← Chapters

ဒါဘယ်လိုဖြစ်တာလဲ? ဒီစာလုံးကို ငါတကယ်ရေးခဲ့တာလား? ၃

Vol. 16 Ch. 233

ဒါဘယ်လိုဖြစ်တာလဲ? ဒီစာလုံးကို ငါတကယ်ရေးခဲ့တာလား? ၃

Vol. 16 Ch. 233

ပါမောက္ခရန်မှားတယ်လို့ အားလုံးကယုံကြည်ခဲ့လား?

သူ့ယွမ် ၂၀၀၀၀၀ အလကားဖြစ်ပြီ။

အစ်ကိုစုန့်က ထိုသို့တွေးနေစဉ် မကြာမီသူ့လက်ထောက်ကမျက်နှာရှုံ့မဲ့ပြီး ဗီဒီယိုတစ်ပုဒ်လာပြသည်_ ''အစ်ကိုစုန့်... ဒါကဆိုးတယ်... ခင်ဗျားကိုဝေဖန်တဲ့သူရှိတယ်... အခုမှပေါ်လာတဲ့ဘာလော့ဂါလို့ထင်တယ်... သူက ခင်ဗျားအရင်တင်ထားတဲ့ဗီဒီယိုနောက်မှာထွက်လာတာ... အခုအဲဒီဗီဒီယိုကိုသုံးပြီး လူစိတ်ဝင်စားဖို့အတွက်နဲ့ ပါမောက္ခရန်နဲ့ချင်းလင်စံအိမ်ကိုတမင်သက်သက်ဆွလို့ ခင်ဗျားကိုအပြစ်တင်ထားတာ... သူကတမင်သက်သက် ပဋိပက္ခဖြစ်အောင်ဖန်တီးပြီးတော့ အွန်လိုင်းပေါ်မှာပွက်လောရိုက်ရတာ ခင်ဗျားကြောင့်လို့လည်းပြောထားသေးတယ်''

''ဘာ?'' အစ်ကိုစုန့်မပျော်တော့။ သူကဗီဒီယိုကိုအလျင်စလိုလှမ်းယူလိုက်သည်:

''...ဒီအစ်ကိုစုန့်က အရမ်းမသိသာအောင်လုပ်သွားတယ်ဆိုတာ ပြောရဦးမယ်... သူကပါမောက္ခရဲ့ရပ်တည်ချက်ကို သူ့ဆီလူတွေဆွဲဆောင်ဖို့ အမြတ်ထုတ်ခဲ့တာ... ဒါပေမဲ့ တမင်သက်သက်ညစ်ပတ်တဲ့နည်းတွေသုံးပြီး လူစိတ်ဝင်စားအောင်မီးထိုးပေးတယ်... ပွက်လောရိုက်အောင်လုပ်ပစ်လိုက်တာ တကယ်ရှက်စရာပဲ... အားလုံးပဲ သူ့ဗီဒီယိုကိုကြည့်ပါ...''

အစ်ကိုစုန့်က အင်တာနက်ဆယ်လီအသိုင်းအဝိုင်းမှာ ရေနက်ကြောင်းမေ့နေပုံရ၏။ သူကသူများကိုချနင်းပြီး အမြင့်တက်ဖို့အခွင့်အရေးယူသည့်အခါ သူ့ကိုလည်းအနောက်ကစောင့်ကြည့်တာခံနေရသည်။

မှတ်ချက်ပေးသူက မှတ်ချက်ပေးသူကိုနင်းပြီးအမြင့်တက်တာ အဓိပ္ပါယ်ရှိတယ်မလား?

အစ်ကိုစုန့်၏နောက်ခံအကြောင်းပေါက်သွားဖို့ သိပ်မကြာလိုက်။ မှတ်ချက်ပေးသူ၏ဗီဒီယိုကိုတွေ့ပြီးသည်နှင့် လူသိရှင်ကြားထုတ်ပြောလာကြသည်။ သူ့ပရိသတ်များစလျော့လာသည်ကိုပင်မြင်ရသည်။

''သောက်...'' အစ်ကိုစုန့်က သူ့လက်ထဲမှဖုန်းကို ဒေါသတကြီးပေါက်ခွဲပစ်လိုက်၏။

လိုင်းပေါ်၌_

ချင်းလင်စံအိမ်နောက်ဆုံးတင်သောဗီဒီယိုနောက်တွင် ရေပန်းစားမှုပြောင်းလဲသွားသည်။ ပါမောက္ခရန်၏ချင်းလင်စံအိမ်ဆေးဖက်ဝင်ဝိုင်အကြောင်းစကားက အားလုံး၏သိချင်စိတ်ကို ချက်ချင်းမြင့်တက်သွားစေ၏။



ဒါချင်းလင်ဆေးဖက်ဝင်ဝိုင်က လိပ်ခေါင်းတကယ်ကုနိုင်တယ်ဆိုတဲ့သဘောမလား?

ထိုအချိန်တွင် မရေမတွက်နိုင်သောလူများမှာ နောင်တရကြသည်။ အစကချင်းလင်စံအိမ်ကိုသွားချင်ခဲ့သော်လည်း လိုင်းပေါ်အဖြစ်အပျက်ကြောင့်...

အခုတော့ အရောက်သွားဖို့နောက်ကျသွားပြီ။

လိပ်ခေါင်းကုနိုင်မည့်အခွင့်အရေးကိုရှေ့ချထားပြီး သံသယရှိခဲ့၍ နောက်တစ်ကြိမ်ဖြစ်ခဲ့လျှင် နောင်တရကြတော့မည်။

အိမ်တစ်အိမ်၌_

ချွန်းချွန်းလည်း ကြက်သေသေနေသည်။

သူမယွမ် ၁၀၀၀၀၀ သုံးခဲ့သော်လည်း လုံးဝအရာမရောက်လိုက်။

အဲဒီသေနာကောင်ပါမောက္ခရန်လှည့်စားတာ ခံလိုက်ရပြီ။

ထို့ကြောင့် မွှန်ထူပြီးစိတ်ပေါက်ပေါက်နှင့် ဘေးနားမှခုံကိုကန်ပစ်လိုက်၏။

ထို့နောက် ရုတ်တရက်စာတစ်စောင်ရလိုက်သည်။ ထိုစာမှာ ရုံးတော်မှဖြစ်ကြောင်းသိလျှင် သူမအမူအရာပြောင်းလဲသွား၏။

''... ရုံးတော်လာရန် ပျက်ကွက်သည့်အတွက် ချင်းလင်စံအိမ်ကိုနာမည်ဖျက်သည့်ကိစ္စတွင် အမှုရှုံးသွားပြီဖြစ်ကြောင်း ယခုတရားဝင်အသိပေးပါသည်... တရားလို၏တောင်းဆိုချက်အရ ချင်းလင်စံအိမ်ကို ယွမ် ၅၀၀၀၀၀ ပေးလျော်ရမည်ဖြစ်သည်... အချိန်မီပေးချေခြင်းမရှိပါက ပြင်းပြင်းထန်ထန်အရေးယူရပါလိမ့်မည်''

ထိုစာကိုဖတ်ပြီးလျှင် ချွန်းချွန်း၏မျက်နှာမှာ ပိုရုပ်ဆိုးသွားသည်။

ချင်းလင်စံအိမ်ကို မုန်းရတဲ့အကြောင်းရင်းက ချုမျိုးရိုးရှေ့နေနှင့် သူမကိုတရားစွဲခဲ့ခြင်းကြောင့်ပင်။

''ယွမ် ၅၀၀၀၀၀! ယွမ် ၅၀၀၀၀၀!'' ချွန်းချွန်းက သူမလက်ကျန်ငွေကို ဖုန်းဖွင့်ကာစစ်ဆေးကြည့်လိုက်ပြီး သွေးပျက်ပျက်နှင့်ရေရွတ်လိုက်၏။

ငွေလေးနည်းနည်းအတွက်နဲ့ ချင်းလင်စံအိမ်ကိုအပုပ်ချမိခြင်းကြောင့် နောင်တရမိသည်။ သူမအကောင့်ကိုဆုံးရှုံးလိုက်ရသည့်အပြင် ယွမ် ၅၀၀၀၀၀ ပါအလျော်ပေးရဦးမည်။

သို့သော် သူမ၏ကတ်တချို့လက်ကျန်ငွေကိုတွက်ချက်ပြီးသောအခါ ပိုတောင်မှင်တက်သွားသည်။ သူမငွေကို ဘဏ်ပြန်သွင်းဖို့၊ ကြော်ငြာအတွက်လျော်ကြေးပေးဖို့ အသင်းမှဖယ်ထုတ်ပြီးဖြစ်၏။ အခုသူမမှာ စုစုပေါင်းယွမ် ၄၀၀၀၀၀ လောက်သာရှိတော့သည်။ ယွမ် ၅၀၀၀၀၀ ပြည့်ဖို့ ၁၀၀၀၀၀ လိုနေ၏။

ပိုဆိုးတာက အခုပဲယွမ် ၁၀၀၀၀၀ ကိုသုံးပစ်လိုက်ပြီ။

''ဘာကြောင့်ဒီလိုဖြစ်ရတာလဲ?''

အခုဖြစ်နေတဲ့ခံစားချက်ကို ဘယ်လိုပြောရမှန်းမသိတော့ချေ။



…

ချင်းလင်စံအိမ်က ပါမောက္ခရန်ဗီဒီယိိုကိုတင်ပြီးသည်နှင့် အခြေအနေကလုံးဝပြောင်းပြန်လှန်သွားသည်။ ချင်းလင်စံအိမ်သို့လာနေဆဲဖြစ်သော ခရီးသည်အတော်များများကိုလည်း မျှော်တလင့်လင့်ဖြစ်စေ၏။

ဝမ်ရန်က ကားတွေထဲမှတစ်စီးထဲတွင် ထိုင်နေသည်။ အချိန်မလုံလောက်၍ ဒီတစ်ကြိမ်တွင်ကားမမောင်းပေ။

သူ့လက်မောင်းကြားတွင် အလွန်ကိုယ်လုံးကိုယ်ပေါက်လှပြီး တည်တည်ငြိမ်ငြိမ်ဝတ်စားထားသော အလွန်မိန်းကလေးဆန်သည့် အမျိုးသမီးတစ်ဦးရှိသည်။

ဒါသူ့ကောင်မလေး စုကျွမ်။ သူ့အိမ်ထောင်ဘက်ဟုလည်းဆိုနိုင်သည်။ ဘာပဲဖြစ်ဖြစ် အပြန်ကျရင် လက်ထပ်စာချုပ်လက်မှတ်ထိုးမည်ဟု ကတိပေးထားပြီးပြီ။

သူ့အစ်ကိုကောင်းမှုကြောင့် သူ့လက်ထပ်မည့်သူလည်း ပြောင်းလဲသွားသည်။

သူအစ်ကိုတော်က ပျော်လို့ပါးလို့ဝပြီး လက်ထပ်ဖို့တည်တည်ငြိမ်ငြိမ်မိန်းကလေးကိုရှာခါမှ အဲဒီမိန်းကလေးရဲ့အတိတ်ကပိုဆိုးနေမယ်လို့ ဘယ်ထင်ထားမလဲ? ပိုဆိုးတာက ကလေးနှင့် အချင်းချင်းသံယောဇဉ်ဖြစ်သွားတာ အဆိုးဆုံးပင်။

သူတို့လိုလူဆိုးတွေက လူဆိုးတွေနဲ့ပဲလိုက်ဖက်ပုံရသည်။

သူ့လက်ထဲမှစုကျွမ်၏အပြစ်ကင်းပုံကိုကြည့်ရင်း နိုက်ကလပ်ထဲမှာ ဆေးဆိုးပန်းရိုက်မျက်နှာနှင့် ရဲရဲတင်းတင်းစည်းလွတ်ဝါးလွတ်နေသောမိန်းကလေးဟုတောင် အသိအမှတ်မပြုရဲ။

သို့သော် စုကျွမ်က ဝမ်ရန်ဘာတွေးနေလဲမသိ။ သူမဖုန်းကိုကိုင်ပြီး ချိုချိုသာသာပြောလိုက်သည်_ ''အစ်ကိုရန်... ပါမောက္ခရန်ကတောင်းပန်မယ်လို့ ကျွန်မမထင်ထားဘူး''

ဝမ်ရန်ကပြုံးပြီး_ ''ဒါမကောင်းဘူးလား? ပါမောက္ခရန်ဗီဒီယိုတင်ပြီး ချင်းလင်စံအိမ်ကိုအပြေးလာတဲ့သူနည်းသွားမှာပဲလေ ဟုတ်တယ်မလား? ဒါဆိုရင် ထပ်ပြီးယှဉ်ပြိုင်နေစရာမလိုတော့ဘူး... အကျိုးအမြတ်ပိုရဖို့ နည်းလမ်းတောင်စဉ်းစားလို့ရသေးတယ်''

''အမှန်ပဲ... အစ်ကိုရန်က ဉာဏ်ကောင်းလိုက်တာ'' စုကျွမ်က ချက်ချင်းညုတုတုအသံနှင့်ပြောလိုက်သည်။

မကြာမီ ကားကဂိတ်ရောက်လာသည်။ ကားထဲမှထွက်ပြီးနောက် စောစောကသူ့အတွေးတွေဘယ်လောက်မှားလဲ ဝမ်ရန်ချက်ချင်းသဘောပေါက်သွား၏။

စောင့်လမ်းတွင် အတန်းရှည်ကြီးနှစ်တန်းစီနေသည်။ တက္ကစီများနှင့် နေရာလွတ်မကျန်ပေ။

''မင်းလည်း ချင်းလင်စံအိမ်လာတာလား?''

''အင်း... မင်းတို့ကောင်တွေရောပေါ့!''

''ချင်းလင်စံအိမ်က ဘာလို့ဒီလောက်စီရင်စုသေးသေးလေးမှာရှိနေတာလဲ? တက္ကစီနဲ့တောင် အရမ်းကြာတယ်''

''ဟုတ်ပါ့... အဓိကက တက္ကစီတွေနည်းလွန်းတာပဲ... တစ်သုတ်ထွက်ဖို့ စောင့်လိုက်ရတာ''

“…”

အားလုံးက ချင်းလင်စံအိမ်လာသောခရီးသည်တွေချည်း။ သူတို့ကစကားဖောင်ဖွဲ့၍ စိတ်မရှည်ကြောင်းညည်းနေကြသည်။

စီရင်စုငယ်လေးရဲ့စောင့်လမ်းက ဒီလောက်ရှည်မယ်လို့ ဘယ်သူထင်မှာလဲ?

ဘာပဲဖြစ်ဖြစ် တက္ကစီမောင်းသူများက လုံးဝပျော်နေကြသည်။ ခရီးသည်များက ဝင်လာမစဲ တသဲသဲပင်။ ဂိတ်မှချင်းလင်စံအိမ်အထိ မိနစ် ၄၀ မောင်းရသည်။ ယာဉ်စီးခက ယွမ် ၇၀ မှ ၈၅ ယွမ်အထိရလေသည်။



All Chapters