← Chapters

အခန်း (၁၁၇၁)

Vol. 84 Ch. 1171

အခန်း (၁၁၇၁)

Vol. 84 Ch. 1171

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီး နောက်ဆုံးရလဒ်ကို မမြင်ရသည့်အတွက် အနည်းငယ် စိတ်ပျက်နေမိသည်။ သတင်းကောင်းကမူ သူ့ဆုံးဖြတ်ချက်ကြောင့် စိတ်လှုပ်ရှားနေဟန်ပေါ်သည့် ကံကြမ္မာမြစ်ကြောင်းအရ သူက ထိုပြင်ပနတ်ဘုရားများနှင့် ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှိပြီ ဖြစ်သည်။ တစ်စုံတစ်ခုက သူသည် ထိုအရာများကို ဖြေရှင်းဖို့ရာ နောက်ဆုံးအကြိမ် မဟုတ်သေးကြောင်း ပြသနေ၏။ ယခုမှစ၍ သူတို့၏ ထူးဆန်းမှုများကို ထိပ်တိုက်ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု ရှိလာလိမ့်မည်။

သူက အသူရာချောက်နက်ကို ပို့ဆောင်ပြီးသည့်နောက်တွင် အရာအားလုံး ပြီးမြောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ့အမြင်က ဝမ်ကျူနှင့် ဆက်နွယ်ထားသည့်အတွက် အဖြစ်အပျက်အားလုံးကို မြင်တွေ့လိုက်ရသည်။ ချန်းထုံ၏ ဝင်ရောက်စွက်ဖက်မှုပင် အပါအဝင် ဖြစ်၏။

“မင်းက ငါ ထင်ထားတာထက် ပိုပြီး ကောင်းကောင်းလုပ်ခဲ့တယ်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။ ထို့နောက် သူ့အပြုံးက အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သူက ဝမ်ကျူသည် အင်မတန် အခြေအနေ ဆိုးရွားနေကြောင်း မြင်တွေ့လိုက်ရသည်။ သူမက ပျောက်ကွယ်သွားသင့်သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ ပြန်ရောက်လာသည်အထိ တောင့်ခံနိုင်ဖို့အတွက် ကူညီပေးခဲ့သည်။

“မစိုးရိမ်နဲ့။ ငါ မင်းကို ပုံမှန်ပြန်ဖြစ်အောင် ပြုပြင်ပေးမယ်။ အဲဒီမတိုင်ခင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပြိုလဲမသွားအောင် ထိန်းသိမ်း”

“သခင်လေး မလိုတော့ပါဘူး”

“အဲဒါက ဘာကိုပြောတာလဲ”

ဝမ်ကျူက တိတ်ဆိတ်နေ၏။

“မင်းက အိပ်စက်သူတွေရဲ့ စာအုပ်ထဲက စာရွက်တစ်ရွက်ကို ယူချင်တာလား”

“အဲဒါက အရင်ကတည်းက စီစဉ်ထားတာပဲလေ”

“ဟုတ်တယ်။ ဒါပေမဲ့ တခြားသူတွေ အခြေခံအုတ်မြစ် ပြီးမြောက်သွားတဲ့အချိန်မှာ လုပ်ဖို့ စီစဉ်ထားတာလေ” ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။

“သခင်လေးက ကျွန်မကို ကာကွယ်ပေးချင်မှန်း သိပါတယ်။ ဒါပေမဲ့ ဒီတာဝန် အောင်မြင်ဖို့ ကျွန်မလို အရည်အချင်းမျိုး ရှိတဲ့သူမျိုး လိုအပ်တယ်လေ” ဝမ်ကျူက ပြောလိုက်သည်။

“အခု ကိစ္စတွေကို လှုပ်ရှားဖို့အတွက် ပြီးပြည့်စုံတဲ့ အခွင့်ကောင်းတစ်ခုပဲ”

တိတ်ဆိတ်နေသည့်သူက ဝမ်ဝေ့အလှည့် ဖြစ်သွား၏။

“ကောင်းပြီလေ”

သူ့ဦးခေါင်းအထက် ရွှေရောင်သရဖူတစ်ခု ပေါ်ထွက်လာကာ ကောင်းကင်ဧကရာဇ် အဆင့်အတန်းကို ပြသနေသည်။ ထို့နောက် ဒုတိယ အနက်ရောင် သရဖူတစ်ခုပေါ်ထွက်လာကာ မြေကမ္ဘာဧကရာဇ်၏ အဆင့်အတန်းကို ပြသနေ၏။ ထို့နောက် ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်ရာထူးကို အရင်ကြိုပေးထားလို့ ရတယ်မလား”

ကောင်းကင်မှ အလင်းတန်းဆင်းသက်လာကာ အဖြူရောင်သရဖူအဖြစ် ဖွဲ့စည်းလာပြီး ကမ္ဘာကို ကယ်တင်ပေးသည့်အတွက် လူသားဧကရာဇ်၏ အဆင့်အတန်းကို ကိုယ်စားပြုနေသည်။

လူများစွာက ထိုကပ်ဘေးအတွင်း ထူးချွန်စွာ လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ဝမ်ကျူ ဖြစ်၏။ သို့သော်လည်း သူမနှင့် တခြားသူများက ဝမ်ဝေ့၏ စွမ်းအား၊ အသုံးအဆောင်ပစ္စည်းများ သို့မဟုတ် ဖန်တီးမှုများကို အသုံးပြုထားသည့်အချက်ကို မပြောင်းလဲနိုင်ပေ။

ထိုသရဖူသုံးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ရွှေရောင်ဝတ်ရုံနှင့် အနက်ရောင်နှင့် အဖြူရောင်နဂါး အသွင်ပြောင်းလဲသွားပြီး တခြားသော ကောင်းချီးမင်္ဂလာ သင်္ကေတများအဖြစ် ပေါ်ထွက်လာခဲ့သည်။ ဝမ်ဝေ့၏ ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ သင့်တော်နေသည့် သရဖူတစ်ခုပင် ပေါ်ထွက်လာ၏။

“ဝိဇ္ဇာဧကရာဇ်ဆိုတဲ့ အမည်နာမည်နဲ့ မင်းကို အရိပ်ကောင်းကင်ဧကရာဇ်ရဲ့ ဂုဏ်ပုဒ်နဲ့ ကောင်းချီးကို ပေးမယ်။ မင်းရဲ့ ပြန်လည်ဝင်စားခြင်းက ငြိမ်းအေးပြီးတော့ ကောင်းချီးတွေ ပြည့်နှက်နေပါစေ”

ဝမ်ကျူ၏ ဝိညာဉ်အတွင်း ရွှေရောင်အလင်းတန်း စီးဝင်သွားကာ ယခင်ထိခိုက်ထားသည့် ဒဏ်ရာအများစုကို ကုစားပေးသည်။ သို့သော်လည်း အရေးကြီးဆုံးအရာက သူမ၏ ပါရမီ အလျင်အမြန် တိုးတက်လာမှု ဖြစ်၏။ လောကသစ်ပင်ထက် အနည်းငယ် သေးသည့် နဂါးတစ်ကောင်က လေဟာနယ်မှ ဆင်းသက်လာကာ သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီး ချီကံကောင်းမှုနှင့် ကံကြမ္မာ တိုးမြှင့်သွားစေသည်။ နောက်ဆုံးအနေဖြင့် ကောင်းကင်မှ ခရမ်းရောင်ကုသိုလ် ဆင်းသက်လာသည်။ ဝမ်ကျူက ဒုတိယမြောက် အကြီးမားဆုံး အကျိုးဆောင်ပေးသူဖြစ်သည့်အတွက် ထိုကုသိုလ်များနှင့် ထိုက်တန်ပေသည်။

“အရှင့်ကို ကျေးဇူးတင်ပါတယ်” ဝမ်ကျူက ဦးညွှတ်ကာ ပြောလိုက်၏။

“မင်းကို ပြောစရာတွေ အများကြီးရှိပေမဲ့ ငါတို့တွေ ပြန်တွေ့မှပဲ ပြောကြတာပေါ့” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ဝမ်ကျူက သူ စတင်ကျင့်ကြံကတည်းက ဘေးတွင်ရှိပေးခဲ့သည့် အစေခံတစ်ဦး ဖြစ်၏။ ယခုအခါ သူတို့က ယွမ်ခေတ်ကာလ မည်မျှကြာမြင့်မှန်းမသိဘဲ ဝေးကွာရတော့မည်။

“သခင်လေး ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ” ဝမ်ကျူက ပြောလိုက်သည်။ သူမက မျက်ရည်ထိန်းထားဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဝမ်ဝေ့ပင် မျက်ရည်ဝဲနေ၏။ သို့သော် သူက ထိန်းချုပ်ထားခဲ့သည်။ သူက လက်ဝှေ့ပြီးသည့်နောက်တွင် သူမ၏ အတွင်းကမ္ဘာကို သူမ၏ ဆက်ခံသူအတွက် ထိန်းသိမ်းထားခဲ့၏။

“မင်းရဲ့ ပြန်လည်ဝင်စားခြင်းစက်ဝန်းဆီ လိုက်ပို့ပေးမယ်” ဝမ်ဝေ့က ကြေညာပြီးသည့်နောက်တွင် အာကာပြင်မုခ်ဝ တစ်ခုကို ဖွင့်လှစ်ကာ ဝမ်ကျူကို အထဲသို့ ပို့ဆောင်ပေးလိုက်သည်။ နှစ်ဦးသားက အဝါရောင်မြစ်ကြောင်းရှိသည့် နေရာတစ်ခုအထက် ပေါ်ထွက်လာ၏။ ဝိညာဉ်များက ထိုမြစ်ကြောင်းအတွင်း ပြုတ်ကျသွားသော်လည်း ဝမ်ဝေ့က ထိုအရာကို လျစ်လျူရှုထားလေသည်။

“ယမမင်းနဲ့ တွေ့ဆုံခွင့်တောင်းပါတယ်” ဝမ်ဝေ့က နူးညံ့သော်လည်း အားကောင်းသည့်အသံဖြင့် ပြောလိုက်သည်။

“မင်းက ဘာလိုချင်တာလဲ” အနည်းငယ် စိတ်တိုနေသည့်အသံဖြင့် မေးလာခဲ့သည်။ ပုံမှန်အားဖြင့် သူတို့သည် ထိုကောင်စုတ်က မြေကမ္ဘာဧကရာဇ် ဖြစ်နေလျှင်ပင် ဂရုစိုက်မည်မဟုတ်ပေ။ သို့သော်လည်း သူ့ဝိဇ္ဇာဧကရာဇ် ဟူသော ဂုဏ်ပုဒ်က ယမမင်းဖြင့် တိုက်ရိုက်တွေ့ဆုံခွင့်ပြုထားလေသည်။

ဝမ်ဝေ့က ထိုသူသည် တိုက်ရိုက်ပေါ်ထွက်မလာသည့် မလေးမစား လုပ်ပုံကို ဂရုမစိုက်ပေ။ သူက အာဏာမရှိသေးသည့် ဝိဇ္ဇာဧကရာဇ်အနေအထားတွင် ဖြစ်ခဲ့ခြင်း ဖြစ်၏။ သူက ဒိုင်မေးရှင်းအမြင့်တွင် ထိုအရာကို ရယူနိုင်သည်နှင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ သံသရာကို တာဝန်ယူထားသည့် ယမမင်းတုန်းက သူ့ရှေ့တွင် ပေါ်ထွက်လာရလိမ့်မည်။

“သူမရဲ့ အပြစ်ကြွေးတွေကို ကျုပ်က ခံယူချင်တယ်” ဝမ်ဝေ့က ကြေညာလိုက်သည်။

“သူတို့ကို သူမရဲ့ ကုသိုလ်နဲ့ လျှော့ထားပြီးသား” အသံပိုင်ရှင်က ပြောလာခဲ့သည်။

“အဲ့လိုလား” ဝမ်ဝေ့က ဝမ်ကျူကို မည်သူကမှ ဘာမှမလုပ်ကြောင်း သေချာချင်မိသည်။

“ဒါပဲလား” အသံပိုင်ရှင်က မေးလိုက်၏။

“ကျုပ်ရဲ့ အာဏာကို သုံးပြီးတော့ သူမက တခြားဟွင်သွမ်းကမ္ဘာမှာ ပြန်လည်ဝင်စားဖို့ တောင်းဆိုချင်ပါတယ်”

“မင်းဆီမှာ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ မင်းက အငယ်တန်းဧကရာဇ်ပဲ ရှိသေးတယ်။ အဲဒါဆိုတော့ တန်ကြေးတစ်ခု ပေးရမယ်”

“ဘယ်လောက်လဲ”

“သံသရာခုံရုံးကို တည်ထောင်ပြီးတဲ့နောက်မှာ ရလာမဲ့ ကုသိုလ် ၂၀ရာခိုင်နှုန်း”

“ခုံရုံးကို တည်ထောင်ပြီးတဲ့နောက်မှာ ကုသိုလ် ၂၀ရာခိုင်နှုန်းလား ဒါမှမဟုတ် ကျုပ် လွှမ်းမိုးတဲ့အချိန်မှာ ရရှိလာတဲ့ ကုသိုလ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလား”

“နောက်တစ်ခု”

“အဲဒါဆိုရင် သူမနဲ့အတူ တခြားလူတချို့ကို ပြန်လည်ဝင်စားစေချင်တယ်ဆိုရင်ရော”

“အရေအတွက်အပေါ်မူတည်ပြီးတော့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးလာလိမ့်မယ်”

မဆိုးဘူးပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့လက်ရှိအင်အားဖြင့် သူက သူ့ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တချို့ကို တခြားဟွင်သွမ်းကမ္ဘာများတွင် အောင်အောင်မြင်မြင် ပြန်လည်ဝင်စားလိုပါက ကံကောင်းမှုအပေါ် မှီခိုရလိမ့်မည်။

“ကောင်းပြီ။ အဲဒီအတွက် တန်ကြေးပေးမယ်” ဝမ်ဝေ့က ထိုအရာသည် ကောင်းမွန်သည့် အပေးအယူတစ်ခုဖြစ်ကြောင်း သိ၍ လက်ခံလိုက်သည်။

“မင်းသဘောပဲ” အသံပိုင်ရှင်၏ တည်ရှိမှုက ပျောက်ကွယ်သွားလေ၏။ ဝမ်ဝေ့က ဝမ်ကျူကို အာရုံစိုက်ထားပြီး ပြောလိုက်သည်။

“မင်းရဲ့ လက်နက်တွေကို ကြည့်ရအောင်”

သူမက ဓားမြှောင်နှစ်ခုကို ထုတ်ပေးလိုက်စဉ် ဝမ်ဝေ့က သူမ၏ ဝိညာဉ်အတွင်း လက်နက်ကို မသိမ်းဆည်းခင် လက်နက်ထဲ ခဲဖြူရောင်သတ္တုလုံးဖြင့် ပေါင်းစည်းပေးလိုက်သည်။

“လက်နက်နဲ့ ပြန်လည်ဝင်စားတာက မင်းကို ကာကွယ်ဖို့ ပိုပြီး လွယ်ကူလိမ့်မယ်။ အထူးသဖြင့် ငါ့ရဲ့ စွမ်းအားတချို့ကို ထည့်ပေးထားတဲ့ အခြေအနေမျိုးပေါ့”

“သခင်လေး”

“ဘာမှဝမ်းနည်းနေဖို့ မလိုဘူး။ ဒါကယာယီခွဲခွာမှုပဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“မင်းရဲ့ ဘဝအသစ်မှာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး”

“သခင်လေးကို စိတ်မပျက်စေရပါဘူး” ပါရမီကန့်သတ်ချက် မရှိဘဲ ကံကောင်းမှုနှင့် ကြမ္မာတို့၏ ကောင်းချီးဖြင့် ဝမ်ကျူက သူမသည် တခြားဟွင်သွမ်းကမ္ဘာတွင် ကံကြမ္မာ အရိပ်တပ်ဖွဲ့ကို တည်ထောင်ရန် တာဝန်ကို အောင်မြင်ဖို့ ယုံကြည်ချက် ရှိ၏။ အထူးသဖြင့် ဟွင်သွမ်းစကြဝဠာတစ်လျှောက်တွင် ဖြစ်သည်။

“နောက်ထပ် ဘာပြောစရာရှိသေးလဲ။ နောင်တတွေရော ရှိသေးလား” ဝမ်ဝေ့က မေးလိုက်သည်။

“နောက်ဆုံးစကားတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်မဆီမှာ နောင်တတစ်ခုတော့ ရှိတယ်”

“ဘာများလဲ”

“ကျွန်မရဲ့ နောင်ဘဝမှာ ဝမ်မျိုးနွယ်ရဲ့ သွေးမျိုးဆက် မရှိနိုင်တော့ဘူး”

“အဲဒါက နောင်တလား။ ငါတို့မျိုးနွယ်ရဲ့ သွေးမျိုးဆက်က ခန္ဓာကိုယ်ထက် နက်ရှိုင်းပါတယ်။ ဝိညာဉ်အထိတောင် ရောက်နေတာ။ မင်းက ငါတို့ရဲ့ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ဖွဲ့စည်းနိုင်လိမ့်မယ်”

“အဲ့လိုလား။ အဲ့လိုဆိုရင်တော့ တော်ပါသေးတယ်”

“ကောင်းပြီ။ နောက်ဆုံးအဆင့်ပဲ” ဝမ်ဝေ့က သံသရာတာအိုကို ဆင့်ခေါ်ပြီးသည့်နောက်တွင် အနက်ရောင်အလင်းကို ဝမ်ကျူ၏ ဝိညာဉ်အတွင်း ထုတ်လွှတ်ပေးလိုက်သည်။ ထို့နောက် သူက ကံကြမ္မာစွမ်းအား ပါဝင်နေသည့် မျိုးစေ့တစ်ခုကို ဖွဲ့စည်းကာ သူမဆီ ပေးလိုက်သည်။

“မင်းရဲ့မှတ်ဉာဏ်တွေကို ကာကွယ်ပေးထားတော့ မင်း စောစောစီးစီး နိုးထလာလိမ့်မယ်” သူက ရှင်းပြလိုက်သည်။

“နောက်ဆုံးတစ်ခုအနေနဲ့ မင်းကို ဒီကံကြမ္မာမျိုးစေ့ကို ပေးလိုက်မယ်။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်‌တွေက တားမြစ်ခံအဖြစ် သတ်မှတ်မခံရပဲနဲ့ ကံကြမ္မာစွမ်းရည်တွေကို အသုံးပြုနိုင်လိမ့်မယ်။ ဒါပေမဲ့ ဟွင်သွမ်းကမ္ဘာရဲ့ စည်းမျဉ်းတွေက ကွဲပြားနိုင်တယ်ဆိုတော့ သတိတော့ထားဦး”

“ကျွန်မ နားလည်ပါပြီ”

“ဒါနဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဆိုတဲ့ အသုံးအနှုန်းကို မသုံးနဲ့တော့။ အဲဒီနာမည်က ငါနဲ့ ဆက်နွယ်မှု အများကြီး ရှိနေတယ်။ မင်းနဲ့ ငါနဲ့ အဆက်အသွယ်ကို တချို့လူတွေက သိသွားနိုင်တယ်”

“ဟုတ်ကဲ့ပါ”

ဝမ်ဝေ့က သူမ၏ မျက်နှာကို ကိုင်ကာ နဖူးကို နမ်းရှိုက်ပြီး ပြောလိုက်သည်။

“နောက်မှ ပြန်တွေ့မယ်”

“သခင်လေး နောက်မှ ပြန်တွေ့မယ်”

ဝမ်ကျူက တံတားဆီ ပျံသန်းသွားပြီးသည့်နောက်တွင် တခြားသောဝိညာဉ်များနှင့်အတူ လျှောက်လှမ်းသွားသည်။ ဝမ်ဝေ့က သူမ ထွက်သွားသည်ကို ကြည့်နေပြီးသည့်နောက်တွင် ပြင်ပလောကထံ သတင်းစကားတစ်ခု ပို့ဆောင်လိုက်၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ရှေ့၌ အရိပ်တပ်ဖွဲ့ဝင်တစ်သောင်း ထွက်ပေါ်လာကာ ဒူးထောက်နေကြသည်။

“အခု နည်းနည်း စောသေးတယ်ဆိုပေမဲ့ မင်းတို့ရဲ့ နောက်တာဝန်အတွက် အချိန်ကျပြီ။ မင်းတို့တွေ ပြင်ဆင်ပြီးသွားပြီလား”

“ဟုတ်ကဲ့ပါ သခင်” သူတို့က ပြိုင်တူပြောလိုက်ကြသည်။

“အဲဒါဆို လုပ်လိုက်ကြရအောင်”

တပ်ဖွဲ့ဝင်များက သူတို့၏ ခန္ဓာကိုယ်၊ မသေမျိုးချီနှင့် အတွင်းကမ္ဘာများကို စွန့်ပစ်ဖို့ တုံ့ဆိုင်းနေခြင်း မရှိဘဲ ဝိညာဉ်အသွင် ပြောင်းလဲလိုက်ကြသည်။ သူတို့က မည်မျှပင် သစ္စာရှိကြောင်း သိနိုင်လေ၏။ ဝမ်ဝေ့က သူတို့ကို ကောင်းချီး ပေးပြီးသည့်နောက်တွင် သူတို့က တံတားအပေါ် လျှောက်လှမ်းသွားကြသည်။ ထို့နောက် သူက နောက်ဆုံးတစ်ကြိမ် ကြည့်ပြီးသည့်နောက်တွင် ထွက်ခွာသွား၏။

အရိပ်များကြားမှ အကြည့်တစ်ခုက သူ့အား စောင့်ကြည့်နေလေ၏။ ထို့နောက် ထိုသူက ပြောလိုက်သည်။

“သူတို့ကို တိုက်ပွဲလေဟာနယ်ကမ္ဘာမှာ ပြန်လည်ဝင်စားခိုင်းလိုက်”

“သေချာရဲ့လား” သဲမှုန့်ယမမင်းက မေးလိုက်သည်။

“အဲ့လိုလုပ်လိုက်”

သဲမှုန့်က သူ့အထက်အရာရှိ၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ တိုက်ပွဲလေဟာနယ်ကမ္ဘာက စကြဝဠာအတွင်း ဖရိုဖရဲအဖြစ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်ကာ ဟွင်သွမ်းလေဟာနယ်ဟု ခေါ်ဆိုသည့် သဘာဝဖြစ်ရပ်ကြောင့် တခြားသော ဟွင်သွမ်းကမ္ဘာများထံ ပွင့်လစ်နေသည့် အာကာပြင်မုခ်ပေါက်များစွာ ရှိလေသည်။ ဖြစ်ရပ်က မရှားပါးသော်လည်း ကြိမ်ဖန်များစွာဖြစ်ပြီး ရံဖန်ရံခါတွင် ကျူးကျော်ခံရခြင်း သို့မဟုတ် တခြားကမ္ဘာထံ ကျူးကျော်ခြင်းတို့ ဖြစ်ပျက်နေလေ့ရှိသည်။

ပြိုင်ဆိုင်မှုက ပြင်းထန်သည့်အတွက် ထိုကမ္ဘာက ကမ္ဘာဦးဟွင်သွမ်းအတွင်း အားအကောင်းဆုံးထဲမှ တစ်ခုဖြစ်သလို အကြိမ်များစွာ ကျူးကျော်ခံရသည့်အတွက် အားအနည်းဆုံးအဖြစ်လည်း သတ်မှတ်နိုင်သည်။

All Chapters