← Chapters

ချမ်းသာရာလမ်း: ချင်းလင်စံအိမ်ဆိုင်းဘုတ်ခိုးခြင်း! ၃

Vol. 16 Ch. 237

ချမ်းသာရာလမ်း: ချင်းလင်စံအိမ်ဆိုင်းဘုတ်ခိုးခြင်း! ၃

Vol. 16 Ch. 237

ချင်ရွှေ့ကန်းက သတိပေးလိုက်သည်_ ''တလင်... စီရင်စုက ဒီအစားအသောက်လမ်းကိုလုပ်ချင်တာ... သတင်းကြိုမဖြန့်နဲ့ဦး... လင်ဇီနဲ့စီရင်စုကို ပြဿနာဖြစ်မှာစိုးတယ်''

ချင်တလင်က အလျင်စလိုနှင့်_ ''ကျုပ်သိပါတယ်... ကျုပ်မအပါဘူး''

မကြာမီ ဟင်းပွဲများတစ်ပွဲပြီးတစ်ပွဲတည်ခင်းလာသည်။ စံအိမ်တွင် နေ့လယ်စာစားချိန်ကျပြီ။

စားသောက်ဆိုင်နှင့်ဘူဖေးအကင်နေရာတွင် ပျားပန်းခတ်လှုပ်ရှားနေကြ၏။ ထိုင်ခုံနေရာမရသောခရီးသည်များမှာ ဘတ်စ်ကားစီးပြီး စီရင်စုထဲသွားစားကြရသည်။

အသက်အဝင်ဆုံးနေရာမှာ အကျိုးအမြတ်ပေးရန်သီးသန့်သုံးသော တံခါးပေါက်ပင်။ ဝမ်ရန်ရောက်သောအခါ တံခါးပေါက်ရှေ့တွင် အတန်းအရှည်ကြီးရှိနေပြီ။ သူတို့အားလုံးက အကျိုးအမြတ်ရရန် ယွမ် ၂၀၀ ဖိုးသုံးထားကြသည်။

သူအရင်အကျိုးအမြတ်ယူပြီး နောက်မှ စုကျွမ်ကိုငွေရှင်းခိုင်းကာ ထပ်ယူမည်ဟုတွေးထားခဲ့၏။ ကြည့်ရတာသူအတွေးလွန်သွားပုံရသည်။ တခြားသူတွေက အရူးမဟုတ်။

ဝမ်ရန်အလှည့်ရောက်သောအခါ သူ့မှတ်ပုံတင်ကတ်နှင့် ချက်ချင်းရှေ့တိုးလိုက်သည်။



ဒီနေ့စံအိမ်ရဲ့ငွေပေးချေမှုကို မှတ်ပုံတင်ကတ်အချက်အလက်နှင့်တိုက်ပြီး အကျိုးအမြတ်ကို လည်း မှတ်ပုံတင်ကတ်နှင့်ယူနိုင်သည်။ ဘယ်သူမှ ထပ်ခါထပ်ခါယူလို့မရ။

နောက်ဆုံး_

လိပ်ခေါင်းအတွက်ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းကို သူရလိုက်သည်။

အင်း... သူလည်းလိပ်ခေါင်းရှိသူပဲ။

သူဆေးရုံသွားခဲ့ဖူးသည်။ ဆရာဝန်က သူ့ကိုပုံမမှန်လိင်ဆက်ဆံခြင်းကြောင့်လည်း ဖြစ်နိုင်သည်တဲ့။ သူ့ကိုယ်သူထိန်းထိန်းသိမ်းသိမ်းနေရမည်တဲ့။

ဒါပေမဲ့ သူလိုမကြာခဏနိုက်ကလပ်တက်တဲ့သူက ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူထိန်းသိမ်းနိုင်မှာလဲ? ဒါကြောင့် သူဘယ်တုန်းကမှကုသမှုမခံယူခဲ့။

ချင်းလင်စံအိမ်ရဲ့ကျောက်ကပ်အားဖြစ်ပြီး ခန္ဓာကိုယ်ခွန်အားရှိစေတဲ့ဆေးဖက်ဝင်ဝိုင်က ဘယ်လောက်အာနိသင်ရှိလဲ သူသိသည်။ ထို့ကြောင့် ဤလိပ်ခေါင်းသက်သာစေသောဆေးဖက်ဝင်ဝိုင်ကို မျှော်လင့်စောင့်စားနေခြင်းပင်။

သူ့အကျိုးအမြတ်ရပြီးနောက် ဘူဖေးအသားကင်နေရာဆီ ဦးတည်သွားလိုက်သည်။ ဒီနေ့စုကျွမ်နှင့် အသားကင်နေရာငှားထား၏။ အသားဘယ်လိုကင်ရမှန်း သူမသိသော်လည်း စုကျွမ်က သူမလက်ရာကိုမြည်းစေချင်သည်ဟုဆိုသည်။

အသားကင်နေရာရှာတွေ့လျှင် အသားကင်စက်ရှေ့၌အလုပ်များနေသောစုကျွမ်ကို ဝမ်ရန်ကကြည့်လိုက်သည်။ အသားကင်ပန်းကန်ကို သူမဘေးရှိစားပွဲပေါ်တွင်တင်ထားပြီဖြစ်သည်။ ကြည့်ရတာ အလွန်အရသာရှိမယ့်ပုံ။

ဒီအမျိုးသမီးက ဒါမျိုးလုပ်တတ်လား?

တခဏတော့ ပေါ့ပေါ့ပါးပါးမိတ်ကပ်နှင့် မိန်းကလေးဆန်ဆန်ဝတ်စားထားသောသူမကို ကြည့်နေမိသည်။ သူ့​အတွေးထဲနစ်မျောသွားပြီး တက္ကသိုလ်တုန်းကအချစ်ဦးကိုမြင်ယောင်သွားသည်။

ထို့​ကြောင့် သူ့ခေါင်းကိုချက်ချင်းခါပစ်လိုက်၏။ သူသာ စုကျွမ်ကိုနိုက်ကလပ်မှာသိခဲ့မှန်း၊ သူမကသူ့ကိုတစ်ညလုံးကောင်းကောင်းပြုစုခဲ့မှန်းမသေချာရင် သူအမှားလုပ်မိသည်ဟုထင်မိမည်။

''အစ်ကိုရန်... ဘာတွေကြည့်နေတာလဲ?'' စုကျွမ်က သူ့အကြည့်ကိုသတိထားမိသွား၏။

''မင်းကိုကြည့်နေတာလေ... အလှလေး'' ဝမ်ရန်ကပြုံးပြီး တုံးတိတိပြောချလိုက်သည်_ ''ရုတ်တရက် မင်းကငါ့အကြိုက်ပုံစံဖြစ်လာမှန်းတွေးမိလို့... မင်းကိုကြွေနေပြီထင်တယ်''

သူ့အကြိုက်ပုံစံက သူ့အချစ်ဦးပါ။

ဖြစ်ချင်တော့...



စုကျွမ်က ဝမ်ရန်၏စကားကြောင့် ရင်ထဲထိသွားပြီး_ ''အစ်ကိုရန်... ရှင်ကကျွန်မကိုဆွဲဆောင်ဖို့ပဲသိတယ်... လာ ကျွန်မလက်ရာမြည်းကြည့်''

ဝမ်ရန်ကခေါင်းညိမ့်ပြီး ထိုင်လိုက်သည်။ သူကကြက်တောင်ပံကင်ကိုယူပြီး စားကြည့်လိုက်၏။ အရသာတကယ်ကောင်းမှန်း သူသိသွားသည်။

ထို့နောက် သူရလာသောဆေးဖက်ဝင်ဝိုင်ကိုထုတ်ပြီး ခွက်သေးနှင့်တစ်ခွက်ငှဲ့လိုက်၏။

စုကျွမ်ကမေးလိုက်သည်_ ''အစ်ကိုရန်... ဒါလိပ်ခေါင်းအတွက် ဆေးဖက်ဝင်ဝိုင်လား?''

“အင်း!” ဝမ်ရန်ခေါင်းညိမ့်လိုက်၏။

''အစ်ကိုရန်... ကျွန်မလည်း တစ်ခွက်သောက်မယ်'' စုကျွမ်က ရှက်ရမ်းရမ်းနှင့်ချက်ချင်းပြောလိုက်သည်။ သူမမှာလည်း လိပ်ခေါင်းရှိသည်။

ဝမ်ရန်က သဘောပေါက်၍ သူမကိုလည်း တစ်ခွက်ပေးလိုက်၏။

သူတို့ခွက်ချင်းတိုက်ပြီး အသားကင်ကိုပလုတ်ပလောင်းစားကြသည်။ သို့သော် စားရင်းစားရင်း ရုတ်တရက်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။

အကြောင်းမှာ ဆေးဖက်ဝင်ဝိုင်က မြန်မြန်ဆန်ဆန်အာနိသင်ပြလာသောကြောင့်ပင်။

''အာ!'' စုကျွမ်က စိတ်လျှော့ပြီး ဆွဲဆောင်မှုရှိသောအသံပြုလိုက်ပြီးမှ မျက်နှာနီရဲသွားကာ_ ''ရှင်ရောခံစားမိလား အစ်ကိုရန်?''

''အင်း!'' ဝမ်ရန်က အံ့သြပြီးခေါင်းညိမ့်လိုက်သည်။

ဒီဆေးဖက်ဝင်ဝိုင်ကိုမျှော်လင့်နေခဲ့တာဆိုသော်လည်း ဒီလောက်အာနိသင်ရှိပြီး ဒီလောက်မြန်မည်ဟုမထင်မိပေ။

ဒါလုံးဝပစ္စည်းကောင်း။ လိပ်ခေါင်းလူနာတွေအတွက် ဆုလာဘ်ပဲ။ ဒါကြောင့် ဗီဒီယိုထဲမှာ ပါမောက္ခရန်က ဝိုင်ထဲတချို့သိပ္ပံဆိုင်ရာပြောင်းလဲမှုဓာတ်ပစ္စည်းတွေပါနေတယ်လို့ပြောတာကိုး။

ထိုအကြောင်းတွေးမိပြီး သူ့ဖုန်းထုတ်ကာ အသံတချို့ဖွင့်လိုက်သည်။ သူက 'လူခုတ်ဓား'ဟူသောအကောင့်ထဲဝင်လိုက်၏။ စံအိမ်၏အမာခံပရိသတ်တစ်ဦးအနေနှင့် ဒီအကြောင်းသက်သေပြဖို့ဗီဒီယိုတစ်ပုဒ်တင်ချင်သည်။

သို့သော် ရေပန်းစားစာရင်းထဲဝင်လိုက်သောအခါ ဒီအကြောင်းသက်သေပြဖို့ဗီဒီယိုတင်စရာမလိုတော့ကြောင်းသဘောပေါက်သွား၏။

အကြောင်းမှာ ရေပန်းစားစာရင်းထဲတွင် ချင်းလင်စံအိမ်အကြောင်း နာမည်ကြီးဗီဒီယိုနှစ်ပုဒ်ရှိနေသောကြောင့်ပင်။ တစ်ခုမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းဖြစ်သည်။

အတွေ့အကြုံရှိသူခရီးသည်များက ချက်ချင်းဗီဒီယိုတင်ထားပြီးဖြစ်၏။

ပါမောက္ခရန်နှင့်ချင်းလင်စံအိမ်ဖြစ်ရပ်ကြောင့် ဤလိပ်ခေါင်းဆေးဖက်ဝင်ဝိုင်မှာ အလွန်အာရုံစိုက်ခံနေရသည်။ ဗီဒီယိုတချို့မှာ ချက်ချင်းပေါက်သွား၏။

သို့သော် ဝမ်ရန်ကိုအမှန်တကယ်စိတ်ဝင်စားစေသည်က ထိုရေပန်းစားခေါင်းစဉ်မဟုတ်။ ဆေးဖက်ဝင်ဝိုင်ထက်ပိုပြီးနာမည်ကျော်သော နောက်ထပ်ရေပန်းစားခေါင်းစဉ်ဖြစ်သည်:

''ချမ်းသာစေမယ့်နည်းလမ်းတိုးပြီ... ချင်းလင်စံအိမ်ဆိုင်းဘုတ်ခိုးသွားပြီ!''



All Chapters