← Chapters

နောက်ဆုံးသာ လှုပ်ရှားမှု

Vol. 84 Ch. 1164

နောက်ဆုံးသာ လှုပ်ရှားမှု

Vol. 84 Ch. 1164

အခု ငါ့ရဲ့ တစ်ခုတည်းသော နည်းလမ်းက လူအိုကြီးငရဲက ငါ့ဆီမှာ အသက်ရှည်နည်းစနစ် ရှိတာ မသိတဲ့အချက်ကို သုံးပြီးတော့ ကိုယ့်ကိုယ်ကို အသက်ပြန်သွင်းဖို့ပဲ…

အသက်ရှည်နည်းစနစ်များက ဒိုင်မေးရှင်းအမြင့်တွင်ပင် ရှားပါးသည့်အတွက် ဤနေရာတွင် ထည့်ပြောဖို့ပင် မလိုတော့ပေ။

ဒါပေမဲ့ အဲဒီဓားချက်ကြောင့် သေဆုံးလို့တော့ မဖြစ်ဘူး။ အဲ့လိုဆိုရင် ငါ့ရဲ့နည်းစနစ်က အလုပ်မဖြစ်လောက်ဘူး…

ဓား၏ စွမ်းအားက ကောင်းကင်ဘုံအဆင့် ဖြစ်သည့်အတွက် သူ့ သေခြင်းရှင်ခြင်းစက်ဝန်း ပါရမီစွမ်းရည်က အဆင့်(၁) အသက်ရှင်နည်းစနစ်သာ ရှိလေသည်။ ထို့ကြောင့် ဧကရာဇ်အဆင့်အတွက်သာ အလုပ် ဖြစ်လေ၏။ ဤသို့သော တိုက်ကွက်ကို မခုခံနိုင်ဖို့ ၉၀ ရာခိုင်နှုန်းလောက်ရှိလေသည်။

ငါ ဒီဓားချက်ကြောင့် သေသွားသလိုမျိုး  ပြီးပြည့်စုံတဲ့ အခွင့်အခါကောင်းမှာ သတ်သေရမယ်…

ဝမ်ဝေ့က အစီအစဉ် ချမှတ်ပြီးသည့်နောက်တွင် စတင်လှုပ်ရှားလိုက်သည်။

“လူအိုကြီးငရဲ တကယ်လား။ ခင်ဗျားက ဒီလိုစွမ်းအားမျိုးကို ဒိုင်မေးရှင်းအနိမ့်မှာ သုံးရဲတယ်ပေါ့”

“အဲဒါဆိုတော့ ဘာဖြစ်လဲ။ မင်းကို သတ်နိုင်ရင် ပြီးတာပဲ”

“ခင်ဗျား အရာအားလုံးကို ဖျက်ဆီးပစ်ရင် အစစ်အမှန်ကောင်းကင်တာအိုက ခင်ဗျားကို အသက်ရှင်ခွင့်ပြုမှာ မဟုတ်ဘူး”

“အဲဒါက မင်းအသက်အတွက် တောင်းပန်တဲ့ နည်းလမ်းလား။ သနားစရာပဲ။ စိုးရိမ်မနေနဲ့ ငါက ငါ့စွမ်းအားကို ထိန်းချုပ်နိုင်တယ်” လူအိုကြီးငရဲက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

သူတော့ ငါးစာဟပ်ပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ လူအိုကြီးငရဲက သူ့လက်နက်ကို ထိန်းချုပ်ဖို့ရာအတွက် ခက်ခဲနေပြီဖြစ်ရာ ယခု ထိုတိုက်ကွက်က ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ရှင်းထုတ်မပစ်ရအောင် သေချာဂရုစိုက်ရဦးမည် ဖြစ်၏။ ထို့ကြောင့် သူ့ဝိညာဉ်နှင့် စိတ်ဝိညာဉ်က ထိုဖြစ်စဉ်အတွင်း အတော်လေး အားကုန်သွားလိမ့်မည်။ ထို့ကြောင့် ဒုတိယအကြိမ်အဖြစ် ထုတ်သုံးဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။

“ခွေးကောင် ခင်ဗျားက မီးနဲ့ ကစားနေတာပဲ” ဝမ်ဝေ့က စိတ်ထိန်းချုပ်မှု လွတ်ကင်းသွားသလိုမျိုး အော်ပြောလိုက်သည်။

“ငါ့ဆီကနေ ထွက်သွားစမ်း” လူအိုကြီးငရဲက အော်ပြောလိုက်ပြီး ဝိညာဉ်စွမ်းအားကို စုစည်းကာ ဓားချက်ကို ခုတ်ချလိုက်သည်။ ဓားဆီမှ အနက်ရောင်အလင်းတန်းက ဝမ်ဝေ့ဆီ တိုးဝင်သွား၏။

သူက သွေးစွမ်းအား၊ သွေးအရင်းအမြစ်၊ သွေးစက်၊ ဝိညာဉ်နှင့် တာအိုသက်သေပြပစ္စည်းအားလုံးကို လောင်ကျွမ်းကာ သူ့ခုခံမှုကို တိုးမြင့်ပြီး ထိုတိုက်ကွက်ကို တားဆီးဖို့ လုပ်ဆောင်ခဲ့သည်။ နှမြောစရာကောင်းလှစွာဖြင့် ထိုအရာက အသုံးမဝင်ခဲ့ပေ။ အနက်ရောင်အလင်းတန်းက သူ့အား ပုရွက်ဆိတ်တစ်ကောင်အပေါ် တက်နင်းသွားသည့် ရထားလုံးသဖွယ် ဖြစ်နေသည်။

ထိုစဉ် လူအိုကြီးငရဲ၏ ဒွာရ ၇ပေါက်မှ သွေးများ စီးကျလာကာ မျက်နှာက ဖြူဖျော့သွား၏။ သူ့ခြေထောက်က တုန်တုန်ယင်ယင်ဖြစ်နေကာ ကောင်းကင်မှ ပြုတ်ကျမသွားအောင် ထိန်းထားနေရသည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

ငါက ဒီကောင်စုတ်ကို ရှင်းထုတ်လိုက်နိုင်ပြီ။ အခု နောက်အဆင့်အတွက် ပြင်ဆင်ရတော့မယ်…

သူက ဤတိုက်ကွက်ကို အသုံးပြုခြင်း၏ အကျိုးဆက်ကို ခန့်မှန်းမိသည့်အတွက် ကြိုတင်ပြင်ဆင်ထားလေသည်။

မတက်လှမ်းခင်က သူ့မိသားစုနှင့် ဂိုဏ်းကို သတ်ပစ်ရမယ်။ ငါ့ရဲ့အပြုအမူက ဒိုင်မေးရှင်းအမြင့်က အဖွဲ့ခွဲအတွက် ရန်သူဖြစ်သွားတယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ ဒါက ငါ့ရဲ့ ဒေါသကို ရှင်းထုတ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ…

လူအိုကြီးငရဲက အံကြိတ်ကာ တွေးလိုက်သည်။

အဲဒါဆိုရင် ဝါးမျိုရေးဇုန်ထဲမှာ ရှိတဲ့အရာကို ယူပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကနေ ထွက်သွားပြီး တခြားနေရာမှာ ဆက်နေပြီး အစီအစဉ်ကို အကောင်အထည် ဖော်ရမယ်။ ဘာပဲဖြစ်ဖြစ် ငါ မသေမျိုးဆိုတော့ အချိန်ရှိပါသေးတယ်…

လူအိုကြီးငရဲက သူ့ပါရမီကန့်သတ်ချက်ကို ရောက်နေမှန်း သိထားသော်လည်း သူ့အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေသည်။ ထို့ကြောင့် သူက အရာအားလုံးကို စတေးဖို့ ပြင်ဆင်ထား၏။ ကံကောင်းစွာဖြင့် အချိန်က သူ့ဘက်တွင် ရှိနေလေသည်။

ဖူး

လူအိုကြီးငရဲက တုန်လှုပ်သွားမိသည်။ သူက သွေးစွန်းနေသည့် လက်ကို ငုံ့ကြည့်လိုက်သည်။ သူ့စိတ်ထဲ အဖြစ်အပျက်ကို နားမလည်နိုင်ပေ။ စောစောလေးကပင် သူက ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် ပြင်ဆင်နေကာ ယခုအခိုက်အတန့်၌ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုက သူ့ဝိညာဉ်နှင့် အသက်ဓာတ် ၉၉ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့သည်။

“အသက်ရှည် နည်းစနစ်”

“မှန်တယ်။ ဒါပေမဲ့ ခင်ဗျား ဘာဆုလာဘ်မှတော့ ရမှာ မဟုတ်ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောပြီးသည့်နောက်တွင် ရန်သူ၏ ခန္ဓာကိုယ်ထဲ စည်းပိတ်ရေးသင်္ကေတများကို ဖြန့်ကျက်လိုက်သည်။

“ကြည့်ရတာ ငါ့ကံကောင်းမှု ကုန်သွားတဲ့ပုံပဲ” လူအိုကြီးငရဲက ဤသည်က သူ့အတွက် အဆုံးသတ်ဖြစ်ကြောင်း သိလိုက်သည်။ သူက သူ့တာအိုအမှတ်အသားဖြင့် ပြန်လည်အသက်ရှင်နိုင်သော်လည်း ထိုခွေးကောင်က သူ့ကို ပြန်လာဖို့ အခွင့်အရေးပေးမည် မဟုတ်ပေ။

“အဲ့လိုဖြစ်ပုံပဲ”

လူအိုကြီးငရဲက ရယ်မောလိုက်သည်။

“ဘာတွေများ အဲ့လောက် ရယ်နေရတာလဲ”

“မင်းက လောဘကြီးလွန်းတယ်။ အဲဒါက မင်းရဲ့ ဟာကွက်ပဲ” လူအိုကြီးငရဲက ပြောလိုက်၏။

“ဒီလိုအခြေအနေမှာတောင် မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို အရင်းအမြစ်အနေနဲ့ သုံးဖို့ တွေးနေတာမလား။ မင်း အဲ့လိုမလုပ်သင့်ဘူး”

ဝမ်ဝေ့က အသူရာချောက်နက်နှင့် တူညီသည့် တိုက်စားရေးစွမ်းအားကို ခံစားမိသည့်အခါ အလျင်အမြန် နောက်ဆုတ်လိုက်သည်။

“နောက်ထပ် အမှားတစ်ခုပဲ” လူအိုကြီးငရဲက ရယ်မောလိုက်ရင်းဖြင့် ငရဲအုပ်စိုးသူဓားနှင့်အတူ ဖောက်ခွဲပစ်လိုက်သည်။ ထိုအပြုအမူက ရူးသွပ်မှုနှင့် ကြံမိကြံရာလုပ်လိုက်ခြင်း ဖြစ်၏။

ကျစ်…

ဝမ်ဝေ့က စိတ်ထဲမှ တွေးလိုက်မိသည်။ သူက ရွေးချယ်စရာလုပ်ဖို့ အချိန်အကန့်အသတ် ရှိနေသည်။ ပထမဦးဆုံးက သူ့မိသားစု၊ ဂိုဏ်းနှင့် လူတချို့ကို ခေါ်ဆောင်ကာ ဒိုင်မေးရှင်းအမြင့်ဆီ ထွက်ပြေးဖို့ ဖြစ်၏။ သို့သော်လည်း ထိုပေါက်ကွဲမှုက ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို ပျက်သုဉ်းသွားစေလိမ့်မည်။ သူ ကြိုးပမ်းခဲ့ရသည့် လက်ရာနှင့် ကိစ္စအားလုံးကို ပျက်သုဉ်းသွားစေလိမ့်မည်။

ဒုတိယရွေးချယ်မှုကမူ ထိုပေါက်ကွဲမှုက လေဟာနယ်တိုက်ပွဲကွင်းပြင်မှ ကျော်လွန်သွားခြင်းကို တားဆီးဖို့ ဖြစ်၏။ ထိုအခါ သူ့အမွေအနှစ်ကို ထိန်းသိမ်းရင်းဖြင့် လူအားလုံးကို ကယ်တင်လိမ့်မည်။ သို့သော်လည်း ထိုပြဿနာက “ဘယ်လိုလုပ်ရမလဲ” ဆိုသည့်အပေါ် ဖြစ်၏။ ဓားက သူ လက်လှမ်းမမှီလောက်အောင် အားကောင်းလွန်းလှသည်။ ယခု ပေါက်ကွဲသည့် စွမ်းအားကိုပါ ထည့်ပေါင်းလိုက်လျှင် လူအိုကြီးငရဲ၏ စွမ်းအားပါ ပါဝင်နေလေ၏။

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး သူ တွေးခေါ်နှုန်းက အချိန်ရပ်တန့်နေသလိုမျိုး မြန်ဆန်လှသည်။ ဝမ်ဝေ့က ပေါက်ကွဲမှုကို ကြည့်နေရင်းဖြင့် လိပ်တစ်ကောင်ထက်ပင် နှေးကွေးစွာ လှုပ်ရှားနေသလိုမျိုး ခံစားနေရသည်။ ထို့နောက် သူ့ဦးနှောက်နှင့် ဝိညာဉ်က စတင်နာကျင်လာသော်လည်း ဖြေရှင်းနည်းတစ်ခုကို လက်ခံရရှိလိုက်သည်။

သူ့အနာဂတ်ကိုယ် ၃၆၅ခုက သူ့အနာဂတ်တွင် ပေါ်ထွက်လာသည်။ တစ်ခုခုဆိုသလို ပျောက်ကွယ်သွားပြီး ၁၀၈ ခုသာ ကျန်ရှိတော့၏။ အချိန်မြစ်ကြောင်းက တိုက်ပွဲကွင်းပြင်အတွင်း ပေါ်ထွက်လာကာ ဝမ်ဝေ့၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထိုပုံရိပ်က တကယ့်ခန္ဓာကိုယ်ကို ကြည့်ပြီး ပြောလိုက်သည်။

“ငါ မင်းကို ငါ့ရဲ့စွမ်းအား ငှားမယ်။ ဒါပေမဲ့ ဒီလိုကိစ္စ ထပ်မလုပ်နဲ့။ အချိန်တစ္ဆေက မင်းကို စောင့်ကြည့်နေတာ”

“ငါ သိပြီ” ဝမ်ဝေ့က ပြန်ဖြေလိုက်ပြီး မဟာတာအိုသည် သူတို့တည်ရှိနေသည့် အကြောင်းအရင်းများကို သိထားသော်လည်း  ဤကဲ့သို့ စည်းမျဉ်းဥပဒေသများနှင့် အတားအဆီး၊ အဟန့်အတားများကို လုပ်ထားသည့်အတွက် မုန်းတီးလာမိသည်။ နမူနာအနေဖြင့် အချိန်တာအိုကို ကျင့်ကြံထားသည့်သူများက သူတို့၏ အနာဂတ်မှ စွမ်းအားကို ဆင့်ခေါ်နိုင်သည်။ ထို့နောက် တိုက်ခိုက်ရေးအဆင့်ကဲ့သို့သော အရာမျိုးက အသုံးမဝင်ပေ။ ဤသည်က မဟာတာအို လိုချင်သည့်အရာမျိုး မဟုတ်ပေ။

အကယ်၍ ထိုအရာက ဤအပြုအမူကို မတားဆီးထားပါက အချိန်တာအိုကို အရန်တာအိုအနေဖြင့် နားလည်ထားသည့်သူများက ထိုစနစ်ကို အသုံးပြုကာ ကစားပွဲတစ်ခုလုံးကို ရှုပ်ထွေးအောင် ပြုလုပ်လာနိုင်သည်။

“ကောင်းပြီ။ စလိုက်ကြရအောင်” ထိုပုံရိပ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ခဏ။ နောက်ထပ်စွမ်းအား ထပ်မလိုတော့ဘူးလား။ အခုစွမ်းအားက ပိတ်ဆို့နိုင်တယ်ဆိုရုံလောက်လေးပဲ ထင်တယ်”

“ဒါက ငါ မင်းကို ပြဿနာ မတက်စေဘဲနဲ့ ယူဆောင်လာနိုင်တဲ့ အကြီးမားဆုံးပမာဏပဲ” ထိုပုံရိပ်က ပြန်ဖြေလိုက်သည်။

“မင်း နည်းနည်းပဲ ထိခိုက်လိမ့်မယ်။ ဒါပေမဲ့ တခြားအကျိုးဆက်နဲ့စာရင်တော့ ပိုကောင်းပါသေးတယ်”

“အဲ့လိုလား” ဝမ်ဝေ့က သက်ပြင်းချပြီးသည့်နောက်တွင် ပေါင်းစည်းလိုက်သည်။ သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်သွား၏။ သူက သူ့သွေးကြောထဲမှ စီးဆင်းနေသည့် စွမ်းအားကို ခံစားမိလိုက်သည်။ ဝမ်ဝေ့က ကောင်းကင်ဘုံတက်လှမ်းရေးဆေးလုံးကို အသုံးပြုသည့် ပထမအကြိမ်ကကဲ့သို့ စွဲလမ်းမှုကို ခံစားမိလိုက်သည်။

“ဒီအဆင့်နှစ်ခုကြားက စွမ်းအားက အတော်လေးကို ကြောက်ဖို့ကောင်းတာပဲ…”

သူက ရေရွတ်လိုက်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် မဟာဧကရာဇ်တစ်ယောက်၏ စွမ်းအားက ကျင့်ကြံဆင့် ရာချီရှိသည်ဟု ဆိုနိုင်သည်။ ထို့နောက် ဧကရာဇ်တစ်ယောက်နှင့် ကောင်းကင်ဘုံအဆင့်တစ်ယောက်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။

“အနည်းဆုံးတော့ တစ်ထောင်လောက် ရှိမယ်။ မဟာတာအိုက တိုက်ခိုက်ရေးအဆင့် ဖန်တီးထားတဲ့အကြောင်း နားလည်သွားပြီ။ ဒါက ပါရမီရှင်တွေကို သူတို့ထက် သာလွန်တဲ့လူကို တိုက်ခိုက်နိုင်တဲ့ အခွင့်အရေး ပေးလိုက်တာပဲ။ မဟုတ်ရင် စကြဝဠာတစ်ခုလုံးက ဝါစဉ်အလိုက် ဖြစ်နေပြီးတော့ နိမ့်ကျတဲ့ ကျင့်ကြံဆင့်တွေက မြင့်မားတဲ့ ကျင့်ကြံဆင့်တွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကွာဟချက်က ၁ရာခိုင်နှုန်းဆိုရင်တောင်ပေါ့…”

ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။ သူက စနစ်သည် နဂိုကတည်းက ဟာကွက်ရှိကြောင်း သိထားလေ၏။ အဆင့်(၁၀)ပြီးသည့်နောက်တွင် အဆင့်ကွာဟချက်က ပိုမိုကြီးမားလာလိမ့်မည်။ တာအိုအမှတ်အသားပြား၏ မဟာတာအိုအားဖြည့်မှု မရှိဘဲ သူ သို့မဟုတ် တခြားသူများက သူတို့အဆင့်အထက်ရှိ လူကို တိုက်ခိုက်ဖို့ရာအတွက် မဖြစ်နိုင်ပေ။ တာအိုအမှတ်အသား၏ စွမ်းရည်ကို မဟာတာအိုက ချီးမြှင့်ပေးထားခြင်း ဖြစ်၏။

ငါ့သီအိုရီက မှန်နိုင်တယ်။ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရောက်ရှိတာက မဟာတာအိုဖန်တီးထားတဲ့ အောင်မြင်မှုတစ်ခုပဲ။ အဲဒါဆိုတော့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ဝင်ရောက်နိုင်ဖို့ အရေးသာချက်ကို ပေးလာနိုင်တယ်…

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို သူ့တွေးခေါ်နှုန်းက အဆုံးသတ်သွားကြောင်း သဘောပေါက်သွားသည့်အခါ အကြည့်များ တောက်ပလာသည်။ သူက လူအိုကြီးငရဲချန်ထားခဲ့သည့် ပြဿနာကို ဖြေရှင်းရမည် ဖြစ်၏။

သူက ပေါက်ကွဲမှုစွမ်းအားကို ထိန်းချုပ်ဖို့ စတင်လှုပ်ရှားလာသည်။ သူက သံသရာတာအိုကို အဆုံးစွန်ထိ တွန်းပို့ပြီး ဓားနှင့် လူအိုကြီးငရဲဆီမှ ယင်စွမ်းအား သို့မဟုတ် မရဏစွမ်းအားကို ဖြန့်ကျက်သွားခြင်းမှ တားဆီးဖို့ ကြိုးစားလိုက်သည်။

ထိုဖြစ်စဉ်က သိပ်မလွယ်ကူလှပေ။ ဝမ်ဝေ့က ထိုနေရာကို ထိန်းသိမ်းဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သို့သော်လည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာလေသည်။ ပေါက်ကွဲမှုအလယ်တွင် အသူရာချောက်နက်၏ စွမ်းအား ထွက်ပေါ်လာပြီး သူ့အား သခင်၏ ထွေးပွေ့မှုဆီ ပြန်သွားဖို့ တီးတိုးသံတစ်ခုကို ဆက်တိုက် ကြားလိုက်ရသည်။

တောက် စိတ်ပျက်စရာကောင်းတဲ့ အရာတွေပဲ။ သူ့သခင်ကသာ ငါ့ရဲ့ ထွေးပွေ့မှုဆီ ပြန်လာသင့်တာကွ…

ဝမ်ဝေ့က ကျိန်ဆဲလိုက်ပြီးသည့်နောက်တွင် ဗုဒ္ဓနည်းစနစ်ကို အသက်သွင်းကာ သူ့ကိုယ်သူကာကွယ်ပြီး ထိုစွမ်းအားကို သန့်စင်လိုက်သည်။

All Chapters