မထူးမခြားနား
Vol. 84 Ch. 1172
ကံကြမ္မာမြစ်ကြောင်း၏ အလယ်တွင် ကံကြမ္မာကောင်းကင်နန်းဆောင်ဟု ခေါ်ဆိုသည့် နေရာတစ်ခု ရှိလေသည်။ အမျိုးသားတစ်ဦးက သေရည်ခွက်ကို လက်ထဲတွင် ကိုင်ဆောင်ရင်း ရှေ့တွင်ရှိသည့် ပိတ်ကားချပ် အစီအရင်တစ်ခုကို ကြည့်နေသည်။
ကံကြမ္မာစီရင်သူက ဝမ်ဝေ့နှင့် ပြင်ပနတ်ဘုရားတို့၏ ထိပ်တိုက်ရင်ဆိုင်မှုကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။
“[ကံကြမ္မာ] က သူ့အပေါ် အလေးထား ချစ်မြတ်နိုးတာ မဆန်းတော့ဘူး။ ဒီလိုရိုးရှင်းပြီး သိသာတဲ့ အတွေးအခေါ်မျိုးဆိုပေမဲ့ သူတစ်ယောက်ကပဲ တွေးမိမှာ”
ဟွင်သွမ်းစကြဝဠာကြီးက ကျယ်ပြောပြီး တစ်စုံတစ်ယောက်က ထိုအတွေးမျိုးရှိသည်က ဖြစ်နိုင်ပေသည်။ သို့သော်လည်း ထိုခွေးကောင်ကသာ ကံကြမ္မာနဲ့ နက်နက်နဲနဲဆက်နွယ်နေလျက် အောင်မြင်နိုင်သည့် အရည်အချင်းမျိုးရှိသည့် တစ်ဦးတည်းသောသူ ဖြစ်နေသည် မဟုတ်ပါလော။
သူက ဝမ်ဝေ့ ကို အံကြိတ်ကာ ကြည့်လိုက်သည်။
“ဒီခွေးကောင်က ရာထူးတောင် မလိုချင်ဘူး။ ငါ့မှာတော့ ဒီအရာအတွက် တစ်သက်လုံး ကြိုးစားလာခဲ့ရတာ။ အဲဒါတောင် သူ့ကို ရွေးချယ်သွားတုန်းလား”
ကံကြမ္မာက သူ့ထိုင်ခုံပေါ်မှ ထလိုက်ရင်း လက်တစ်ချက်ဝှေ့ပြီးသည့်နောက်တွင် အချိန်မြစ်ကြောင်းအဆုံးသတ် အတိတ်ဖြစ်ရာနေရာဆီ ရောက်ရှိသွားပြီး ဝမ်ဝေ့၊ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် အချိန်စက်ဝန်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။
သို့သော်လည်း စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဖျက်ဆီးခံလိုက်ရသည့် အချိန်ိစက်ဝန်းက ဘာမှမဖြစ်ပျက်သကဲ့သို့ နဂိုအနေအထားအတိုင်း ပြန်လည်ပြောင်းသွား၏။
ကံကြမ္မာစီရင်သူက သေရည်တစ်ခွက် လောင်းထည့်ရင်း စိတ်အေးလက်အေးဖြစ်ဖို့ ကြိုးစားလိုက်သည်။
“ဟမ် အချိန်ကြီးကြပ်သူ … မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“အပြောင်းအလဲအသစ် ပေါ်လာတယ်လို့ တွေးနေတာ။ တကယ်တော့ မင်း လျှောက်လုပ်တာ ဖြစ်နေတာပဲ” အချိန်ကာဒီနယ်က ပြောလိုက်သည်။ သူက ပုံမှန်အတိုင်း သူ့နှုတ်ခမ်းမွေးများက လေနှင့်အတူ ကခုန်နေသည်။
“ငါက ထွက်ပေါက်ရှာရုံပါပဲ”
“အသုံးမဝင်တာတွေ လျှောက်လုပ်မနေနဲ့”
“ငါ သိပါတယ်” ကံကြမ္မာကာဒီနယ်က ပြန်ပြောလိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို ရုတ်ချည်း ခံစားမိလိုက်၏။
“ကောင်းကင် … မင်းက ဘယ်လိုလုပ်ဒီရောက်လာတာလဲ”
“ငါ ဦးတည်နေတဲ့ အချိန်စက်ဝန်းက ရုတ်တရက် ဖျောက်ဖျက်ခံလိုက်ရတာကို တွေးကြည့်လိုက်လေ”
“မင်းက ဘာလို့ အဲ့သွားမှာလဲ။ တစ်ခုခုဖြစ်လို့လား” ကံကြမ္မာနှင့် အချိန်တို့က သတိကြီးကြီးထားကာ မေးလိုက်ကြသည်။ ဤအခြေအနေတွင် ရုတ်ချည်းအပြောင်းအလဲများက သူတို့အတွက် သတင်းဆိုး ဖြစ်၏။
“ဟုတ်တယ်။ ဒါပေမဲ့ မင်းတို့ ထင်သလိုမျိုးတော့ မဟုတ်ဘူး။ မဟာတာအိုက ငါ့ကို သူ့သားတော်ကို သင်ပေးဖို့ အမိန့်ပေးလိုက်တာ” ကောင်းကင်ကာဒီနယ်က ပြောလိုက်သည်။ နှစ်ဦးသားက တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ကံကြမ္မာကာဒီနယ်က မထိန်းမချုပ်နိုင်စွာ ရယ်မောရင်း ပြောလိုက်၏။
“ဒီကိစ္စမျိုးဆိုရင် အဲဒီအခွင့်ထူးခံ ကောင်စုတ်က ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲဆိုတာ မြင်နိုင်ပါပြီ”
“မင်းစကားကို ကြည့်ပြော” ကောင်းကင်ကာဒီနယ်က သတိပေးလိုက်သည်။
“ဘာလို့လုပ်ရမှာလဲ။ ငါက အဲ့ကောင်လက်ထဲမှာ သေရင်သေ မဟုတ်ဘူးဆိုရင် ငါ့ရာထူးကို ဆုံးရှုံးမှာပဲ။ ငါ့မှာ ဘာမှဆုံးရှုံးစရာမရှိဘူး”
“မင်းက တည်တည်ငြိမ်ငြိမ် နေနိုင်သေးသားပဲ” ကောင်းကင်ကာဒီနယ်က သတိပေးလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သားတော်က ခုံရုံးရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ ကံကြမ္မာဖန်လာပြီးသား”
“သူ အသက်ရှင်တယ်ဆိုရင်ပေါ့” ကံကြမ္မာက လှောင်ပြောင်ကာ ပြောလိုက်သည်။ အချိန်အပေါ် နားလည်ထားမှုအရ မဟာတာအို၏ သားတော်သည် မဟာတာအိုက အတိတ်ကို ပြောင်းလဲပြီး တကယ့်တိုက်ပွဲဖြစ်ရာ အချိန်မြစ်ကြောင်းဆီ သက်ရောက်မှုရှိဖို့ ဖန်တီးထားသည့် နယ်ရုပ်တစ်ခု ဖြစ်၏။ ထို့ကြောင့် သူ့ကံကြမ္မာက မဆုံးဖြတ်နိုင်သေးသလို အဆုံးမဲ့ကန့်သတ်ချက်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း မဟာတာအိုက ကောင်းကင်ကာဒီနယ်အား ထိုသူ၏ ဆရာဖြစ်လာဖို့ အမိန့်ပေးလာသည့်အတွက် ကိစ္စများက ထင်ထားသလို မဟုတ်ဘဲ ထိုသားတော်က အပိုအကူအညီ လိုအပ်နေကြောင်း ပြသနေသည်။
“မင်းက မမျှတဘူးပဲ။ ဘာပဲဖြစ်ဖြစ် ဒီသားတော်က ပါရမီ ထူးကဲတယ်လေ။ ငါတို့တွေ သေမျိုးဘဝတုန်းကထက်စာရင် သူက တော်ပါတယ်။ နှမြောစရာကောင်းတာက…” အချိန်ကာဒီနယ်က ပြောလိုက်သည်။
“အဲဒီသူနဲ့ ယှဉ်လိုက်ရင်တော့ အရှက်ရစရာပဲပေါ့” ကံကြမ္မာက ဝင်ပြောလိုက်သည်။
“တကယ်တော့ ငါတို့အားလုံးက ကောင်းကင်စာအုပ်က အဲဒီနေရာအတွက် အကောင်းဆုံးရွေးချယ်ခံ တစ်ယောက်ဆိုတာကို သိကြတာပဲ။ သူက အဲဒီမကောင်းဆိုးဝါးကို အနိုင်ရနိုင်ခြေရှိတဲ့ တစ်ခုတည်းသောသူပဲ။ နှမြောစရာကောင်းတာက အဲဒီခွေးကောင်ကလည်း အရမ်းဉာဏ်ကောင်းပြီးတော့ ရည်မှန်းချက်ကြီးလွန်းနေတာ။ သူက အဆင့်တွေကို ကျော်ပြီးတော့ ကစားသမားတွေ အများကြီးကို ဝါးမျိုချင်နေတာလေ” ကံကြမ္မာက ခေါင်းယမ်းကာ ပြောလိုက်သည်။
“ကောင်းကင်စာအုပ်က စွန့်စားတဲ့ ကစားပွဲတစ်ခုကို ဆော့နေတာပဲ။ ဒါပေမဲ့ သူနိုင်ရင်တော့ ငါတို့ဘက်က အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေး ဖြစ်လာလိမ့်မယ်” ကောင်းကင်က မှတ်ချက်ပေးလိုက်သည်။
“ကောင်းကင်တာအိုမျိုးနွယ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာအပြင် မင်းရဲ့ နယ်ရုပ်လုပ်ဖို့ ဘာလို့ မကြိုးစားကြည့်တာလဲ”
“မင်းက ဘာကိုပြောတာလဲ”
“မင်းက သူ့ကို မုန်းတယ်လို့ ထင်နေတာ။ ဒါပေမဲ မင်းရဲ့ လေသံက …” ကံကြမ္မာက သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ ထိုသူနှင့် ကောင်းကင်စာအုပ်စံပြကြားမှ ဆက်ဆံရေးသည် ရုတ်ချည်းသံသယဖြစ်ဖို့ ကောင်းလာ၏။
“မင်းက အတွေးလွန်နေပြီ” ကောင်းကင်ကာဒီနယ်က တည်ငြိမ်စွာ ပြောလိုက်၏။
“ငါက ကိစ္စတချို့ကို သိရုံပဲ။ ကောင်းကင်စာအုပ်သာ အနိုင်ရသွားမယ်ဆိုရင် ပြောင်းလဲသွားမဲ့ တစ်ခုတည်းသောအရာက အဲဒီခွေးကောင်အစား သူက ရန်သူ ဖြစ်သွားတာလေ”
“အမှန်ပဲ” အချိန်ကာဒီနယ်ကပင် ထိုသုံးသပ်ချက်နှင့်ပတ်သက်ပြီး သဘောတူလေသည်။ လတ်တလောအဖြစ်အပျက်များက ထိုဝမ်းနည်းဖွယ်သုံးသပ်ချက်ကို ဖြစ်တည်လာစေခဲ့သည်။
“ကောင်းပြီ။ ကောင်းကင်စာအုပ်က ဖြေရှင်းဖို့ ပိုလွယ်ကူတယ်ဆိုတာကိုတော့ လက်ခံတယ်”
“ရဲတင်းတဲ့ စကားတွေပဲ” ကံကြမ္မာကာဒီနယ်က ပြောလိုက်သည်။
“အသိဉာဏ်၊ အုတ်မြစ်နဲ့ စွမ်းအားအရဆိုရင် သူတို့က လက်ရည်ချင်း ယှဉ်လို့ရတယ်။ အဲဒီခွေးကောင်က သမိုင်းမတိုင်မီကမ္ဘာရဲ့ ဗဟုသုတ အရေးသာချက်ပဲ ရှိတာ။ ဒါပေမဲ့ သူသာ ရှုံးနိမ့်သွားမယ်ဆိုရင် အဲဒီသတင်းအချက်အလက်က ကောင်းကင်စာအုပ်ရဲ့ အရင်းအမြစ် ဖြစ်လာလိမ့်မယ်”
“ကောင်းကင်စာအုပ်က အလွယ်တကူ ဖြေရှင်းလို့ရနိုင်တဲ့ ဆိုးကျိုးနှစ်ခုရှိတယ်။” ကောင်းကင်ကာဒီနယ်က ရဲတင်းစွာ ကြေညာလိုက်သည်။
“ပထမဦးဆုံးအနေနဲ့ ကောင်းကင်စာအုပ်ဆီမှာ အစေခံနဲ့ လက်အောက်ငယ်သားပဲ ရှိစဉ် သူ့ဆီမှာကတော့ မဟာမိတ်တွေ၊ မိသားစုဝင်တွေ ရှိတယ်”
“အဲ့လူက တကယ်ကို ဩဇာတိက္ကမ ကြီးမားတာပဲ” အချိန်ကာဒီနယ်က မှတ်ချက်ပေးလိုက်၍ ကံကြမ္မာကာဒီနယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒုတိယအနေနဲ့ဆိုရင် သူတို့ရဲ့ ပြစ်ချက်လား”
“ပြစ်ချက်လား”
“ဟုတ်တယ်။ သူ့ရဲ့ အကြီးမားဆုံးပြစ်ချက်က သူ့လောဘဖြစ်ပြီးတော့ ကောင်းကင်စာအုပ်ရဲ့ အကြီးမားဆုံးပြစ်ချက်က ရဲတင်းပြီးတော့ မဆင်မခြင် လှုပ်ရှားတာပဲ”
ကံကြမ္မာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ထိုလူများက စိတ်ခံစားချက်များရှိသရွေ့ သူတို့သည် ပြီးပြည့်စုံမည် မဟုတ်ဘဲ ဟာကွက်များ သို့မဟုတ် ပြစ်ချက်များ ရှိနေလိမ့်မည်။ သို့သော်လည်း ထိုတာအိုနယ်ရှင် နှစ်ယောက်၏ ပြစ်ချက်များက တခြားသူများအခွင့်ကောင်းယူနိုင်လောက်အောင် မရိုးရှင်းလှပေ။ တကယ်တော့ သူတို့သည် သေချာသည့်အရာများကို လုပ်ဆောင်ရာ၌ မည်သို့ဖွဲ့စည်းလုပ်ကိုင်ကြောင်း လမ်းညွှန်ချက်တစ်ခုမျှသာ ဖြစ်၏။
“မင်း ပြောတာ ဟုတ်တယ်။ ဒါပေမဲ့ ကောင်းကင်စာအုပ်က အနိုင်ရရှိတဲ့သူ မဖြစ်ခင်အထိတော့ ဆွေးနွေးနေလို့ အဓိပ္ပာယ်မရှိဘူး” ကံကြမ္မာကာဒီနယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ စဉ်းစားပြီးသည့်နောက်တွင် သူ့တွင် အခွင့်အရေးရှိနေသေးလားဟု တွေးလိုက်သည်။ သူက ကောင်းကင်စာအုပ်ကို ဖြေရှင်းဖို့ ပြဿနာမရှိပေ။
ဒါပေမဲ့ ကောင်းကင်စီရင်သူက ကောင်းကင်စာအုပ်နဲ့ ပတ်သက်နေတဲ့ကိစ္စက နည်းနည်းတော့ ထူးဆန်းတယ်…
ကံကြမ္မာက ထိုကောင်စုတ်သည် ဘာကို ကြံစည်နေလဲဟု သိချင်နေမိသည်။
“ဒါနဲ့ ကောင်းကင် … အဆင်ပြေရဲ့လား” အချိန်က မေးလိုက်သည်။
“ဘာကိုပြောတာလဲ”
“သားတော်ကို သင်ပြီးတဲ့နောက်မှာ ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ ကတိစကား ခံရဲလား။ အဲ့လိုမဟုတ်ဘူးဆိုရင် မဟာတာအိုရဲ့ အပြစ်ပေးခံရမှာကို ပြင်ဆင်ပြီးသွားပြီလား”
ကောင်းကင်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွား၏။ ထိုပြဿနာက လက်ရှိရင်ဆိုင်နေရသည့် ပြဿနာတစ်ခု ဖြစ်ပေသည်။ ပုံမှန်သဘောတရားအရ သူ့အဆင့်လို အနေအထားမျိုးက လူတစ်ယောက်ကို သင်ကြားပေးပါက ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအတွင်း အကောင်းဆုံးထဲမှ အကောင်းဆုံးဖြစ်လာဖို့အတွက် အာမခံချက် ရှိပေသည်။ သို့သော်လည်း ဤကိစ္စနှင့် ပတ်သက်ပြီး မသေချာပေ။
“လေ့ကျင့်ရေး အစီအစဉ် ဆွဲပေးကြဦးမလား” သူက အကြံပြုလိုက်သည်။
“တော်ပြီ မလိုပါဘူး” ကံကြမ္မာက ချက်ချင်းပြောလိုက်၏။
“အခုတောင် ဒုက္ခရောက်နေတာ။ မဟာတာအိုက ငါ့ရဲ့ အပြစ်ပေးမှုကို အရှိန်မြှင့်တင်ပေးဖို့အတွက် မလိုအပ်ဘူး”
“ဒါပေမဲ့ ငါတို့အောင်မြင်နိုင်တယ်ဆိုရင် အကျိုးအမြတ် ရလာနိုင်တယ်လေ”
“အကျိုးအမြတ်က စွန့်စားကြည့်ဖို့ မထိုက်တန်ဘူး” ကံကြမ္မာက ဆုံးဖြတ်ချက်ဝေဝါးခြင်း မရှိပေ။
ထို့ကြောင့် ကောင်းကင်က ခေါင်းအသာယမ်းကာ ပြောလိုက်၏။
“အဲဒါဆိုရင် မင်းကရော”
“ငါလည်း ဘာမှလေ့ကျင့်ရေးအစီအစဉ် မရှိဘူး။ တကယ်လို့ ငါ့ဆီကနေ တစ်ခုခု လိုချင်တယ်ဆိုရင်တော့ ပြောလိုက်ပေါ့။ ကောင်းကောင်း လုပ်ပေးမယ်”
“ဘာမှမရှိတာထက်စာရင်တော့ ကောင်းပါသေးတယ်။ ကောင်းပြီ။ ငါ သွားလိုက်ဦးမယ်။ ဟွင်သွမ်း … လာနေတယ်” ကောင်းကင်က သက်ပြင်းချကာ ပြောလိုက်၏။
ဟွင်သွမ်းအကဲဖြတ်သူက သူမ၏ တည်ရှိမှုကို ထုတ်ဖော်ပြသလာသည်။
“ကံကြမ္မာခိုးယူသူရဲ့ နေရာအသစ်ကို သိပြီလား”
“မသိသေးဘူး”
“သူတို့တွေ ဘယ်နေရာမှာရှိနေတယ်ဆိုတာကို သေချာသိနေတယ်လို့ ထင်နေတာ” ကံကြမ္မာက ပြောလိုက်သည်။
“သူတို့တွေ ရှိလောက်တဲ့နေရာမျိုးကိုပဲ တွေးမိတာပါ။ ဒါပေမဲ့ မှားသွားတယ်” သူမက ပြန်ပြောလိုက်သည်။
“အဲဒါဆိုတော့ အဲဒီနေရာက ဘယ်လိုနေရာမျိုးလဲ”
“အဆုံးသတ်ပင်လယ်”
“မဆိုးဘူးပဲ” အချိန်က ခေါင်းညိတ်ကာ ဝင်ပြောလိုက်၏။
“ငါတို့တွေက ဘယ်လောက်အသုံးမကျလဲဆိုပြီးတော့ ညည်းတွားနေတာ မဟုတ်ဘူးလား” ကံကြမ္မာက အားပါးတရ ရယ်မောကာ ပြောလိုက်၏။
“မင်းက သူ့ဘဝကို ကြည့်လိုက်တယ်ဆိုရင် ငါတို့တွေက အဲဒီကပ်ပါးခုနစ်ကောင်နဲ့ ဘာမှကွဲပြားမှာ မဟုတ်ဘူး။”
“ပါးစပ်ပိတ်ထား” ဟွင်သွမ်းက အသံမြှင့်ကာ ပြောလိုက်သည်။
“အရှက်ကွဲသွားတာလား။ ဒါပေမဲ့ ဒါအမှန်ပဲလေ။ ငါတို့တွေက အဲ့လိုမလုပ်ဘူးလို့တော့ မပြောနဲ့” ကံကြမ္မာက လှောင်ပြောင်ကာ ပြောလိုက်၏။
“တခြားသူတွေဆီက ဘာသတင်းရသေးလဲ” အချိန်က မေးလိုက်သည်။
“နောက်ဆုံးအကြိမ် စစ်ဆေးကြည့်တုန်းက အရင်းအမြစ်ချီ စီမံသူက ငါ့ကို သူ့ပိုင်နက်ထဲက နေရာတိုင်းကို စစ်ဆေးကြည့်ဖို့ပြောတယ်။ ဒါပေမဲ့ ဘာမှမတွေ့ရဘူး။ ဒါပေမဲ့ သံသရာကွပ်ကဲသူကတော့ ရှာဖွေမှုကို အာရုံစိုက်ထားတဲ့ပုံမပေါ်ဘူး”
“သူမက နယ်ရုပ်အသစ်တွေ့သွားပြီလား”
“မသိဘူး။ သူမက တကယ်တမ်း ခန့်မှန်းဖို့ ခက်တယ်” ဟွင်သွမ်းအကဲဖြတ်သူက ပြောလိုက်သည်။ သံသရာကွပ်ကဲသူက သူမ၏ အလုပ်ကို အလေးအနက် အမှတ်ယူဆုံးသူတစ်ယောက်ဖြစ်သည့်အတွက် သူမနှင့် တွေ့ဆုံခဲသည်။ ထို့ကြောင့် သူမသည် သူမ၏ ရာထူးကို အမှန်တကယ် လိုလားသည်လား သို့မဟုတ် အယောင်ပြသက်သက်လား နားမလည်နိုင်ပေ။
“ကောင်းကင် … တွက်ချက်ပြီးသွားပြီလား” အချိန်က မေးလိုက်သည်။
“ငါ တွက်ချက်ပြီးသွားတယ်ဆိုရင် ငါ တစ်ခုခု ပြောပေးမယ်လို့ မထင်ဘူးလား”
“မင်းက အားလုံးကို မလိုချင်သရွေ့ပေါ့” ကံကြမ္မာက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“သူနဲ့ ကံကြမ္မာ ခိုးယူသူတွေကို တစ်ယောက်တည်း ရင်ဆိုင်ရမှာလား။ ငါက မင်းလိုမျိုး တုံးအပြီးမှ မောက်မာတယ်များ ထင်နေလား”
“ခွေးကောင်”
“ငါ့ဆီမှာ အဲဒီအတွက် အချိန်မရှိဘူး” ဟွင်သွမ်းက ကြေညာပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။ ယခု သူမက သူမ၏ ရလဒ်အများစုကို အသိပေးပြီးပြီဖြစ်သည့်အတွက် ဤနေရာတွင်ရှိနေဖို့ မလိုတော့ပေ။ အချိန်က သူ့ကြောင်ခေါင်းကို ခါလျက် ထွက်ခွာသွားသည်။
“ဟွင်သွမ်း ခဏနေဦး” ကောင်းကင်က သူမသည် လေ့ကျင့်ရေးအစီအစဉ်ကို စိတ်ဝင်စားလားဟု သိချင်မိသည်။ သူက အခွင့်အရေးက နည်းပါးမှန်း သိထားသော်လည်း ကြိုးစားကြည့်ချင်မိ၏။
ကံကြမ္မာခွေးကောင်အတွက်မူ နောက်ပိုင်းမှ ဖြေရှင်းနိုင်သည်။