← Chapters

တိုက်ခိုက်လိုစိတ် ထကြွလာခြင်း

Vol. 84 Ch. 1165

တိုက်ခိုက်လိုစိတ် ထကြွလာခြင်း

Vol. 84 Ch. 1165

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ့ခန္ဓာကိုယ်မှ သုန်မှုန်နေသည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေသည့်အတွက် ခုံရုံးတစ်ခုလုံးက တိတ်ဆိတ်နေ၏။ မျက်နှာရိပ် မျက်နှာကဲ မသိတတ်သူများအတွက်ပင် သူ့ဒေါသနှင့် စိတ်တိုမှုက သိသာနေသည်။ သို့သော်လည်း စစ်ပွဲအခြေအနေအရ မည်သူကများ သူ့ကို အပြစ်တင်နိုင်မည်နည်း။

အသင်္ချေအင်ပါယာကမ္ဘာက အားကုန်ဖြင့် စတင် တိုက်ခိုက်လာသည်။ သူတို့က လွှမ်းမိုးနိုင်သည့် စွမ်းအားဖြင့် အလယ်ပိုင်းနယ်မြေအပြင်ဘက် ပိုင်နက်များကို အုပ်စိုးခဲ့သည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့လူများကိုလည်း လွှတ်ကာ အတူတူ လုပ်ခဲ့သော်လည်း သူတို့၏ အမြန်နှုန်းက ရန်သူနှင့် မယှဉ်နိုင်ပေ။

ထို့နောက် တစ်နေရာမှ အံ့ဖွယ်စည်းတံဆိပ်ဧကရီက ကမ္ဘာ့အသိုက်အဝန်း ၅ရာကျော်ကို ယူဆောင်၍ အသင်္ချေအင်ပါယာကမ္ဘာထံ အညံ့ခံခဲ့သည်။ စစ်ပွဲအနေအထားတွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အသိုက်အဝန်း ၁၆၀၀ ကျော်ကို အုပ်စိုးထားစဉ် ရန်သူကမူ သူတို့ထက် နှစ်ရာကျော် သာလွန်နေပြီး လုယူဖို့အတွက် လေးရာကျော်သာ ကျန်ရှိတော့သည်။

ထိုစဉ် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က မလှုပ်မယှက် မနေနိုင်တော့ပေ။ ယခင်က သူသည် မတိုက်ခိုက်ခဲ့သည်မှာ ဝမ်ဝေ့အပေါ် အကြောက်တရားကြောင့် ဖြစ်၏။ သို့သော် ယခုက အချိန်မကျသေးပေ။ မည်သို့ပင်ဆိုစေကာမူ ဤအစီအစဉ်တွင် သူ့ကဏ္ဍက ဝမ်ဝေ့၏ အာရုံကို ဖမ်းစားဖို့ရာဖြစ်သည့်အတွက် သူက စင်မြင့်ကို တက်လှမ်းကာ တိုက်ခိုက်ခဲ့သည်။

နောက်ထပ် နှမြောဖို့ကောင်းသည်က ကိစ္စများသည် ထင်ထားသလို ဖြစ်ပျက်မလာခဲ့ဘဲ ထိုဘုန်းတော်ကြီးဖုန်းဟွမ်က သူနှင့် ယှဉ်နိုင်သည့် စွမ်းအားမျိုး ရလာကာ သူ့ကို တားဆီးခဲ့သည်။ သူက တိုက်ပွဲတွင် အရေးသာချက် ရှိခဲ့သော်လည်း ထိုဘုန်းကြီးက ခေါင်းမာမာဖြင့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးအတွေ့အကြုံကို သုံးကာ သူနှင့် ယှဉ်လာသည်။

ထိုအခိုက်အတန့်၌ သူသည် ပိုင်နက်များစွာကို ဆုံးရှုံးလိုက်ရသည်။ အသင်္ချေအင်ပါယာကမ္ဘာက ကျန်ရှိနေသည့် ကမ္ဘာ့အသိုက်အဝန်းလေးရာကျော်ကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ပြီး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ပိုင်နက်အထိ ရောက်ရှိလာသည်။ ထိုအရာက သူ့အတွက် လက်မခံနိုင်ပေ။ အထူးသဖြင့် ထိုသူများက သူ့ယုံကြည်မှုကပ်ပါးကို အလွယ်တကူ ဖယ်ရှားနိုင်သည့်အခါတွင် ဖြစ်၏။

နောက်ဆုံးတွင် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က သူ့ပိုင်နက်ကို ကာကွယ်ဖို့ တစ်ဖက်သူနှင့် တူညီသည့်နည်းလမ်းကို အသုံးပြုရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူက ထိုသို့ မလုပ်ဆောင်လိုသော်လည်း ဤသည်က တစ်ခုတည်းသော နည်းလမ်းဖြစ်သည့်အတွက် သူ့စွမ်းအားကို သူ့နောက်လိုက်များထံ မျှဝေကာ ရန်သူကို တိုက်ခိုက်ခိုင်းခဲ့သည်။

သို့သော်လည်း ဤနည်းဗျူဟာက ပြီးပြည့်စုံသည့် ဖြေရှင်းနည်း တစ်ခု မဟုတ်ပေ။ အသင်္ချေအင်ပါယာကမ္ဘာ မဟာမိတ်ရှိလူများက သူတို့၏ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အိပ်မက်လောကကြောင့် ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအား ရှိထားသည့်အတွက် အရေးသာနေဆဲ ဖြစ်၏။ သူတို့က သင်္ကေတလေးသွယ်ကြေးမုံဖြင့် အားဖြည့်ခံပြီးသည့်နောက်တွင် တကယ့်မကောင်းဆိုးဝါးများ ဖြစ်လာကြသည်။ အရာအားလုံးအပြင် သူတို့၏ တပ်ဖွဲ့က ဤစစ်ပွဲအတွက် ဖြစ်နိုင်သမျှ လှုံ့ဆော်မှုများဖြင့် လေ့ကျင့်ပေးထားသည့် စစ်စက်ယန္တရားမျှသာ ဖြစ်၏။

ထို့အပြင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့စွမ်းအားကို မျှဝေပြီးသည့်နောက်တွင် ဖုန်းဟွမ်ကို တိုက်ခိုက်ရာ၌ အရေးသာချက် မရှိတော့ကြောင်း သဘောပေါက်သွားခဲ့၏။ အနှစ်ချုပ်အားဖြင့် မျှခြေက ဖုန်းဟွမ်ဘက်ကို ယိမ်းယိုင်သွားခဲ့ပြီး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က စွမ်းအားမျှဝေမှုကို လျှော့ချဖို့ လုပ်ဆောင်လိုက်ရသည်။

ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။

“ငါတို့ရဲ့ ပိုင်နက်က ၁၂၀၀ အထိ လျှော့ချခံလိုက်ရပြီ။ စက္ကန့်တိုင်းနဲ့အမျှ ငါတို့က ပိုပြီး ဆုံးရှုံးနေတယ်။ ဘာအကြံပြုစရာရှိလဲ”

မည်သူကမှ ဘာမှပြန်မဖြေကြပေ။

ဒီလူတွေရဲ့ ဝိညာဉ်တွေကို ကျွန်ပြုလိုက်တာက သူတို့ကို တုံးအသွားစေတာလား။ အဲလိုတော့ မဟုတ်လောက်ပါဘူး…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တွေးလိုက်မိသည်။

ထိုနည်းစနစ်က သူ့အပေါ် သစ္စာရှိလာအောင် သူတို့၏ အသိအမြင်ကိုသာ ပြောင်းလဲလိုက်သည့်အတွက် သူတို့၏ ဉာဏ်ရည်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။

အဲဒါဆိုတော့ သူတို့က နဂိုကတည်းက  တုံးအပြီး အသုံးမဝင်တာပဲ…

သူက ဒေါသတကြီး ဖြစ်နေသည်။ သူက အော်ဟစ်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက်က ရှေ့ထွက်လာ၏။

“စွမ်းအားကြီးနတ်ဘုရား ကျွန်တော်ဆီမှာ ဖြေရှင်းနည်းတစ်ခု ရှိပါတယ်”

“ပြော” ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က အပြာဝတ် အသက်ကြီးကြီးအမျိုးသားသည် သူ့ဉာဏ်အရှိဆုံး ခုံရုံးအဖွဲ့ဝင်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။

“ကျုပ်တို့တွေက စည်းတံဆိပ်နဲ့ ဓား စစ်သူကြီးလိုလူမျိုးတွေကို လိုအပ်နေတာပါ”

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုစကားများကို ကြားသည့်အခါ ပြုံးလိုက်မိသည်။ အခြေအနေက သူက ထိုဘုန်းတော်ကြီးနှင့် တိုက်ခိုက်နေစဉ် ထိုနှစ်ဦးက တခြားသူများကို ဦးမဆောင်ခဲ့လျှင် အခြေအနေက ပိုမိုဆိုးရွားသွားလိမ့်မည်။

“ငါတို့တွေ ဘယ်လိုလုပ်ရမလဲ”

“သံသရာခုံရုံးပါ။ ကျွန်တော်တို့ သတင်းအချက်အလက်အရဆိုရင်တော့ မြေကမ္ဘာဧကရာဇ်က အားကောင်းတဲ့ ကျင့်ကြံသူတစ်ဦးတဲ့။ သူက ပထမကောင်းကင်ဧကရာဇ်ရဲ့ သွေးသောက်ညီအစ်ကိုလို့ ပြောတယ်။ ကျွန်တော်တို့သာ သူ့ကို ကျွန်တော်တို့ဘက်သားအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် ကျွန်တော်တို့ဘက်မှာ အားကောင်းတဲ့ စစ်သူကြီးတစ်ယောက် ရလိုက်ရုံတင်မကဘူး။ သူနဲ့ ယှဉ်နိုင်ဖို့ ဝှက်ဖဲတစ်ခုလည်း ရသွားနိုင်တယ်”

“ဝမ်ဝေ့ရဲ့ သွေးသောက်ညီအစ်ကိုလား” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ သူ့အကြည့်က အနီရောင် ပြောင်းလဲသွားခဲ့၏။

“ဒီအခွင့်အရေးကို ယူပြီးတော့ ကျွန်တော်တို့ဘက်က တပ်ဖွဲ့တွေနဲ့ လူတွေကို ပြန်ပြီး အသက်သွင်းနိုင်လောက်တယ်” အသက်ကြီးကြီး အမတ်တစ်ဦးက ထပ်ပြောလိုက်သည်။

“ခွန်အားကြီးနတ်ဘုရား အဲဒီအစီအစဉ်ကို ကျုပ်တော့ သဘောမတူဘူး။ သံသရာနဲ့ ဝင်ရောက်မစွက်ဖက်တာ ပိုကောင်းလိမ့်မယ်” အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးက မာကြောစွာ ပြောလိုက်သည်။

“မင်းက ဘာတွေအဓိပ္ပာယ် မရှိတာ ပြောနေတာတုန်း။ ခွန်အားကြီးနတ်ဘုရားရဲ့ အင်အားအရ ဘယ်သူကမှ မတားဆီးနိုင်ဘူး။ သူက စည်းမျဉ်းအထက်မှာ ရှိတယ်”

“ကောင်းပြီလေ”

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အတွေးနက်နေသည်။ ဤအစီအစဉ်က ကောင်းမွန်သော်လည်း စဉ်းစားစရာတချို့ရှိနေသည်။ ပထမဦးစွာ ဝမ်ဝေ့က ထွက်ပေါ်မလာသေးပေ။ သူက ထိုသူ ဘယ်ထွက်သွားကြောင်း မှန်းဆမိသော်လည်း မသေချာမှုက ရှိနေဆဲ ဖြစ်၏။ ထို့အပြင် ဝမ်ဝေ့၏ ညီအစ်ကို လီကျွင်းက ဖြေရှင်းဖို့ လွယ်ကူသည်။

အကောင်းဆုံးက သူ့ကို ငါကိုယ်တိုင် ဖြေရှင်းလိုက်ဖို့ပဲ။ ဒါပေမဲ့ ဘုန်းကြီးက ငါ့ကို နေရာအနှံ့ လိုက်ပြီးတော့ ကြည့်နေတာ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုဘုန်းကြီးနှင့် တိုက်ခိုက်သည့်အချိန်တိုင်း သူ့သွေးကြောများ ပေါက်ထွက်သွားတော့သလိုမျိုး ခံစားနေမိသည်။ တစ်ခုတည်းသော နည်းလမ်းက အသူရာချောက်နက်၏ စွမ်းအားကို အသုံးပြုဖို့ ဖြစ်ကြောင်း သဘောပေါက်မိ၏။ သို့သော် သူက ထိုသို့မလုပ်လိုပေ။

သူ့အပြုအမူက သူ့မွေးရပ်မြေအတွက် သစ္စာဖောက်မှုအဖြစ် မှတ်ယူနိုင်သော်လည်း မိုးမြေ၏ အသိအမှတ်ပြုမှုကို ရရှိဖို့ မျှော်လင့်ချက်ရှိနေဆဲ ဖြစ်၏။ သူက ကတ်များကို မှန်ကန်စွာ ကစားဖို့သာ လိုအပ်သည်။ သို့သော်လည်း သူသာ ထိုစွမ်းအားဖြင့် အနိုင်ယူခဲ့ပါက ထိုသူများ၏ နောက်လိုက်ဖြစ်သွားမည် ဖြစ်ကာ ဆုံးရှုံးမှု ဖြစ်သွားနိုင်သည်။

စိတ်ငြိမ်ငြိမ်ထား…

သူက သူ့ကိုယ်သူ သတိပေးလိုက်၏။

ငါ့အနေနဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ လိုမလားဆိုတာပဲ ဆုံးဖြတ်ဖို့ လိုတာ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က နောက်ထပ်စဉ်းစားစရာတစ်ခုက မြေကမ္ဘာဧကရာဇ် ရာထူး၏ လျှို့ဝှက်ချက်အကြောင်း ဖြစ်၏။ လူတချို့က ကောင်းကင်ဧကရာဇ်အကြောင်းသာ သိထားကြပြီး ထိုရာထူးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များက တွေ့ရများနေသည်။ ထိုအရာက မြေကမ္ဘာဧကရာဇ်အတွက် အတူတူ မဟုတ်ပေ။ လူများစွာက အကောင်းဆုံး အားစိုက်ထုတ်ထားကြသော်လည်း ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်အပါအဝင် မည်သူကမှ လီကျွင်းအပြင် ထိုရာထူးကို မရယူနိုင်ကြပေ။

ဘန်း

ဒိုင်မေးရှင်အနိမ့်တစ်ခုလုံးက တုန်ခါသွားပြီး သက်ရှိအားလုံးက အလန့်တကြား ဖြစ်သွားလေသည်။ ဝိညာဉ်စွမ်းအားမြင့်မားသည့် ကျင့်ကြံသူများက ရုတ်ချည်းဆိုသလို အဆုံးသတ်သည့် ခံစားချက်ကို ခံစားမိလိုက်၏။ သူတို့ထံ မရဏက ချဉ်းကပ်လာနေသလိုမျိုး ဖြစ်သည်။

ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ပလ္လင်မှ ထရပ်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

“ဒါက…”

သူက ရုတ်တရက် ပြုံးလိုက်သည်။

“အဲဒါဆိုတော့ မင်းက အဲဒီကို သွားတာပဲ”

သူက အသူရာချောက်နက်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ့မြင်ကွင်းမှ ပုန်းအောင်းနေသည့် ဝမ်ကျူက စည်းတံဆိပ်ကို တိတ်တဆိတ် အားဖြည့်နေကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း ပေါက်ကွဲမှုက သူမကို လွင့်စင်ထွက်သွားစေ၏။

တွေ့ပြီ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပြုံးကာ တွေးလိုက်သည်။ နောက်ဆုံးတွင် သူက ဝမ်ဝေ့၏ အစီအစဉ်ကို သိရပြီဖြစ်သည့်အတွက် သူ့ယုံကြည်ချက်တို့ မြင့်တက်လာသည်။

“ကောင်းပြီ။ အံ့ဖွယ်စစ်သူကြီးတွေနဲ့ အံ့ဖွယ်ဆင်သားရဲဧကရာဇ်ကို လီကျွင်းကို ဖမ်းဖို့အတွက် လွှတ်လိုက်” သူက လီကျွင်းကို ရသည်နှင့် သူ့ကို ယုံကြည်သူအဖြစ် မပြောင်းလဲနိုင်လျှင်ပင် ထိုသူက ဝမ်ဝေ့ သို့မဟုတ် အသင်္ချေအင်ပါယာကမ္ဘာရှိ လူများကို ဖြေရှင်းဖို့ရာအတွက် အကောင်းဆုံးနယ်ရုပ်တစ်ခု ဖြစ်၏။

“စွမ်းအားကြီးနတ်ဘုရားက တကယ်ကို ဉာဏ်ကြီးပါပေတယ်” ထိုအစီအစဉ်ကို အကြံပြုခဲ့သည့် အမတ်က ရှေ့တိုးလာကာ ပြောလိုက်သည်။

အာဏာ၊ စွမ်းအား၊ ကျော်ကြားမှုနဲ့ ကိုးကွယ်မှုက ငါ ထင်ထားသလောက် မဆိုးဘူးပဲ…

ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ထိုအရာများကို တစ်ခါက သဘောမကျခဲ့ပေ။ သူ့ကိုယ်ပိုင်စွမ်းအားကသာ အရေးကြီးဆုံးဟု မှတ်ယူထားသူ ဖြစ်၏။

“သွားပြီး ပြင်ဆင်ကြ။ ငါ တိုက်ပွဲဆီ သွားမယ်” သူက သံသရာခုံရုံးရှိ အခြေအနေများကို အာရုံခံမိခြင်းမှ ကာကွယ်ဖို့ သူက ရန်သူကို အာရုံလွှဲရမည် ဖြစ်၏။

………………………………………

သံသရာခုံရုံး

လီကျွင်းက အနက်ရောင်ပလ္လင်ပေါ်တွင် မျက်လုံးမှိတ်လျက် ထိုင်နေသော်လည်း သူ့လက်ချောင်းများက ပလ္လင်ပေါ် ခေါက်နေသည်။ တစ်စုံတစ်ယောက်က သွေးနီရောင် သတ်ဖြတ်ရေးဧကရာဇ် တစ်ဖြစ်လည်း ငရဲအုပ်ချုပ်သူက ဒီအခြေအနေ ဘယ်လိုဖြစ်နေတာလဲဟု မေးကြလိမ့်မည်။ သူက စကားနှင့် ဖော်ပြလို့မရအောင် စိတ်တိုနေလေ၏။ ဒိုင်မေးရှင်းအနိမ့်တွင် သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးစစ်ပွဲ ဖြစ်ပျက်နေပြီဖြစ်ကာ သူက ဤနေရာတွင် စောင့်ကြည့်သူအဖြစ် ပိတ်မိနေသည်။

သူက တိုက်ခိုက်လိုသည့်အတွက် သွေးများပင် ဆူပွက်နေသော်လည်း သူ့တာဝန်ကို အလေးအနက် မှတ်ယူရမည်။ အထူးသဖြင့် လူများစွာက စက္ကန့်ပိုင်းနှင့်အမျှ သေဆုံးနေသည့်အတွက် ကိစ္စများက ချောမွေ့စေဖို့ တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်သည်။

ဒီအလုပ်ရဲ့ အခက်ခဲဆုံးအပိုင်းက ရိုးအီနေတဲ့ ငြီးငွေ့ဖွယ်ကိစ္စတွေလို့ ထင်ထားတာ။ ဒါပေမဲ့ ငါမှားသွားတယ်။ တကယ်တမ်းတော့ ပြင်ပလောကက စွဲမက်စရာတွေပဲ…

လီကျွင်းက သက်ပြင်းချကာ မျက်လုံးဖွင့်လိုက်သည်။ သူက သူ့ဘာသာသူ စိတ်ငြိမ်အောင် ထိန်းပြီးသည့်နောက်တွင် သူ့အလုပ်ကို လုပ်ဖို့ ထရပ်လိုက်စဉ် နေရာတစ်ခုလုံးက ရုတ်ချည်း လှုပ်ခတ်သွား၏။

တစ်ခုခုဖြစ်သွားတာလား…

သူက ဒိုင်မေးရှင်းအနိမ့်ကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သည်။

အစ်ကိုကြီးက အဆင်ပြေလောက်မှာပါ…

သူက အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ ဝမ်ကျူက အသက်ရှင်နေသည်ကို မြင်လိုက်ရသည့်အတွက် စိတ်အေးမိသွားသည်။

တော်သေးတယ်။ တော်သေးတယ်…

ဘန်း

အခန်းက လှုပ်ခတ်သွားပြီး ဤတစ်ကြိမ် တိုက်ရိုက် ရည်ရွယ်ထားသည့်အတွက် ပိုသိသာလှသည်။

“ကျူးကျော်သူတွေလား” လီကျွင်း၏ မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာကာ သူ့သွေးများပင် ဆူပွက်လာသည်။

“ဒီနေ့က ငါ့ရဲ့ နေ့ရက်ပဲ” သူက ပလ္လင်အခန်းမှ ပျောက်ကွယ်သွား၏။

All Chapters