← Chapters

လူအိုကြီးငရဲ၏ အတိတ်

Vol. 84 Ch. 1163

လူအိုကြီးငရဲ၏ အတိတ်

Vol. 84 Ch. 1163

ငါ့အတွက် နည်းလမ်းကုန်သုံးပြီး အချိန်ဆွဲပေးထား…

လူအိုကြီးငရဲက ထိုစကားများပြောပြီးသည့်နောက် ဖန်တီးမှုသက်ရှိများက ဝမ်ဝေ့ဆီ မီးကို တိုးသည့် ပိုးဖလံများသဖွယ် ပြေးဝင်သွားကြသည်။ ထို့နောက် ဝမ်ဝေ့က အားထုတ်လျက် သူတို့ကို သတ်ဖြတ်နေရ၏။

လူအိုကြီးငရဲက ထိုကိစ္စကို အံကြိတ်လျက် ကြည့်နေသည်။ ထိုသက်ရှိများက နှစ်များစွာ သူ့ကြိုးပမ်းမှုနှင့် သူ လက်ခံရရှိထားသည့် အခွင့်အရေးကို ကိုယ်စားပြုလေသည်။ သူတို့၏ ရည်ရွယ်ချက်က တစ်ရက်ကျ သူ သံသရာကို အုပ်စိုးသည့်အခါ သူ့လက်အောက်တွင် ခစားဖို့ ဖြစ်၏။ သို့သော် ယခုတွင် သူ့အုတ်မြစ်က အလျင်အမြန် ယိုယွင်းသွားသည်ကို ကြည့်နေရသည်။

သူက မထိန်းချုပ်နိုင်သည့် ဒေါသကို တည်ငြိမ်စေဖို့အတွက် ယင်စွမ်းအားကို အသက်သွင်းပြီး ငရဲကမ္ဘာဆီ လက်ညှိုးထိုးလိုက်သည်။ ဒိုင်မေးရှင်းတစ်ခုလုံးက ရှည်လျားကာ မဲမှောင်သည့် ဓားအသွင်ပြောင်းလဲသွားပြီး လက်ကိုင်က အရိုးဖြင့် ပြုလုပ်ထားကာ ဓားသွားအထက် အနီရောင်သွေးကြောများ စီးဆင်းနေလျက် ရှိသည်။ လူအိုကြီးငရဲက ထိုအသွင်ပြောင်းမှု ပြီးဆုံးသွားသည်နှင့် ချွေးများ စို့လာ၏။ သို့သော်လည်း ဤသည်က အစမျှသာ  ရှိနေသေး၏။

ထိုအသက်သွင်းသည့် ဖြစ်စဉ်က ခက်ခဲလှသည်။ လူအိုကြီးငရဲက စက္ကန့်ပိုင်းနှင့်အမျှ ကုန်ဆုံးနေသည့် သူ့ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်၏။ သူက အမှားအနည်းငယ် ပြုလုပ်ခြင်း၏ အကျိုးဆက်ကို ကောင်းကောင်း သိထားသည်။

လူအိုကြီးငရဲက အရေအတွက် မမျှတမှုကြောင့် အခြေအနေ သိပ်မကောင်းသည့် ဝမ်ဝေ့ကို ကြည့်လိုက်သည်။ သို့သော်လည်း ထိုသူက သူ့လူတစ်ရာကျော်ကို သတ်ခဲ့ပြီး နှစ်သန်းချီကြာ သူ့ကြိုးပမ်းမှုကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း လူအိုကြီးငရဲအတွက် ဤသည်က ထိူသူ၏ အကြီးမားဆုံး ပြစ်မှု မဟုတ်သေးပေ။

ငါက ဒီဓားကို ပြုစုပျိုးထောင်ဖို့ နှစ်အကြာကြီး အချိန်ယူခဲ့ရတာ။ အချိန်ကျလာတာနဲ့ သံသရာထဲ ကျူးကျော်ပြီးတော့ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပြီး အာဏာယူဖို့ပဲ။ ပြီးရင် ယမမင်းတွေဆီကနေ ထွက်ပြေးပြီးတော့ ဒီယူထားတဲ့ အပိုင်းကို အုပ်စိုးနိုင်လိမ့်မယ်။ အဲ့လိုဆိုရင် ငါက ယမမင်းတစ်ယောက်ရဲ့ အာဏာတစ်စိတ်တစ်ပိုင်းကို ရလာပြီးတော့ အမြန်ဆုံးနှုန်းနဲ့ စံပြတစ်ယောက် ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့တာအိုကိုလည်း တန်ကြေး ကြီးကြီးမားမား ပေးဆပ်စရာမလိုဘဲ သံသရာတာအိုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်…

နောက်အဆင့်က ငါ့ရဲ့ စွမ်းအားအထွတ်အထိပ်ကို ပြန်ရောက်ရှိတာနဲ့ ကျန်ရှိနေတဲ့ အာဏာကို ရဖို့ သံသရာထဲ သွားယူဖို့ပဲ…

လူအိုကြီးငရဲ၏ မျက်ဝန်းအထက် ဒေါသ၊ အမုန်းတရားနှင့် ရူးသွပ်မှုတို့ ရှိနေသည်။

အခုတော့ အားလုံး ပျက်စီးသွားပြီ။ ငါက ဒီစက်ဆုပ်ဖို့ကောင်းတဲ့ ပါမွှားတစ်ကောင်ကို သတ်ဖို့ ဓာရဲ့ စွမ်းအားကို သုံးရတော့မယ်။ ပြီးတော့ ဒါက သံသရာနဲ့ ယမမင်းတွေကို အသိပေးလိုက်သလို ဖြစ်သွားမှာပဲ။ ငါ ပြန်ပြီး စတင်တယ်ဆိုရင်တောင် ဒီအစီအစဉ်ရဲ့ အောင်မြင်နှုန်းက သိသိသာသာ လျော့ကျသွားလိမ့်မယ်။ အစစ်အမှန်တာအိုရဲ့ ဝင်ရောက်စွက်ဖက်မှုကိုတောင် ထည့်မပြောရသေးဘူး…

လူအိုကြီးငရဲက အံကြိတ်ကာ ဤအခြေအနေထိ ရောက်ရှိခဲ့သည့် အကြောင်းကို ပြန်လည်တွေးတောမိသွားသည်။ သူက ဒိုင်မေးရှင်းအမြင့်တွင် မွေးဖွားလာသည့် သာမန်အထက် ပါရမီရှိသည့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ သူက တာအိုကို သက်သေပြဖို့ အကြိမ်များစွာ ကြိုးစားခဲ့ရပြီး ဒုတိယတန်းစားမျှသာ ရောက်ရှိခဲ့သည်။

နှစ်များစွာ ပြင်ဆင်ပြီး ကံကောင်းမှုကြောင့် စမ်းသပ်ချက်ကို အောင်မြင်ကာ ကောင်းကင်ဘုံအဆင့် တက်လှမ်းနိုင်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် သူ အောင်မြင်သည်ကို မည်သူကမှ မယုံကြပေ။ သို့သော်လည်း ထိုအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် လူအိုကြီးငရဲက သူ့ပါရမီ၏ ကန့်သတ်ချက်ကို သိသွားခဲ့၏။ ကျင့်ကြံရေးက ရူးသွပ်လုနီးပါး နှေးကွေးနေလေသည်။ သူက ကန့်သတ်ချက်ကို ရောက်ရှိသွားကြောင်း သိလိုက်၏။ သို့သော်လည်း သူက ထိုအရာကို ဝန်မခံလိုပေ။

သူက ပါရမီကို တိုးမြှင့်ဖို့ နည်းလမ်းများကို ရှာဖွေနေခဲ့သော်လည်း ရှားပါးအရင်းအမြစ်များက အားကောင်းသည့် ဂိုဏ်း၊ မျိုးနွယ်များက ထိန်းချုပ်ထားလေ့ရှိသည်။ သူ့လိုမျိုး လေလွင့်ကျင့်ကြံသူတစ်ဦးက ရရှိနိုင်သည့် အရာမျိုး မဟုတ်ပေ။ သူ ရရှိခဲ့လျှင်ပင် သိုသိုသိပ်သိပ် နေဖို့ လိုအပ်၏။ မဟုတ်ပါက သတင်းအချက်အလက် ပေါက်ကြားသွားလျှင် သူက အမဲလိုက်ခံရလိမ့်မည်။

ထိုသို့ကြိုးပမ်းမှုနှင့် ကျရှုံးမှုများ ရှိသော်လည်း လူအိုကြီးငရဲက ရှေ့ဆက်လျှောက်ရမည့် လမ်းစဉ်ကို ရှာဖွေဖို့ ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ အန္တရာယ်များသည့် နေရာများတွင် လိုက်လံရှာဖွေခဲ့သလို အရင်းအမြစ် နေရာလွတ်တွင်လည်း ဝင်ရောက်ရှာဖွေခဲ့သည်။ လူအိုကြီးငရဲ၏ ကံကောင်းမှုက ပြတ်လပ်နေဟန်ပေါ်သည်။ ထို့ကြောင့် သူက လက်လျှော့တော့မည့်ဆဲဆဲတွင် သူ့အပေါင်းအပါတစ်ယောက်က ကမ္ဘာဦးဟွင်သွမ်းထဲ ရှိနေသည့် လျှို့ဝှက်နယ်မြေတစ်ခုအကြောင်း ပြောပြခဲ့သည်။

အစပိုင်းတွင် ဝန်လေးနေခဲ့သော်လည်း လူအိုကြီးငရဲအနေနှင့် ဤသည်က သူ့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ကြောင်း ဆုံးဖြတ်ကာ ဝင်ရောက်ခဲ့သည်။ သူ့အဖွဲ့က လျှို့ဝှက်နယ်မြေသို့ ရောက်ရှိလာခဲ့၏။ သတ်ဖြတ်မှုနှင့် သစ္စာဖောက်မှုများအပြီးတွင် လူအိုကြီးငရဲက ဗဟိုချက်သို့ ရောက်ကာ ပစ္စည်းတချို့ကို ရှာတွေ့ခဲ့သည်။

ပထမတစ်ခုက အနက်ရောင်ဝတ်ရုံနှင့် ဆံပင်အနက်ရောင်ရှိထားသည့် အမျိုးသားတစ်ဦးက သံသရာကို ကျူးကျော်ကာ ယမမင်းများစွာနှင့် တိုက်ခိုက်သည့် မှတ်တမ်းတစ်ခု ဖြစ်၏။ ထိုအမျိုးသားက လူအားလုံးကို သတ်ကာ သံသရာကို သိမ်းပိုက်ခဲ့သည်။ ထိုမှတ်တမ်းက ထိုအမျိုးသားသည် သံသရာဖြင့် ပေါင်းစည်းဖို့ ကြိုးစားခြင်းနှင့် အဆုံးသတ်သွားခဲ့၏။ သူက စံပြများထက် ကျော်လွန်နေသည့် စွမ်းအားကို ရယူနိုင်ခဲ့သော်လည်း နောက်ဆုံးအခိုက်အတန့်၌ ကျရှုံးကာ သေဆုံးသွားခဲ့သည်။

သူက သူ မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားကာ ပျော်ရွှင်သွားမိ၏။ ဤသည်က သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။ သူသာ ထိုအမျိုးသား ဖန်တီးခဲ့သည့် နည်းလမ်းကို ပြန်လည်ဖန်တီးနိုင်သရွေ့ သူ့အနာဂတ်က တောက်ပနေမည်ဖြစ်ကြောင်း သိလိုက်သည်။

လူအိုကြီးငရဲက လျှို့ဝှက်နယ်မြေမှ ထိုမှတ်တမ်း၊ အမည်မသိ ဇစ်မြစ်ရှိသည့် အနက်ရောင်ကျောက်တုံးနှင့် ရှားပါးကာ အဖိုးတန်သည့် ဖန်ဆင်းခြင်းမျိုးစေ့နှင့်အတူ ထွက်လာခဲ့သည်။ ထိုဖန်ဆင်းခြင်းမျိုးစေ့က သူ့သက်ရှိများအား ဖန်ဆင်းခြင်းစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်အောင် လေ့ကျင့်ပေးဖို့ ကူညီပေးနိုင်သည်။

သူ အိမ်သို့ပြန်ရောက်သည်နှင့် မှတ်တမ်းများကို လေ့လာပြီး တာအိုစည်းချက်များအပေါ် အလေးထားကာ နည်းစနစ်ကို ပြန်လည်ဖန်တီးဖို့ ကြိုးစားခဲ့သည်။ လူအိုကြီးငရဲက သူ့ကျင့်ကြံရေးကိုပင် စွန့်ပယ်ခဲ့ပြီး ထိုမှတ်တမ်းတင်ထားသည့် နည်းလမ်းကို ပြီးပြည့်စုံအောင် လုပ်ဖို့သာ အာရုံစိုက်ထားခဲ့သည်။ နှစ်များစွာ အားစိုက်ထုတ်မှုအပြီးတွင် သူက တစ်ဝက်တစ်ပျက် ပြန်လည်ဖန်တီးနိုင်ခဲ့၏။

လူအိုကြီးငရဲက သူ့အစီအစဉ်ကို ယုံကြည်ချက် မရှိသော်လည်း တစ်စုံတစ်ခုကို ကောင်းကောင်းသိထားသည်။ ဤသည်က သူ့အနေဖြင့် စံပြဖြစ်လာမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။ ပထမအဆင့် အောင်မြင်သွားသည်နှင့် သူက ကန့်သတ်ချက်ကို ချိုးဖောက်ကာ တားမြစ်ခံတာအိုကို တန်ကြေးကြီးကြီးမားမား ပေးဆပ်စရာမလိုဘဲ ရယူနိုင်လိမ့်မည်။

သူ့အတွက် နှမြောဖို့ကောင်းလှသည်က ဤအစီအစဉ်တွင် ဟာကွက်ကြီး ရှိနေလေ၏။ မိုးမြေအထက် ရပ်တည်နေသည့် စံပြအဆင့် ကျင့်ကြံသူများ မျက်စိအောက်တွင် ထိုဓားကို မည်သို့ ဖွဲ့စည်းနိုင်မည်နည်း။

 ဒိုင်မေးရှင်းအနိမ့်ကို ဆင်းရမည့် အခွင့်အရေးတစ်ခုအကြောင်း မကြားရခင်အထိ လမ်းပျောက်နေခဲ့ရသည်။ ဤသည်က ထိပ်သီးအင်အားကြီးပုဂ္ဂိုလ်များ အလွယ်တကူ ဝင်ရောက်မစွက်ဖက်နိုင်သည့် နေရာတစ်ခုဖြစ်သည့်အတွက် သူ့အတွက် နေရာကောင်းတစ်ခု ဖြစ်နေသည်။ ထို့အပြင် ဒိုင်မေးရှင်းအနိမ့်ရှိ သံသရာအခွဲကို ဖြေရှင်းဖို့က ဤနေရာထက် ပိုမိုလွယ်ကူလိမ့်မည်။ ထိုသို့စိတ်ထဲ ထားကာ လူအိုကြီးငရဲက စတင်လှုပ်ရှားလိုက်၏။

ပင်ကို- ဟော်သဲ့ တိုက်ပွဲက အထွတ်အထိပ် ရောက်ရှိနေပြီး ဒိုင်မေးရှင်းအမြင့်က ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကို စေလွှတ်ကာ အရာအားလုံးကို အဆုံးသတ်ဖို့ ကြံစည်ခဲ့သည်။ သို့သော်လည်း ဤသည်က သေဆုံးနိုင်ချေ မြင့်မား၏။ အစစ်အမှန်ကောင်းကင်တာအိုက စစ်ပွဲအတွင်း ကြားနေအဖြစ်သာ နေခဲ့သော်လည်း အဆင့်(၁၁)ကို ဝင်ရောက်စွက်ဖက်ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ဟော်သဲ့သက်ရှိဘက်က ကောင်းကင်ဘုံအဆင့်ကို စေလွှတ်ဖို့အတွက် ကုသိုလ်မြောက်များစွာ အသုံးပြုထားကြသည်။ သူတို့က အန္တရာယ်ကို သိထားပြီး ကြေးစားနှင့် လေလွင့်ကျင့်ကြံသူများကို ခန့်အပ်ဖို့ ရွေးချယ်ခဲ့သည်။

လူအိုကြီးငရဲက ဤအစီအစဉ်သည် ထောင်ချောက်တစ်ခု ဖြစ်ကြောင်း သိထား၏။ သူတို့က ဤခရီးလမ်းတွင် အသက်ရှင်နေလျှင်ပင် ပြန်လာနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုနေရာဆီ လျှောက်လွှာတင်ခဲ့ပြီး ကံကောင်းမှုဖြင့် အသက်ရှင်ကျန်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်နေသည်။ ထို့နောက် ထင်ထားသည့်အတိုင်း အစစ်အမှန်ကောင်းကင်တာအိုက ဝင်ရောက်စွက်ဖက်လာသည်။ ကံကောင်းစွာဖြင့် လူအိုကြီးငရဲက ပြင်ဆင်ထားခဲ့၏။

သူက လျှို့ဝှက်နယ်မြေမှ ရရှိလာသည့် အနက်ရောင်ကျောက်တုံးကို ဒိုင်မေးရှင်းအနိမ့်တွင် စည်းပိတ်ခံထားရဖို့ ခွင့်ပြုချက်ဖြင့် လဲလှယ်ခဲ့သည်။ နှစ်များစွာ လေ့လာမှုအပြီးတွင် ထိုအရာသည် အဖိုးတန်ကြောင်း သိထားသော်လည်း ထိုအရာသည် ဘာလဲ သို့မဟုတ် တကယ့် တန်ဖိုးအစစ်အမှန်ကို ကောက်ချက်မချနိုင်ပေ။ ထို့ကြောင့် သူသည် သူ့အစီအစဉ်အတွက် အလဲအလှယ် လုပ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။

အစစ်အမှန်ကောင်းကင်တာအိုက သဘောတူခဲ့၏။ ဤစစ်ပွဲအတွင်း ကံကောင်းမှုအများဆုံးဖြစ်သည့် ကမ္ဘာသုံးခုထဲမှ တစ်ခုကိုရွေးချယ်ပြီးသည့်နောက်တွင် လူအိုကြီးငရဲက ငရဲကမ္ဘာကို ဖန်တီးကာ အစီအစဉ်ကို စတင်ခဲ့သည်။

ပထမဦးစွာ သူက တိုက်ရိုက်ဝင်ရောက်စွက်ဖက်နိုင်သည့် နည်းလမ်း မရှိသည့်အတွက် ဓားအတွက် ယင်စွမ်းအားကို စုစည်းဖို့ အင်မတန် ခက်ခဲခဲ့သည်။ ဒိုင်မေးရှင်းအမြင့်တွင် သူ စုဆောင်းခဲ့သည့်အရာက လုံလောက်ရုံမျှသာ ဖြစ်၏။ ထိုစဉ် နောက်ထပ် အခွင့်အရေးတစ်ခု ပေါ်ထွက်လာ၏။ ဒိုင်မေးရှင်းအမြင့်ရှိ ပင်ကိုနတ်ဆိုးနတ်ဘုရားများက တိုက်ပွဲရှုံးနိမ့်သွားသည့် အချက်ကို လက်တုံ့ပြန်သည့်အနေဖြင့် ဒိုင်မေးရှင်းအနိမ့်၏ သမိုင်းကြောင်းကို တိုက်ခိုက်ခဲ့သည့်အတွက် အချိန်မြစ်ကြောင်းက ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

လူအိုကြီးငရဲက ထိုအရာကို အခွင့်ကောင်းယူကာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မှ ယင်စွမ်းအား သို့မဟုတ် မရဏ စွမ်းအားများကို စုဝေးခဲ့သည်။ ထိုအရာက သူသည် လတ်တလောလေးက အသူရာချောက်နက်နှင့် အလဲအလှယ် မလုပ်ခင်အထိ အကြီးမားဆုံးရယူမှု ဖြစ်ခဲ့၏။

သို့သော်လည်း လက်ရှိအခြေအနေက သူ့ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွား၏။ လူအိုကြီးငရဲက သူသည် ဝမ်ဝေ့၏ လက်ထဲတွင် သေဆုံးသွားနိုင်ကြောင်း ခံစားမိလိုက်သည်။ သူက ထိုအရာကို ဝန်မခံလိုသော်လည်း အရိပ်အမြွက်အားလုံးက ထိုအရာကို သက်သေပြလိုက်၏။ သူက ထိုသူ၏ သံသရာတာအိုမှ တာအိုကို လွတ်မြောက်ဖို့နှင့် ရယူဖို့အတွက် ထိုသူများ ဆက်သွယ်လာသည့်အခါ သူက မဟာမိတ်အဖြစ် သဘောတူခဲ့သည်။

အဲဒီကောင်စုတ်ကို ဝါးမျိုပစ်ရင်တောင် ငါ့ရဲ့ ဆုံးရှုံးမှုကို မကာမိသေးဘူး…

လူအိုကြီးငရဲက နာကျင်စွာ ညည်းညူလိုက်သည်။ သူက အနေအထား ရောက်ဖို့ မည်မျှပင် စတေးခဲ့ရကြောင်းတွေးတောနေမိ၏။ ယခုအခါ အရာအားလုံးက ပျက်စီးသွားခဲ့ရသည်။

သူက ဒုတိယအခွင့်အရေး ရကောင်းရလာနိုင်သော်လည်း…

ကောင်းပြီလေ။ ဒါက အစကနေ ပြန်စတင်ရုံပဲ မဟုတ်ဘူးလား။ ငါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကနေ ထွက်သွားပြီးတော့ ပိုမိုသင့်တော်တဲ့ နေရာတစ်ခုကို ရှာရုံပဲ။ ငါက မသေမျိုးတစ်ယောက်ဆိုတော့ ကမ္ဘာမှာ အချိန်တွေအများကြီး ရှိပါသေးတယ်…

သူသာ အစီအစဉ်အတိုင်း ဖြစ်သည်နှင့် အနည်းဆုံးတော့ သူက စံပြတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူသည် မျှော်လင့်ချက် ရှိနေပြီဖြစ်သည့်အတွက် လိုအပ်သမျှ အချိန်ယူနိုင်သည်။

ဝမ်ဝေ့ဘက်တွင်မူ တစ်ဖက်လူများက တာအိုဆန္ဒအစား စွဲလမ်းမှုနှင့် အငြိုးတရားများကို အသုံးပြုနေသည့်အတွက် သူ့ဒဏ်ရာများက ပြန်လည်မကုစားနိုင်တော့ပေ။ ဝမ်ဝေ့က သူ့အထက်တွင် ရှိနေသည့် ဓားကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။

ဒီဓားရဲ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၈၀ ရာခိုင်နှုန်းကို ရောက်နေပြီ။ ငါ့အနေနဲ့  အောင်အောင်မြင်မြင် တားဆီးနိုင်မှာ မဟုတ်ဘူး။

All Chapters