ချမ်းသာရာလမ်း: ချင်းလင်စံအိမ်ဆိုင်းဘုတ်ခိုးခြင်း! ၂
Vol. 16 Ch. 236
အားလုံးက ရုံချန်းစီရင်စုအထူးထွက်ကုန်များဖြစ်သည်။ ဆိုင်ဟောင်းအတော်များများတွင် ထိပ်တန်းအရသာရှိ၏။ ဖြစ်ချင်တော့ ဆိုင်တွေအားလုံးက ရုံချန်းစီရင်စုအနှံ့အပြားတွင်ပြန့်ကျဲနေသည်။ ထိုစားကောင်းသောက်ဖွယ်တွေအားလုံးကို တစ်စုတစည်းတည်းစုစည်းပြီး အစားအသောက်တန်းလမ်းလုပ်နိုင်မည်ဆိုပါက သေချာပေါက်ဒေသထွက်ကုန်လမ်းကြီးဖြစ်သွားပေမည်။ ခရီးသည်များကိုဆွဲဆောင်နိုင်ရုံသာမက သူတို့ရုံချန်းစီရင်စုအစားအသောက်ယဉ်ကျေးမှုကိုလည်းကြော်ငြာနိုင်မည်။
ချန်လီက နည်းနည်းအားတုံ့အားနာပုံနှင့်_ ''စီရင်စုက ချင်းလင်စံအိမ်ကိုအကူအညီတောင်းချင်ပါတယ်... အချိန်တန်ရင် အစားအသောက်လမ်းအတွက်ဆိုင်းဘုတ်ကို တောင်တန်းစံအိမ်ဝင်ပေါက်မှာထောင်ချင်တယ်... တစ်ချိန်တည်းမှာပဲ ချင်းလင်တောင်ရဲ့ကြော်ငြာဘုတ်နဲ့ကြေညာဘုတ်ကိုလည်း အစားအသောက်လမ်းပိုင်းမှာပါဝင်ပေးဖို့ တောင်းဆိုလို့ရမလား? စီရင်စုက သင့်တင့်တဲ့ကြော်ငြာခပေးမှာပါ''
ဘာပဲဖြစ်ဖြစ် အစားအသောက်လမ်းက ချင်းလင်စံအိမ်ကိုအခြေခံထားတာ။
ဒီကိစ္စက ချင်းလင်စံအိမ်ရဲ့ပူးပေါင်းပါဝင်မှုကို လုံးဝလိုအပ်နေသည်။
''အကြီးအကဲချန်... ဒါကောင်းတဲ့ကိစ္စပဲ... ကျွန်တော်တို့စံအိမ်က စီရင်စုနဲ့ပူးပေါင်းမှာပါ'' ချင်လင်က အဆင်သင့်သဘောတူလိုက်သည်။ ဒါရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပဲ။
ငယ်ငယ်လေးကတည်းက ရုံချန်းစီရင်စုတွင်နေထိုင်ခဲ့သူဖြစ်သဖြင့် သူ့မွေးရပ်မြေတွင် စားကောင်းသောက်ဖွယ်အများကြီးရှိကြောင်း သူသိသည်။ မဟုတ်ရင် အရင်ကဓာတ်ပုံရိုက်ဖို့ ရုံချန်းစီရင်စုကို အထူးရွေးချယ်ခဲ့မှာမဟုတ်ပေ။
အစားအသောက်လမ်းကို ကောင်းကောင်းကြော်ငြာပြီးလျှင် သေချာပေါက်ဆွဲဆောင်ရှိသောနေရာဖြစ်လာမည်။ ဘာပဲဖြစ်ဖြစ် အစားတလိုင်းတွေက အများကြီး။ နောင်မှာ အစားအသောက်လမ်းကြောင့် ချင်းလင်စံအိမ်ကိုလာသောခရီးသည်များရှိလာနိုင်သည်။
အစားအသောက်တန်းက စံအိမ်ရဲ့စားသောက်ဆိုင်လုပ်ငန်းကို ထိခိုက်မှာလား? ဒါတော့ မဖြစ်နိုင်။
လက်ရှိစံအိမ်တွင် ခရီးသည်ဦးရေ တစ်နေ့ ၃၀၀၀ ကျော်သည်။ စံအိမ်စားသောက်ဆိုင်နဲ့ဘူဖေးအသားကင်မှာ လူဦးရေဘယ်လောက်များများလက်ခံနိုင်မှာလဲ?
တခြားခရီးသည်တွေက စီရင်စုထဲသွားပြီး စားကြသောက်ကြမှာပင်။ စီရင်စုက စီရင်စုနှင့်စံအိမ်အတွက် ဘတ်စ်ကားလမ်းကြောင်းသီးသန့်ဖွင့်ပေးထားသဖြင့် အဆင်ပြေသည်။ မိနစ် ၂၀ ခြားတစ်စီးရှိသည်။

နောင်မှာ ပန်းပင်လယ်အကျယ်နှင့်မွေးမြူရေးခြံဆောက်ပြီးလျှင် ခရီးသည်အရေအတွက်တိုးလာဦးမည်။ အစားအသောက်လမ်းမပြောနှင့် နောက်ထပ်ထပ်တိုးဦးတော့ စံအိမ်စားသောက်ဆိုင်နှင့်ဘူဖေးအသားကင်မှာ လူပြည့်လျှံနေဦးမည်။
ချင်လင်၏အဖြေကိုရသည်နှင့် ချန်လီမှာ အလွန်ဝမ်းသာသွားသည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ရုံချန်းစီရင်စုမှာ သူဌေးချင်လိုလူမျိုးရှိတာ အလွန်ကံကောင်းသည်။ သူက ရုံချန်းစီရင်စုဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍအမျိုးမျိုးမှမြှင့်တင်ခဲ့ပြီးဖြစ်လေသည်။
အခုတော့ သဲမြို့တော်နှင့်ထျန်းမြို့တော်ဦးဆောင်သူများက ရုံချန်းစီရင်စုကို နည်းနည်းမနာလိုဖြစ်နေကြပြီ။
ချင်လင်နှင့်ခဏစကားပြောပြီးနောက် ချန်လီက စီရင်စုကိုပြန်ပြီးအစီရင်ခံဖို့လောနေသည်။
ထိုအချိန်တွင် စားဖိုဆောင်မှစပြီးတည်ခင်းနေပြီဖြစ်သည်။
ချင်လင်ကမတ်တပ်ရပ်ကာ စံအိမ်နှင့်လက်တွဲလုပ်ကိုင်နေသူများဖြစ်သော ဟူဖေး၊ ကျန်းရှစ်၊ လင်စုန့်၊ ဝမ်ဝေတို့ဆီ လျှောက်သွားလိုက်၏။
သူတို့နှုတ်ဆက်ရပေမည်။
ချင်လင်ရောက်လာသည်ကိုမြင်လျှင် လင်စုန့်၊ ကျန်းရှစ်တို့က ချက်ချင်းမတ်တပ်ရပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်ကြသည်။
“ဥက္ကဌချင်…”
“ရောက်လာပြီလား ဥက္ကဌချင်…”
“…”
အားလုံးက လေးလေးစားစားရှိပုံရသည်။
ချင်လင်၏လက်ရှိချမ်းသာမှုနှင့်ဂုဏ်ပုဒ်အရ ပူးပေါင်းလုပ်ကိုင်နေသည့်ဆက်ဆံရေးမျိုးမရှိရင်တောင် ချင်လင်ကိုရိုရိုသေသေနှုတ်ဆက်ဦးမည်။ အခုချင်လင်က သူတို့ရဲ့ချမ်းသာခြင်းနတ်ဘုရားဖြစ်နေတော့ ပြောစရာမရှိတော့။
ချင်လင်ကပြုံးပြီး ဝိုင်တစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် ထိုလူများအား_ ''အားလုံးပဲ... ဘယ်လိုသောက်ရတယ်ဆိုတာ ကျွန်တော်တကယ်မသိပါဘူး... အားလုံးနဲ့တစ်ခွက်သောက်ပြီး အားလုံးပျော်ခွင့်ပေးမယ်''
''သဘောကျလုပ်ပါ ဥက္ကဌချင်!''
''ဟုတ်တယ် ဥက္ကဌချင်... စိတ်ရှိသလိုလုပ်ပါ...''
“…”

လင်ဖုန်း၊ ကျန်းရှစ်တို့က ထပ်ပြောလိုက်ကြသည်။
ဒါကစီးပွားရေးလောကမှာ လုံးဝအကျိုးအမြတ်ရခြင်း၏အကျိုးပင်။ သူမသောက်ချင်ရင် သူတို့ကြားမှာသာ သောက်ကြလိမ့်မည်။
သူ့အားနည်းချက်ကြောင့် မသောက်ခဲ့ရင် တစ်ဖက်လူက ဒီလိုပြောလိမ့်မည်_ ''မင်းကငါ့ကိုမျက်နှာသာမပေးတာလား? ဒါတောင်ပူးပေါင်းလုပ်ချင်သေးတယ်ပေါ့?'' ထို့နောက် သူတတ်နိုင်သမျှ မပြည့်မချင်းသောက်နေရလိမ့်မည်။
ချင်လင်က သူတို့နှင့်တစ်ခွက်သောက်ပြီးနောက် တခြားဘက်သို့လျှောက်သွားလိုက်သည်။
''ရှောင်လင် ဒီမှာထိုင်!'' လင်းဖန်က ချင်လင်ရောက်လာသည်ကိုမြင်လျှင် မြန်မြန်ခေါ်ပြီး သူ့အတွက်တစ်နေရာစာပေးလိုက်၏။
ချင်လင်ကထိုင်ပြီး သူ့မိတ်ဆွေမိသားစုများကို နှုတ်ဆက်လိုက်သည်။
ကျောက်မိုယွင်က ရုတ်တရက်မေးလိုက်သည်_ ''ချင်လင်... အဲဒါ စီရင်စုခရီးသွားဌာနက အကြီးအကဲချန်မလား?''
ချင်လင်က သူ့ယောက်ဖ၏စကားကိုကြားလျှင် ချက်ချင်းခေါင်းညိမ့်ပြီး_ ''ဟုတ်တယ်!''
ကျောက်မိုယွင်က_ ''ငါဦးလေးဆီကကြားတာ... သူရာထူးတိုးတော့မယ်တဲ့... စီရင်စုလက်ထောက်တာဝန်ခံတဲ့''
ထိုစကားများက ချင်အာ့ကန်း၊ ချင်တလင်တို့၏အာရုံကို ဆွဲဆောင်သွားသည်။ သူတို့လိုသာမန်လူတွေအတွက် ဒိလိုအရာရှိမျိုးက လုံးဝအရေးပါအရာရောက်သူပင်။
သို့သော် ချင်လင်နှင့်စကားပြောနေသူက အလွန်ယဉ်ကျေးမှန်း ဘယ်သူမဆိုသိကြသည်။
လင်ဇီက သူတို့ထင်ထားတာထက်ပိုပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ပုံပဲ။
ချန်လီရာထူးတိုးမည်ဟု ချင်လင်မထင်ထားမိ။ သူကခဏတွေးကြည့်လိုက်ပြီး ချင်တလင်အား_ ''ဦးလေးတလင်... ခင်ဗျားအစာပြေမုန့်ဆိုင်ပိုင်တာပဲ(အခန်း ၂၆)... အခုအစာပြေမုန့်လုပ်ငန်းကဘယ်လိုလဲ?''
ချင်တလင်ကပြုံးပြီး ရှင်းပြလိုက်သည်_ ''လုပ်ငန်းက အဆင်ပြေပါတယ်... အခုရုံချန်းစီရင်စုမှာ လူတွေပိုများလာပြီး ချင်းလင်စံအိမ်လာတဲ့ခရီးသည်တွေက ငါ့ဆိုင်ရောက်လာကြတာ''
ချင်လင်က ခေါင်းညိမ့်ပြီး_ ''ဦးလေးတလင်... စီရင်စုက မြို့ပြင်ထွက်တဲ့လမ်းဟောင်းပေါ်မှာ အစားအသောက်တန်းလုပ်ချင်နေတယ်... အဲဒီအချိန်ကျရင် လမ်းကြောင်းက သေချာပေါက်အဲဒီမှာစုမှာ''
စီရင်စုက ဒီအစားအသောက်လမ်းကိုတည်ပြီးရင် တောင်တန်းစံအိမ်မှာမစားနိုင်တဲ့ခရီးသည်တွေက အရင်ဆုံးအဲဒီကိုရောက်မှာသေချာသည်။
ထိုနေရာရှိစီးပွားရေးက ရုံချန်းစီရင်စု၏ကျန်နေရာအားလုံးကိုကျော်တက်သွားလိမ့်မည်။ ဒီနေရာဘယ်လောက်နာမည်ကြီးလာမလဲ တွေးကြည့်နိုင်သည်။
ဦးလေးတလင်က အစာပြေမုန့်ဆိုင်လုပ်တာဆိုတော့ ဒီသတင်းကိုပေးဖို့ချန်လှပ်မထား။ ဘာပဲဖြစ်ဖြစ် မျက်နှာသာပေးခြင်းက တစ်သက်စာကျေးဇူးကြွေးပင်။ ဘယ်လိုလုပ်မည်ဆိုတာကတော့ ဦးလေးတလင်အပေါ်သာမူတည်သည်။
ချင်တလင်က ထိုစကားကြားလျှင် အံ့သြသွား၏။ ထို့နောက် ဒီသတင်း၏အရေးကြီးပုံကိုသဘောပေါက်ပြီး ချက်ချင်းပြောလိုက်သည်_ ''လင်ဇီ လာကွာ... မင်းကိုဂုဏ်ပြုပါရစေ''
အစားအသောက်တန်းဖွင့်ပြီးတာနဲ့ အဲဒီမှာဆိုင်ဖွင့်လိုက်ရင် သေချာပေါက်ဝင်ငွေကောင်းမည်။ သူလက်ဦးမှုယူပြီး အိမ်နီးချင်းဟောင်းများထဲတွင် နေရာကောင်းရှာဖို့အခွင့်အရေးရှိသည်။
သူ့မှာ ငွေလုံလုံလောက်လောက်မရှိတာတစ်ခုပင်။ သူ့စတိုးဆိုင်ကိုပိတ်ပြီး အပြင်ထွက်ရမည်။ မူလစတိုးဆိုင်ကပြင်ဆင်ထားတာမကြာသေး၍ နှမြောစရာ။ သို့သော် အစားအသောက်တန်းပြီးသွားရင်ဖြစ်လာမည့်စီးပွားနှင့်ယှဉ်ကြည့်လျှင် ဒီဆုံးရှုံးမှုက ပြောပလောက်စရာမရှိပေ။
သူဘယ်တုန်းကမှ ချင်လင်ဆီက ငွေချေးဖို့မစဉ်းစားဖူး။ ဘာပဲဖြစ်ဖြစ် ဒီသတင်းရတာနဲ့တင် လုံလောက်ပြီ။ လမ်းဆုံးရောက်နေတာ ဒါမှမဟုတ် ကယ်မယ့်သူစောင့်နေရတာမျိုးမဟုတ်ရင် ပိုက်ဆံထပ်ချေးခြင်းက အရမ်းလွန်သည်။