← Chapters

အစွမ်းတွေ ဘယ်လောက်များများဝှက်ထားသေးလဲ? တစ်ခါတရံ ကိုယ့်ကြမ္မာကိုယ်လက်ခံရမည်! ၃

Vol. 16 Ch. 227

အစွမ်းတွေ ဘယ်လောက်များများဝှက်ထားသေးလဲ? တစ်ခါတရံ ကိုယ့်ကြမ္မာကိုယ်လက်ခံရမည်! ၃

Vol. 16 Ch. 227

မနက်ဖြန် ချင်းလင်စံအိမ်က ဒီဝိုင်ပုလင်း ၁၀၀၀ ကိုအမှန်တကယ်ဝေပေးတော့မည်။ တစ်ပုလင်းကို ၃၀ မီလီလီတာပဲပါရင်တောင် ၃ ရက်လောက်မျှသောက်လို့ရသေးသည်။ နောက်ပြီး တစ်ကတ်တီယွမ် ၆၀၀၀၀ နှုန်းနှင့်တွက်လျှင် ယွမ် ၃၆၀၀ တန်ဖြစ်၏။

အခုတော့ အခြေအနေကိုက်ညီတာနဲ့ အလကားရမယ်တဲ့။

ဒါကတကယ့်လက်ဆောင်။ ဒါက အွန်လိုင်းပေါ်မှာ မိသားစုတွေကို အကျိုးအမြတ်အတွက်ခေါင်းပုံမဖြတ်ပါဘူးပြောပြီး စျေးတင်ရောင်းသော အင်တာနက်လွှမ်းမိုးသူများနှင့်မတူပေ။

ပိုအဓိကကျတာက ဒီဆေးဖက်ဝင်ဝိုင်က လူချမ်းသာတွေဝယ်ချင်ရင်တောင် မဝယ်နိုင်သောအရာဖြစ်နေသည်။ အခုတော့ အလကားရမယ့်အခွင့်အရေးရှိလာပြီ။

ပထမဆုံးအကျိုးအမြတ်က အားလုံး၏အာရုံကိုချက်ချင်းဆွဲဆောင်သွားသော်လည်း ကောင်းယောင်ယောင်က ဒုတိယအကျိုးအမြတ်ကိုဖော်ပြလိုက်သောအခါ အတော်များများကြောင်သွားကြသည်။

လိပ်ခေါင်းသက်သာစေတဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်?

ဒါကိုမြင်တာနဲ့ အတော်များများက ပြောမပြတတ်အောင် ခြေချင်းလိမ်သွားကြ၏။ ပြီးမှ အရေးတကြီးလိုအပ်နေသောမျက်နှာများဖြစ်သွားကြသည်။

အကြောင်းမှာ တစ်ကတ်တီယွမ် ၆၀၀၀၀ တန်သော ချင်းလင်ဆေးဖက်ဝင်ဝိုင်ဖြစ်နေသောကြောင့်ပင်။ အခုချင်းလင်စံအိမ်က လိပ်ခေါင်းကိုသက်သာစေကြောင်းပြောနေပြီ။ နောက်နေတာမလား?

ဘာပဲဖြစ်ဖြစ် လိပ်ခေါင်းသက်သာစေတဲ့ဆေးဖက်ဝင်ဝိုင်က ၃၀ မီလီလီတာဆိုသော်လည်း ပုလင်း ၆၆၆ လုံးသာရမည်။ သဘောက ဒီဆေးဖက်ဝင်ဝိုင်က ကျောက်ကပ်အားဖြစ်ပြီး လူကိုခွန်အားရှိစေတဲ့ဆေးဖက်ဝင်ဝိုင်ထက်တောင် ပိုပြီးအဖိုးတန်နေတာပေါ့။

ကျောက်ကပ်အားဖြစ်ပြီး လူကိုခွန်အားရှိစေတဲ့ဆေးဖက်ဝင်ဝိုင်က တစ်ကတ်တီယွမ် ၆၀၀၀၀ တန်တယ်ဆို ဒီပိုတန်ဖိုးရှိတဲ့ဆေးဖက်ဝင်ဝိုင်က ဘယ်လောက်များတန်လိုက်မလဲ?

ဗီဒီယိုထဲတွင် ကောင်းယောင်ယောင်က တတိယအကျိုးအမြတ်ကိုကြေညာလိုက်သည်_ ''ပထမအကျိုးအမြတ်နှစ်ခုကို အားလုံးစောင့်စားနေကြပြီမလား? ဒါဆိုရင် တတိယအကျိုးအမြတ်အ​ကြောင်းပြောလိုက်ရအောင်... ဒီအကျိုးအမြတ်က အိပ်မပျော်တဲ့သူတွေအတွက် မင်္ဂလာအစစ်ပါပဲ... ဒါကတော့ အိပ်ပျော်စေတဲ့နံ့သာဖြူနံ့သာအထုပ် ၃၀၀၀ ပါ... တစ်ထုပ်မှာ ၁၀ ဂရမ်ပါပါတယ်... မကုန်မချင်းအာနိသင်ခံမှာပါ... ပြီးတော့ ယောင်ယောင်ကိုယ်တိုင် ဒီနံ့သာဖြူနံ့သာကိုစမ်းသပ်ပြီးပါပြီ... အရမ်းထိရောက်ပါတယ်''



''မနက်ဖြန်ယွမ် ၂၀၀ ဖိုးပြည့်တာနဲ့ အကျိုးအမြတ် ၄၆၆၆ ကိုအလကားလက်ခံရရှိမှာပါ... နောက်ပြီး အကျိုးခံစားခွင့်ဖြစ်တဲ့အတွက် တစ်ကြိမ်ပဲလက်ခံနိုင်ပါတယ်ရှင်''

တတိယအကျိုးအမြတ်ကလည်း အားလုံးကိုဆွဲဆောင်သွားသည်။

အကြောင်းမှာ လိပ်ခေါင်းသမားအဖြစ်များသလို အိပ်မပျော်သူလည်း အလွန်တွေ့ရများ၏။

ခေတ်သစ်လူအဖွဲ့အစည်းတွင် နေရာတကာအဆိပ်အတောက်ကြက်စွပ်ပြုတ်တွေချည်း။ အင်တာနက်ပေါ်ရှိလူငယ်များမှာ အသက် ၂၅ နှစ်တွင် အိမ်နှင့် ကားနှင့် စုဆောင်းငွေဒေါ်လာသန်းချီနှင့်။ ဒီအချက်တွေက တကယ့်လက်တွေ့တွင် ခက်ခက်ခဲခဲရုန်းကန်နေရသောလူငယ်များကို စိတ်ဖိအားတက်စေပြီး အိပ်မပျော်နှုန်းလည်းအလွန်မြင့်လာစေသည်။

အတော်များများက ညဘက်တွင် အိပ်မပျော်ခြင်းကိုခံစားရသည်။ တခြားနည်းတစ်မျိုးမျိုးပြောင်းကြည့်ပြီး အိပ်ပျော်ဖို့ခက်ခဲကြောင်းတွေ့ရ၏။ စိတ်ရောနှလုံးပါ နှိပ်စက်ခံရသလိုပင်။

သူတို့ကိုအိပ်ပျော်စေသည့်အရာရှိသည်ဆိုလျှင် လုံးဝကောင်းချီးမင်္ဂလာဖြစ်သည်။

ပိုအဓိကကျသောအချက်မှာ ချင်းလင်စံအိမ်က နံ့သာနှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုအကျိုးအမြတ်အဖြစ်တွဲပေးခဲ့ခြင်းက နံ့သာ၏တန်ဖိုးကိုပြသရာရောက်သည်။ မဟုတ်ရင် ချင်းလင်စံအိမ်က သူတို့ကိုအရူးလုပ်သလိုဖြစ်နေမှာမဟုတ်လား?

ဗီဒီယိုကိုမြင်သူများက စမ်းကြည့်ရန်စိတ်အားထက်သန်လာကြသည်။

မင်စီရင်စု၌_

စံအိမ်တစ်ခုတွင် ဝမ်ရန်မှာ တဘက်တစ်ထည်နှင့်ပတ်ပြီးဖြစ်သည်။ သူက ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုယူပြီး တစ်ခွက်ငှဲ့လိုက်၏။ ဒီဝိုင်ရဲ့အာနိသင်က အလွန်ပြင်းသော်လည်း ကြာရှည်မခံပေ။

''အစ်ကိုရန်... ချင်းလင်စံအိမ်မှာပွဲရှိပြန်ပြီ... သူတို့က ဆေးတွေတောင် ပေးဦးမှာ'' ခါးတွင်တဘက်တစ်ထည်ပတ်ထားသောအမျိုးသမီးတစ်ဦးက ဖုန်းနှင့်အပြေးထွက်လာပြီး ဝမ်ရန်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

ဝမ်ရန်က အမျိုးသမီး၏ဖုန်းကိုကြည့်လိုက်ရာ ချင်းလင်စံအိမ်၏အကျိုးခံစားခွင့်ဗီဒီယိုကိုတွေ့ရသည်။ သူကတုံ့ဆိုင်းခြင်းမရှိဘဲ အမျိုးသမီးအား_ ''ဘေဘီ... ကိုယ်မနက်ဖြန် ချင်းလင်စံအိမ်သွားမယ်''

၃၀ မီလီလီနာဆိုရင်တောင် ၃ ကြိမ်သောက်လို့ရသည်။

ပြီးတော့ ကျသင့်ငွေကိုသူကိုယ်တိုင်ရှင်းပြီး မိန်းကလေးနှင့်ထပ်ရှင်းနိုင်သည်။ ဒီတော့ နောက်ထပ် ၆ ကြိမ်သောက်လို့မရသွားဘူးလား?

သို့သော် အမျိုးသမီးကရုတ်တရက်စိတ်လှုပ်ရှားစွာနှင့် လက်သီးဆုပ်လိုက်ပြီး ဝမ်ရန်ကိုမျက်မှောင်ကြုတ်ကြည့်ကာ_ ''အစ်ကိုရန်... ကျွန်မသူနဲ့ကွာရှင်းလိုက်ပြီ... ရှင်ကျွန်မကိုတကယ်လက်ထပ်မှာလား?''

''ချင်းလင်စံအိမ်ကပြန်ရင် ကိုယ်တို့လက်ထပ်စာချုပ်လက်မှတ်ထိုးမယ်'' ဝမ်ရန်ကပြတ်ပြတ်သားသားပြောလိုက်သည်။ သူကတာဝန်မယူတတ်သူမဟုတ်။ ချင်းလင်စံအိမ်ကမဲပေါက်ရင် လက်ထပ်မယ်လို့ပြောထားတော့ လက်ထပ်ရမှာပေါ့။ ရှိစေတော့။

အစက တည်တည်ငြိမ်ငြိမ်နှင့် နိုက်ကလပ်မတက်​သောမိန်းကလေးကို လက်ထပ်ချင်ခဲ့သည်။ သို့သော် သူ့ညီအစ်ကိုထဲကတစ်ယောက်လည်း ထို့အတူပင်။ တည်ငြိမ်သောဆရာမတစ်ဦးကိုရှာခဲ့၏။

သို့သော်လည်း မကြာသေးခင်ကမှ သူ့မိတ်ဆွေသိလိုက်ရသည်မှာ ထိုအမျိုးသမီးက လူချမ်းသာ ၄ ဦး၏ကတော်ဖြစ်ခဲ့သည်တဲ့။ အဓိပ္ပါယ်မရှိဘူးမဟုတ်လား? ညပိုင်းထွက်ထွက်နေတဲ့သူက ဒီလိုမျိုးခံလိုက်ရတယ်လေ။

နောက်ဆုံးသိလိုက်ရတာက ကလေးကလည်း သူ့မိတ်ဆွေရဲ့သွေးသားမဟုတ်ပါတဲ့။

ဒါကသူ့ကိုခြောက်လှန့်လိုက်သလိုပင်။ ဒီလိုဆိုမှတော့ ဒီအတိုင်းထားလိုက်တော့မည်။



ယောက်ျားတွေက တစ်ခါတရံ ကိုယ့်ကြမ္မာကိုယ်လက်ခံရမည်!

''အစ်ကိုရန်... ရှင်ကျွန်မအပေါ်အရမ်းကောင်းတာပဲ'' အမျိုးသမီးက ဝမ်ရန်ကိုကြည့်ရင်း ချက်ချင်းထိကပ်လိုက်သည်။

သို့သော် သူကအမျိုးသမီးကိုစေ့စေ့ကြည့်ပြီး_ ''လက်ထပ်ပြီးရင် နိုက်ကလပ်မတက်ရဘူး''

အမျိုးသမီးက ပြာပြာသလဲခေါင်းညိမ့်ကာ_ ''ဟင့်အင်း... ကျွန်မပျော်လို့ဝပြီ... နောက်ဆို ရှင်ရှိနေရင်အဆင်ပြေတယ်... အစ်ကိုရန်မသွားပါနဲ့... နော်?''

''ကိုယ်လည်းပျော်လို့ဝပြီ... ကောင်းကောင်းမွန်မွန်နေကြတာပေါ့'' ဝမ်ရန်ကသက်ပြင်းချပြီး သူ့ဖုန်းကိုကောက်ကိုင်လိုက်သည်_ ''ချင်းလင်စံအိမ်မှာ သတို့သမီးခန်းယူလိုက်ဦးမယ်!''

''အင်း!'' အမျိုးသမီးကခေါင်းညိမ့်ပြီး ပျော်ပျော်ရွှင်ရွှင် ဗီဒီယိုလျှောက်ကြည့်နေလိုက်သည်။

သူမတကယ်ပဲ ဝမ်ရန်ကြောင့် နိုက်ကလပ်ဆက်သွားချင်စိတ်မရှိတော့ချေ။ သူမအရင်ယောက်ျားတုန်းက အချစ်စစ်ဟုတ်ဟန်မတူ။ သူကရိုးလွန်းအားကြီး၍ ကြည်နူးစရာမကောင်း။

ခဏအကြာ အမျိုးသမီးက ဗီဒီယိုတစ်ပုဒ်မြင်ပြီး ရုတ်တရက်ဝမ်ရန်ကိုပြောလိုက်သည်_ ''အစ်ကိုရန်... ကြည့်... အရမ်းနာမည်ကြီးတဲ့ပါမောက္ခရန်က ချင်းလင်စံအိမ်ကိုအပြစ်တင်တဲ့ဗီဒီယိုတင်ထားတယ်''

''ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသုတေသနကို နှစ်မြှုပ်လုပ်ကိုင်နေတဲ့ပါမောက္ခတစ်ဦးအနေနဲ့ ချင်းလင်စံအိမ်ရဲ့လုပ်ရပ်အပေါ် အရမ်းဒေါသထွက်မိပါတယ်... သူတို့ကလူကြိုက်များအောင်လုပ်နေတာ... လိပ်ခေါင်းရှိသူတွေ အရက်ရှောင်ရတာ အခြေခံအသိပါ... သူတို့အစားအစာတွေကလည်း အရမ်းပေါ့ဖို့လိုပါတယ်... အခုတော့ လူသိများအောင်လုပ်ချင်တာနဲ့ပဲ ချင်းလင်စံအိမ်က လိပ်ခေါင်းသက်သာစေတဲ့ဆေးဖက်ဝင်ဝိုင်ကို တွင်တွင်ကျယ်ကျယ်ကြော်ငြာနေတယ်... သူတို့က အခြေခံသိထားရမယ့်စည်းမျဉ်းကိုကျော်လွန်နေပြီ... အရမ်းရှက်စရာကောင်းတယ်''

''???'' ဝမ်ရန်က ပါမောက္ခရန်၏ကြေညာချက်ဗီဒီယိုကိုစိုက်ကြည့်ရင်း အံ့သြနေသည်။

ကြည့်ရတာ ချင်းလင်စံအိမ်ဒုက္ခရောက်တော့မည်။

အကြောင်းမှာ ပါမောက္ခရန်က အလွန်နာမည်ကြီးသူတစ်ဦးမှန်းသူသိသောကြောင့်ပင်။ သူက လူကြိုက်များအောင်လုပ်တတ်သောကျွမ်းကျင်ပါမောက္ခမျိုးမဟုတ်။ အမှန်တကယ် တရုတ်သိပ္ပံအကယ်ဒမီတွင်ဆေးပညာပါမောက္ခတစ်ဦးဖြစ်ပြီး ​တော်ဝင်ပညာရှင်ဖြစ်လာတော့မည်။

ပိုအဓိကကျတာက ပါမောက္ခရန်ပြောတာ ကျိုးကြောင်းဆီလျော်နေသည်။

လိပ်ခေါင်းရှိသူက အရက်ရှောင်ကိုရှောင်ရသည်။

အမှန်တော့ အင်တာနက်ပေါ်မှလူများက လိပ်ခေါင်းရှိသူတွေမှာ အရက်ရှောင်ရသည့်အပြင် ပေါ့ရွှတ်ရွှတ်အစားအစာများကိုစားဖို့လိုကြောင်း သိထားကြ၏။ ပါမောက္ခရန်၏ဗီဒီယိုကိုတွေ့လျှင် ချင်းလင်စံအိမ်ကိုတွဲတင်သူပိုပိုများလာသည်။ အထူးသဖြင့် ပွဲကြည့်နေသူများပင်။

တိုက်ခန်းတစ်ခန်း၌_

ထိုဗီဒီယိုကိုတွေ့သောအမျိုးသမီးတစ်ဦးမှာ ကြမ်းကြုတ်ခက်ထန်သောမျက်နှာဖြစ်သွားသည်။ ထိုအမျိုးသမီးမှာ အခြားသူမဟုတ်။ ချွန်းချွန်းပင်။

အရင်တစ်ခါ ချင်းလင်စံအိမ်ကြောင့် အကြီးအကျယ်ဆုံးရှူံးခဲ့ရသည်။ သူမအကောင့်ပိတ်ခံရပြီး တစ်ဖက်လူက ရှေ့နေချူနှင့် သူမကိုတရားစွဲပြီး ပိုက်ဆံလျော်ကြေးတောင်ပေးခိုင်းခဲ့သည်။

နောက်ဆုံးတော့ လက်တုံ့ပြန်ဖို့အခွင့်အရေးရလာပြီ။

သူမကဖုန်းထုတ်ပြီး အင်တာနက်နောက်ခံစာရေးသူများကိုဆက်သွယ်လိုက်၏။ ချင်းလင်စံအိမ်ကို ပါမောက္ခရန်အပြစ်တင်အောင် မီးထိုးပေးချင်သည်။ ဒီကိစ္စကိုအုံကြွအောင်လုပ်ချင်သည်။ ပါမောက္ခရန်ရဲ့ဂုဏ်ပုဒ်နဲ့ဆို ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ကံမကောင်းတော့။ လူကြိုက်များအောင်ဗန်းပြခြင်း၊ လူတွေအသိကိုဇဝေဇဝါဖြစ်စေခြင်းအတွက် ဝိုင်းပြီးအပြစ်တင်စေချင်သည်။ အရက်က လိပ်ခေါင်းသက်သာနိုင်တယ်တဲ့။ တကယ်ပြောရဲလိုက်တာ။

''ဒီတစ်ခါတော့ အင်တာနက်ပေါ်မှာအတိုက်အခိုက်ခံရရင် ဘယ်လိုအရသာဆိုတာ နင်တို့ချင်းလင်စံအိမ်သိစေရမယ်'' ချွန်းချွန်းကအံကြိတ်ပြီး ယွမ် ၁၀၀၀၀၀ လွှဲပေးလိုက်သည်။

လတ်တလောနည်းနည်းခက်ခဲ၍ ယွမ် ၁၀၀၀၀၀ ကများသည်ဆိုသော်လည်း ဒီကိစ္စပေါက်သွားရင် ချင်းလင်စံအိမ်မှာ ဒီထက်အဆရာချီ ဒါမှမဟုတ် ထောင်ချီတောင် ဆုံးရှူံးရနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူက ပါမောက္ခရန်။ အရင်တစ်ခါကပ်ဘေးမှာ ကြီးကြီးမားမားပါဝင်စွမ်းဆောင်ခဲ့တဲ့သူ။



All Chapters