ချမ်းသာရာလမ်း: ချင်းလင်စံအိမ်ဆိုင်းဘုတ်ခိုးခြင်း! ၁
Vol. 16 Ch. 235
''ဆိုင်းဘုတ်ပေါ်ကမ္ဗည်းထိုးထားတာ ဆရာချန်ဖုန်းဝူရဲ့လက်ရေးတဲ့... သူဘယ်သူလဲ သိတဲ့သူရှိလား?''
''ဆရာချန်ဖုန်းဝူလက်ရေးက အရမ်းကောင်းတာပဲ... ဒါယဉ်ကျေးမှုအနှစ်သာရကွ... ဆရာအစစ်... တခြားသူတွေလိုမဟုတ်ဘူး...''
''ငါရုတ်တရက်ကြီး ဆရာချန်ဖုန်းဝူကိုတောင်းဆိုနေမိသလိုပဲ''
''ဒီလိုအဆင့်ရှိတဲ့လက်ရေးမျိုးတောင်းဆိုခွင့် မင်းမှာမရှိလောက်ဘူး''
“…”
ပတ်ဝန်းကျင်မှတွတ်တွတ်တွတ်တွတ်ပြောနေသံများက ချန်ဖုန်းဝူကိုနည်းနည်းအရှက်ရစေသည်။
ထိုချီးကျူးသံများကို သူလက်မခံနိုင်သေး။
ဘာပဲဖြစ်ဖြစ် သူရီဝေဝေဖြစ်နေရင်တောင် ဒီလိုအဆင့်ရှိတဲ့လက်ရေးမျိုးရေးနိုင်မယ်လို့ အာမမခံနိုင်။
သို့သော် ချင်လင်မှာဘာဖြစ်နေလဲကောင်းကောင်းသိသည်။ စာလုံးများဒီလောက်အသက်ဝင်နေရသည့်အကြောင်းအရင်းမှာ စနစ်၏အရည်အသွေးကြောင့်တိုးတက်လာခြင်းဖြစ်သည်။
သူတို့ပစ္စည်းအကြောင်းသိသောခရီးသည်တချို့က အံ့သြစွာရေရွတ်လိုက်သည်:
''အာ... ဒီဆိုင်းဘုတ်က သစ်မွှေးနဲ့လုပ်ထားတာထင်တယ်!''

''သစ်မွှေး... ဒီလောက်အဝေးကနေ ပြောနိုင်လို့လား?''
''ငါသစ်မွှေးအကြောင်းလေ့လာဖူးတယ်... ကြည့်... ဆိုင်းဘုတ်ရဲ့ထောင့်နားမှာ အမှတ်အသားရှိတယ်''
''အဟုတ်ပဲ... သစ်မွှေးမှ ဒါမျိုးရှင်းရှင်းလင်းလင်းမျဉ်းကြောင်းတွေထွက်တာ''
“…”
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်မှာ ပိုပြီးအံ့သြသွားကြသည်။
သူတို့လည်း ဆိုင်းဘုတ်ထောင့်စွန်းက တစ္ဆေမျဉ်းကြောင်းများကိုမြင်သည်။
ချင်လင်မှာသစ်မွှေးအဆက်အသွယ်ရှိပြီး သူ့ရုံးခန်းထဲမှာခုံကြီးတစ်လုံးတောင်လုပ်ထားမှန်းသိသော်လည်း ချင်လင်က ဒီဆိုင်းဘုတ်ကိုပါ သစ်မွှေးနှင့်လုပ်ထားမည်ဟု မထင်မိပေ။
''ဒီတစ္ဆေမျက်နှာပေါ်က ကြည်လင်ပြတ်သားမှုနဲ့အပြီးသတ်ထားပုံ... ချင်လင် ဒီဆိုင်းဘုတ်က အတော်တန်ဖိုးရှိမှာပဲ ဟုတ်တယ်မလား?'' ချန်ရှန်းဖေက မစပ်စုဘဲမနေနိုင်တော့။
တစ္ဆေမျက်နှာပုံစံမှာ သစ်မွှေးအတွက် သဘာဝကပေးသော သဘာဝလက်ဆောင်ဖြစ်သည်။ သစ်မွှေး၏ပြိုင်ဘက်ကင်းသစ်ပုံစံတစ်မျိုးဖြစ်ပြီး သစ်သားတွင် တစ္ဆေမျက်နှာပုံပေါ်နေခြင်းဖြစ်၏။
ဤကဲ့သို့ဖြစ်လာခြင်းမှာ သစ်မွှေးပင်စည်အချင်းချင်းအပြိုင်အဆိုင်ဝါးမြိုခြင်းကြောင့်ပင်။
သစ်မွှေး၏ပင်စည်နှင့်အသားကိုက တစ္ဆေမျက်နှာပုံပေါ်မူတည်ပြီး ကြီးကြီးမားမားသက်ရောက်မှုရှိသည်။ တချို့အစွမ်းရှိသူများက သစ်မွှေး၏တစ္ဆေမျက်နှာပုံမှတဆင့် သက်တမ်းနှင့်တန်ဖိုးကိုလည်း ဆုံးဖြတ်နိုင်ကြ၏။
ထိုတစ္ဆေမျက်နှာပုံကြောင့်လည်း အရာရှိတွေက ဝယ်ယူသူတွေကိုသတိထားဖို့လိုကြောင်း သတိပေးကြသည်။
ယနေ့ခေတ်တွင် အမြတ်ကြီးစားစီးပွားရေးသမားများက တစ္ဆေပုံလိုက်တုပြီး သစ်မွှေးပုံသွင်းကြသည်။ သာမန်လူများမှာ ခွဲခြားမသိနိုင်ကြချေ။
ချင်လင်က ချန်ရှန်းဖေ၏မေးခွန်းကိုဖုံးကွယ်မထားဘဲ လိုလိုလားလားနှင့်_ ''ဒီဆိုင်းဘုတ်ချည်းသက်သက် ယွမ် ၅၀၀၀၀၀ တန်တယ်''
''ဒီဆိုင်းဘုတ်က ကတ်တီ ၂၀ လောက်အချိန်စီးတယ်... ဒီတော့ ဒီသစ်မွှေးက တစ်ကတ်တီယွမ် ၂၀၀၀၀ ကျော်ရှိတဲ့သဘောမလား...''
ဆိုင်းဘုတ်တစ်ခုလုပ်ဖို့ ထိပ်တန်းသစ်မွှေးကိုသုံးပစ်လိုက်တာလား? အဲဒါကို ရှေ့လျှောက် ဒီလိုနေအောက်လေအောက်မှာထားတော့မလို့လား?
ဒါသစ်မွှေးကြိုက်သူတစ်ဦးအတွက် လုံးဝစနိုးစနောင့်ဖြစ်ရသည်။
မာလဲ့ဝမ်က ရုတ်တရက်မေးလိုက်သည်_ ''ချင်လင်... မင်းရဲ့စံအိမ်ဝင်ပေါက်နှစ်ခုအတွက် ဆိုင်းဘုတ်နှစ်ခုလိုတာ... မဟုတ်မှလွဲရော နောက်တစ်ခုကလည်း...?''
ချင်လင်ခေါင်းညိမ့်လိုက်၏_ ''အင်း! နှစ်ခုလုံးတစ်ပုံစံတည်းပဲ''
မာလဲ့ဝမ်က မနေနိုင်တော့ဘဲ လောင်ချန်ကိုစောင်းငဲ့ကြည့်လိုက်သည်။

ဘယ်လောက်ဇွတ်တရွတ်နိုင်ပြီး အသုံးအဖြုန်းကြီးလိုက်လဲ။
''အရင်ခန်းမထဲ သွားထိုင်ရအောင်... အားလုံးအတွက်နေ့လယ်စာကို အရသာရှိတာတွေအများကြီးပြင်ဆင်ထားတယ်'' ချင်လင်လည်း ချန်ရှန်းဖေတို့ကိုဖိတ်လိုက်သည်။
လီရှင်းကပြုံးလိုက်ပြီး_ ''တကယ်တော့ ခင်ဗျားအများကြီးပြင်စရာမလိုပါဘူး... ခင်ဗျားကိုယ်တိုင် နည်းနည်းပါးပါးချက်လိုက်ရင်ရပြီ''
ထိုစကားကို တခြားသူများကပဲ့တင်ထပ်ကြသည်။
ချင်လင်ချက်ကျွေးသောငါးနှင့်ငါးရှဉ့်ကိုစားပြီးနောက် လုံးဝစွဲသွားကြ၏။
ချင်လင်က အရင်ခန်းမထဲခေါ်လာသောအခါ အထဲတွင်လူအများကြီးရောက်နေပြီဖြစ်သည်။
လင်းဖန်က ဦးလေးရွှေ့ကန်း၊ ဦးလေးတရှန်းနှင့်မိတ်ဆွေများကို ဧည့်ခံနေ၏။ ချန်ရှောက်ကလည်း သူမကိုကူညီပေးနေသည်။
စံအိမ်တွင် ရက်ကောင်းရက်မြတ်ဖြစ်ပြီး လင်းဖန်မှာ ဆွေမျိုးမိတ်ဆွေများဆုံရန်ဖိတ်ရသည့်အတွက် အလွန်ပျော်ရွှင်နေ၏။ တစ်ချိန်တည်းတွင် သူ့သားအတွက် ဂုဏ်ယူမိသည်။
ချန်ရှောက်လည်း ထပ်တူဂုဏ်ယူနေသည်။ သားမက်ဆိုသည်က သားတစ်ဝက်ပင်။ သူမက လင်းဖန်နောက်လိုက်ပြီး အားလုံးကိုကောင်းကောင်းမွန်မွန်ဧည့်ခံနေသည်။
တစ်ဖက်တွင် ဟူဖေး၊ ကျန်းရှစ်၊ လင်ဖုန်းနှင့် စီးပွားရေးတွဲဖက်လုပ်သူများလည်းရှိ၏။ ကောင်းယောင်ယောင်က သူတို့ကိုစားပွဲထိုးနှစ်ဦးနှင့်အတူဧည့်ခံနေသည်။
ချင်လင်ဝင်လာသောအခါ အားလုံးကဝိုင်းကြည့်လိုက်ကြ၏။ ဘာပဲဖြစ်ဖြစ် ဒီနေ့သူက အဓိကဇာတ်လိုက်လေ။
အထူးသဖြင့် ကျန်းရှစ်၊ လင်ဖုန်းတို့ပင်။ သူတို့ကချက်ချင်း ချင်လင်ကိုကြည့်လိုက်ကြသည်။
စံအိမ်က လက်ရှိသူတို့အတွက် အဓိကအဆက်အသွယ်ဖြစ်နေသည်။ ဥက္ကဌချင်က ချမ်းသာခြင်းနတ်ဘုရားဖြစ်၍ သူတို့ကာကွယ်ရမည်။
''သူဌေးချင်... ဂုဏ်ယူပါတယ်!'' ချန်လီက သူ့အတွင်းရေးမှူးကျုံးလဲ့ကိုခေါ်လာပြီး သူ့ကိုစိတ်ရင်းနှင့်ဂုဏ်ပြုလိုက်သည်။
ချင်းလင်စံအိမ်ကို သူ့အာရုံစိုက်မှုအောက်တွင် တစ်ဆင့်ချင်းဆောက်လာခဲ့ခြင်းဖြစ်၏။ ကြီးကြပ်သူ ဦးဆောင်သူတစ်ဦးအနေနှင့် ပြီးမြောက်အောင်မြင်မှုကို သူခံစားရသည်။
စံအိမ်ဖွံ့ဖြိုးလာခြင်းက သူနှင့်သိပ်မဆိုင်သော်လည်း ဒီစံအိမ်အတွက်ပြေးလွှားခဲ့ရသည်ကမနည်း။
ချင်လင်ကအပြုံးနှင့်_ ''အကြီးအကဲချန်... နေ့လယ်စာကောင်းကောင်းဧည့်ခံပါရစေ''
ချန်လီကပြုံးလိုက်ပြီး_ ''သူဌေးချင် နောက်တစ်ခေါက်မှပေါ့... ဒီနေ့မင်းနဲ့ဆွေးနွေးစရာရှိတယ်...ပြီးရင် စွန်းရှန်ကိုအစီရင်ခံစရာရှိသေးတယ်''
''အကြီးအကဲချန်... ထိုင်ပြီးပြောကြတာပေါ့'' ချင်လင်လည်း ချန်လီကို ထောင့်နားရှိတိတ်ဆိတ်သောစားပွဲဆီဖိတ်လိုက်သည်။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့အားလုံးလည်း ချန်လီဘယ်သူမှန်းသိထားကြ၏။ ထိုမြင်ကွင်းကြောင့် သူတို့လည်းနေရာရှာထိုင်လိုက်သည်။
ချင်လင်က ချန်လီကိုထိုင်ဖို့ဖိတ်ပြီးနောက်_ ''အကြီးအကဲချန်... ဘာအကြောင်းဆွေးနွေးချင်တာလဲ?''
အကြီးအကဲချန်က ရှင်းပြလိုက်သည်_ ''သူဌေးချင်... စီရင်စုက အစားအသောက်တန်းလမ်းလုပ်ပြီးတော့ အဲဒီလမ်းမှာ ရုံချန်းစီရင်စုရဲ့အထူးထုတ်ကုန်တွေစုစည်းထားဖို့ စီစဉ်နေတယ်... ဒီလိုနဲ့ ခရီးသည်တွေကို ပိုကောင်းတဲ့လျှောက်ကြည့်စရာအတွေ့အကြုံပေးနိုင်မယ်... စီရင်စုစီးပွားရေးလည်း ပိုအကျိုးရှိလာမယ်... အစားအသောက်တန်းလမ်းကို မြို့ပြင်ထွက်တဲ့လမ်းဟောင်းပေါ်မှာလုပ်မယ်''
''ဒါကောင်းတဲ့ကိစ္စပဲ'' ချင်လင်က ရုံချန်းစီရင်စုတွင် အသားလုံး၊ ရေခဲကိတ်၊ ဘဲမဲ၊ တို့ဟူးနှပ်၊ ပြည်ကြီးငါးမှုန့်၊ ဝမ်ဖုန်းဘဲဟင်း၊ ပေါက်စီ၊ ခေါက်ဆွဲရှည်၊ အူကိုးခွေ၊ ရေချိုငါးမှုန့်၊ အိုးပေါင်မုန့်စသည့် စားကောင်းသောက်ဖွယ်တွေအများကြီးရှိသေးကြောင်း သူသိသည်။