ကြွက်သား အညောင်းအညာဖြေခြင်း
Vol. 84 Ch. 1167
ဒိုင်မေးရှင်းတစ်ခုကိုပင် အလွယ်တကူ ထိုးဖောက်နိုင်စွမ်းရှိသည့် ရွှေရောင်ဓားရာချီက မရဏကောင်းကင်အထက် ပေါ်ထွက်လာကာ လီကျွင်းဆီ တိုးဝင်လာသည်။ သို့သော်လည်း သူ့ဝန်းကျင်တွင် ရှိနေသည့်လူများက လက်နက်တာအိုအဖြစ် ပြောင်းလဲသွားကာ ထိုဓားများဖြင့် ထိပ်တိုက်တွေ့ဆုံသွား၏။ သူ့နည်းဗျူဟာက အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။
စည်းတံဆိပ်စစ်သူကြီးက ထိုအခွင့်အရေးကို အရယူကာ သူမ နှလုံးသားနှင့် ဝိညာဉ်ရှိ မူမမှန်မှုများကို ပိတ်ဆို့ထားပြီး သူမ၏ အပေါင်းအပါအတွက်လည်း အတူတူ လုပ်ဆောင်ပေးလိုက်သည်။ ထို့နောက် သူမက တိုက်ခိုက်ဖို့ရာအတွက် ပြင်လိုက်၏။ သို့သော် သူမ မတုံ့ပြန်နိုင်ခင် ခန္ဓာကိုယ်က ပူလောင်လာပြီး စတင် လောင်ကျွမ်းလာသည်။
လီကျွင်းက သူမ၏ ခန္ဓာကိုယ်မှ သွေးကို ထိန်းချုပ်ကာ ယန်စွမ်းအားကို အဆုံးစွန်ထိ မြှင့်တင်ခဲ့သည့်အတွက် လောင်ကျွမ်းလာခြင်း ဖြစ်သည်။ သူမက အာရုံများနေစဉ် လီကျွင်းက သတ်ဖြတ်ငွေ့ဓားချက်ကို ထုတ်လွှတ်လာသည့် ဓားသမားကို အာရုံစိုက်လိုက်သည်။
ဓားစစ်သူကြီး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ငွေ့ သို့မဟုတ် သွေးဆာမှုကို ထုတ်လွှတ်လာကာ ပတ်ဝန်းကျင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။ သူက သတ်ဖြတ်ငွေ့ကို ထက်ရှသည့် သူ့ဓားချီထဲ ထည့်သွင်းကာ သူ့စွမ်းအားကို မြှင့်တင်ခဲ့၏။
ငါ့ရှေ့မှာ သတ်ဖြတ်ငွေ့ကို သုံးချင်တာလား…
လီကျွင်းက နှာခေါင်းရှုံ့ကာ တွေးပြီး ရှေ့တိုးသွားလိုက်သည်။ သူက ထိုဓားချက်ကို ဘယ်ဖက်လက်ဖြင် တားဆီးပြီး ခြေမွပစ်လိုက်၏။ သူ့ဓားက ပုဆိန်လှံရှည်အဖြစ် ပြောင်းလဲသွားကာ တစ်ဖက်လူရှေ့ ချက်ချင်းပေါ်ထွက်လာပြီး ပြိုင်ဘက်ကင်းခွန်အားဖြင့် ခုတ်ချလိုက်သည်။
ဓားစစ်သူကြီး၏ ခန္ဓာကိုယ်က ဗုဒ္ဓတစ်ပါး ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ရွှေရောင် ပြောင်းလဲသွားသည်။ သို့သော် သူ့အငွေ့အသက်က ငြိမ်းအေးမှုနှင့် မြင့်မြတ်မှုတို့ မရှိဘဲ ထက်ရှသည့်အရှိန်အဝါသာ ပါဝင်နေသည်။ သူ ဤနည်းလမ်းကို ရွေးချယ်ခဲ့သည်က ကံကောင်းသွား၏။ သူ့ ခုခံကာကွယ်မှုက အတော်လေး ကောင်းလှသည်။ လီကျွင်းက သူ့စာအုပ်မှ စာရွက်တစ်ရွက်ကို ယူကာ ပုဆိန်လှံရှည်ရှိ ပုဆိန်နှင့်တူသည့် အပိုင်းကို အင်မတန် ထက်ရှသည့်အရာအဖြစ် ပြောင်းလဲလိုက်သည်။
ဓားစစ်သူကြီးက နှစ်ပိုင်းကွဲလုမတတ်ဖြစ်သွားသော်လည်း သူ့ရွှေခန္ဓာက တောင့်ခံထားနိုင်ခဲ့သည်။ လီကျွင်း၏ လက်နက်က ချက်ချင်းဆိုသလို လေးအဖြစ် ပြောင်းလဲသွားကာ စည်းတံဆိပ်စစ်သူကြီးကို ချိန်ရွယ်လိုက်သည်။
သူမအနေနှင့် မြား၏ ဦးတည်ရာသည် သူမဘက် ထိုးခွင်းလာနေသည်ကို မြင်သည့်အခါ အမူအရာပျက်ယွင်းသွား၏။ သူမက ရှေ့တွင် မှော်စက်ဝန်းရာချီကို ထုတ်ဖော်လိုက်ပြီး မြားက သူ့ဦးတည်ချက် မရောက်ခင် ထိုအရာအားလုံးကို ဖြတ်သန်းလာအောင် လုပ်လိုက်သည်။
ထိုသင်္ကေတ သို့မဟုတ် မှော်စက်ဝန်းကို ဖြတ်သန်းလာသည့်အချိန်တိုင်း သူတို့က အရှိန်၊ ခွန်အားနှင့် ယေဘုယျ ဖျက်ဆီးနိုင်စွမ်းရှိသည့် အရာများကို ပိတ်ဆို့ဖို့ ရည်ရွယ်ထားသည့် စည်းတံဆိပ်တချို့ကို ဖြတ်ကျော်လာရသည်။ ကံဆိုးစွာဖြင် သူမက ကြိုးစားခဲ့သော်လည်း ကိစ္စများက စကားဖြင့် ဖော်ပြ၍မရအောင် မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် သူမက ခန္ဓာကိုယ်တစ်ဝက်ကို ဖောက်ခွဲကာ ဘေးဖက်ကို ရွှေ့ခဲ့၏။
“ဘာလဲ။ ငါက ဘာလို့ ပြန်မကောင်းတာလဲ။” စည်းတံဆိပ်စစ်သူကြီးက တွေးလိုက်သည်။ သူမက အလိုလိုကုစားနိုင်စွမ်းကို တားဆီးမှုကို ရှောင်ရှားဖို့ တာအိုဆန္ဒကိုပင် အသုံးပြုခဲ့၏။
ကျိန်စာလား…
သူမက အံကြိတ်ကာ ထိုကျိန်စာကို ပိတ်ဆိုဖို့ ကြိုးစားလိုက်သည်။ ယေဘုယျအနေဖြင့် သူမသည် ကျိန်စာတာအိုကို အောင်မြင်ဖို့ရာအတွက် နားလည်မှုတချို့ လိုအပ်သော်လည်း သူမ၏ စည်းမျဉ်းတာအိုတွင် နယ်ရှင်တာအိုပါဝင်နေသည့်အတွက် အာဏာရှင်တစ်ယောက်လိုမျိုး ပြုမူကာ အတင်းအကြပ် ပိတ်ဆို့လိုက်သည်။
နှမြောစရာကောင်းလှစွာဖြင့် အချိန်က သူမဘက်တွင် ရှိမနေပေ။
ဝှစ်
ဒုတိယအကြိမ် ကြောက်မက်ဖို့ကောင်းသည့် မြားက သူမထံ ပြိုင်ဘက်ကင်းအလျင်ဖြင့် ဝင်ရောက်လာသည်။ မြေကြီးပေါ်မှ ထွက်ပေါ်လာသည့် ဓားချက်က မြား၏ လားရာကို ဝင်ဖြတ်လိုက်သော်လည်း ထိုအရာက သံကြိုးများအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ထဲ ထိုးခွင်းသွား၏။ ဓားစစ်သူကြီးက တစ်စုံတစ်ခုကို ခံစားမိကာ အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းပြီး နေရာမှ ရွှေ့လိုက်သည်။ သို့သော် အသုံးမဝင်ခဲ့ပေ။ သံကြိုးများက သူ့ဝန်းကျင်တွင် ပေါ်ထွက်လာပြီး သူ့ကို ပိတ်ဆို့ထား၏။
အကြွင်းမဲ့ နတ်ဘုရား ထိုးခွင်းချက်
ဓားစစ်သူကြီးက သတ္တုချီ ပမာဏအများအပြားကို စုစည်းပြီး သူ့ဓားဖြင့် ထိုးချလိုက်သည့်အခါ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာခဲ့သည်။ ကံဆိုးစွာဖြင့် လီကျွင်းက ထိုအရာကို မှန်းဆထားပြီးသား ဖြစ်ဟန်ပေါ်သည်။ သံကြိုးများက မီးတောက်လို အနီရောင်သဖွယ် ပြောင်းလဲသွားပြီး အားကောင်းသည့် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဓာတ်ငါးပါး သတ္တုကို လွှမ်းခြုံသွားခဲ့သည်။ သီအိုရီအရ ထိုတိုက်ကွက်သည် အခွင့်အရေး မရတော့ပေ။
ဓားစစ်သူကြီးကို သံကြိုးများဖြင့် ရစ်ပတ်သွားလေ၏။ သို့သော်လည်း သူက အင်မတန် တည်ငြိမ်လွန်းနေသည်။
“ငါ မင်းဆီ အပ်ခဲ့မယ်” သူက ပြောလိုက်ပြီးသည့်နောက်တွင် မေ့လဲသွားသည်။
ဝုန်း
ပြင်းထန်သည့် ရွှေရောင်အလင်းတန်းက စည်းတံဆိပ်စစ်သူကြီး၏ ခန္ဓာကိုယ်အတွင်း ရောက်ရှိလာကာ ဓားတစ်ချောင်း၏ ထက်ရှမှုတို့ကို ထုတ်လွှတ်လာသည်။
သူက သူမဆီ သူ့တာအိုကို ပေးခဲ့တာလား…
လီကျွင်းက တွေးလိုက်ပြီး ဤသည်က သူတို့၏ တိုက်ပွဲအတွက် နည်းဗျူဟာတစ်ခုဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ သူက တုကူကျင်းကို တိုက်ပွဲအဝေးမှ ပို့ဆောင်လိုက်၏။ လက်ရှိအခြေအနေကို ဖြေရှင်းပြီးမှသာ သူ့ကို ကယ်တင်နိုင်လိမ့်မည်။
စည်းတံဆိပ်စစ်သူကြီးက ယခုအခါ ဓားစစ်သူကြီး၏ တာအိုနှင့် နည်းစနစ်များကို ယာယီရယူနိုင်သည့်အတွက် တိုက်ပွဲကို အနိုင်ရရှိဖို့ ယုံကြည်ချက်ရှိနေသည်။ သူမ၏ စည်းတံဆိပ်တာအိုဖြင့် သူမသည် ထောက်ပံ့ရေး၊ တိုက်ခိုက်ရေးနှင့် စွယ်စုံအသုံးပြုမှုအတွက် ပြီးပြည့်စုံခြင်း မရှိပေ။ သူမက ကျောက်စိမ်းလို လက်ဝါးကို မြှောက်ပြီး သတ္တုနှင့် ဓားချီကို ထုတ်လွှတ်လိုက်သည်။
ကျားဖြူ သတ္တုချီ ဓားချက်
သူမက ဓားကို ဝှေ့ယမ်းရင်း ပြိုင်ဘက်ကင်းအလျင်ဖြင့် ကျားဖြူတစ်ကောင်၏ ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်က လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ကံကောင်းစွာဖြင့် အာကာပြင်က အလိုလို ကုစားနိုင်စွမ်းရှိသည့်အတွက် အလိုအလျောက် ပြန်လည်ကောင်းမွန်သွား၏။
“မြင့်မြတ်သားရဲ။ ကျားဖြူတွေက သတ်ဖြတ်ရေးနဲ့ ပတ်သက်နေတာ။ သူတို့ရဲ့ အဓိက ဓာတ်သဘာဝက သတ္တုပဲ။ ဒါကိုသိတာတောင် သတ်ဖြတ်ရေးကျွမ်းကျင်သူရှေ့မှာ ဒီလိုအရာကို ထုတ်သုံးရဲသေးတယ်လား”
ကျားဖြူပုံရိပ်က လီကျွင်းရှေ့ မရောက်ခင် ရပ်တန့်သွားပြီး သူ့ကို ကြည့်ကာ ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် ပိုင်ရှင်ထံ ပြန်သွားလေသည်။ ထိုအရာက စည်းတံဆိပ်စစ်သူကြီးကို စွန့်ပယ်လိုက်ပြီး သူမကိုပင် တိုက်ခိုက်လာ၏။
“ကျစ်” သူမက သူမဓားထဲ ပုံရိပ်ကို ပြန်လည်သိမ်းရင်း ကျိန်ဆဲလိုက်သည်။ ထို့နောက် ဓားတစ်ချက်အဝှေ့တွင် ထိုအရာက အဖြူရောင် ပြောင်းလဲသွားပြီး လမ်းတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်နေ၏။
လီကျွင်းက ထိုတိုက်ကွက်၏ အလားအလာကြောင့် အံ့အားသင့်သွားပြီး ရှောင်ရှားလိုက်ရသည်။ မဟုတ်ပါက သူသာ ထိမှန်သွားလျှင် ဘာမှကျန်ရှိမည် မဟုတ်ပေ။
“နောက်ဆုံးတော့ တည်ငြိမ်မှု ပျောက်ဆုံးသွားပြီပဲ” သူမက ရယ်မောပြီးသည့်နောက်တွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှတ်လိုက်သည်။ စည်းတံဆိပ်စစ်သူကြီးက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ ဗိုက်ကို ကိုင်လိုက်သည်။ သူမက ရုတ်တရက် နာကျင်မှုကို ခံစားမိလိုက်ပြီး သူမ၏ နတ်ဘုရားကို ပြန်လည်တွေးတောမိသွားသည်။
ဒါက ဘာလဲ…
သူမက မေ့မလဲအောင် အကောင်းဆုံး ကြိုးစားနေရ၏။
ငါက ဗိုက်ဆာနေတာလား…
သူမက သူမ ခံစားနေရသည့်အရာကို ချက်ချင်းသဘောပေါက်မိသွားစဉ် ဆွံ့အမိသွားသည်။
ဒီလူက သေခြင်းတရား ဒါမှမဟုတ် မရဏနဲ့ သက်ဆိုင်နေတဲ့အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိတာလား။ နမူနာအနေနဲ့ဆိုရင် ဆာလောင်မှုတို့ဘာတို့ပေါ့…
စည်းတံဆိပ်စစ်သူကြီးက အယူအဆသဘောတရားတွေအတွက် သူမက ပတ်ဝန်းကျင်ရှိ စွမ်းအင်ကို မှီခိုပြီး အစားအစာနှင့် ရေ မရှိဘဲ နှစ်သန်းချီကာ အသက်ရှင်နိုင်သည်။ သို့သော် သူမက ယခုအခါ ဆာလောင်မှုကို ခံစားမိနေ၏။
သူမက ထိုနည်းစနစ်ကို စည်းတံဆိပ်ဖြင့် ရပ်တန့်လိုက်သော်လည်း ထိုဖြစ်စဉ်က အရမ်းကြာလွန်းနေသည်။ ထို့ကြောင့် စည်းတံဆိပ်က သူမ၏ အတွင်းအင်္ဂါအားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ သို့သော်လည်း ထိုအရာက နာကျင်မှုကို လျှော့ချနိုင်ရုံမျှသာ ဖြစ်၏။ အဆိုးဆုံးအပိုင်းက လီကျွင်းသည် ဖြည်းဖြည်းချင်း ပျံသန်းလာနေခြင်း ဖြစ်သည်။
ငါ ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်ဖို့ လိုတယ်…
စည်းတံဆိပ်စစ်သူကြီးက တွေးလိုက်မိစဉ် လီကျွင်းက အနီးကပ်လာပြီး သူမက အံကြိတ်ကာ အလားအလာကောင်းသည့် စည်းတံဆိပ်နှစ်ခုကို ထုတ်ဖော်လိုက်သည်။
မရဏ စည်းတံဆိပ်နှင့် သတ်ဖြတ်ရေး စည်းတံဆိပ်
သူမက ထိုသဘောတရားနှစ်ခုကို တစ်ဖက်လူ၏ အခြေခံတိုက်ခိုက်စွမ်းအားကို စည်းပိတ်ဖို့ ကြံစည်ထား၏။ စွမ်းအာချင်း ကွာဟချက်ကြောင့် သူမသည် စည်းတံဆိပ်က ရာနှုန်းပြည့် အလုပ်ဖြစ်ပါ့မလား မသေချာသော်လည်း သူမကို အချိန်အနည်းငယ် ဆွဲထားပေးနိုင်လိမ့်မည်။
ဖူး
စည်းတံဆိပ်စစ်သူကြီးက သွေးအန်လိုက်ရပြီး သူမ၏ ဒွာရပေါက်များမှ သွေးများစတင်စီးကျလာသည်။
“တန်ပြန်သက်ရောက်မှုလား” သူမ၏ စည်းတံဆိပ်က ကျရှုံးရုံသာမက တန်ပြန်သက်ရောက်မှုကိုပင် ခံစားလိုက်ရသည်။
“မင်းရဲ့ ဆရာက ဉာဏ်ရှိရှိနဲ့ ဗဟုသုတနဲ့ ထိန်းချုပ်မှုကို သူမရဲ့ တာအိုအဖြစ် ထည့်သွင်းခဲ့တာ” လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလမ်းစဉ်က အများကြီး သင်ယူရမှာဆိုတော့ နှေးကွေးတယ်။ ဒါပေမဲ့ ပိုအားကောင်းပြီးတော့ ပိုလုံခြုံတယ်။ အဲဒီမှာ မင်းက အရာအားလုံးကို နားလည်မဲ့အစား အတင်းအကြပ် ထိန်းချုပ်တဲ့ နယ်ရှင်တာအိုကို ရွေးချယ်ခဲ့တယ်။ မင်းရဲ့ လမ်းစဉ်က မြန်ဆန်ပေမဲ့ တကယ့်ရန်သူနဲ့ တွေ့တဲ့အခါမှာ အန္တရာယ်များတယ်။ အထူးသဖြင့် တားမြစ်ခံ တာအိုရှိတဲ့သူတွေပေါ့”
“ငါ့ဆီမှာ…”
“ကောင်းပြီ။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့” လီကျွင်းက ဖြတ်ပြောလိုက်သည်။
“မင်းတို့တွေက ငါ့ကို အညောင်းအညာဖြေခိုင်းတဲ့အတွက် ကျေးဇူးတင်ရမှာပဲ။ ငါက ဒီတိုက်ပွဲကို ပိုမိုစိန်ခေါ်မှုရှိဖို့တော့ မျှော်လင့်ထားပေမဲ့လည်း ဘာမှမရှိတာထက်စာရင်တော့ ကောင်းပါသေးတယ်”
“စွမ်းအားကြီးနတ်ဘုရားက ငါ့အတွက် လက်စားချေပေးလိမ့်မယ်။ တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“ငတုံး မင်းရဲ့ နတ်ဘုရားက မရှိတော့ဘူး”
“အဲဒါက ဘာကိုပြောတာလဲ” သူမက ဆာလောင်မှုကို တောင့်ခံရင်း မေးလိုက်သည်။
“တစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်သွားပြီ”
“အဓိပ္ပာယ်မရှိတာတွေ။ တကယ်တော့ ဒီလိုမျိုး ကိစ္စတွေနဲ့ ငါ့ရဲ့ယုံကြည်ချက်ကို အားနည်းအောင်လုပ်မယ်ဆိုရင် လေကုန်ခံမနေနဲ့” သူမက အံကြိတ်ကာ ပြန်ဖြေလိုက်သည်။
“အင်း ငါကိုယ်တိုင်ကိုက လျှာရှည်မိတာပါ” လီကျွင်းက သူမ၏ နဖူးအလယ်တွင် လက်ကို ထားလိုက်သည့်အချိန် သူမက စတင်အော်ဟစ်လာ၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့လက်ဝါးထဲ ရွှေရောင်ပိုးမွှားတစ်ကောင် ပေါ်လာကာ ခြေမွပစ်လိုက်သည်။
“မိန်းကလေးဟုန် ပြန်လာပြီလား”
ဟုန်မိန်လင်း၏ အကြည့်များက ရှင်းလင်းတောက်ပလာကာ သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်လာသည်။
“အဲဒီခွေးကောင် ရွှေရောင်နတ်ဘုရား … ငါ့ကို ကျွန်ပြုရဲတယ်လား”
သူမ၏ ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို လှုပ်ခတ်သွားကာ သူမသာ ဤစစ်ပွဲအတွင်း မရှိဘဲ ထိုလူသာ အလုပ်မများနေသရွေ့ မည်မျှ ဆိုးဆိုးရွားရွားကံကြမ္မာ ရှိနိုင်ကြောင်း တွေးမိသွားသည်။
“တော်သေးတာပေါ့…”
လေဟာနယ်က ရုတ်ချည်း တုန်ခါသွားကာ နှစ်ဦးသားက အလန့်တကြား ဖြစ်သွားလေသည်။