အကျိုးဆက်ကို လျှော့ချခြင်း
Vol. 84 Ch. 1168
“ဟုန်မိန်လင်း”
“ဝမ်ဝေ့လား”
“အစ်ကိုကြီးလား”
“ငါ့ဆီမှာ အချိန်သိပ်မရှိဘူး” ဝမ်ဝေ့၏ အသံက ပဲ့တင်ထွက်လာကာ အာကာပြင်မုခ်ပေါက်ထဲ သူ့သွေးဖြင့် ပြုလုပ်ထားသည့် အဆောင်တစ်ခု ထွက်လာကာ သူမရှေ့ ရောက်လာသည်။
“ငါ ပြန်မလာခင်အထိ ဝမ်ကျူက တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါ့စွမ်းအားပါတဲ့ ဒီအဆောင်ကို သုံးပြီး ဝမ်ကျူကို ကူပြီးတော့ အသူရာချောက်နက်ကို ပိတ်ဆို့ပေးလိုက်။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ငါ့စွမ်းအားကို အကြာကြီး ခံနိုင်မှာ မဟုတ်တော့ သိပ်မကြာစေနဲ့ဦး”
“ကောင်းပါပြီ”
“အစ်ကိုကြီး အဆင်ပြေရဲ့လား” လီကျွင်းက မေးလိုက်သည်။
“ငါ အဆင်ပြေမှာပါ။ မကြာခင် ပြန်တွေ့မယ်”
နှစ်ယောက်သားက သူ့တည်ရှိမှု ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်၏။
“ကောင်းပြီ။ အချိန်မဖြုန်းနဲ့တော့”
“ဟုတ်တယ်” ဟုန်မိန်လင်းက အဆောင်ကို ချေမွလိုက်သည့်အခါ သူမ၏ သွေးကြောများထဲ စီးဆင်းလာသည့် ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလိုက်သည်။ သူမက သူမ၏ စိတ်ထဲ လွှမ်းမိုးလာသည့် ဘာမဆိုလုပ်နိုင်သည့် ခံစားချက်ကြောင့် စွဲလမ်းမိသွား၏။ ကံကောင်းစွာဖြင့် အမည်မသိစွမ်းအားတစ်ခုက သူမ၏ ဝိညာဉ်အတွင်း စီးဆင်းလာကာ သူမ၏ စိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး ထိုအသစ်ရရှိသည့်စွမ်းအားကို ထိန်းချုပ်မှုရအောင် လုပ်ဆောင်ပေး၏။
ဒါက သူ့ရဲ့ စွမ်းအားအစစ်အမှန်လား။ သူက နေ့တိုင်း ဒီလို ခံစားနေရာတာလား…
ဟုန်မိန်လင်းက သူမဆီ အပ်ထားခဲ့သည့် တာဝန်ကို တွေးလိုက်သည်။ သူမက လီကျွင်းကို ကြည့်ကာ ပြောလိုက်၏။
“ကျွန်ပြုခံရတာကနေ လွတ်မြောက်အောင် လုပ်ပေးလို့ ကျေးဇူးပါ။ ဒီက ကိစ္စတွေ ပြီးသွားမှ ပြန်ပြီးပေးဆပ်ပါမယ်”
“မလိုပါဘူး။” လီကျွင်းက ပြန်ဖြေလိုက်သည်။ သူက နေရာတွင် ပိတ်ဆို့နေသည့်အတွက် သူမက သူ့ကို ကူညီနိုင်မည်လား မသိပေ။ ထို့အပြင် သူမက သူ့မရီး၏ တပည့် ဖြစ်နေသည့်အတွက် ထိုအရာကို ထည့်သွင်းစဉ်းစားပါက သူတို့သည် မိသားစုတစ်ခုတည်းသာ ဖြစ်၏။
“ဒီလိုကံကြွေးမျိုးက ကျွန်မ ကျေးဇူးကြွေးတင်ချင်တဲ့အရာမျိုးတော့ မဟုတ်ဘူး။ တစ်ရက်ကျရင် ပြန်လည်ပေးဆပ်ပါ့မယ်” ဟုန်မိန်လင်းက ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ သူမက အသူရာချောက်နက်အပြင်ဘက်ကို ရောက်လာကာ ဝမ်ကျူကို ချက်ချင်း သတိထားမိခဲ့သည်။ သို့သော်လည်း ထိုသူက ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိနေ၏။
သူမက တင်ပျဉ်ခွေထိုင်လျက်ရှိနေပြီး သူမရှေ့တွင် အနက်ရောင်ဂိတ်ပေါက်တစ်ခု ရှိနေကာ သူမ၏ ခန္ဓာကိုယ်မှ ရွှေရောင်နတ်ဘုရားနှင့် ယှဉ်နိုင်သည့် အားကောင်းကောင်း အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ သို့သော် ထိုအရာက အရေးမကြီးပေ။ သူမ၏ ခန္ဓာကိုယ်တစ်ဝက်က အရိပ်အသွင်ပြောင်းလဲသွားပြီး ကျန်ရှိနေသည့်အရာက အနီရင့်ရင့်ဖြင့် ကြက်သီးထဖွယ်ကောင်းသည့် အငွေ့အသက်မျိုးကို ထုတ်လွှတ်နေသည်။
“တိုက်စားခြင်း” ဟုန်မိန်လင်းက ရေရွတ်ကာ ပြေးသွားလိုက်၏။ သို့သော်လည်း တစ်နေရာမှ ရွှေရောင်လက်ဝါးကြီး ကျရောက်လာကာ သူမကို တားဆီးလိုက်သည်။
“ရွှေရောင်နတ်ဘုရား” သူမက အံကြိတ်ကာ ပြောလိုက်သည်။
မဟုတ်သေးဘူး။ သူ တစ်ခုခုတော့မှားနေပြီ…
သူမက ထိုသူ၏ မူမမှန်မှုကို ချက်ချင်းခံစားမိလိုက်သည်။ ထိုသူ၏ ဝိညာဉ်ထဲ ရစ်ပတ်နေသည့် ကြက်သီးထဖွယ် အငွေ့အသက်ကို ခံစားမိလိုက်၏။
သူက လှည့်စားခံလိုက်ရပြီလား။ မဟုတ်သေးဘူး။ ဒါက အသူရာချောက်နက်ရဲ့ ရိုးရိုးရှင်းရှင်း တိုက်စားခံရမှု မဟုတ်ဘဲနဲ့ ထိန်းချုပ်ခံထားရတာပဲ…
ဟုန်မိန်လင်းက ဤအချိန်တိုအတွင်း ကိစ္စများစွာကို သဘောပေါက်သွားခဲ့သည်။ ရွှေရောင်နတ်ဘုရားက အသူရာချောက်နက်နှင့် ဆက်နွယ်မှုတချို့ရှိနေပြီး ဝမ်ဝေ့ကို ဖြေရှင်းဖို့ရာအတွက် ပူးပေါင်းထားခြင်းပင် ဖြစ်နေနိုင်သည်။
သို့သော်လည်း ထိုသူက မီးဖြင့် ကစားခဲ့ပြီး ထိန်းချုပ်ခံခဲ့ရကာ အသူရာချောက်နက်၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားခဲ့ရသည်။
“အထင်နဲ့ အမြင် တခြားစီပါလား” သူမက သရော်လိုက်သည်။ သို့သော်လည်း ဟုန်မိန်လင်းက ဤသည်မှာ ဤသို့လုပ်နေရမည့် အချိန်မဟုတ်ကြောင်း သိလေ၏။ ထို့ကြောင့် သူမက အခြေအနေကို သုံးသပ်လိုက်သည်။
မေးခွန်းက သူက ဘာလို့ အခုမှ ထွက်ပေါ်လာရလဲဆိုတာပဲ…
သူက သူမ၏ အာရုံက ရွှေရောင်နတ်ဘုရားသည် ကြေးမုံ၏ စွမ်းအားပိုင်ဆိုင်ထားသည့် အသင်္ချေအင်ပါယာမှ လူများကို နှိမ်နင်းခဲ့သည်။ ပြောရလျှင် သူ့ပုံစံအသစ်က စွမ်းအားကို မြှင့်တင်ပေးခဲ့၏။ ကံကောင်းစွာဖြင့် ထိုသူက အလျင်လိုနေသည့်အတွက် သူတို့အားလုံးကို ရှင်းထုတ်ဖို့ရာ အာရုံမစိုက်နိုင်ခဲ့ပေ။
ဟုန်မိန်လင်းက အဖြေရဖို့သိပ်မကြာခဲ့ပေ။ အဖြေက သူမကိုယ်တိုင် ဖြစ်၏။ အသူရာချောက်နက်က သူမသည် ဝမ်ကျူကို ကူညီပြီး စည်းတံဆိပ်ကို အားဖြည့်ပေးမည်ကို သိသည့်အတွက် ရွှေရောင်နတ်ဘုရားဟူသည့် နယ်ရုပ်ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ဝုန်း
ရွှေရောင်ရင့်ရင့် လက်သီးချက်များက သူမအပေါ် ကျရောက်လာပြီး သူမကို တည်ရှိမှုမှ ဖျောက်ဖျက်ပစ်လိုဟန်ပေါ်သည်။ ဟုန်မိန်လင်းက အားကောင်းသည့် ခုခံရေးအစီအရင်နှင့် ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရ၏။
သူ့စွမ်းအားက ကောင်းကင်ဘုံအဆင့်နဲ့ အတော်လေး နီးကပ်နေပြီ…
သူမက သုံးသပ်လိုက်၏။ ဤအခြေအနေတွင် ရွှေရောင်နတ်ဘုရား မဟုတ်သေးဘူး။ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ကို အတုအယောင် ကောင်းကင်ဘုံအဆင့်ဟုပင် သတ်မှတ်နိုင်သည်။
ဒါပေမဲ့ သူက ငါ့အဆင့်တော့ မရောက်သေးဘူး…
ခွန်အားစည်းတံဆိပ်
ခွန်အားဟူသည့် စာလုံးက ကောင်းကင်အထက် ပေါ်ထွက်လာကာ အတွေးတစ်ချက်ဖြင့် ထိုအရာက ရွှေရောင်နတ်ဘုရားအပေါ် ဆင်းသက်လာသည်။ ထိုစကားလုံးရှိသည့် လေဟာနယ်က တွန့်ခေါက်သွားပြီး စွမ်းအားပြင်းပြင်း ပါဝင်နေသည့် အရိပ်အယောင်ပြသလာသည်။ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က အရိပ်အယောင် တံတိုင်းကို ဖန်တီးပြီး သူ့ကိုယ်သူ ကာကွယ်လိုက်၏။ သို့သော် အသုံးမဝင်လိုက်ပေ။
စည်းတံဆိပ်က လမ်းတွင် ရှိသမျှ အရာအားလုံးကို ခြေမွပစ်ခဲ့ပြီး ရွှေရောင်နတ်ဘုရား၏ ခန္ဓာကိုယ်နဲ့ ဝိညာဉ်လည်း အပါအဝင် ဖြစ်၏။ ရွှေရောင်အလင်းတန်းက ပေါက်ကွဲမှုအလယ်မှ ထွက်ပေါ်လာခဲ့သည်။
ဒါက ဘာလဲ။ ချပ်ဝတ်လား…
ဟုန်မိန်လင်းက တွေးလိုက်ပြီး ချပ်ဝတ်ကို တားဆီးဖို့ စည်းတံဆိပ်တစ်ခုကို အလျင်အမြန် ထားရှိလိုက်သည်။ သို့သော် ထိုအရာက သူမ၏ စည်းတံဆိပ်ကို ထိုးဖောက်သွားပြီး အဝေးတစ်နေရာ၌ ပျောက်ကွယ်သွား၏။
ထူးဆန်းတဲ့အရာပဲ…
သူမက သုံးသပ်လိုက်သည်။
ပို၍အရေးကြီးသည်က ဤအတွေ့အကြုံကသာ တစ်ခုတည်းသော ထူးဆန်းနေသည့်အရာ မဟုတ်ပေ။
သူမက ရွှေရောင်နတ်ဘုရားသည် အလျင်အမြန် ရှုံးနိမ့်သွားကြောင်း သတိထားမိသွား၏။ သူမ၏ စွမ်းအားသည် သူ့ကို အမှန်တကယ် ကျော်လွန်နေခဲ့သော်လည်း ကွာဟချက်က ချက်ချင်း သတ်နိုင်လောက်အောင် မကြီးမားပေ။ အဖက်ဖက်မှ တွက်ကြည့်လျှင် ပြင်းထန်သည့်တိုက်ပွဲမျိုး ဖြစ်သင့်၏။ သူမရှိနေသည့် တစ်ခုတည်းသော စိတ်အေးစရာက ရွှေရောင်နတ်ဘုရားမှ ထိန်းချုပ်ခံထားရသည့်သူများအားလုံးက ယခုအခါ လွတ်မြောက်သွားပြီ ဖြစ်၏။ ပြောရလျှင် သူတို့၏ သခင်သေဆုံးသွားသည့်အခါ ကပ်ပါးများကလည်း သေဆုံးသွားကြလိမ့်မည်။
အခုက ဒါအတွက် အချိန် မဟုတ်သေးဘူး…
သူမက ဝမ်ကျူဆီ သွားကာ ကူညီပေးလိုက်သည်။
ဟုန်မိန်လင်းက အခြေအနေကို အကဲဖြတ်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။ ပင်မစည်းတံဆိပ်က ဖျက်ဆီးခံလိုက်ရသည့်အတွက် သူမက လက်ရှိအနေအထားဖြင့် အချိန်အနည်းငယ်သာ ဆွဲထားနိုင်လိမ့်မည်။
ဟုန်မိန်လင်းက ဝမ်ကျူကို လက်ညှိုးထိုးကာ တိုက်စားမှုကို စည်းပိတ်ဖို့ ကူညီပေးလိုက်သည်။ သို့သော်လည်း ကျရှုံးခဲ့ရသည်။ ထို့ကြောင့် သူမက စည်းတံဆိပ်များစွာကို ထပ်မံပေါင်းစည်းပြီး အပြည့်အဝ ပိတ်ဆို့ခြင်းထက် ပျံ့နှံ့မှုကို တားဆီးဖို့ရာအတွက် လုပ်ဆောင်လိုက်၏။
“ကျေးဇူးပါ” ဝမ်ကျူက ခပ်ဩဩအသံဖြင့် ပြောလိုက်ပြီး ဆေးလုံးများကို ထုတ်ကာ မျိုချလိုက်သည်။
“အဲဒါအတွက် အချိန်မဟုတ်သေးဘူး။ ဒီစွမ်းအားကို ထိန်းဖို့ ကူညီပေးမယ်”
“မဟုတ်ဘူး”
“ဘာလို့လဲ”
“တခြားတစ်ခုကို ကူညီပေးပါ”
“ဘာကို ပြောတာလဲ”
ဝမ်ကျူ၏ မျက်နှာက သွေးရောင်လွှမ်းလာပြီး ရှင်းပြလိုက်သည်။
“ဂိုဏ်းချုပ်က ဘယ်အချိန်ပြန်လာမလဲဆိုတာကို မသိရသေးဘူးဆိုတော့ သူ အချိန်မီရောက်မလာတဲ့ အနေအထားအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်”
“ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ”
“ဒီအခြေအနေကို ဖြေရှင်းနိုင်မဲ့ တစ်စုံတစ်ယောက်ကို ပါဝင်ခိုင်းဖို့ပေါ့”
“အစစ်အမှန်ကောင်းကင်တာအိုကို ပြောတာလား။ အဲဒါဆိုရင်တော့ မင်း စိတ်ပျက်လောက်တယ်။ အဲဒါက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ လက်ရှိအခြေအနေက သာမန်ကမ္ဘာ့ လုပ်ဆောင်ချက်အောက်မှာတော့ ရှိနေတုန်းပဲ”
“သံသရာအကြောင်း ပြောတာပါ”
“အဲဒါက ဘာလုပ်နိုင်မှာလဲ”
“ဒီအသူရာချောက်နက်တစ်ခုလုံးကို နောက်ဘဝကို ပို့ဆောင်နိုင်တယ်ဆိုရင် ယမမင်းတွေက ဒီခြိမ်းခြောက်မှုကို ရှင်းထုတ်ရုံမှအပ ရွေးချယ်စရာရှိမှာ မဟုတ်ဘူး”
“ယမမင်းလား” ဟုန်မိန်လင်းအနေဖြင့် ထိုဂုဏ်ပုဒ်ကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ သို့သော် သူမက ထိုအရာ၏ မြင့်မြတ်မှုနှင့် စွမ်းအားကို ခံစားမိလိုက်သည်။
“ငါက အဲဒီအကြောင်းကို မသိဘူး။ ဝမ်ဝေ့က မင်းကို ကူညီပေးပြီး အချိန်ဆွဲထားဖို့ပဲ ပြောလိုက်တာ” ဟုန်မိန်လင်းက ပြောလိုက်သည်။
“အားလုံးက ဂိုဏ်းချုပ် ပေါ်ထွက်လာပြီး ကယ်ဖို့ စောင့်နေကြတာ။ တကယ်လို့ သူ မလုပ်နိုင်ရင် ဘယ်လိုလုပ်မှာလဲ” ဝမ်ကျူက မေးလိုက်သည်။
“မင်း သူ့အပေါ် ပိုပြီး ယုံကြည်သင့်တယ်”
“ကျွန်မက ယုံပါတယ်။ ဒီကမ္ဘာမှာရှိတဲ့ လူတွေအားလုံးထက်တောင် ယုံသေးတယ်။ ဒါပေမဲ့ သူက ဒီအခြေအနေမှာ အထိအခိုက်မရှိ မလွတ်မြောက်နိုင်ဘူးဆိုတာကိုလည်း သိတယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်က သူ ပေးဆပ်ရမဲ့ တန်ကြေးကို လျှော့ချဖို့ပဲ” ဝမ်ကျူက ပြန်ဖြေလိုက်သည်။
ဟုန်မိန်လင်းက တိတ်ဆိတ်သွား၏။
“မင်းရဲ့ ရည်ရွယ်ချက်က ကောင်းတယ်ဆိုရင်တောင် ဒီလိုအရာမျိုး ငါတို့က ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
“အထဲမှာရှိတဲ့ သက်ရှိက စည်းတံဆိပ်တွေကို ဖယ်ရှားဖို့အတွက် စွမ်းအားအများကြီး သုံးထားပြီးသွားပြီ” အသူရာချောက်နက်က အချိန်အတော်ကြာ တည်ရှိခဲ့ပြီး စည်းပိတ်ခံထားရသည်မှာ နှစ်သန်းချီကြာ ကြာမြင့်ခဲ့ပြီဖြစ်ကာ မဟာဧကရာဇ်များစွာကလည်း သူတို့၏ စွမ်းအားကို ထည့်ပေါင်း၍ ပိတ်ဆို့ထားခဲ့သည်။
“လက်ရှိမှာ သူက အားအနည်းဆုံး အခြေအနေမှာ ရှိနေတာ။ တကယ်လို့ ရှင့်ရဲ့ စွမ်းအားနဲ့ ကျွန်မရဲ့ စွမ်းအားပေါင်းပြီး သင်္ကေတလေးသွယ်ကြေးမုံကိုပါ ထည့်ပေါင်းလိုက်ရင် ဒီဟာတစ်ခုလုံးကို ပြန်လည်ဝင်စားခြင်း သံသရာဆီ ပို့ဆောင်ဖို့ ပြဿနာမရှိလောက်ဘူး” ဝမ်ကျူက လက်မြှောက်လိုက်သည့်အချိန် သူမ၏ လက်ထဲ ကြေးမုံတစ်ခု ထွက်ပေါ်လာသည်။
“ဒီအစီအစဉ်က အလုပ်ဖြစ်မယ်ဆိုတာ သေချာရဲ့လား။ ယမမင်းတွေက ယုံကြည်ရရဲ့လား” ဟုန်မိန်လင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ယုံကြည်ရပါတယ်”
“အဲဒါဆိုရင် သံသရာနဲ့ သွားရှုပ်တဲ့ အကျိုးဆက်ကိုရော”
“ကျွန်မ အပြစ်ခံယူပါ့မယ်” ဝမ်ကျူက သေသေချာချာ ရှင်းပြလိုက်သည်။
“ကောင်းပြီလေ” ဟုန်မိန်လင်းက အံကြိတ်ကာ ပြောလိုက်၏။
အချိန်က ပြတ်လပ်နေပြီဖြစ်သည့်အတွက် ဆုံးဖြတ်ချက် မပြတ်မသားဖြစ်ဖို့ရာ အချိန်မရှိပေ။ သူမက အားအကောင်းဆုံးပိတ်ဆို့ရေး စည်းတံဆိပ်ကို အသက်သွင်းလိုက်ပြီး ဝမ်ကျူနှင့် အတူတကွတွဲကာ လုပ်ဆောင်လိုက်သည်။ သူတို့၏ စွမ်းအားက တူညီသည့် ဇစ်မြစ်မှ ဖြစ်သည့်အတွက် ပြီးပြည့်စုံစွာ သင့်တော်နေ၏။
ဝုန်း
အနက်ရောင်ဂိတ်ပေါက်မှ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်က ထွက်လာချင်ကြောင်း ပြသနေသည်။
“မြန်မြန်လုပ်” ဝမ်ကျူက အော်ဟစ်ကာ ပြောလိုက်သည်။ ကြေးမုံက ဂိတ်တံခါးဝဆီ တောက်ပလာပြီး သင်္ကေတစည်းတံဆိပ်များစွာနှင့် မှော်စက်ဝန်းများစွာလည်း လိုက်ပါလာသည်။ ထိုစဉ် ဝမ်ကျူက ဝမ်ဝေ့၏ ကာလံဒေသံနှင့် သေခြင်းရှင်ခြင်းတာအိုကို ရယူလိုက်သည်။ သူမ၏ ခန္ဓာကိုယ်အထက် အက်ကြောင်းများစွာ ပေါ်ထွက်လာ၏။ ပြောရလျှင် သူမက ဆိုးဆိုးရွားရွား အခြေအနေတွင်ရှိနေစဉ် ဝမ်ဝေ့၏ စွမ်းအားကို အသုံးပြုလွန်သွား၍ ဖြစ်သည်။
ဘန်း
ဂိတ်ပေါက်ဝမှ လက်တစ်ဖက် ထွက်လာစဉ် ဝမ်ကျူနှင့် ဟုန်မိန်လင်းတို့က အမူအရာ ပျက်ယွင်းသွားကြသည်။ သူတို့က လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးကာ သူတို့၏ သွေးနှင့် ဝိညာဉ်ကို လောင်ကျွမ်းခံပြီး စွမ်းအားကို မြှင့်တင်ကာ အောင်မြင်မှုကို သေချာအောင် လုပ်ဆောင်လိုက်သည်။