← Chapters

ဂိမ်းရဲ့လုပ်ငန်းအသစ်: တီဗွီ အွန်လိုင်း! ၃

Vol. 16 Ch. 240

ဂိမ်းရဲ့လုပ်ငန်းအသစ်: တီဗွီ အွန်လိုင်း! ၃

Vol. 16 Ch. 240

''လူတော်ပဲ'' ဝမ်ရန်ကပြုံးပြီး ချီးကျူးလိုက်သည်။ ထို့နောက် သူကမေးလိုက်၏_ ''ဒါနဲ့... ငါ့ကို Wechat မှာ add လိုက်... နောက်အားရင် အချင်းချင်းဆက်သွယ်ကြတာပေါ့''

ဝမ်ကူကခေါင်းညိမ့်၍ ဝမ်ရန်ကို Wechat တွင် add လိုက်ပြီး သူ့သတို့သမီးခန်းထဲဝင်သွားသည်။

တံခါးပိတ်ပြီးနောက် သူယူလာသောနံ့သာမှုန့်ကိုထုတ်လိုက်၏။ သတို့သမီးခန်းထဲတွင် နံ့သာထွန်းသည့်ပန်းကန်ပြားထည့်ထားပေးသည်။ စံအိမ်က ပြင်ဆင်ပေးထားခြင်းပင်။

သူကနံ့သာဖြူနံ့သာထွန်းလိုက်ပြီးမှ သူ့မှတ်စုစာအုပ်ထုတ်ကာ စာစရေးတော့သည်။ ဒီနေ့ရေးရမည့်အခန်းမပြီးသေး။

သို့သော် စာလုံးလေးငါးရာတောင်မပြည့်သေးခင် အိပ်ချင်ငိုက်မြည်းလာသည်။ အမှန်ပင် သမ်းဝေလာသဖြင့် သူ့အံ့သြသွား၏။

ညပိုင်းဒီလိုအိပ်ချင်တာမျိုးမဖြစ်တာ အရမ်းကြာခဲ့ပြီ။ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်တော့မလိုပင်။

ဒီနံ့သာဖြူက တကယ်အလုပ်ဖြစ်တာပဲ။ ပြီးတော့ ဆေးဆိုင်တွေမှာရောင်းတဲ့အိပ်ဆေးတွေထက်တောင် ပိုအာနိသင်ရှိသေးတယ်။

ဝမ်ကူက ဒီလိုအိပ်ချင်တာမျိုး အလွန်တောင့်တနေခဲ့သည်။ သူကစိတ်ပိုင်းဖြတ်ပြီး မှတ်စုစာအုပ်ပိတ်ပစ်လိုက်၏။ သူ့စာဖတ်သူတွေကို ဒီနေ့စိတ်ညစ်စေရုံသာရှိတော့သည်။

မျက်နှာချင်းဆိုင်သတို့သမီးခန်းထဲတွင် စုကျွမ်လည်း ရေချိုးပြီးထွက်လာသည်။ သူမက အထူးပြင်ဆင်ထားသော ဆွဲဆောင်မှုရှိသည့်ညအိပ်ဝတ်ရုံကို ဝတ်လိုက်၏။အစ်ကိုရန်သာ ဒီညအိပ်ဝတ်ရုံကိုမြင်ရင် သူမကိုခုန်အုပ်မှာသေချာသည်။

သို့သော် ဒီတစ်ကြိမ်သူမထွက်လာသောအခါ ဝမ်ရန်မှာလဲလျောင်းပြီး သမ်းဝေနေမှန်းတွေ့လိုက်ရသည်။ သူမသေချာပြင်ဆင်လာသော ဆက်ဆီညအိပ်ဝတ်စုံက လုံးဝဆွဲဆောင်မှုမရှိတဲ့အတိုင်း။

အနားကဗီရိုပေါ်တွင် နံ့သာဖြူမှုန့်ထွန်းထားရာမှ မီးခိုးဖြူတန်းတငွေ့ငွေ့ထွက်နေ၏။

''အစ်ကိုရန်!'' စုကျွမ်က ဝမ်ရန်ကို မြူဆွယ်သလိုလိုတွန်းလိုက်သည်။



သူကသမ်းလိုက်ပြီး_ ''ဘေဘီ... နံ့သာက တကယ်အာနိသင်ရှိတယ်... ကိုယ်အခု အရမ်းအိပ်ချင်နေပြီ... မင်းနဲ့အတူနေဖို့အားမရှိတော့ဘူး... ကိုယ်တို့အရင်အိပ်လိုက်ရင်မကောင်းဘူးလား?''

စုကျွမ်က နှုတ်ခမ်းစူပြီး ဝမ်ရန်လက်မောင်းပေါ်လှဲနေလိုက်ရ၏။ သူမသေချာပြင်ဆင်ခဲ့သည်က အလုပ်မဖြစ်၍ နည်းနည်းစိတ်ပျက်သွားသည်။ သို့သော် သူမပါနည်းနည်းအိပ်ငိုက်လာပြီး သမ်းလိုက်သည်။

သူမလည်း အံ့သြသွား၏။ အရင်က ဒီအချိန်ဆိုတက်ကြွနေတုန်း။ ပုံမှန်အိပ်နေကျအချိန်နှင့် အိပ်ပျော်ဖို့မ​ဖြစ်နိုင်။

ဒီနံ့သာဖြူနံ့သာက တကယ်အိပ်ပျော်စေပုံရသည်။ အလွန်ထိရောက်သည်။

ထိုညက သူတို့နှစ်ယောက်လုံး အိပ်ရာစောစောဝင်ပြီး အလွယ်တကူအိပ်ပျော်သွားကြသည်။

…

ညပိုင်းတွင်_

ချင်လင်၊ ကျောက်မိုချင်းနှင့် သူ့အမေတို့ စံအိမ်မှထွက်လာပြီး ကျောက်မိုချင်းမောင်းပြန်လာခဲ့သည်။ ချင်လင်ကို လီရှင်းကဆွဲခေါ်သဖြင့် ဝိုင်နည်းနည်းသောက်ခဲ့ကြ၏။

ကားထဲဝင်ဝင်ချင်း သူ့ဖုန်းထုတ်ပြီး စံအိမ်ဗီဒီယိုတချို့လျှောက်ကြည့်လိုက်သည်။ ဘာမှထူးထူးခြားခြားမရှိတော့မှ နောက်ခုံမှီကာ သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။ ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်သို့ ထပ်သွားစေလိုက်၏။

ဒီနေ့အလုပ်အရမ်းရှုပ်နေသဖြင့် တောင်ပေါ်တစ်ချက်မှသွားမကြည့်ရသေး။

တောင်တန်းထွက်ကုန်များမရှင်းရသေးသော်လည်း သစ်ပင်အားလုံးပြန်ထွက်နေပြီဖြစ်သည်။

သို့သော် မည်သည့်တန်ဖိုးရှိသစ်မျိုးမှ ပြန်မထွက်ဘဲ အားလုံး သာမန်အပင်များဖြစ်နေသည်။ သစ်သားများမှာ လက်တွေ့လောကတွင် တန်ဖိုးသိပ်မရှိပေ။

ဒီသစ်ပင်များကိုခုတ်ပစ်ရမည်။ မဟုတ်ရင် သူတို့ကပြန်ထွက်လာမည့်နေရာကိုယူထားလိမ့်မည်။

သစ်ပင်များခုတ်ချပြီးနောက် ချင်လင်က ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်စေပြီး ဂိမ်းထဲကသစ်သားအားလုံးကိုကြည့်လိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို ဂိမ်းအိမ်ထဲဝင်စေလိုက်၏။

သို့သော် အိမ်ထဲဝင်ဝင်ချင်း NPC ဖြစ်သော Zach ပေါ်လာသည်:

(လတ်တလော သင့်စိုက်ပျိုးမွေးမြူရေးခြံမှာ ကောင်းကောင်းဖြစ်ထွန်းနေသည်။ မြို့စီးပွားရေးကိုတိုးတက်စေမည့် ပစ္စည်းတင်ပို့မှုစတင်ပါပြီ။ ယခုမြို့တွင် အင်တာနက်ကွန်ယက်ဖွင့်လှစ်လိုက်ပြီဖြစ်၍ အင်တာနက်လက်ခံသူဝယ်လိုပါသလား? အင်တာနက်လက်ခံသူရှိလျှင် TV စျေးဝယ်ခြင်းလုပ်နိုင်ပြီ!)

ချင်လင်လုံးဝအံ့သြသွားသည်။ အံ့သြစရာတွေက တစ်ခါတလေရုတ်တရက်ရောက်လာတတ်၏။

ဒီဇာတ်ကွက်နှင့်ကြုံမည်ဟု သူမထင်ထားမိ။

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် ပစ္စည်းများကိုသတ္တုတွင်းတူးရာမှရနိုင်သည်။ NPC များက ပစ္စည်းများရနိုင်၏။ အမျိုးမျိုးသောပြိုင်ပွဲများ၊ တီဗွီကြည့်ခြင်း၊ ဆိုင်များမှလည်း ရနိုင်သည်။

တီဗွီစျေးဝယ်ချိန်ပုံစံချင်း ထူးခြားပြီးမတူညီခြင်းသာ။ ပုံစံတစ်ခုစီ၏စျေးဝယ်ချိန်လည်း မတူပေ။ ဥပမာ - မူလသတ္တုမြို့တော်ပုံစံတွင် စနေနေ့ဖြစ်သည်။



ပုံစံအသစ်ထဲတွင် ဂိမ်းဇာတ်ကောင်အား တီဗွီရှေ့တွင် အကြိမ်များစွာစမ်းသပ်ခဲ့ပြီးဖြစ်၏။ ဖြစ်ချင်တော့ အကြိမ်တိုင်း အစက်အပြောက်ပုံစံများသာဖြစ်နေသည်။ တီဗွီစျေးဝယ်ခြင်းအတွက်အသုံးချနိုင်မည့်ပုံ လုံးဝမပေါ်။

ပုံစံအသစ်တွင် ထိုလုပ်ဆောင်ချက်မရနိုင်ဟု သူထင်ခဲ့သည်။ အခုတော့ အကြောင်းရင်းကိုသိသွားပြီ။ အင်တာနက်မရှိခြင်းကြောင့်ပင်။

ဒီပုံစံအသစ်မှာ တီဗွီစျေးဝယ်နိုင်ဖို့ အင်တာနက်လက်ခံသူဝယ်မှ တကယ်ရတာလား?

လက်တွေ့ဘဝတွင် အင်တာနက်မရှိဘဲ အွန်လိုင်းပေါ်မတက်နိုင်။ ဒါသာမန်လူတွေကို အဲဒီလုပ်ငန်းလည်ပတ်သူတွေ အနိုင်ကျင့်တာဆိုးလှပြီမလား? ဂိမ်းထဲမှာ ဒီလိုကန့်သတ်ချက်မျိုးတကယ်ထားတယ်ပေါ့။

စီစဉ်သူငတုံးကောင်။

ချင်လင်က ဇာတ်ကောင်ရွေးချယ်မှုကိုထိန်းလိုက်သည်။

နောက်ဆုံး Zach က ဂိမ်းထဲမှစာတစ်စောင်ချန်ပြီး လက်တစ်ဆုပ်စာရွှေပြားများနှင့် ပျော်ပျော်ရွှင်ရွှင်ထွက်သွား၏:

(အင်တာနက်လက်ခံသူရသည့်အတွက် ဂုဏ်ယူပါတယ်... အင်တာနက်ပွင့်ပါပြီ!)

ချင်လင်က ချက်ချင်းဂိမ်းဇာတ်ကောင်ကို တီဗွီဆီသွားစေလိုက်သည်။ ဒီတစ်ကြိမ်တွင် တီဗွီမှာအစပ်အပြောက်များမဟုတ်တော့ဘဲ ပုံရိပ်တစ်ခုထွက်လာ၏။ တီဗွီပေါ်တွင် အနက်ရောင်ဇာစတော့ကင်နှင့် လှပသောခြေထောက်ရှည်ရှည်တစ်စုံပေါ်လာသည်။

(ဒီနေ့က စတော့ကင်အထူးစျေးဝယ်နေ့ပါ... အခု အမျိုးသမီးဆယ်လီ Dilraba လိုဆွဲဆောင်မှုရှိတဲ့စတိုင်မျိုးရောင်းပေးနေပါတယ်... ဒီစတော့ကင်က အလွန်အကြမ်းခံပြီး ညို့အားကောင်းပါတယ်... သူက ဆွဲ...)

ချင်လင်က အသိပေးစာကိုမြင်လျှင် ချက်ချင်းဂိမ်းဇာတ်ကောင်ကိုဝယ်ခိုင်းလိုက်သည်။

ဒီစတော့ကင်တွေက တကယ်ဆွဲဆောင်မှုရှိတာပဲ။ ကာတွန်းပုံတောင် ဆွဲဆောင်မှုရှိနေတယ်။

စတော့ကင်က အရေးတော့မကြီးဘူးပေါ့။ သူသိချင်တာက တီဗွီအွန်လိုင်းကဝယ်တဲ့ပစ္စည်းကိုလည်း လက်တွေ့လောကထဲ ထုတ်လာလို့ရမရဆိုတာပင်။

(အွန်လိုင်းမှ ဆက်ဆီစတော့ကင်တစ်စုံဝယ်လိုက်သည့်အတွက် ဂုဏ်ယူပါတယ်... ပစ္စည်းလာပို့ဖို့ စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ!)

ဒါပုံစံဟောင်းနဲ့အတူတူ​ဖြစ်သည်။ ဝယ်လိုက်သောပစ္စည်းက ချက်ချင်းရောက်မလာ။ ပစ္စည်းလာပို့သူကိုစောင့်ရသည်။

ချင်လင်က ဂိမ်းဇာတ်ကောင်ကို တီဗွီပေါ်ဆက်နှိပ်စေလိုက်၏။ ပုံရိပ်ထပ်ပေါ်လာပြန်သည်။ အထူးစတော့ကင်ပဲဖြစ်နေ၏။ အရင်စတော့ကင်နှင့်တစ်ပုံစံတည်းဖြစ်ပြီး ပြောင်းလဲခြင်းမရှိ။

သူကအကြိမ်ကြိမ်ကြိုးစားကြည့်လိုက်သည်။ ဒီအတိုင်းပင်။

ကြည့်ရတာ ဂိမ်းသစ်ထဲမှာ သိပ်များများစားစားတိုးတက်မှုမရှိ။ ရနိုင်သောပစ္စည်းတစ်ကြိမ်သာထွက်ပုံရသည်။

စတော့ကင်ဘယ်အချိန်ရောက်လာမလဲ သူသိချင်မိသည်။

ဂိမ်းအချိန်မှာ လက်တွေ့လောကအတိုင်းမဟုတ်။ဂိမ်းထဲကအချိန်အချိုးအရ သူအိမ်ရောက်တဲ့အချိန်လောက်ဆို ပစ္စည်းပို့သူရောက်လောက်ပြီ ဟုတ်တယ်မလား?

ထင်ထားသည့်အတိုင်း ချင်လင်၊ ကျောက်မိုချင်းနှင့်သူ့အမေအိမ်ရောက်သောအခါ ဂိမ်းထဲတွင်လှုပ်ရှားမှုရှိလာသည်။

(အွန်လိုင်းတီဗွီစတော့ကင်ပစ္စည်းပို့လက်ခံရသည့်အတွက် ဂုဏ်ယူပါတယ်!)

ချင်လင်က သတိလက်လွတ်ကျောက်မိုချင်းခြေထောက်ကိုကြည့်မိပြီး ချက်ချင်းသန့်စင်ခန်းထဲဝင်လိုက်သည်။ တံခါးလော့ချကာ ဂိမ်းထဲဝင်ဖို့စိတ်လောနေ၏။

တီဗွီစျေးဝယ်ထားတာကို လက်တွေ့ဘဝထဲထုတ်လို့ရမရ စမ်းသပ်ချင်ရုံပဲပေါ့။



All Chapters