← Chapters

ရန်သူအသစ်လား

Vol. 84 Ch. 1173

ရန်သူအသစ်လား

Vol. 84 Ch. 1173

မပြီးမပြတ်အခြေအနေ

လူသားဧကရာဇ်က တစ်စုံတစ်ခုကို ခံစားမိ၍ မျက်လုံးဖွင့်လိုက်သည်။ သူက ပုံရိပ်ယောင်မှတဆင့် ဒိုင်မေးရှင်းအနိမ့်ဆီ ဆင်းသက်လိုသော်လည်း ကောင်းကင်တာအို၏ ပိတ်ဆို့ထားမှုအကြောင်း အမှတ်ရသွားခဲ့ကာ မျက်မှောင်ကြုတ်လိုက်သည်။ ဤတစ်ကြိမ် သူက တစ်စုံတစ်ခု အရေးကြီးသည့်အရာ ဖြစ်ပျက်လာတော့မည်ကို ခံစားမိလိုက်သည့်အတွက် အချိန်မဆွဲနိုင်တော့ပေ။

ငါ မေတ္တယျဆီ အကူအညီတောင်းလိုက်ရမလား…

သူက အက်ကြောင်းများစွာ ပါဝင်ပြီး လိပ်ပြာနဲ့တူသည့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ယင်ကျန်းက ထိုလိပ်ပြာကျောက်စိမ်းပြားကို ကိုင်ဆောင်ရင်း တွေးလိုက်၏။

ဒီအနေအထားမှာ သံသယဖြစ်ခံရတာ အကျိုးမရှိဘူး …

သူက သူ့စွမ်းအားကို အသက်သွင်းလိုက်ပြီး ဒိုင်မေးရှင်းအနိမ့်တွင် ဖြစ်ပျက်သမျှအရာအားလုံးကို မြင်တွေ့လိုက်ရသည်။ သူက ဝမ်ဝေ့ကို အာရုံစိုက်ထားလိုက်၏။

“အငယ်တန်း လောကသုံးပါး ဧကရာဇ်လား” သူက အံ့အားသင့်မှုကို ဖုံးကွယ်ခြင်းမရှိ ရေရွတ်လိုက်သည်။ သူက တစ်စုံတစ်ယောက်သည် ကောင်းကင်အလိုဆန္ဒ ကမ္ဘာတစ်ခုထဲ၌ ကံရာထူးသုံးခုကို ရယူနိုင်သည်ဟု ဆိုလိုသည့် လောကသုံးပါးဧကရာဇ် ဖြစ်လာသည့်အချက်ကို လက်ခံနိုင်ရုံမျှ ဖြစ်၏။ သို့သော် ယခုတွင် တစ်စုံတစ်ယောက်က ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး၏ ရာထူးကိုပင် ရယူနိုင်ကြောင်း မြင်တွေ့လိုက်ရသည်။

“ငါသာ သူ့ဆီကနေ ဒါကို ရယူနိုင်တယ်ဆိုရင် အောင်မြင်နိုင်ချေ မြင့်သွားမှာပဲ” ယင်ကျန်းက ရေရွတ်လိုက်သည်။ သူ့နဂိုမူလအစီအစဉ်က ရှည်လျားကာ အရှုပ်အထွေး များလေသည်။ ကံကောင်းမှုက သူ့ဘက်တွင် ရှိနေသည့်အတွက် သူက မိစ္ဆာမျိုးနွယ် ကပ်ဘေးအတွင်း အဆင့်နိမ့်လူသားဧကရာဇ်မှ တကယ့်အစစ်အမှန် လူသားဧကရာဇ်အဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲလိုက်နိုင်သည်။ နောက်တစ်ဆင့်ကမူ တခြားအရာများ ဖြစ်သော်လည်း ရယူဖို့ မလွယ်ကူတော့ပေ။ အထူးသဖြင့် ပင်မအရင်းအမြစ်ဟွင်သွမ်းကမ္ဘာများတွင် ဖြစ်၏။

သူက ဒိုင်မေးရှင်းအမြင့်သို့ မတက်လှမ်းခင် မြေကမ္ဘာဧကရာဇ် ရာထူးကို စမ်းသပ်ခဲ့ဖူးသည်။ သို့သော် ယမမင်းက သူ့စိတ်သည် တာအိုနယ်ရှင်များလောက် ရှုပ်ထွေးနေသည့်အတွက် သူက အရည်အချင်း မပြည့်မီကြောင်း ပြောပြခဲ့၏။ ယင်ကျန်းက မည်သို့ပင် ကြိုးစားစေကာမူ ထိုသူက သူ့ကို ငြင်းဆန်ခဲ့ပြီး စစ်ဆေးမှုဖြေဆိုခွင့်ပင် မပေးပေ။

သူက ရွေးချယ်စရာမရှိဘဲ အစီအစဉ်ပြောင်းလိုက်ရ၏။ သူ့ဂမ္ဘီရက အသင်္ချေအင်ပါယာကမ္ဘာသည် သူ့အား ရည်မှန်းချက်ကို ရရှိနိုင်မည့်နေရာ ဖြစ်ကြောင်း ပြောပြနေ၏။ နောင်အနာဂတ်ကျ ထိုအခွင့်အရေးမှ အဆင့်နိမ့်ကောင်းကင်ဧကရာဇ်ရာထူးကို ဆုပ်ကိုင်နိုင်သည့် အခွင့်အရေးက ပေါ်ထွက်လာလိမ့်မည်။ ယင်ကျန်းက လူသားကံကြမ္မာဓားကို အသုံးပြုလျက် သူ့နယ်ရုပ်တစ်ခုကို ထိုရာထူး တစ်ခု ရအောင်ယူဖို့ စီစဉ်ထားခဲ့သည်။

အစီအစဉ်က ထိုအဆင့်နိမ့် ရာထူးများကို ယူဖို့ဖြစ်ပြီး ဒိုင်မေးရှင်းအမြင့်တွင် အငယ်တန်းရာထူးအဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်၏။ ထိုအရာက ပြောသည်ထက် လွယ်ကူလှသည်။ သူက အဆင့်နိမ့်ရာထူးအတွက် မျိုးစေ့ရှိနေသရွေ့ နောင်ပြောင်းလဲမှုက ပြဿနာရှိမည် မဟုတ်ပေ။

တကယ့်ပြဿနာက ပိုမိုမြင့်မားသည့် အဆင့်အဖြစ် ကူးပြောင်းရာ၌ ဖြစ်၏။ သူ့အစီအစဉ်အရ ယင်ကျန်းသည် တခြားသာမန်အရင်းအမြစ် ဟွင်သွမ်းကမ္ဘာဆီ သွားကာ အငယ်တန်းရာထူး၏ မျိုးစေ့ကို ကောင်းကင်ဧကရာဇ်ရာထူးအဖြစ် လုပ်ဆောင်ရန် ကြိုးစားရမည်။

နောက်တစ်ဆင့်ကမူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ သို့မဟုတ် ပင်မအရင်းအမြစ် ဟွင်သွမ်းကမ္ဘာများအလယ်တွင် ပြန်လာပြီး အစစ်အမှန်ကောင်းကင်ဧကရာဇ်၏ ရာထူးအဖြစ် ပြောင်းလဲဖို့ ဖြစ်၏။ ယင်ကျန်းက နောက်ဆုံးအဆင့်ကို မစီစဉ်ရသေးသော်လည်း သူ့ဂမ္ဘီရက ဤကမ္ဘာသည် ထိုကူးပြောင်းမှုကို လိုအပ်နေသည့် အခွင့်အရေး ပါဝင်နေကြောင်း ပြသနေ၏။

သူ့အစီအစဉ်အတွက် အကြီးမားဆုံးပြဿနာက မြေကမ္ဘာဧကရာဇ်ရာထူး ဖြစ်၏။ ယမမင်းများက သူ့ကို သဘောမကျသလို သူကလည်း သူတို့ကို တိတ်တဆိတ် လုပ်ကြံနိုင်ဖို့ ယုံကြည်ချက် မရှိပေ။ လှုပ်ရှားမှုတစ်ခု မှားယွင်းသွားသည်က သူ၏ နှစ်သန်းပေါင်းများစွာ ကြိုးစားထားရမှုကို အလကား ဖြစ်သွားစေလိမ့်မည်။

ယင်ကျန်းက မြေကမ္ဘာဧကရာဇ် အစီအစဉ်ကို ရင်ဆိုင်ဖို့ နယ်ရုပ်တစ်ရုပ်ကို ရွေးချယ်ခဲ့သည်။ သူ့ချဉ်းကပ်မှုက အတုအယောင် မြေကမ္ဘာဧကရာဇ်ကို ဖန်တီးဖို့ ဖြစ်၏။ ပြောရမည်ဆိုလျှင် အတုအယောင် ယမမင်း ဖြစ်၏။ သူက ကံကြမ္မာကောင်း တိုင်းပြည်များအပေါ် နားလည်နိုင်စွမ်းကို ပေါင်းစည်း၍ အတုအယောင် သံသရာခုံရုံးကို ဖန်တီးခဲ့သည်။ တိုင်းပြည်တစ်ခု၏ အုပ်ချုပ်သူက ထိုတိုင်းသူပြည်သားများ၏ နောက်ဘဝ သို့မဟုတ် ပြန်လည်ဝင်စားခြင်းအတွက်လည်း အုပ်ချုပ်သူ ဖြစ်နေလိမ့်မည်။

တခြားနည်းဖြင့် ပြောရမည်ဆိုလျှင် အုပ်ချုပ်သူက ယမမင်းဖြစ်ပြီး အမတ်များက ငရဲအမှုထမ်းများ ဖြစ်လိမ့်မည်။ တိုင်းသူပြည်သားများကမူ ပြန်လည်ဝင်စားရမည့် ဝိညာဉ်များ ဖြစ်၏။ သဘောတရားအရ ဤသို့သော တိုင်းပြည်မျိုးရှိ တိုင်းသူပြည်သားများသည် သူတို့က သေဆုံးပြီးသည့်နောက် တိုင်းပြည်ထဲရှိ တခြားသူအဖြစ် ပြန်လည်ဝင်စားရမည်ဖြစ်သည့်အတွက် မသေမျိုးဟုပင် ယူဆနိုင်၏။

ယင်ကျန်း၏ အတုအယောင် သံသရာခုံရုံး၏ အစီအစဉ်က ယမမင်းကို သူ့အဆင့်အတန်းအား အသိအမှတ်ပြုဖို့ ဖိအားပေးလိုက်ခြင်း ဖြစ်၏။ ထိုအရာက လုံလောက်သည့် အရွယ်အစား ရောက်သည့်အထိ သို့မဟုတ် မြေကမ္ဘာဧကရာဇ်ရာထူးကို အစားထိုးနိုင်သည်အထိ ဖြစ်သည်။ အဆိုးဆုံးအခြေအနေအရ သူသည် ချင်သူတော်စင်ခုံရုံး၏ စွမ်းအား အားလုံးကို သုံးလျက် သံသရာ၏ တစ်စိတ်တစ်ပိုင်းကို ဝါးမျိုကာ ရာထူးကို အတင်းအကြပ် ရယူနိုင်သည်။

သို့သော်လည်း သူက ထိုချဉ်းကပ်မှုသည် အသုံးဝင်လားဟု စမ်းသပ်ကြည့်ဖို့ လိုအပ်နေ၏။ ယင်ကျန်းက လူများစွာကို ကြိုးစားပြီး ထိုနည်းစနစ်ကို ဖန်တီးပြီး နှစ်များစွာ စီစဉ်ခဲ့သည်။ ဒုတိယမူလစစ်ပွဲက သူ့သဲလွန်စအားလုံးကို ဖုံးကွယ်ပေးခဲ့စဉ် တခြားကမ္ဘာများမှ သတင်းအချက်အလက်များနှင့် စမ်းသပ်မှုများကို ရယူဖို့ အခွင့်အရေး ရလာခဲ့၏။

သူ့အစီအစဉ်က နောက်ဆုံးစမ်းသပ်မှုအဆင့် အနေအထားသို့ ရောက်ရှိသည့်အခါ အကြွင်းမဲ့တားမြစ်ချက် ပေါ်ထွက်လာသည်။ ယင်ကျန်းက သူသည် ပါဝင်ဆင်နွှဲရမည်လားဟု တွေဝေနေမိ၏။ အားလုံးက ဤအရာသည် ထူးကဲသာလွန်မှု လမ်းစဉ် ဖြစ်ကြောင်း သိသည့်အတွက် စိတ်လှုပ်ရှားနေကြစဉ် သူကမူ အတွေးတစ်ခု ရှိလာမိသည်။ ထို့ကြောင့် သူသည် သူ့အတွက် စွန့်စားစရာ မလိုအပ်ပေ။ ထိုသူများ အချိန်တိုကြာ ပျောက်ကွယ်သွားမှုကို အခွင့်ကောင်းယူနိုင်၏။

နောက်ဆုံးအနေဖြင့် ယင်ကျန်းက အကြောင်းအရင်းတစ်ခုကြောင့် ထိုအရာဆီ ဝင်ရောက်ဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် သူက ဟုန်ကျွင်းကို မယုံပေ။ သူ ပထမနှင့် ဒုတိယလူဝင်စားဘဝတွင် အတွေးအခေါ်များနှင့် လိပ်ပြာကျောက်စိမ်းပြားတို့ အစရှိသည့် … သူ့အတွက် အနာဂတ်မှာ အကောင်းဆုံး ဖြစ်လာစေသည့် အရာများက ဟုန်ကျွင်းဆီမှ ဖြစ်လာသည့်အတွက် ယင်ကျန်းအနေဖြင့် သံသယဖြစ်လာမိသည်။ သေမျိုးအုပ်ချုပ်သူ တစ်ယောက်ဖြစ်ကတည်းက သူသည် မည်သူ့ကိုမှ အပြည့်အဝ မယုံကြည်နိုင်ခဲ့ပေ။ ဟုန်ကျွင်းလိုမျိုး အားကောင်းသည့်သူမျိုးဆိုလျှင် ထည့်ပြောဖို့ပင် မလိုတော့ပေ။

ထို့ကြောင့် အကြွင်းမဲ့တားမြစ်ချက်တွင် တွေ့ရှိသမျှ နည်းလမ်းအားလုံးကို သုံးလျက် ဟုန်ကျွင်းက သူ့ကို အကွက်ကျကျ စီစဉ်မည့် အနေအထားအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ယင်ကျန်းက စွန့်စားမှုကို ယူခဲ့ပြီး တခြားသောသူများကဲ့သို့ အခြေအနေ အဆုံးသတ်သွားခဲ့၏။ ထိုဖြစ်ရပ်အတွင်း သူ့ကံကောင်းမှုက အတော်လေး ဆိုးရွားနေခဲ့သည်။ သူက ထူးကဲသာလွန်မှု အစစ်အမှန်လမ်းစဉ်ကို ရှာဖွေဖို့ လိုအင်ဆန္ဒကို တောင့်ခံခဲ့ပြီး ပြစ်ချက်ရှိ နည်းလမ်းကိုသာ ရှာဖွေခဲ့သည်။ ထိုသို့သော အရာမျိုးက သူသာ အစစ်အမှန်သုံးခု နယ်ပယ်ဧကရာဇ်ဖြစ်လာဖို့ ကြိုးစားလိုက်သည့်အခါ သူ့အတွက် အင်မတန် အသုံးဝင်လာမည်ဖြစ်၏။

ကံဆိုးစွာဖြင့် သူသည် ထိုသို့ကြိုးစားနေစဉ်အတွင်း သေဆုံးသွားခဲ့ရာ ဘာမှမကျန်ရှိတော့ပေ။ ကံကောင်းစွာဖြင့် ထိုသို့သော ထိနှက်ချက်က သူ့တာအိုနှလုံးသားအပေါ် သက်ရောက်မှု မရှိပေ။ သူ့ဟာကွက်တစ်ခုက သူ့သံသယကြီးလွန်းခြင်း ဖြစ်၏။ သို့သော် သူက ပြိုင်ဘက်ကင်းစိတ်ရှည်မှုဖြင့် အစားထိုးနိုင်သည်။

“ငါသာ သူ့ဆီကနေ ဒီနေရာကို ရမယ်ဆိုရင် ကောင်းကင်ဧကရာဇ်ရာထူးအတွက် စဉ်းစားပြီးတော့ အားစိုက်ထုတ်မှုတွေ လုပ်ဖို့ မလိုတော့ဘူး။ အငယ်တန်း လောကသုံးပါး ဧကရာဇ်ရာထူးကို တခြားအရင်းအမြစ် ဟွင်သွမ်းကမ္ဘာမှာ ထပ်ပြီး ပြောင်းလဲဖို့ ကျင့်ကြံဖို့ပဲ လိုမယ်။ ဒီဟာက လက်ရှိအခြေအနေမှာ ဝင်ပါတာထက် ပိုပြီး လွယ်ကူတယ်” ယင်ကျန်းက အကြည့်များ တောက်ပလာကာ တွေးလိုက်၏။

“ငါသာ အစစ်အမှန် ကောင်းကင်တာအိုကို အန္တိမသဟဇာတနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲမှာ သူ့ဘက်ကနေ မဟာမိတ်ဖြစ်လာမယ်လို့ ကတိစကားခံလိုက်မယ်ဆိုရင် အစီအစဉ်က အောင်မြင်သွားနိုင်တယ်။ ငါက သူတို့လောက် အားကောင်းလာနိုင်တယ်”

ယင်ကျန်းက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။

“စိတ်ငြိမ်ငြိမ်ထား။ အစစ်အမှန်ကောင်းကင်တာအိုကို ဖျောင်းဖျဖို့က လွယ်ကူမှာ မဟုတ်ဘူး။ အခြေအနေက ငါ့အတွက် ကောင်းပေမဲ့ အရင်ဆုံး မျက်စိမှိတ်ဦးညွှတ်မှု တစ်ခုလုပ်ဖို့ လိုတယ်။ ဒါပေမဲ့လည်း အဆင်ပြေပါတယ်လေ။ ငါက အန္တိမသဟဇာတနဲ့ ရင်ဆိုင်နိုင်သရွေ့ ငါ့ရဲ့ လွတ်လပ်ခွင့်နဲ့ ငါ့ရဲ့ အင်အားကို ထိန်းသိမ်းထားမဲ့ အခွင့်အရေး ရလာမှာပဲ”

သူ၊ ကောင်းကင်တာအို၊ မေတ္တယျတို့ဖြင့်  အန္တိမသဟဇာတတွင် ရွေးချယ်စရာရှိမည် မဟုတ်ပေ။

ယင်ကျန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဝမ်ဝေ့ကို အာရုံစိုက်လိုက်၏။ သူက မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် သေချာအလေးအနက် တွေးလိုက်သည်။

“ဒီကောင်လေးက တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ဆက်နွယ်နေတာလား။ အဲဒီလူတွေနဲ့ ပတ်သက်တာ သိပ်တော့ အကြံကောင်း မဟုတ်ဘူး”

တာအိုအခွင့်အလမ်းဂိုဏ်းထက် အားကောင်းသည့် အင်အားစုတစ်ခုဖြစ်သော အသင်္ချေမဟာမိတ်သာ ရှိလေသည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်သည်ဆိုပါက မည်သူက အနိုင်ရရှိသည် ပြောဖို့ရာ ခက်ခဲ၏။ ပြောရမည်ဆိုလျှင်တာအိုအခွင့်အလမ်းဂိုဏ်းက ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ စုဝေးနေစဉ် မဟာမိတ်ကမူ ထိုသို့မဟုတ်ခဲ့ပေ။

ချင်သူတော်စင်ခုံရုံးက အာဏာရှင် ၁၃ယောက်ထဲမှ တစ်ယောက် ဖြစ်သော်လည်း သူ့စွမ်းအားက အလယ်အလတ်မျှသာ ရှိပြီး တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တိုက်ရိုက်ရင်ဆိုင်နိုင်မည့် စွမ်းရည် မရှိပေ။

“ကိစ္စတွေက ပိုပြီးတော့ ရှုပ်ထွေးလာတော့မှာပဲ” ယင်ကျန်းက ရေရွတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့နှင့် ဝူဟုန်တို့ကြားမှာ အားကောင်းသည့် ကံဆက်နွယ်မှုကို ခံစားမိလိုက်သည်။

ထိုအမျိုးသမီး မြင့်တက်လာမှုက ဒဏ္ဍာရီသဖွယ်ဖြစ်ပြီး သူမက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ သမိုင်းကြောင်းတစ်လျှောက်တွင် အငယ်ဆုံး ရှေးဦးစံပြတစ်ယောက် ဖြစ်လာခဲ့သည်။

“ဘာလဲ။ သူကလည်း သမိုင်းမတိုင်မီကမ္ဘာကနေ ပြန်လည်ဝင်စားလာတာလား” ယင်ချန်က အမှန်တရားကို သိလိုက်သည့်အခါ အမူအရာ ပြောင်းလဲသွားခဲ့၏။ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်ငွေ့များ ထုတ်လွှတ်လာကာ ဖိနှိပ်ထားလိုက်ရသည်။

“သူက ဟုန်ကျွင်း ငါ့ကို ရင်ဆိုင်ဖို့ လွှတ်လိုက်တဲ့ နယ်ရုပ်လား”

သူက အမှန်တရားကို မသိသေးသော်လည်း သူကမူ အဆိုးဆုံးဖြစ်နိုင်သည့် အခြေအနေများကို ထည့်သွင်းစဉ်းစားပြီးသွားပြီ ဖြစ်၏။

“ငါ အဲဒီကောင်ကို သတ်လိုက်ရမလား” ယင်ကျန်းက အကောင်းအဆိုးကို ချင့်ချိန်နေသည်။ သူ့ကို သတ်လိုက်ခြင်းက ပိုမိုပြင်းထန်သည့် အကျိုးဆက်များ ရှိလာနိုင်သည့်အတွက် တုံ့ဆိုင်းနေမိသည်။ သို့သော် ထိုသတင်းအချက်အလက်အသစ်က ကိစ္စများကို ပိုမိုရှုပ်ထွေးလာစေပြီး စွန့်စားကြည့်ဖို့ပင် ထိုက်တန်လာစေသည်။

All Chapters