← Chapters

ကံကြမ္မာအမှတ်အသား

Vol. 84 Ch. 1170

ကံကြမ္မာအမှတ်အသား

Vol. 84 Ch. 1170

“ဒါကို ဘယ်လိုလုပ်ရမလဲ” ချန်းထုံက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူက မပြီးမပြတ်အခြေအနေတွင် ရှိနေစဉ် လှုပ်ရှားခြင်းက သူ့အတွက် တခြားနည်းလမ်းများကို အသုံးပြုခြင်းထက် ပိုမိုတန်ကြေးကြီးမားစေသည်။ ထို့ကြောင့် သူက တခြားသောနည်းလမ်းများကို အသုံးပြု၍ ဝင်ရောက်စွက်ဖက်လို၏။

“အာ ငါ သိပြီ။ ဒါက အဆင့်(၁၁) လေဟာနယ်သားရဲရဲ့ သန့်စင်ပြီးသား လေဟာနယ် နှလုံးသားပဲ”

သူက အပြာရောင်သလင်းကျောက်ကို ထုတ်ကာ ပြောလိုက်သည်။

“ဒီလိုအရာမျိုး ရှိတယ်လား” ဝမ်ကျူက မေးလိုက်၏။

“ဒိုင်မေးရှင်းအနိမ့်မှာတော့ မရှိဘူး။ ဒါပေမဲ့ အဆင့်မြင့်လေဟာနယ်သားရဲတွေကတော့ ရှိတယ်” ချန်းထုံက ရှင်းပြလိုက်၏။

“ဒီဟာကို မင်းရဲ့ လောကသစ်ပင်နဲ့ ပေါင်းလိုက်။ ဒါဆိုရင် အသူရာချောက်နက်ကို ပြောင်းရွှေ့ဖို့ လုံလောက်မှာပါ”

“ကျေးဇူးအများကြီးတင်ပါတယ်” ဝမ်ကျူက အလျင်အမြန်ပြောပြီးသည့်နောက်တွင် ဦးညွှတ်လိုက်သည်။ ယခု သူမက ထိုအရာဖြင့် ပိုမိုယုံကြည်ချက်ရှိလာမိပြီ ဖြစ်သည်။

“နောက်တစ်ခု ရှိသေးတယ်။ မင်းက အခြေအနေ အရမ်းဆိုးရွားနေတာဆိုတော့ ကြာကြာအသက်မရှင်နိုင်ဘူးဆိုတာ သိတယ်မလား” ချန်းထုံက သူမ ထွက်မသွားခင် ထပ်ပြောလိုက်သည်။

“သိပါတယ်” သူမက တည်ငြိမ်စွာ ပြောလိုက်၏။

“ဒါပေမဲ့ ငါက သဘောကောင်းတယ်ဆိုတော့ မင်းရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ ကိစ္စမရှိဘူး”

“အပေးအယူအနေနဲ့ ဘာလိုချင်တာလဲ”

“မင်းရဲ့ သခင်က မင်းကို မဟာတာအိုနဲ့ ရင်ဆိုင်ရလောက်အောင်အထိ တန်ဖိုးထားတယ်လို့ ပြောတယ်မလား။ ငါ လိုချင်တာက မင်းဆီကနေ ငါတို့ရဲ့ အကြွေးက ကျေသွားပြီဆိုတဲ့ စကားတစ်ခွန်းပဲ”

“ကျွန်မ တောင်းပန်ပါတယ်”

“မင်းက မင်းရဲ့ အပြုအမူတွေအတွက် သူ ပေးဆပ်ရမှာကို စိုးရိမ်နေတာပဲ။ သူက မင်းကို လက်ရှိအခြေအနေမှာ ကယ်ချင်တယ်ဆိုရင် သူက တန်ကြေးကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုတာကို မင်း နားလည်ထားသင့်တယ်။ ဒီလိုဆိုရင်တော့ ကျရှုံးနိုင်ချေ ရှိတယ်။ သူနဲ့ ခွဲခွာဖို့ ပြင်ဆင်ပြီးသွားပြီလား”

“အဲ့လို မဟုတ်ပါဘူး”

ချန်းထုံက မျက်မှောင်ကြုတ်လိုက်ပြီး သူမက ခေါင်းကြောမာကြောင်း စဉ်းစားနေသည်။ သို့သော်လည်း သူမ၏ မျက်ဝန်းမှ ကြည်လင်ပြတ်သားမှုကို မြင်သည့်အခါ တစ်စုံတစ်ခု သဘောပေါက်သွားခဲ့၏။

“ငါ သိပြီ။ ငါ မင်းကို နောက်ဆုံးအနေနဲ့ တစ်ခု ကူညီပေးမယ်။ မင်းရဲ့ သခင် မဟုတ်ဘဲနဲ့ မင်းက ငါ့အပေါ် ကျေးဇူးကြွေးတင်သွားပြီ။”

ဝမ်ကျူက မျက်လုံးဖွင့်လိုက်သည့်အခါ သူမ၏ အက်ကွဲနေသော အသိစိတ်ပင်လယ်အတွင်း အပြာရောင်သလင်းကျောက်ကို ခံစားမိလိုက်သည်။ သူမက တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ခုံရုံးမှ လောကသစ်ပင်ကို ဆင့်ခေါ်ကာ သလင်းကျောက်ဖြင့် ပေါင်းစည်းလိုက်သည်။ ထိုအရာက ကောင်းကင်အလိုဆန္ဒကမ္ဘာလောက် အရွယ်အစား ကြီးမားလာပြီးသည့်နောက်တွင် ရပ်တန့်သွားခဲ့၏။ ဝမ်ကျူက စွမ်းအားကုန်သုံးလျက် အသူရာချောက်နက်ကို ပိတ်ဆို့လိုက်သည်။

အသူရာချောက်နက်ရှိ သက်ရှိက ထိုအပြောင်းအလဲအသစ်ကို သဘောမကျသည့်အလား ကျယ်လောင်စွာ အော်ဟစ်နေ၏။ ထိုအရာက သူ့အတွက် တစ်စုံတစ်ခု ကြိုးစားလိုသော်လည်း ဤတစ်ကြိမ် အသုံးမဝင်ခဲ့ပေ။ သစ်ပင်၏ စွမ်းအားကြောင့်သာမကဘဲ ဝမ်ကျူက ထိုသူသည် ရှုံးနိမ့်မှုကို အလွယ်တကူ လက်ခံနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းထားမိသည့်အတွက် ကောင်းကင်ဧကရာဇ်ခေတ်ကာလတစ်ခုလုံး၏ ချီကံကောင်းမှုကို ဆင့်ခေါ်ကာ နောက်ဆုံးသော စည်းတံဆိပ်ကို ပြီးမြောက်စေခဲ့သည်။

ဂိတ်ပေါက်ကို ပိတ်ဆို့ပြီးသည်နှင့် ဝမ်ကျူက အချိန်မဖြုန်းတော့ဘဲ လောကသစ်ပင်၏ အကိုင်းခွဲတစ်ခုဖြင့် သံသရာဆီ လမ်းကြောင်းဖွင့်ကာ နောက်ဘဝဆီ ပို့ဆောင်ခဲ့သည်။ သူမက ထိုသစ်ကိုင်းသည် လီကျွင်းနှင့် ဆက်နွယ်မနေဖို့ သေချာအောင် လုပ်ဆောင်ခဲ့၏။

“ကျစ်” သူမက အသံတစ်သံကို ကြားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်တစ်ခုက လိုက်ပါလာ၏။ ထိုအကြည့်က ချန်းထုံထက်ပင် ပိုမိုကြောက်ဖို့ကောင်းလေသည်။ ဝမ်ကျူက ထိုအရာကို ပြင်ဆင်ထား၏။ သို့သော်လည်း သူမကို အံ့အားသင့်သွားစေသည်က ထိုအကြည့်သည် ချက်ချင်း ပျောက်ကွယ်သွား၏။ သူမက စိတ်ရှုပ်ထွေးစွာဖြင့် လီကျွင်းက တစ်စုံတစ်ခု လုပ်လိုက်တာလားဟု စဉ်းစားနေသည်။ သို့သော် စစ်ဆေးပြီးသည့်နောက်တွင် သူက ပလ္လင်မှသာ အခြေအနေကို စောင့်ကြည့်နေကြောင်း သိလိုက်ရသည်။

ဝမ်ကျူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး သူမ၏ အသားအရည်က စာရွက်တစ်ရွက်ထက်ပင် ပိုမိုဖြူဖျော့သွားကာ အရှိန်အဝါက သိသိသာသာ အားနည်းသွားသည်။ သူမက လေဟာနယ်မှ ပြုတ်ကျလုနီးပါး ဖြစ်နေ၏။

“မင်း အဆင်ပြေရဲ့လား” တစ်စုံတစ်ယောက်က သူမအနားတွင် ပေါ်ထွက်လာကာ ခန္ဓာကိုယ်ကို ထိန်းပေးထားသည်။

“ဂိုဏ်းချုပ်ကတော်လား။ ကျွန်မအဆင်ပြေပါတယ်”

“ဒီမှာ ဆေးသောက်လိုက်ဦး”

“ဟုတ်ကဲ့”

“ဝေ့အာ ပြန်မလာခင်အထိ တောင့်ခံထားဦး” ယုယန်က ဖျောင်းဖျလိုက်သည်။

“ကျွန်မက အဆင်ပြေပါတယ်” သူမက ပြောရင်းဖြင့် ဆေးလုံးတချို့ကို သောက်သုံးလိုက်သည်။ ယုယန်က သူမကို ကြည့်နေရင်းဖြင့် သက်ပြင်းချလိုက်၏။

“ကိစ္စတွေက ဒီလို ထိန်းချုပ်မှု လွတ်ကင်းသွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

“အမှန်ပဲ”

…………………………………………………………

လေဟာနယ် တိုက်ပွဲကွင်းပြင်

ဝမ်ဝေ့က အကျဉ်းအကျပ်ကြား အခြေအနေတွင် ကျရောက်နေသည်။ သူက ငရဲအုပ်စိုးသူဓား၏ ပေါက်ကွဲမှုကို သူ့အနာဂတ်ကိုယ်၏ စွမ်းအားဖြင့် ထိန်းထားလိုက်နိုင်သည်။ သူက မရဏချီနှင့် ယင်ချီတို့ကို ပြန့်သွားခြင်းမှ ကာကွယ်လိုက်နိုင်သည်။ သူက အခြေအနေတစ်ခုလုံးကို ဓားကို ထိန်းသိမ်းထားလိုသည့် အလိုဆန္ဒကို ဖိနှိပ်ထားလျှက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း သူက အောင်မြင်တော့မည့်ဆဲဆဲတွင် ပေါက်ကွဲမှုက ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာမှ ခြေတံလက်တံ မရှိဘဲ လူသားခန္ဓာကိုယ်နှင့် ရင်ဘတ်မှ လက်တံများစွာ ထွက်နေသည့် ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

မင်းကို စောင့်နေတာ…

ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် သူ့စိတ်စွမ်းအားဖြင့် အားကြီးသည့် ဓားအဖြစ် ပြောင်းလဲကာ ထိုသက်ရှိဖြင့် ခုတ်ချလိုက်သည်။ ထို့ကြောင့် ထိုသက်ရှိက ခုခံနိုင်မည့် အခွင့်အရေးမရှိဘဲ ကမ္ဘာမှ ပျောက်ကွယ်သွားလိမ့်မည်ဟု တွေးခဲ့မိသည်။ သို့သော် ဝမ်ဝေ့အနေနှင့် ထိုသက်ရှိ အလျင်အမြန် ပြန်လည်ဖွဲ့စည်းလာသည်ကို ကြည့်နေမိသည်။

အင်မော်တယ်သက်ရှိလား…

သူက အလျင်အမြန် စည်းပိတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ထိုသက်ရှိက အလျင်အမြန်တုံ့ပြန်ကာ စည်းပိတ်ရေးတာအိုနှင့် ရင်းနှီးနေကြောင်း ပြသလာသည်။ သူ့ဇနီးသာ ဤနေရာတွင် ရှိမနေသရွေ့ သက်ရှိကို တတ်နိုင်သမျှ မြန်မြန် စည်းပိတ်နိုင်မည့် နည်းလမ်း မရှိပေ။

နောက်တစ်ဆင့်က ငါ ယီလျန်ချန်းကို သတ်ခဲ့တဲ့ နည်းလမ်းအတိုင်း ဖြေရှင်းဖို့ပဲ…

သူက ထိုသက်ရှိသည် သူ့သခင်နှင့် ဆက်သွယ်နေကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း သူက ဆက်နွယ်မှုကို ရှာမတွေ့ပေ။

ဒီအရာက ငါ့ကို ဖြေရှင်းဖို့အတွက် တမင်ဖန်တီးထားတဲ့အရာပဲ…

သူက သုံးသပ်လိုက်သည်။ အသူရာချောက်နက်က ပြင်ဆင်ထားသည်မှာ အနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး အောင်မြင်ဖို့အတွက် ထိုအရာကိုပင် ဖန်တီးထားခဲ့သည်။

ဒီလိုဆိုရင် ဒီသက်ရှိရဲ့ ရည်ရွယ်ချက်က အချိန်ဆွဲထားဖို့ပဲ။ အဲ့လိုဆို ကစားပွဲကို ဘယ်လိုချိုးဖောက်မှာလဲ။ ဝမ်ကျူလား…

ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိကာ အာရုံစိုက်လိုက်သည်။ သူက ပါးစပ်ဟပြီးသည့်နောက်တွင် သွေးနီရောင် သွေးစက်တစ်စက်ကို ထုတ်ပြီး အဆောင်အဖြစ် ပြောင်းလဲလိုက်၏။ သူက စိတ်ဝိညာဉ်အမှုန်တစ်ခုကို ကပ်ကာ အဝေးကို ပို့ဆောင်လိုက်သည်။ သို့သော်လည်း သူ့အာရုံလွှဲမှု အနည်းငယ်က သူ ထိန်းချုပ်ထားရသည့် ပေါက်ကွဲရေးစွမ်းအားအပေါ် ထိန်းချုပ်မှု အနည်းငယ် လွတ်ကင်းသွားစေသည်။

ငါသာ ဒီသက်ရှိကို မြန်မြန်ထိန်းချုပ်ချင်ရင် ငါ တစ်ခါမှ မသုံးဖူးတဲ့ နည်းဗျူဟာကို သုံးရလိမ့်မယ်…

သူက အရင်းအမြစ်ချီ နေရာလွတ်မှ အပေါက်များစွာကို ဖွင့်ရင်း ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့သည်။ ထို့နောက် သူ့အစွမ်းထိန်းချုပ်ရေး ပညာရပ်ဖြင့် ထိုချည်မျှင်များကို သူက ဆန့်ကျင်ထာဝရဦးသျှောင်တစ်ယောက်သဖွယ် ထိန်းချုပ်ပြီး ထိုသက်ရှိ၏ ဝန်းကျင်တွင် ချည်စည်းတံဆိပ်အလွှာများစွာကို ထားရှိခဲ့သည်။

ထင်ထားသည့်အတိုင်း ထိုနည်းဗျူဟာက အလုပ်ဖြစ်ခဲ့၏။ အသူရာချောက်နက်၏ ပိုင်ရှင်က အသူရာချောက်နက်ထဲတွင် အချိန်ကုန်ဆုံးပြီးသည့်နောက် ထိုစည်းတံဆိပ်များကို ဖြေရှင်းဖို့ စွမ်းရည် ရလာဟန်ပေါ်သည်။ သို့သော်လည်း သူက စွမ်းအင်စည်းတံဆိပ်များကို ဖြေရှင်းသည့်အခါ မကျွမ်းကျင်ကြောင်း သိသာလှ၏။ ထို့အပြင် ဝမ်ဝေ့၏ ပင်မခန္ဓာကိုယ်က သူ့စိတ်စွမ်းအားဖြင့် ထိုသက်ရှိကို ဖျက်ဆီးမပစ်ခဲ့ပေ။

“ပြီးသွားပြီ” ဝမ်ဝေ့က နောက်ဆုံးသော ချီစည်းတံဆိပ်ကို ပြီးမြောက်စေပြီးနောက် ပြောလိုက်သည်။ သို့သော်လည်း သူ အန္တရာယ်ခံစားနှုန်းက ရုတ်တရက် အသက်ဝင်လာခဲ့သည်။ ထို့ကြောင့် သူက စွမ်းအားအားလုံးကို စုစည်း၍ ပေါက်ကွဲမှုထဲ ထည့်ဆောင်ကာ အရင်းအမြစ်ချီ နေရာလွတ်ထံ ပို့ဆောင်လိုက်သည်။ သို့သော်လည်း အန္တရာယ်က ရပ်တန့်မသွားသေးပေ။ ထိုအရာက စည်းပိတ်ထားသည့် သက်ရှိဆီမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ သူ့စည်းတံဆိပ်အားလုံးကို လျစ်လျူရှုကာ သူ့ဆီ တိုးဝင်လာသည့် သင်္ကေတတစ်ခုကြောင့် ဖြစ်၏။

နောက်ထပ် အမှတ်အသားတစ်ခုလား။ ငါ့ကို သူ့သခင်အတွက် အခွံ ဖြစ်စေချင်နေတာလား…

ဝမ်ဝေ့က အမူအရာပျက်ယွင်းလျက် တွေးလိုက်သည်။

“အဲဒီပြင်ပကမ္ဘာသားတွေက လူတွေကို အမှတ်အသားပေးရတာ ဘာလို့ ဒီလောက်ကြိုက်နေပါလိမ့်”

သူက လက်အုပ်ချီပြီးသည့်နောက်တွင် ကံကြမ္မာမြစ်ကြောင်းက သူ့အနောက်ဖက်တွင် ပေါ်ထွက်လာကာ အလင်းပျောက်အဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဝါးအတွင်း ဝင်ရောက်သွားသည်။ ဝမ်ဝေ့က ညာဖက်လက်ကို မြှောက်လိုက်ပြီးသည့်နောက်တွင် ထိုအရာက သင်္ကေတတစ်ခု ဖြစ်ပေါ်လာ၏။ ထိုသင်္ကေတတစ်ခုက ရောက်ရှိလာသည့် တိုက်ကွက်ထံ ပြေးဝင်သွားကာ လွှမ်းမိုးသွားခဲ့သည်။ ထို့နောက် ပြောရလျှင် ကံကြမ္မာအမှတ်အသားက ကံကြမ္မာမြစ်ကြောင်း၏ စွမ်းအားမှ ဖွဲ့စည်းထားခြင်း ဖြစ်၏။

“ငါ့ဆီမှာ အကြံတစ်ခု ရပြီ။ ပြင်ပနတ်ဘုရားရဲ့ အစေခံ ဒါမှမဟုတ် သက်ရှိကို ရုပ်သေးရုပ်အဖြစ် ပြောင်းလိုက်ရင် စိတ်ဝင်စားဖို့ မကောင်းဘူးလား” သူက နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်သည်။

“မင်းတို့လူတွေကို အမှတ်အသားပေးရတာ ကြိုက်နေမှတော့ မင်းလိုလုပ်ရင် ဘယ်လိုခံစားရမလဲဆိုတာကို ကြည့်လိုက်ပေါ့”

သူက အမှတ်အသားကို ထိန်းချုပ်လျက် စည်းပိတ်ထားသည့် သက်ရှိ၏ ခန္ဓာကိုယ်အတွင်း ပို့ဆောင်လိုက်သည်။ ထို့နောက် နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာခဲ့သည်။ ကံကြမ္မာမြစ်ကြောင်းက မထိန်းချုပ်နိုင်သည့် အရာများကို မကြိုက်ပေ။ ထိုနယ်ခြားသက်ရှိများက အထိန်းအချုပ် ကင်းလွတ်နေသည့် နေရာထဲမှ တစ်ခု ဖြစ်သည်။ သို့သော် ထိုအမှတ်အသားဖြင့် ကျူးကျော်သူများကို ပိုမိုအကဲဖြတ်ကာ လေ့လာနိုင်လိမ့်မည်။

ထိုသက်ရှိက မည်သို့ပင်လုပ်စေကာမူ ထိုအမှတ်အသား နစ်မြုပ်သွားသည့်အခါ အသုံးမဝင်တော့ပေ။ ဝမ်ဝေ့က ထိုအရာကို အသက်အောင့်လျက် စောင့်ကြည့်နေသည်။ ထိုအရာက အောင်မြင်တော့မည့်ဆဲဆဲတွင် နောက်ထပ် စွမ်းအားတစ်ခုက ရုတ်ချည်းခုခံလာခဲ့သည်။ နှမြောစရာကောင်းလှသည်က ထိုသက်ရှိက ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။ သူက ကံကြမ္မာနှင့် ကတ်သူလူကြားမှ နောက်ဆုံးရလဒ်ကို မပြောနိုင်လိုက်ပေ။

All Chapters