ပြဿနာကြီး! ဖြေရှင်းနည်းက လွယ်ပါတယ်! ၂
Vol. 16 Ch. 229
''ငါအခုပဲ ချင်းလင်စံအိမ်ဗီဒီယိုကြည့်ပြီးတာ... ဒီတစ်ခါတော့ လုံးဝသွားပြီဆိုတာ ပြောရဦးမယ်... ပါမောက္ခရန်ကိုယ်တိုင် ဒေါတကြီးနဲ့ဝေဖန်ထားတာ...''
ချင်လင်ကမျက်မှောင်ကြုတ်ပြီး ဗီဒီယိုတချို့ထပ်ဆွဲကြည့်လိုက်သည်။ နောက်ထပ်မှတ်ချက်ဗီဒီယိုတစ်ပုဒ်ကိုတွေ့လိုက်ရသည်:
''အရင်ဆုံး ပါမောက္ခရန်အကြောင်းပြောရအောင်... သူက အရင်ကပ်ဘေးတုန်းက အများကြီးပါဝင်ပြီး အကြီးအကျယ်လုပ်ဆောင်ခဲ့တဲ့သူ... ဒါပေမဲ့ ဒီနေ့သူ့ကိုအရမ်းစိတ်ဆိုးအောင်လုပ်လိုက်တဲ့အရာတစ်ခုရှိတယ်... အဲဒါ ချင်းလင်စံအိမ်ပဲ...''
သူကဆက်ပြီးဆွဲကြည့်ရာ ခဏအကြာ မှတ်ချက်ဗီဒီယိုတစ်ပုဒ်ကိုတွေ့ရသည်:
''ချင်းလင်စံအိမ်က နောက်ဆုံးမှာ စီးပွားရေးဆန်တဲ့လူတွေပုံစံမျိုး လုံးဝဖြစ်လာလိမ့်မယ်... ဖြစ်ချင်တော့ ဒီတစ်ခါကြော်ငြာက လက်ခံနိုင်စရာမရှိဘူး... လိပ်ခေါင်းရှိတာပဲ နာလှပြီ... ဒါပေမဲ့ ချင်းလင်စံအိမ်က အရက်နဲ့လိပ်ခေါင်းသက်သာနိုင်တယ်လို့ အဟုတ်ပြောနေတာ... တကယ်အံ့သြစရာပဲ... ဒါကြောင့် ပါမောက္ခရန်က...''
မည်သည့်နာမည်ကြီးအစီအစဉ်မှာမဆို ပထမဆုံးပေါ်လာမည့်အရာက မှတ်ချက်ဗီဒီယိုများဖြစ်မှာသေချာသည်။
ဒီလူတွေမှာ စွမ်းရည်လည်းမရှိ၊ အမြင်လည်းမရှိ။ လူတွေကိုသူတို့ဆွဲဆောင်ပုံက ရေပန်းစားရှာဖွေမှုထဲဝင်ဖို့ပင်။ ရေပန်းစားသမျှကို မှတ်ချက်ပေးဗီဒီယိုများတင်ပြီး ရေပန်းစားခေါင်းစဉ်ကိုအသုံးချကာ လူတွေစိတ်ဝင်စားအောင်လုပ်မည်။

နောက်ပြီး သူတို့လုပ်ဖို့လိုတာက စကားပြောတတ်တဲ့ပါးစပ်ပေါက်နဲ့ သူတို့ကိုယ်သူတို့ သူတော်ကောင်းစာရင်းသွင်းလိုက်ခြင်းသာ။
သူတို့ကိုယ်ပိုင်ဘဝမှာ ဘယ်လိုလူမျိုးဖြစ်နေစေကာမူ အင်တာနက်ပေါ်တွင် မြင့်မြတ်ပြီး အရာအားလုံးဖောက်ထွင်းမြင်နိုင်သော သူတော်စင်မေရီဖြစ်နေတတ်သည်။ သူတို့ကိုယ်ကျင့်တရားကို အမြင့်ဆုံးအဆင့်၌ထားထား၏။
ထို့ကြောင့် ကိုယ်ကျင့်တရားပိုမြင့်ထားလေလေ ဒီလိုမှတ်ချက်ပေးသူများမှာ မကြာခဏကျရှုံးရလေလေပင်။
ပုံမှန်အခြေအနေတွင် အခြေအနေပြောင်းပြန်လှန်ခြင်းမျိုးမဖြစ်အောင် သူတို့လည်းဗီဒီယိုမှတ်ချက်မပေးခင် သေချာစဉ်းစားကြည့်ပြီး ဘာဖြစ်နေလဲဆိုတာ သဘောပေါက်ချင်ပေါက်သွားနိုင်သည်။ အခြေအနေပြောင်းပြန်ဖြစ်သွားလျှင် သူတို့အဆုံးသတ်ဖို့မကြာတော့။
သို့သော်အခုတော့ ပါမောက္ခရန်လိုလူပေါ်လာပြီး သူကလုံးဝအမှန်တရားဘက်ကဟူသောသဘောဖြစ်နေသည်။ သူတို့ချင်းလင်စံအိမ်ကိုကိုင်တွယ်နိုင်သရွေ့ ဒီအတိုင်းချက်ချင်းလိုက်လုပ်နိုင်သည်။ အကြောင်းမှာ သူတို့သိက္ခာစောင့်ထိန်းစရာမလိုသောကြောင့်ပင်။
ချင်လင်က မချိပြုံးပြုံးလိုက်ကာ_ ''ကြည့်ရတာ စံအိမ်က ခါတိုင်းထက်ပိုနာမည်ကြီးလာတယ်ထင််တယ်''
ကျောက်မိုချင်းက ပိုစိတ်ပူသွားသည်_ ''ချင်လင်... နောက်နေတာလား? ဒီလိုနာမည်ကြီးတာမျိုး ဘယ်သူကလိုချင်မှာလဲ?''
လီရှင်းလည်း မျက်မှောင်ကြုတ်လိုက်ပြီး_ ''အားလုံးပဲ... ဒီကိစ္စဖြေရှင်းဖို့ ချင်လင်ကိုနည်းလမ်းစဉ်းစားပေးကြပါဦး''
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း အလေးအနက်တွေးရင်း မျက်မှောင်ကြုတ်လိုက်၏။
သူတို့သာဒီလိုကိစ္စမျိုးကြုံခဲ့မယ်ဆိုရင် သူတို့ဘယ်လိုဖြေရှင်းမလဲ? သို့သော် သူတို့အဖွဲ့အစည်းအခြေအနေက စံအိမ်နှင့်လုံးဝမတူ။ ဒီလိုမျိုးဖြစ်ခဲ့ရင်တောင် သူတို့ကိုင်တွယ်ဖြေရှင်းပုံကတူလိမ့်မည်မဟုတ်ပေ။
သူတို့အဖွဲ့အစည်းသုံးတဲ့နည်းမျိုးကို ချင်လင်ရဲ့စံအိမ်မှာသုံးဖို့လိုချင်မှလိုမည်။
လီခိုင်က သူတို့မျက်နှာပေါ်မှ မျက်မှောင်ကြုတ်ထားပုံကိုကြည့်ရင်း လှောင်လိုက်သည်_ ''မင်းတို့ကောင်တွေကလည်း လုပ်ငန်းကြီးတွေ ကြီးကြီးမားမားတွေလုပ်နေတဲ့သူတွေဖြစ်ပြီး ဒီလောက်ကိစ္စလေးကို ဒီလောက်အကြာကြီးစဉ်းစားစရာလိုလို့လား?''
ခဏချင်း ချန်ရှန်းဖေတို့အားလုံးက လီခိုင်ကိုကြည့်လိုက်ကြ၏။
လီရှင်းက တန်းပြောလိုက်သည်_ ''ဦးလေး... အဓိပ္ပါယ်မရှိတာတွေ ဘာလို့ပြောနေတာလဲ? နည်းလမ်းရှိရင်လည်း ပြောပါတော့!''
ချင်လင်ကလည်း_ ''လူကြီးမင်းလီ... အစ်ကို ပြောပါ... မနက်ဖြန် ကျွန်တော် ခင်ဗျားကို ဆေးဖက်ဝင်ဝိုင်တိုက်မယ်''

လီခိုင်က ထိုစကားကြားလျှင် ချက်ချင်းပင်_ ''ညီလေးချင်... ယောက်ျားတစ်ယောက်အနေနဲ့ ငါ့ရဲ့လုပ်နိုင်စွမ်းက ပြဿနာမရှိဘူး... သူတို့သုံးယောက်နဲ့မတူဘူး''
ထိုစကားက လီရှင်း၊ ချန်ရှန်းဖေနှင့် မာလဲ့ဝမ်တို့၏အကြည့်များကို ချက်ချင်းဆွဲဆောင်လိုက်သည်။ ဒီလူသာ လီရှင်းရဲ့ဦးလေးမဟုတ်ရင် သေချာပေါက်မရှုမလှဖြစ်အောင်ထိုးပစ်မှာ။
ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်_ ''လူကြီးမင်းလီ... အစ်ကို... ကျွန်တော်သိပါတယ်... ခင်ဗျားကို ဝိုင်ချင်းမှားမပေးပါဘူး''
ယောက်ျားတစ်ယောက်ရဲ့လုပ်နိုင်စွမ်းမှာ ပြဿနာမရှိဘူးဆိုတော့ ဘာကျောက်ကပ်အားဖြည့်စရာ၊ ဘာခန္ဓာကိုယ်ခွန်အားရှိစရာမှ မလိုဘူးဆိုတဲ့သဘောပေါ့။ သူလိုချင်တာက သူ့လိပ်ခေါင်းကိုသက်သာစေနိုင်တဲ့အရာ။
ဒီတော့မှ လီခိုင်ကပြုံးလိုက်ပြီး_ ''တကယ်တော့... မင်းတို့ကောင်တွေက ပါမောက္ခရန်လိုလူတွေအကြောင်း အတွေးလွန်နေကြတာ... ဒီဗီဒီယိုကိုလူတွေအများကြီးအသုံးချသင့်တယ်... ဒီဆေးဖက်ဝင်ဝိုင်က တကယ်အာနိသင်ရှိတယ်လေ... သူဌေးချင်... ပါမောက္ခရန်ကိုတွဲပြီး ဗီဒီယိုတစ်ပုဒ်တင်လိုက်... ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်တွေကိုသက်သေပြဖို့ သူ့ကိုဖိတ်ခေါ်လိုက်''
''ပါမောက္ခရန်က အရမ်းစူးစမ်းတဲ့သူ... ဒီဆေးဖက်ဝင်ဝိုင်က တကယ်အာနိသင်ရှိတယ်ဆိုရင် သူ့သိချင်စိတ်ကိုဆွပေးသလိုဖြစ်ပြီး လေ့လာချင်လေ့လာဦးမှာ''
''ပါမောက္ခရန်သာ ဒီမှာရှိနေရင် အားလုံးဖြေရှင်းပြီးသားဖြစ်မသွားဘူးလား? ပြီးတော့ ဒီဆေးဖက်ဝင်ဝိုင်က တကယ်အာနိသင်ရှိတယ်... ဒီလောက်အထိဖြစ်လာမှတော့ သူလျစ်လျူရှုမှာမဟုတ်ဘူး''
လီခိုင်က အလွယ်ပြောလိုက်သော်လည်း လီရှင်းက_ ''ဦးလေး... ဒီလိုဆိုရင်တောင် အဆိုကရှိနေသေးတယ်... ဒီဆေးဖက်ဝင်ဝိုင်က တကယ်အာနိသင်ရှိတယ်ဆိုတာ ပါမောက္ခရန်သိအောင် ဘယ်လိုအသိပေးကြမလဲ? မဟုတ်ရင် ခင်ဗျားသူ့ကိုဖိတ်တာနဲ့ သူကလာဖို့သဘောတူပါ့မလား? ခင်ဗျားကတခြားအကွက်တွေရွှေ့နေတယ်လို့တောင် ထင်သွားဦးမယ်''
လီခိုင်က ခေါင်းခါပြီး လီရှင်းကိုကြည့်လိုက်သည်_ ''လီရှင်း... မင်းမိသားစုလမ်းကြောင်းကိုမယူခဲ့တာ ငါအရမ်းကံကောင်းတာပဲ... မင်းမှတ်ဉာဏ်ကတော့... ငါပါမောက္ခရန်နဲ့ဆုံဖူးတယ်လို့ မင်းကိုမပြောဘူးလား? သူက ငါတို့သုတေသနတက္ကသိုလ်ညွှန်မှုးနဲ့သိတယ်... ငါညွှန်မှူးကိုဖုန်းဆက်ပြီး ကတိပေးလိုက်မယ်... ငါတို့ညွှန်မှူးကသွားပြီး တစ်ခုခုပြောလိုက်ရုံပဲ... ဘယ်လောက်လွယ်လဲ?''
လီခိုင်ကပြောရင်းဆိုရင်း ဖုန်းထုတ်ကာဆက်လိုက်သည်။
ချင်လင်လည်း ကျောက်မိုချင်းအား_ ''ပါမောက္ခရန်ကိုဖိတ်ပြီး ဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ကိုသက်သေပြမယ်ဆိုတဲ့အကြောင်း ဗီဒီယိုတစ်ပုဒ်ရိုက်လိုက်ပါ''
“အင်း'' ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။
…
ချင်းလင်စံအိမ်က တန်ပြန်နည်းစဉ်းစားနေစဉ် အင်တာနက်ပေါ်မှကိစ္စမှာ လုံးဝလှုပ်လှုပ်ရွရွဖြစ်နေလေပြီ။ မှတ်ချက်ဗီဒီယိုတင်သူပိုပိုများလာသဖြင့် ပြည်သူ့အမြင်တွင် ချင်းလင်စံအိမ်မှာ ပိုပြီးမကြည်စရာဖြစ်လာသည်။
တစ်အိမ်တည်းတွင် ချွန်းချွန်းမှာ ထိုကိစ္စကိုအာရုံစိုက်နေသည်။ ရလဒ်ကိုမြင်ပြီး အလွန်ကျေနပ်နေ၏။ သူမယွမ် ၁၀၀၀၀၀ သုံးပြီး နောက်ခံစာရေးသူများရှာကာ နာမည်ကျော်အောင်လုပ်လိုက်ခြင်း၏ရလဒ်ဟု ခံစားမိသည်။
ယွမ် ၁၀၀၀၀၀ အတွက်ရင်နာရသော်လည်း ချင်းလင်စံအိမ်၏လက်ရှိအခြေအနေကိုတွေးမိလျှင် ရယ်ချင်သည်။
တစ်ခါတလေ ရန်သူ ၁၀၀၀ သတ်ဖို့ ယွမ် ၈၀၀ တောင်အကုန်ခံရသေးတာပဲ။ ချင်းလင်စံအိမ်အတွက် ယွမ် ၁၀၀၀၀၀ ကထားတော့။သူမအများကြီးရလိုက်ပြီ။
''ချင်းလင်စံအိမ်က ဗီဒီယိုနဲ့တကယ်တုံ့ပြန်တယ်ပေါ့?'' ချွန်းချွန်းမှာ ချင်းလင်စံအိမ်အကောင့်ကိုအာရုံစိုက်နေသဖြင့် ချင်းလင်စံအိမ်က နောက်ထပ်ဗီဒီယိုတင်တင်ချင်း သိလိုက်သည်။