွင်လျှောက်သွားပြီး ရင်းရင်းနှီးနှီးစကားပြောကြသည်။

စုံတွဲများအတွက်လည်း ကြည်နူးစရာတစ်ခုပင်။ ဘာပဲဖြစ်ဖြစ် စံအိမ်ကလင်းထိန်နေသည့်အတွက် နေရာတကာလျှောက်သွားနိုင်သည်။

ပြီးတော့ ညပိုင်းမှာ အင်တာနက်ကမ္ဘာအတွက် တန်ဖိုးရှိသောအချိန်ဖြစ်၏။

လူအများစုက အလုပ်သိမ်းပြီး အွန်လိုင်းဘဝကိုစတင်ကြသည်။

အထူးသဖြင့် အင်တာနက်လူထုအတွက် အသံတစ်ခုမှာစုဝေးရာဖြစ်လာ၏။ မိန်းမလှများ ဒါမှမဟုတ် ခန့်ညားသောအမျိုးသားများကိုကြည့်ခြင်း၊ စိတ်အစာကျွေး ကြက်စွပ်ပြုတ်များနားထောင်ခြင်း၊ တစ်ယောက်ယောက်ကိုအပြစ်ပြောခြင်း၊ နတ်ဘုရားမများ၏ဂယက်များ...

ချင်းလင်စံအိမ်ပရိသတ်များမှာ နောက်ဆုံးအကြီးအကဲစားပွဲအစီအစဉ်အပြီးတွင် ၁.၈ သန်းကျော်ထိရှိလာသည်။

ထို့အပြင် အကြီးအကဲစားပွဲနှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်အစီအစဉ်ပြီးတာ သိပ်မကြာသေး၍ ချင်းလင်စံအိမ်၏လူသိများနှုန်းက အလွန်မြင့်နေဆဲပင်။ ပရိသတ်အရေအတွက်က နေ့တိုင်းတက်နေသည်။

ပရိသတ်များက ချင်းလင်စံအိမ်၏နောက်ထပ်အစီအစဉ်ကိုတောင် စောင့်မျှော်နေကြ၏။

ဘာပဲဖြစ်ဖြစ် စံအိမ်၏အစီအစဉ်တိုင်း အင်တာနက်ပေါ်တွင်နာမည်ကြီးပြီး ဆုတွေက ပိုအံ့သြစရာကောင်းလာသည်။

ဖရဲသီးဘုရင်၊ အကြီးအကဲစားပွဲနှင့် ချင်းလင်ဆေးဖက်ဝင်ဝိုင်အားလုံးက အပြင်မှာရှားပါး၏။ တကယ်တော့ အဆင့်အတန်းမြင့်လွန်း၍ လူချမ်းသာအများစုတောင် ထိုအရာများကိုမစားနိုင်ကြချေ။

တစ်ပွဲပြီးတစ်ပွဲ ချင်းလင်စံအိမ်၏လှုပ်ရှားမှုကိုစောင့်မကြည့်ဘဲမနေနိုင်။ အမာခံပရိသတ်တချို့က ချင်းလင်စံအိမ်နောက်ခံကိုနှိပ်ပြီး နေ့တိုင်းဝင်ကြည့်ကြမည်။

ချင်းလင်စံအိမ်မှာနောက်ထပ်လှုပ်ရှားမှုရှိလာရင်ရော? ဒါဆိုသူတို့ကချက်ချင်းသိပြီး ချင်းလင်စံအိမ်သတို့သမီးခန်းကို ကြိုယူထားနိုင်မည်။

ဒီလိုအချိန်မှာ ချင်းလင်စံအိမ်ရဲ့သတို့သမီးခန်းက နာမည်အကျော်ဆုံးမှန်း အားလုံးသိကြသည်။

ဒီနေ့ စံအိမ်ကဗီဒီယိုအသစ်တင်ပေးသဖြင့် ချင်းလင်စံအိမ်ပရိသတ်များကတွေ့လျှင် အံ့သြသွားကြ၏။ မိန်းမလှလေးကောင်းယောင်ယောင်ကို ဖန်သားပြင်ပေါ်ထပ်မြင်ရသည်။

ဗီဒီယိုပါအကြောင်းအရာကို ပရိသတ်များချက်ချင်းစိတ်ဝင်စားသွားကြ၏။

''မင်္ဂလာပါ အားလုံးပဲ... ကျွန်မကကောင်းယောင်ယောင်ပါ... ဒီနေ့အားလုံးအတွက်သတင်းကောင်းရှိပါတယ်... ကျွန်မတို့စံအိမ်က စိတ်တိုင်းကျဆိုင်းဘုတ်နှစ်ခုလုပ်ထားပါတယ်... အဲဒါတွေကို မနက်ဖြန်ချိတ်ဆွဲမှာပါ... ဆွဲတဲ့နေ့မှာ ကျွန်မတို့စံအိမ်က ခရီးသည် ၄၆၆၆ ဦးအတွက်အကျိုးခံစားရအောင်ပြင်ဆင်ထားပါတယ်''

''မှတ်ထားနော်... အကျိုးခံစားခွင့်ပါ... မဲနှိုက်စရာမလိုပါဘူးရှင်... လိုအပ်ချက်ပြည့်စုံတာနဲ့ အကျိုးအမြတ်ကိုအလကားရမှာပါ...''

ဗီဒီယိုကိုကြည့်ပြီးနောက် အားလုံးအံ့သြသွားကြသည်။ အတော်များများက စိတ်လောသွား၏။

ပထမဆုံးအကျိုးအမြတ်က လူကိုအားရှိစေပြီး ကျောက်ကပ်အားဖြည့်ပေးတဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်။ တစ်ပုလင်းကို ၃၀ မီလီလီတာပါပြီး စုစုပေါင်းပုလင်း ၁၀၀၀ ဖြစ်သည်။

ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို အားလုံးသိထားကြသည်။ ဒီဝိုင်ပုလင်းက တစ်ကတ်တီကို အနည်းဆုံးယွမ် ၆၀၀၀၀ တန်ကြောင်းသိကြ၏။ နောက်ပြီး ဆုရရှိသူတွေက အမျိုးသားတွေ အိပ်ရာပေါ်မှာကြာရှည်နေနိုင်ကြောင်းအတည်ပြုထားကြသည်။



All Chapters