← Chapters

မြေကမ္ဘာဧကရာဇ်၏ စွမ်းပကား

Vol. 84 Ch. 1166

မြေကမ္ဘာဧကရာဇ်၏ စွမ်းပကား

Vol. 84 Ch. 1166

“ငါတို့ရဲ့ စွမ်းအားက သိသိသာသာ လျော့ကျသွားပြီ” အံ့ဖွယ်ဆင်သားရဲဧကရာဇ်က ပြောလိုက်သည်။

“အဲဒါက ဒီသံသရာခုံရုံးရဲ့ စက်ယန္တရားကြောင့် ဖြစ်လောက်တယ်။ အဲဒါက ငါတို့နဲ့ စွမ်းအားကြီးနတ်ဘုရားရဲ့ ဆက်နွယ်မှုကို လျှော့ချလိုက်တာ” စည်းတံဆိပ်စစ်သူကြီးကလည်း ဘေးပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်။ ဤနေရာက နောက်ဘဝကို စိတ်ကူးကြည့်ထားသလိုမျိုး အေးစက်ကာ မှောင်မဲပြီး ကြက်သီးထဖွယ်ကောင်း၏။

“အဲဒါဆိုရင် ငါတို့တွေ ဘာလုပ်ကြမလဲ” ဓားစစ်သူကြီးက အဖြေကို မဖြေဘဲ စည်းတံဆိပ်စစ်သူကြီးက ပြန်ဖြေလိုက်သည်။

“စွမ်းအားကြီးနတ်ဘုရားက အဲဒါကြောင့် ငါတို့သုံးယောက်ကို လွှတ်လိုက်တာ မဟုတ်ဘူးလား။ သူက ဒီဖြစ်နိုင်ချေကို ခန့်မှန်းထားပြီးတော့ ငါတို့ကို အတူတကွ လွှတ်ပြီး ပစ်မှတ်ကို ဖမ်းဆီးချင်နေတာလေ”

“သူက ငါ့ကို အထင်ကြီးနေတာ တော်သေးတာပေါ့” လီကျွင်းက သူတို့သုံးယောက်ရှေ့ ပေါ်ထွက်လာသည်။ ထိုပေါ်ထွက်လာမှုက ပတ်ဝန်းကျင်ကို အပြောင်းအလဲ ဖြစ်သွားစေ၏။ ယခုသူတို့က မြူများ ပြည့်နှက်နေသည့် မှောင်မဲမဲ နေရာတစ်ခုအတွင်း ရောက်ရှိနေသည်။ တိုက်ပွဲကွင်းပြင်ကို သတ်မှတ်ပြီးသွားပြီ ဖြစ်၏။

“မြေကမ္ဘာဧကရာဇ် လီကျွင်း”

“အံ့ဖွယ်စည်းတံဆိပ် ဧကရီ”

“အခု စည်းတံဆိပ် အံ့ဖွယ်စစ်သူကြီး ဖြစ်သွားပြီ။ စွမ်းအားကြီးနတ်ဘုရားရဲ့ အစေခံတစ်ဦးပေါ့။ အရင် ဇစ်မြစ်ကို စွန့်ပယ်လိုက်ပြီ”

လီကျွင်းက သူမကို သနားစွာ ကြည့်လိုက်သည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ခိုးကြောင်ခိုးဝှက်ဝင်ကာ သူမ၏ အစီအရင်ကို ဖျက်ဆီးပြီး တိုက်ခိုက်ခဲ့သည့်အတွက် ကမ္ဘာ့အသိုက်အဝန်းများစွာ ဆက်နွယ်ထားသည့် အစီအရင်၏ တန်ပြန်သက်ရောက်မှုကြောင့် သူမ၏ ဝိညာဉ် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ ထို့နောက် သူက သူမကို ဖမ်းဆီးကာ အားနည်းသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ကျွန်ပြုခဲ့၏။

“မစိုးရိမ်ပါနဲ့။ ငါ ပြီးသွားရင် မင်းက လွတ်မြောက်သွားမှာပါ” လီကျွင်းက ပြောလိုက်သည်။

“အတော်လေးကို အလာကြီးပါလား” အံ့ဖွယ်ဆင်သားရဲဧကရာဇ်က ပြောလိုက်သည်။ သို့သော်လည်း လီကျွင်းက သူ့ကို မကြည့်ဘဲ ရွှေရောင်ဓားနှင့် လူငယ်လေးကို ကြည့်လိုက်၏။ ထိုသူက တုကူကျင်း ဖြစ်၏။

တုကူကျင်းက ကျိလန်ဖန်းနှင့် ပြိုင်ပွဲအပြီးတွင် အဆုံးမဲ့လေဟာနယ်အတွင်း နာမည်ကျော်ကြားလာခဲ့သည်။ သူက ထိုသူကို စိန်ခေါ်ခဲ့ပြီး တူညီသည့် ကျင့်ကြံဆင့်ဖြင့် တိုက်ခိုက်ခဲ့ကြသည်။

တုကူကျင်းက တိုက်ပွဲကို ရှုံးနိမ့်သွားသော်လည်း ကပ်သီးလေးမျှသာ ဖြစ်သည်။ သူက ထူးချွန်ပြောင်မြောက်သည့် ဓားအရည်အချင်းကို ပြသနိုင်သည့်အတွက် ကျိလန်ဖန်းက သူ့ကို ဓားအသုံးပြုသူ မဟုတ်ဘဲ ဓားသမားတစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုတိုက်ပွဲက ဓားအရည်အချင်း ရှိသည့်သူများအကြောင်း ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေသည်။

ဓားသမားများက ထိုသူများကို မကြိုက်သလို ဓားအသုံးပြုသူများကလည်း တခြားသူများအား ဓားကိုသာ ဦးစားပေးသူများ အဖြစ် မှတ်ယူထားကြသည်။ နှမြောစရာကောင်းလှစွာဖြင့် သူတို့၏ အတွေးမျိုး ရှိနေသော်လည်း ဓားအသုံးပြုသူများက သူတို့၏ အရည်အချင်းအတွက် အသိအမှတ်ပြုမှု လိုချင်ကြပြီး ဘယ်သောအခါမှ မရရှိခဲ့ပေ။ ထိုအရာက တုကူကျင်း၏ တိုက်ပွဲမပြီးခင်အထိ ဖြစ်၏။

ကျိလန်ဖန်းက ဒိုင်မေးရှင်းအနိမ့်တွင် အားအကောင်းဆုံး ဓားသမားတစ်ယောက် ဖြစ်၏။ သူ့ဓားအရည်အချင်းက ယေဘုယျအားဖြင့် ဒုတိယနေရာတွင် ရှိသည်။ ထို့ကြောင့် သူ့အသိအမှတ်ပြုမှုက ဓားသမားအဖွဲ့အစည်းပေါ် များစွာ သက်ရောက်မှုရှိ၏။

တုကူကျင်းအတွက် နှမြောဖို့ကောင်းလှသည်က သူ ရှုံးနိမ့်ပြီးသည့်နောက်တွင် ရွှေရောင်နတ်ဘုရား၏ ပိုင်နက်အတွင်း ရောက်ရှိလာသည်။ သူက သူ့ကံဆိုးမှုဖြင့် ထိုသူနှင့် တွေ့ဆုံကာ ကျွန်ပြုခံလိုက်ရသည်။

“ငါတို့နဲ့ အေးအေးဆေးဆေး လိုက်လာနိုင်ဖို့ အခွင့်အရေးများ ရှိမလား” စည်းတံဆိပ် အံ့ဖွယ်စစ်သူကြီးက မေးလိုက်သည်။

“ဘယ်လိုထင်လဲ”

“နှမြောစရာပဲ” သူမက ပြန်ဖြေလိုက်ပြီးသည့်နောက်တွင် တာအိုသက်သေပြပစ္စည်းကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက နယ်ရှင်စည်းတံဆိပ်ဖြစ်ပြီး နိုးထအသက်ဝင်ခြင်းကို အသက်သွင်းလိုက်သည့်အခါ သူမ ဦးခေါင်းအထက် သရဖူတစ်ခု ပေါ်ထွက်လာပြီး သူမ၏ အနက်ရောင်ဟန်ဖု ဝတ်စုံပေါ်တွင် သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် အနီရောင်နဂါးပုံရိပ်များ ထွက်ပေါ်လာသည်။

တုကူကျင်း၏ ဆံပင်က အဖြူရောင် ပြောင်းလဲသွားပြီး သူ့မျက်ဝန်းက ကျားလို ဖြစ်သွားသည်။ အကယ်၍ အင်္ကျီအောက်မှ သူ့ကျောဘက်ကို ကြည့်လိုက်ပါက ကျားအစင်းရာများကိုပင် မြင်တွေ့နိုင်သည်။ အံ့ဖွယ်ဆင်သားရဲဧကရာဇ်ကမူ ခန္ဓာကိုယ်လေ့ကျင့်သူမှန်း သိသာသည့် ကြွက်သားပြိုင်းပြိုင်းနှင့် အမျိုးသားတစ်ဦး ဖြစ်၏။ သူက အဝတ်အစားကို ဖြဲပစ်ကာ သူ့အပေါ်ပိုင်းအထက် ဆင်တစ်ကောင်၏ အမှတ်အသား ပေါ်ထွက်လာသည်။

လီကျွင်းက သူတို့အတိုင်း နိုးထအသက်ဝင်ခြင်းကို အသက်သွင်းလိုက်သည်။ ယခင်က အနီရောင်ချပ်ဝတ်မျှသာ ဖြစ်သော်လည်း ယခုအခါ အနီရောင်ထက် ပိုမို အရောင်ရင့်လာခဲ့၏။ ထိုမြင်ကွင်းက သူ အရိုးပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ့ခြေထောက်အောက်တွင် အနက်ရောင်ပန်းပွင့်များက နေရာအနှံ့ ဖုံးလွှမ်းထားလေသည်။

“မင်းတို့ကို ကျေးဇူးတင်ရမှာပဲ” လီကျွင်းက အနီရောင်လှံကို ဆင့်ခေါ်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ ထိုအရာက သူ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာကို လေ့လာခြင်းဖြင့် လတ်တလောလေးမှ ဖန်တီးထားသည့် သတ်ဖြတ်ရေးစိတ်ဝိညာဉ်လည်း အပါအဝင် သူ့စွမ်းအားများကို အားဖြည့်ပေးနိုင်သည်။ သူက သူ့အရှိန်အဝါကို လွှင့်ထုတ်လိုက်သည့်အခါ အစောပိုင်း ၈ဆတိုက်ခိုက်ရေးအဆင့် ရောက်ရှိထား၏။

“ငါ့ကို အညောင်းအညာပြေစေတဲ့ ဒီအခွင့်အရေးကို ပေးလို့ ကျေးဇူးပဲ”

ရန်သူက ငါတို့ထင်ထားတာထက်ပိုပြီး အားကောင်းတယ်။ ငါတို့တွေ ဒီတာဝန်ကို အောင်မြင်ဖို့ အစီအစဉ်တစ်ခု လိုတယ်…

အံ့ဖွယ်ဆင်သားရဲဧကရာဇ်က အံ့ဖွယ်အသိစိတ်မှ ပြောလိုက်သည်။

ငါတို့ သိပြီ…

စည်းတံဆိပ်စစ်သူကြီးက ပြန်ဖြေလိုက်သည်။ သူမက လက်ရှိတွင် အားအကောင်းဆုံး ဖြစ်၏။ ယခင် ဖမ်းဆီးမခံရခင်က သူမ၏ အင်အားသည် ထိပ်သီးငါးဆမျှသာ ရှိခဲ့သည်။ သို့သော် သူမ၏ အစီအရင်ကြောင့် ပိုမိုမြင့်မားနိုင်၏။ ယခု စွမ်းအားကြီးနတ်ဘုရား၏ ကောင်းချီးကို ဆုံးရှုံးလိုက်ပြီးသည့်နောက်တွင်ပင် သူမ၏ စွမ်းအားက ၇ဆတိုက်ခိုက်ရေးအဆင့်အထိ ရောက်ရှိလာသည်။

ဓားစစ်သူကြီးက ဖမ်းဆီးခံရစဉ်အခါက လေးဆတိုက်ခိုက်ရေးအဆင့်သာ ရှိခဲ့ပြီး ယခု ပိုမိုအားနည်းသွားသည့်အချိန် ၇ဆမျှသာ ရှိ၏။ အံ့ဖွယ်ဆင်သားရဲဧကရာဇ်ကမူ သံသရာခုံရုံး၏ အားနည်းစေမှုအပြီးတွင် လေးဆတိုက်ခိုက်ရေးအဆင့် ရှိထားသည်။

နင်က ငါတို့ကြားထဲမှာ တိုက်ခိုက်ရေး အကောင်းဆုံးဆိုတော့ တိုက်ခိုက်လိုက်။ ငါက စည်းတံဆိပ်တချို့နဲ့ အားဖြည့်ပေးမယ်။ ဆင် .. မင်းက ငါတို့နှစ်ယောက်လုံးအတွက် ရှေ့ကနေ ခုခံပေး

ကောင်းပြီ ငါ အဆင်သင့်ပဲ။

တုကူကျင်းက ခေါင်းညိတ်လိုက်သည်။

ခွန်အားစည်းတံဆိပ်၊ အရှိန်စည်းတံဆိပ်၊ ကာကွယ်ရေးစည်းတံဆိပ်၊ အံ့ဖွယ်ဆင်သင်္ကေတ၊ ရွှေရောင် စည်းတံဆိပ်နှင့် ကျားဖြူသင်္ကေတ

စည်းတံဆိပ်စစ်သူကြီးက မိုးမြေဆီမှ စွမ်းအားကို ခိုးယူကာ စည်းပိတ်ပြီး ကိုယ့်ဘာသာ အသုံးပြုနိုင်သည်။ ဤအခြေအနေတွင် သူမ၏ အပေါင်းအပါများကို ကောင်းချီးပေးလိုက်၏။ တုကူကျင်း၏ အရှိန်အဝါက ရွှေရောင်စည်းတံဆိပ်နှင့် ကျားဖြူသင်္ကေတကို လက်ခံပြီးသည့်နောက်တွင် ပိုမိုမြင့်မားလာသည်။ သူ့ခန္ဓာကိုယ်က ထက်ရှသည့် ဓားချီထွက်ပေါ်လာပြီး ဤနေရာရှိ မရဏစွမ်းအားက ပြတ်တောက်သွား၏။

“အခု စိတ်ဝင်စားဖို့ကောင်းလာပြီ” လီကျွင်းက ရယ်မောကာ ပြောလိုက်၏။

“ကဲ အခု မိတ်ဆက်လိုက်ရအောင်”

လီကျွင်းက သူ၏ လှံကို ပစ်ခတ်လိုက်၏။ လက်နက်က သူ့လက်ထဲမှ ထွက်ပေါ်သွားသည်နှင့် အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း ခြိမ်းခြောက်နိုင်ဖွယ်ကောင်းသည့် အရာက ထိုနောက်ကွယ်မှ စွမ်းအား မဟုတ်ဘဲ ထိုအရာသည် မရဏ၊ ဖျက်ဆီးမှုနှင့် ပြင်းထန်မှုတို့ကို ဆောင်ကျဉ်းလာသည့်အချက် ဖြစ်၏။

အံ့ဖွယ်ဆင်သားရဲ ဧကရာဇ်က အဖွဲ့ရှေ့ ပြေးလာကာ လက်ကိုဆန့်ထုတ်လျက် ဧရာမမြင့်မားသည့် အံ့ဖွယ်ဆင်တစ်ကောင်၏ ပုံရိပ်ကို ထုတ်လွှတ်လာသည်။ ထိုသက်ရှိက ကျောဘက်တွင် အနီရောင်အမှတ်အသားနှင့် ရွှေရောင် ဖြစ်ပြီး အားကောင်းသည့် နှာမောင်းဖြင့် လှံကို ရိုက်ခတ်လိုက်ပြီး ပြိုင်ဘက်ကင်း အလျင်ကို တားဆီးလိုက်၏။

သူတို့နှစ်ဦးကြားရှိ တိုက်ခိုက်မှုက တိုက်ပွဲကွင်းပြင်အပေါ် သက်ရောက်မှု ရှိလာစေသည်။

“ဟား…ဟား…ဟား…ဒါပဲ လုပ်နိုင်တာလား” အံ့ဖွယ်ဆင်သားရဲဧကရာဇ်က ရယ်မောကာ ပြောလိုက်၏။ သူက တိုက်ကွက်ကို တားဆီးဖို့ စွမ်းအားများများ သုံးထားရသည်။ နှမြောစရာကောင်းလှစွာဖြင့် သူ့ရယ်မောမှုက ကြာရှည်မခံဘဲ သွေးတစ်ပွက် အန်လိုက်ရသည်။ ထို့နောက် သူက သူ့ရင်ဘတ်ရှိ အပေါက်ကို ငုံ့ကြည့်လိုက်သည်။ သို့သော် မည်သည့်လက်နက်မှ မမြင်ရပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူက သေဆုံးခြင်းကို မကြောက်ပေ။ ထိုအရာက သူ့နတ်ဘုရား၏ ထွေးပွေ့မှုထံ ပြန်လည်သွားရောက်မည်ဟု ဆိုလိုနေခြင်းသာ ဖြစ်၏။ သို့သော်လည်း သူက သူ့သခင်ကို စိတ်ပျက်စေမိမည်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် အံ့ဖွယ်ဆင်သားရဲဧကရာဇ်က လီကျွင်းကို အမုန်းတရားဖြင့် ကြည့်လိုက်သည်။

“ဒါက မပြီးသေးဘူး”

“ပြီးပြီ” လီကျွင်းက ထူးဆန်းစွာပြုံးရင်း ပြောလိုက်သည်။

“မင်းရဲ့ ဝိညာဉ်က မင်းရဲ့ နတ်ဘုရားဆီ ပြန်သွားမယ်ဆိုပြီး စိတ်အေးလက်အေး ဖြစ်နေတာလား။ မင်းအတွက် နှမြောဖို့ကောင်းတာက မင်းက ငါ့ရဲ့ ပိုင်နက်ထဲမှာဆိုတော့  မင်းရဲ့ဝိညာဉ်က ငါ့အပိုင်ပဲ”

“မင်း မလုပ်ရဲပါဘူး”

လီကျွင်းက ဘာမှမပြောသော်လည်း အံ့ဖွယ်သားရဲဧကရာဇ်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့သည်။

သူ့ခန္ဓာကိုယ်က ငါ့ခန္ဓာကိုယ် ကျင့်ကြံရေးကို တိုးမြှင့်ဖို့ ပစ္စည်းကောင်းပဲ…

သူက ခန္ဓာကိုယ်ကို လှုပ်ရှားကာ ရွှေရောင်ဓားချက်ကို ရှောင်ရှားလိုက်သည်။

စည်းတံဆိပ်နှင့် ဓား စစ်သူကြီးတို့က သတိကြီးကြီး ထားထားကြ၏။ စည်းတံဆိပ်၏ မျက်နှာအထက် သင်္ကေတများ ပေါ်ထွက်လာကာ သူတို့က ဆင်သားရဲကို သတ်လိုက်သည့်အရာကို အာရုံခံဖို့ ကြိုးစားနေသည်။ ထိုစဉ် ဓားစစ်သူကြီးက သူ့ပတ်ဝန်းကျင်ထံ မမြင်နိုင်သော ထက်ရှသည့် ချီကို ထုတ်လွှတ်ထားပြီး သူ့ဆီ နီးကပ်လာသည့် အရာအားလုံးကို ဖြတ်တောက်ပစ်ဖို့ ကြံရွယ်ထားသည်။

နှမြောဖို့ကောင်းလှစွာဖြင့် သူတို့၏ ကြိုးပမ်းမှုက အသုံးမဝင်ပေ။ ထို့ကြောင့် စည်းတံဆိပ်က ပိုမိုတိုက်ရိုက်ကျသည့် နည်းလမ်းမျိုးကို အသုံးပြုလိုက်၏။

မမြင်ကွယ်ရာ စည်းတံဆိပ်

နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မှော်စက်ဝန်း ပေါ်ထွက်လာကာ မျက်စိဖြင့် မမြင်နိုင်သည့် အရာအားလုံးကိုပင် ပိတ်ဆို့လိုက်သည်။

သူမက ငါ့ရဲ့ မပြီးမပြတ် ကိုယ်ပွားကို ပိတ်ဆို့လိုက်တာလား။ မဆိုးဘူးပဲ…

 လီကျွင်းက သုံးသပ်လိုက်သည်။ သူ့မပြီးမပြတ်ကိုယ်ပွား တည်ရှိနေသည်က သေခြင်းရှင်ခြင်းကြားတွင် ဖြစ်ပြီး နှစ်ဘက်လုံးမှ ငြင်းဆန်ခံထားရသည်။ ထို့ကြောင့် အများစုက ထိုအရာကို မမြင်နိုင်ကြပေ။ သံသရာခုံရုံးကို သိမ်းပိုက်ပြီးကတည်းက လီကျွင်း၏ သတ်ဖြတ်ရေးတာအိုက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူက ယခင်က မရဏတာအိုအနည်းငယ်သာ ပါဝင်သော်လည်း ယခုအခါ ထိုပမာဏက ပိုမိုတိုးမြင့်လာခဲ့သည်။ သူက ယခုအခါ အစစ်အမှန် မရဏအုပ်ချုပ်သူ တစ်ယောက် မဟုတ်ပါလော။

မရဏ တေးသံ

လီကျွင်းက ရှေ့တစ်လှမ်းတိုးလာစဉ် ခြေတစ်လှမ်းချင်းစီဖြင့် မှုန်မှိုင်းသော်လည်း ဆွဲဆောင်မှုရှိသည့် တေးသံကို ထုတ်လွှတ်လာ၏။ ထိုတေးသံက လှပကာ ဆွဲဆောင်မှု ရှိလေသည်။ လူအားလုံးအတွက် ထိုနည်းစနစ်ကို မရဏတေးသံဟု ခေါ်ဆို၏။

စည်းတံဆိပ်နှင့် ဓားစစ်သူကြီးတို့၏ စိတ်နှလုံးသားကလည်း ထိန်းချုပ်မှု ကင်းလွတ်ကာ ပေါက်ကွဲလုမတတ် ဖြစ်နေသည်။ သူတို့က ခန္ဓာကိုယ်ကို အကောင်းဆုံး ထိန်းချုပ်ထားကြသော်လည်း သူတို့၏ ဝိညာဉ်က ထိုစည်းချက်ကို အလျင်အမြန် တုံ့ပြန်နေပြီး ဝရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိသွားသည်။

ဓားစစ်သူကြီးက သူ့အပေါင်းအပါအတွက် အချိန်ဆွဲပေးထားဖို့ ချက်ချင်း တိုက်ခိုက်လာသည်။

All Chapters