← Chapters

ခြိမ်းခြောက်ခြင်း

Vol. 84 Ch. 1169

ခြိမ်းခြောက်ခြင်း

Vol. 84 Ch. 1169

ဝမ်ကျူနှင့် ဟုန်မိန်လင်းတို့က စွမ်းအားကုန် သုံးထားသော်လည်း ဂဏန်းနှင့် တူသည့် လက်က အရာအားလုံးကို ထိုးဖောက်ဖို့ ကြိုးစားနေဟန်ပေါ်သည်။

ဝေါင်း

တခြားတစ်ဖက်မှ ကြောက်မက်ဖွယ်အော်သံကြီး ထွက်ပေါ်လာကာ တီးတိုးရေရွတ်သံများကို စတင်ကြားလာရသည်။ ထိုအသံက စကားတစ်ခွန်းကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေ၏။

“ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။ အရာအားလုံးက အတုအယောင်တွေပဲ။ တစ်ခုတည်းသော အမှန်တရားက နက်ရှိုင်းစွာ အိပ်စက်နေတဲ့ အိပ်မက်မက်သူတွေပဲ”

ထိုရိုးရှင်းသည့် စကားက ရက်စက်နေသည့် အမှန်တရား တစ်ခုပါဝင်နေသောကြောင့် ထိုအရာကို ကြားလိုက်သည်နှင့် အားကောင်းသည့် ကျင့်ကြံသူနှစ်ဦးက သူတို့ သိထားသမျှ အရာအားလုံးက အစစ်အမှန်လားဟု မေးခွန်းထုတ်လာကြသည်။ သူတို့၏ ကမ္ဘာက အစစ်အမှန်လား၊ ကောင်းကင်ကရော တကယ်အပြာရောင်လား … ကြယ်တွေကရော တကယ် တည်ရှိတာလား…သူတို့နဲ့ နီးကပ်တဲ့လူတွေကရော ဘယ်လိုလဲ…

သူတို့အလေးထားရတဲ့ ဆက်ဆံရေးတွေကရော အစစ်အမှန် ဟုတ်ရဲ့လား

ပိုပြီးအရေးကြီးတာက သူတို့ရဲ့ စွမ်းအားက အစစ်အမှန်လား၊ ဒါမှမဟုတ်ဘူးဆိုရင် ပုံရိပ်ယောင်တစ်ခုလား…

“နိုးထတော့” ဝမ်ကျူ၏ စိတ်ထဲ အသံတစ်သံ ထွက်ပေါ်လာကာ ထိုအရာက သူမ တစ်ဘဝလုံး ပုံအောအပ်နှံထားသည့် အသံတစ်သံဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။ သူမက ကလေးဘဝမှ လူကြီး … ထိုမှသည် ကမ္ဘာ၏ ထိပ်သီးတွင် ရပ်တည်သည့် အင်အားကြီးပုဂ္ဂိုလ်အဖြစ် အတွေ့အကြုံများကို ပြန်လည်တွေးတောလိုက်သည်။ ဝမ်ကျူက ဝမ်ဝေ့၏ နာကျင်မှု ပင်ကိုစွမ်းရည်ကို သူမအပေါ် အသုံးပြုလိုက်ပြီး နာကျင်မှုဖြင့် တီးတိုးရေရွတ်သံများမှ အာရုံလွှဲလိုက်သည်။

ထို့နောက် သူမက ဟုန်မိန်လင်းကိုလည်း တူညီစွာ ကူညီပေးလိုက်သည်။

“နာကျင်မှုက တောင့်ခံလို့ ရလား”

“အဆင်ပြေပါတယ်” သူမက ညည်းတွားကာ ပြန်ပြောလိုက်၏။ နာကျင်မှုက အင်မတန် ဆိုးရွားလှသော်လည်း တီးတိုးသံများကို လျစ်လျူရှုဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်၏။

“အဲ့ဆို ဆက်လုပ်ရအောင်” ဂဏန်းလက်ကြီးက အကျဉ်းထောင်မှ ထွက်ဖို့ ဤအခွင့်အရေးကို အသုံးပြုလာသည်။ ဝမ်ကျူက သူမ၏ ခန္ဓာကိုယ်ကို ကန့်သတ်ချက်ထိ ရောက်အောင် တွန်းပို့လိုက်သည့်အတွက် ဆံပင်များပင် အဖြူရောင် ပြောင်းလဲသွား၏။ မသေမျိုးတစ်ယောက်အနေဖြင့် သူမက သက်တမ်းအကြောင်း စိုးရိမ်စရာမလိုသော်လည်း ထိုအပြောင်းအလဲက သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ရှိ အဆီအနှစ်က ပြတ်လပ်နေပြီဖြစ်ကြောင်း ပြသနေသည်။ သူမက ကြာကြာအသက်ရှင်နိုင်မည် မဟုတ်ပေ။

နှမြောဖို့ကောင်းလှသည်က သူမ၏ အပြုအမူသည် သူမ လိုချင်သည့် သက်ရောက်မှုမျိုး မရှိခဲ့ပေ။ ထိုဂိတ်ပေါက်ကို သံသရာဆီ ပို့ဆောင်ဖို့ နှစ်ဦးသား၏ အစီအစဉ်က တိုးတက်မှု မရှိသလောက်ဖြစ်ကာ ထိုသက်ရှိ၏ လွတ်မြောက်လာမှုကို နှောင့်နှေးထားရုံမျှသာ ဖြစ်၏။

“ကျစ် အဲဒါက ဘာလဲ” ဝမ်ကျူက ကျိန်ဆဲလိုက်သည်။ သို့သော်လည်း သူမ၏ မျက်ဝန်းအထက် ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်ဖြတ်ပြေးသွားကာ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ သက်ရှိက ဤအနေအထားထိ အားနည်းထားသော်လည်း ကြမ်းတမ်းခက်ထန်နေဆဲသာဖြစ်၏။ သူမ၏ သခင်လေးက ဤအရာအတွက် တန်ကြေးကြီးကြီးမားမား ပေးရလိမ့်မည်။ ထို့ကြောင့် သူမက ကာကွယ်ပေးရမည် ဖြစ်၏။

အဲဒါဆို ငါ ဘာလုပ်သင့်လဲ…

အမှောင်ထု စည်းတံဆိပ်

ယုယန်က လက်ထဲတွင် အမှောင်ထုကို ကိုယ်စားပြုသည့် သတ္တုလုံးကို ကိုင်ဆောင်ထားပြီး ပေါ်ထွက်လာသည်။ ထိုသတ္တုလုံးက စည်းတံဆိပ်တစ်ခု အသွင်ဖြစ်လာကာ ဂိတ်ပေါက်ဝဆီ ရောက်ရှိလာပြီး ထိုသက်ရှိ၏ ဂဏန်းလက်ကြီးကို အနည်းငယ် နောက်တွန်းပို့လိုက်သည်။ ထို့နောက် သူမ၏ မျက်ဝန်းများက စတင်နီရဲလာ၏။

ယုယန်က ထိုအပြောင်းအလဲကို မှန်းဆမိပြီး သူမကိုယ်သူမ အမှောင်ထုမျိုးစေ့ဟုခေါ်ဆိုသည့် နည်းစနစ်ဖြင့် ကာကွယ်ခဲ့သည်။ သူမက ခန္ဓာကိုယ်အတွင်း အဆိုးမြင်စိတ်ခံစားချက်အားလုံးကို စုပ်ယူနိုင်စွမ်းရှိသည့် မျိုးစေ့တစ်ခုကို ဖန်တီးထား၏။ တခြားနည်းဖြင့် ပြောရလျှင် ထိုသက်ရှိ၏ စိတ်ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုက ထိုမျိုးစေ့ကို မြန်မြန်ဆန်ဆန် အရွယ်ရောက်လာစေလိမ့်မည်။

ယုယန်က မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ မျိုးစေ့က ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကြီးထွားလာနေသည်။ သူမ မြင်တွေ့ဖူးသည့် အရာမျိုးနှင့် မတူပေ။ ထို့အပြင် သူမ၏ တိုက်ကွက်က သူမ မျှော်လင့်ထားသလို များစွာ သက်ရောက်မှုမရှိခဲ့ပေ။

ဝမ်ကျူက သူမကို ကြည့်ပြီးသည့်နောက်တွင် သူမ၏ ဆယ်ဆတိုက်ခိုက်ရေး သို့မဟုတ် ၆၉.၉၉၉ ရာခိုင်နှုန်းကို သတိထားမိသွား၏။

ငါ မှန်တယ်…

သူမက တွေးလိုက်မိသည်။ လူများစွာက ဂိုဏ်းချုပ်အမေ၏ လက်ရှိစွမ်းအားသည် သူမ သား ချန်ထားခဲ့သည့် အဆောင်မှ ဖြစ်ကြောင်း တွေးကြလိမ့်မည်။ သို့သော်လည်း သူမ၏ မျက်ဝန်းထဲ အမှန်တရားကို မြင်လိုက်ရ၏။ ယုယန်၏ လက်ရှိဝတ်ရုံက တခြားသူများ မသိစေရန် အသွင်ပြောင်းထားသည့် ရွှေရောင်နတ်ဘုရား၏ ချပ်ဝတ် ဖြစ်နေ၏။

အာရုံစိုက်ထား…

သူမက ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ သူတို့က အခက်အခဲကြားတွင် ရှိနေဆဲ ဖြစ်သည်။

ဒါကို ပို့ပေးတာကို ထားလိုက်တော့။ ငါတို့တွေ အချိန်ဆွဲပေးထားနိုင်ရင် ကံကောင်းနေပြီ…

သူမ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး ဖြေရှင်းနည်းကို ကြိုးစားရှာဖွေနေသည်။

ဒီလိုအခြေအနေမှာ သခင်လေးက ဘာလုပ်မှာလဲ…

ဝမ်ကျူက သူ့ဘာသာသူ မေးခွန်းထုတ်လိုက်သည်။

ဝုန်း

အသံကျယ်ကျယ်က လေဟာနယ်ထဲ ပဲ့တင်ထွက်သွားကာ တောက်ပသည့် ရွှေရောင်အလင်းတန်းက တစ်နေရာမှ ထွက်ပေါ်လာပြီး ဂိတ်ပေါက်ဝဆီ ရောက်ရှိလာသည်။ ထိုသက်ရှိက အော်ဟစ်လိုက်သော်လည်း နာကျင်မှုကြောင့်လား၊ ဒေါသကြောင့်လား ပြောဖို့ရာ ခက်လှသည်။

ဖုန်းဟွမ်လား…

ဝမ်ကျူက စိတ်ရှုပ်ထွေးသွားမိသည်။ ထိုသူက သူမ သိထားသည့် ဘုန်းတော်ကြီးနှင့် တူသော်လည်း သူ့အရှိန်အဝါက ကွဲပြားနေသည်။ သူက မြင့်မြတ်ကာ တော်ဝင်ဆန်ပြီး သူ့အင်အားက ဟုန်မိန်လင်း သို့မဟုတ် သူမ၏ သခင်လေးနှင့် ယှဉ်နိုင်နေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…

သူမက မျက်မှောင်ကြုတ်ကာ စဉ်းစားပြီး ဂမ္ဘီရစွမ်းအားကို တွက်ချက်ကြည့်လိုက်သည်။ ဤသို့သော အပြောင်းအလဲမျိုးက လက်ရှိအခြေအနေအတွက် အရေးသာချက်ဖြစ်လာနိုင်သော်လည်း ကိစ္စများက မခန့်မှန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိလာလေသည်။

စွမ်းအားက အနောက်ပိုင်းကောင်းချီး သန့်စင်ကုန်းမြေက ရောက်လာတာလား…

ဝမ်ကျူက ထိုအရာ၏ ဇစ်မြစ်သည် တားမြစ်နယ်မြေ ဖြစ်ကြောင်း သိထားသော်လည်း ယခုအခါ အနောက်ပိုင်းကောင်းချီးသန့်စင်ဂိုဏ်းအတွက် အားကောင်းသည့် အုတ်မြစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒီလူတွေက နောက်ဆုံးတော့ လှုပ်ရှားလာပြီပဲ…

ဝမ်ကျူက စိတ်လှုပ်ရှားစွာ တွေးပြီး ဖုန်းဟွမ်ကို စောင့်ဆိုင်းနေလိုက်သည်။ ထိုဘုန်းတော်ကြီးက လက်ဝှေ့ကာ ဉာဏ်ပညာပြည့်နှက်နေသည့် ဗောဓိပင် နှစ်ပင်ကို ဆင့်ခေါ်လိုက်သည်။ သူတို့၏ နဂိုကောင်းချီးနယ်မြေက သစ်ပင်တစ်ပင် ရှိထားပြီး ဝမ်ဝေ့က ဖုန်းဟွမ်အား သစ်ပင်တစ်ပင် ချေးငှားပေးခဲ့သည်။

ဗောဓိပင်ကို အထောက်အပံ့အနေဖြင့် ထားလျက် ဖုန်းဟွမ်က စည်းတံဆိပ်၏ စွမ်းအားကို တိုးမြှင့်ခဲ့သည်။ ထိုသက်ရှိက ဂိတ်ပေါက်ထဲ အလျင်အမြန် တွန်းပို့ခံလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။ သို့သော်လည်း ဗုဒ္ဓစွမ်းအားက သဘာဝရန်သူဖြစ်နေသည့်အတွက် အသုံးမဝင်ပေ။

“သက်တမ်းရင့်နတ်ဘုရားဆီ ပြန်သွားရမဲ့အချိန်ပဲ” ကြက်သီးထဖွယ် အသံကြီးက အက်ကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံက အမျိုးသားအသံရော အမျိုးသမီးအသံပါ ပါဝင်နေပြီး အသံရာချီက တစ်ပြိုင်နက် ပြောလိုက်သလိုမျိုး ဖြစ်နေသည်။ ထိုအရာကို ကြားရုံမျှဖြင့် ဝမ်ကျူနှင့် တခြားသူများက ကြက်သီးထလာသလို ခံစားမိလိုက်သည်။

သူတို့က ထိုသက်ရှိ၏ ဘာသာစကားကို မသိသော်လည်း သူ ပြောလိုက်သည့်အရာကို ရှင်းရှင်းလင်းလင်း နားလည်နေသည်။ သူ၏ အမူအရာက ပြောင်းလဲသွားသော်လည်း သူတို့က အဆုံးမဲ့လေဟာနယ်ထဲမှ ထွက်ပေါ်လာသည့် အသင်္ချေအရှိန်အဝါများစွာကို ခံစားမိလိုက်ကြသည်။

ကျစ် ငါ သူတို့တွေအားလုံးကို ရှင်းထုတ်ပြီးပြီ ထင်နေတာ…

ဝမ်ကျူ၏ အံ့ဖွယ်အသိစိတ်က ထိုလူသန်းချီကို ခံစားမိလိုက်သည်။ ထိုလူများထဲတွင် သေမျိုးများနှင့် ကျင့်ကြံသူများပင် အပါအဝင်ဖြစ်ပြီး သူတို့က အချင်းချင်းသတ်ဖြတ်ကာ စတေးမှုအနေဖြင့် အသုံးပြုနေကြသည်။

ဝမ်ကျူက စည်းပိတ်ခံရတော့မည့်ဆဲဆဲဖြစ်နေသည့် ထိုသက်ရှိသည် ယခင်ကလိုမျိုး စွမ်းအားပြန်လည်ရရှိလာကြောင်း မြင်လိုက်ရသည်။ ထိုအခိုက်အတန့်၌ သူက သူ့ကိုယ်သူ လွတ်မြောက်ဖို့ရာအတွက် သိပ်ကြာမည် မဟုတ်ပေ။

ဒီလိုအခြေအနေမျိုးမှာ ငါ လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်…

သူမက တွေးလိုက်မိသည်။ သူမ၏ သခင်လေးက အချိန်ကြာနေသည့်အတွက် သူမက တတ်နိုင်သမျှမြန်မြန် အချိန်ဆွဲထားဖို လုပ်ဆောင်ရမည်။

……………………………………………..

သတ်ဖြတ်ရေးစစ်ဆေးမှု

ချန်းထုံက အရာအားလုံးကို တည်ငြိမ်စွာ စောင်ကြည့်နေပြီး ဖုန်းဟွမ်ကို အာရုံစိုက်ထားလေသည်။

ဒီနှစ်ယောက်က ဒိုင်မေးရှင်းအနိမ့်မှာ ဘာလို့ ဒီပြဿနာတွေကို မဖြေရှင်းတာလဲလို့ စဉ်းစားနေခဲ့တာ။ သူတို့က မဟာမိတ်ဖွဲ့ပြီး အခွင့်ကောင်းမယူနိုင်ဖို့ အချင်းချင်းတားဆီးပြီးတော့ မျှခြေယူထားကြတာပဲ။ နောက်ဆုံးတော့ မေတ္တယျက လှုပ်ရှားလာပြီ….

သူက တခြားတစ်နေရာကို လှမ်းကြည့်လိုက်၏။

အခု အန္တိမသဟဇာတက ဘာလို့မလှုပ်ရှားသေးရတာလဲ…

ချန်းထုံက ထိုသူသည် ဒိုင်မေးရှင်းအနိမ့်တွင် အနောက်ပိုင်းကောင်းချီး သန့်စင်ကုန်းမြေကဲ့သို့ နယ်ရုပ်မျိုး မရှိဘဲ နေလိမ့်မည်ဟု မယုံပေ။ ထိုနယ်ရုပ်က ဒိုင်မေးရှင်းအနိမ့်ရှိ တာအိုဘာသာအားလုံး၏ ချီကံကောင်းမှုပင် ဖြစ်နေနိုင်၏။

ဒိုင်မေးရှင်းအနိမ့်ရဲ့ ပျက်သုန်းမှုက သူ့အတွက် အကျိုးရှိတာလား။ ဒီလိုမျိုး အပြင်ဘက်က ဆက်နွယ်လာတဲ့ ကိစ္စမျိုးမှာလေ…

ချန်းထုံက မျက်မှောင်ကြုတ်ကာ ထိုသုံးသပ်ချက်နှင့် ပတ်သက်ပြီး မပျော်ရွှင်ပေ။ တစ်ယောက်နှင့် တစ်ယောက် အထွတ်အထိပ်အခြေအနေတွင်း ပြိုင်ဆိုင်သည်က ပြဿနာတစ်ခု ဖြစ်သော်လည်း နယ်ခြားများကို သူတို့၏ မွေးရပ်မြေထံ ကြိုက်သလို လုပ်ခွင့်ပြုထားသည်က တခြားကိစ္စတစ်ခု ဖြစ်ပေသည်။

ဟမ် တစ်ယောက်ယောက်က ငါ့ကို ခေါ်နေတာလား…

သူက လက်ကိုဝှေ့ပြီးသည့်နောက်တွင် ထိုသူကို စိတ်ဝိညာဉ်ကမ္ဘာအတွင်း ဆင့်ခေါ်လိုက်သည်။

“မိန်းကလေး ငါ့ကို ဘာလို့ခေါ်တာလဲ”

“အနှောင့်အယှက်ပေးရတဲ့အတွက် အရှင်ချန်းထုံကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဝင်ရောက်စွက်ဖက်ဖို့ လိုနေလို့ပါ” ဝမ်ကျူက ဦးညွှတ်ကာ ပြောလိုက်၏။

“ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ။ ကမ္ဘာရဲ့ ဘေးကင်းမှုအတွက်ဆိုပြီးတော့ နုံနုံအအ အရာမျိုး လာမပြောနဲ့” ချန်းထုံက တည်ငြိမ်စွာ ပြောလိုက်သည်။

“အရှင်ချန်းထုံက ကျွန်မရဲ့ သခင်အပေါ်မှာ ကံကြွေးတင်နေလို့ လာပြီးတောင်းဆိုတာပါ”

“ငါက သူ့အပေါ် ကံကြွေးတင်နေတယ်တဲ့လား။ တကယ်ကို ရဲတင်းတဲ့ စကားပဲ” ချန်းထုံက ရယ်မောလိုက်သည်။

“ဟုတ်ပါတယ်”

“ငါက ဘာလို့မသိရတာလဲ”

“ဒိုင်မေးရှင်းအနိမ့်အပေါ်မှာ တိတ်တဆိတ် စောင့်ကြည့်နေမှုကြောင့် သခင်ဆီကနေ လျှို့ဝှက်စရာအများကြီးကို သိခဲ့ရတယ်။ အရှင့်လိုမျိုး လူတွေရဲ့ လျှို့ဝှက်ချက်တွေရောပေါ့”

ချန်းထုံက မျက်မှောင်ကြုတ်လိုက်သည်။

“အဲဒါဆိုတော့”

သူမ၏ ပြောစကားက မှန်ကန်နေသော်လည်း သူက ဝမ်ဝေ့အပေါ် ကံကြွေးတင်ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူက သတင်းအချက်အလက်ကို အာရုံခံမိခြင်းမရှိဘဲ ရယူနိုင်သည့်စွမ်းရည်သာ ဖြစ်၏။

“အရှင်က ကံကြွေးကနေ လွတ်မြောက်ထားတဲ့ သက်ရှိပါ” ဝမ်ကျူက ဆက်ပြောလိုက်သည်။ မဟာဧကရာဇ်များက ကံကြွေးအပေါ် ခံနိုင်ရည်မြင့်မားသည့်အတွက် စံပြများကို ထည့်ပြောဖို့ပင် မလိုတော့ပေ။

“ဒါပေမဲ့ ကျွန်မရဲ့ သခင်က ကံအကြောင်းတရားမှာ ဆရာတစ်ဆူပဲ။ သူသာ အရှင့်ရဲ့ အနေအထားကို ရောက်သွားမယ်ဆိုရင် ဒီအချက်ကို သုံးပြီးတော့ ကံကြွေးကို ပြန်လည်ပေးဆပ်အောင် လုပ်လိုက်ရင် အရှင့်အနေနဲ့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး”

“ငါ့ကို လာပြီး ခြိမ်းခြောက်နေတာလား”

“ဟုတ်ပါတယ်”

“အတွေးတစ်ချက်နဲ့ မင်းနဲ့ မင်းသခင်ကို သတ်ပစ်ရတယ်ဆိုတာ နားလည်လား”

ဝမ်ကျူက အကြောက်တရားကို ခံစားမိလိုက်ပြီး တုန်ယင်သွားသည်။

“မင်းက ဘာလို့ အဲ့လောက်တောင် ရဲတင်းနေရလဲ သိချင်မိသား”

“အရှင်က အဲ့လို မလုပ်ရဲဘူးဆိုတာကို သိနေလို့ပါ” ဝမ်ကျူက တည်ငြိမ်စွာ ပြောလိုက်သည်။ ချန်းထုံက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သူမ၏ ပြောစကားက မှန်ကန်နေသည်။ သူက ဝမ်ဝေ့ကို မသတ်ရဲသည်မှာ ကိစ္စအားလုံးက ထိုအမျိုးသားနှင့် ဆက်နွယ်နေ၍ ဖြစ်၏။

“ငါက သူ့ကို မသတ်ရဲတာ ဖြစ်နိုင်ပေမဲ့ မင်းအတွက်တော့ အတူတူ မဟုတ်ဘူး”

“ကျွန်မရဲ့ သခင်က ကျွန်မကို အလေးထားတယ်” ဝမ်ကျူက တည်တည်ငြိမ်ငြိမ် ပြန်လည်ချေပလိုက်သည်။

“စံပြကို ရန်သူ လုပ်ရအောင်အထိလား”

“မဟာတာအိုနဲ့တောင် ရင်ဆိုင်ရဲပါတယ်” သူမက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

“ဟား…ဟား…ဟား…စိတ်ဝင်စားစရာကောင်းသားပဲ။ ဒီလိုမျိုးသစ္စာရှိပြီး စွမ်းဆောင်ရည်ကောင်းတဲ့ နောက်လိုက်တစ်ယောက်ရှိတာ သူ့ကို အားကျမိတယ်။ ကောင်းပြီလေ …. မင်းကို ကူညီပေးလိုက်မယ်” ချန်းထုံက ရယ်မောကာ ပြောလိုက်သည်။ ကံတာအိုကို ကျင့်ကြံသည့် တာအိုနယ်ရှင်တစ်ယောက်အပေါ် ကံကြွေးရှိသည်က အိပ်မက်ဆိုးတစ်ခုဖြစ်ကြောင်း သိထားလေသည်။

“ဒါပေမဲ့ မှတ်ထား။ ဒီတစ်ကြိမ်ပဲ ရမယ်” ချန်းထုံက သတ်ဖြတ်ငွေ့ဖြင့် ပြောလိုက်၏။ သူ့သတ်ဖြတ်ငွေ့က သူတို့သာ စိတ်ဝိညာဉ်နယ်ပယ်အတွင်း မရှိပါက ဒိုင်မေးရှင်းအနိမ့်ကိုပင် သုတ်သင်ပစ်နိုင်လိမ့်မည်။

“ငါ့ကို နောက်တစ်ကြိမ် ခြိမ်းခြောက်ရဲရင် အရာအားလုံးကို စတေးပြီးတော့ မင်းနဲ့ မင်းသခင်ကို ဒီစကြဝဠာကနေ ရှင်းထုတ်ပစ်မှာ”

“ကျွန်မ နားလည်ပါတယ်။ ကျွန်မရဲ့ အပြုအမူအတွက်လည်း တောင်းပန်ပါတယ်။ ကျွန်မဆီမှာ တခြားရွေးချယ်စရာ မရှိလို့ပါ” ဝမ်ကျူက ၉၀ဒီဂရီ ဦးညွှတ်ကာ ပြောလိုက်သည်။

All Chapters