← Chapters

ဝှက်ထားသော သတင်းစကား

Vol. 84 Ch. 1174

ဝှက်ထားသော သတင်းစကား

Vol. 84 Ch. 1174

အနီရောင်မြူ တားမြစ်နယ်မြေ

ကောင်းကင်စာအုပ်က မျက်လုံးဖွင့်လာသည်။ သူက စာအုပ်ကို ဖွင့်ကာ လှန်လှောကြည့်လိုက်သည်။ သိပ်မကြာခင် အကြောင်းအရာအသစ် မရှိသည့်အတွက် မျက်မှောင်ကြုတ်မိသွား၏။ သူ့အာရုံထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း သတိပေးနေသော်လည်း သူက မည်သည့် အကြောင်းအရာအသစ်မှ မရရှိလိုက်ပေ။ သူက သူ့အာရုံကို ယုံကြည်ထားသည့်အတွက် ဤအပြောင်းအလဲကို လျစ်လျူရှုထားမည် မဟုတ်ပေ။

ငါက သတင်းအချက်အလက် ရတော့မဲ့ဆဲဆဲမှာ တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ခဲ့တာလား။ ဒါမှမဟုတ်ဘူးဆိုရင် တခြားတစ်ခုခုလား…

သူက လက်ကို မြှောက်လိုက်သော်လည်း ဤတစ်ကြိမ် ကမ္ဘာများကို မစတေးခဲ့ဘဲ မငြှိမ်းသတ်နိုင်ဖွယ်စံပြနှင့် အဆုံးမဲ့စံပြတို့နှင့်ပင် ယှဉ်နိုင်သည့် အကြီးအကဲ မကောင်းဆိုးဝါးနတ်ဘုရားတချို့ကို စတေးခဲ့သည်။

သူ့စာအုပ်ထဲတွင် စာရွက်အနည်းငယ် ပေါ်ထွက်လာသော်လည်း သိသိသာသာ အသုံးဝင်သည့်အရာဟူ၍ မရှိပေ။

အခု ငါ ပိုပြီးတော့တောင် စိတ်ဝင်စားသွားပြီ…

သူက စာအုပ်ကို ပိတ်လိုက်ပြီးသည့်နောက်တွင် ဒုတိယမြောက်စာအုပ် အသုံးအဆောင်လက်နက်ကို ဆင့်ခေါ်လိုက်သည်။ ထိုကောင်းကင်စာအုပ်၏ စိတ်က ထိုစာအုပ်အတွင်း ဝင်ရောက်သွားကာ ကောင်းကင်မျက်လုံးဟု ရေးသားထားသည့်စာလုံးနှင့်အတူ မြောက်များစွာသော စာရွက်များ လွင့်မြောနေသည့် အဖြူရောင်နေရာလွတ်အတွင်း ရောက်ရှိနေသည်ကို သိလိုက်ရသည်။

ကောင်းကင်မျက်လုံးက ဟွင်သွမ်းစကြဝဠာအတွင်း ကြောက်စရာအကောင်းဆုံး သတင်းရောင်းချရေး အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်၏။ လူများက သူတို့ဆီမှ သတင်းရောင်းဝယ်ကြသည်မှာ အလုံးစုံပကတိသိမြင်ဘုံကျောင်း၏ တန်ကြေးများက အကျိုးအကြောင်းမသင့်၍ ဖြစ်၏။ အကယ်၍ ဘုံကျောင်း၏ ရှေးကျသည့် သမိုင်းကြောင်းနှင့် ကောင်းကင်မျက်လုံးက တချို့သတင်းအချက်အလက်များကို မရောင်းချသည့် အချက်ကြောင့်သာ မဟုတ်လျှင် ထိုဘုံကျောင်းရှိ လူများက သူတို့၏ စီးပွားရေးကို ဆုံးရှုံးသွားရလောက်လေပြီ။

ကောင်းကင်မျက်လုံး၏ အစစ်အမှန်ခေါင်းဆောင်က ကောင်းကင်စာအုပ်စံပြ ဖြစ်၏။ သို့သော်လည်း အပေါ်ယံတွင် ထိန်းချုပ်ထားသည့် သူများလည်း ရှိနေသည်။

ကောင်းကင်စာအုပ်က မြောလွင့်နေသည့် စာရွက်များကို ကြည့်ရင်း တောက်ပနေသည့် တစ်ရွက်ကို ယူလိုက်သည်။ ထိုအရာက အသစ်ဖြစ်ကာ အရေးကြီးကြောင်း ညွှန်ပြနေ၏။

မီးတောက်ဧကရာဇ်က ဆေးလုံးဝိဇ္ဇာနဲ့ တွေ့ခဲ့တာလား။ သူက သူ့ကို ထပ်ပြီးတော့ စိန်ခေါ်ချင်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် တခြားတစ်ခုခုလား…

ကောင်းကင်စာအုပ်က ကောင်းကင်မျက်လုံးသည် မီးတောက်ဧကရာဇ်အကြောင်း သတင်းအချက်အလက် ရရှိထားသည်ကို အမှတ်ရလိုက်၏။ သူက ထိုအမျိုးသားသည် ထူးကဲသာလွန်မှုလမ်းစဉ်ကို စမ်းသပ်နေကြောင်း သိထားလေသည်။

ကောင်းကင်စာအုပ်က လက်ဝှေ့ပြီးသည့်နောက်တွင် မီးတောက်ဧကရာဇ်အကြောင်း စုစည်းထားသည့် သတင်းအချက်အလက်က စာစောင်တစ်ခုအနေနှင့် ထွက်ပေါ်လာသည်။

“ထူးကဲသာလွန်မှု ဆေးလုံးလား။ ကူးပြောင်းနိုင်တဲ့ အရည်အချင်းလမ်းစဉ်တစ်ခုလား။ စိတ်ဝင်စားစရာပဲ” ထိုသတင်းက အမှန်တကယ် တန်ဖိုးရှိသော်လည်း သူ ရှာနေသည့်အရာတော့ မဟုတ်သေးပေ။ ထို့ကြောင့် ကောင်းကင်စာအုပ်က ထိုစာစောင်အပေါ် ညွှန်ကြားချက်တချို့ ရေးပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ အဝေးတစ်နေရာမှ မီးတောက်ဧကရာဇ်နှင့် ဆေးလုံးဝိဇ္ဇာအပေါ် သတင်းစုဆောင်းမှု တာဝန်ယူထားကြသည့် သူလျှိုများက အမိန့်အသစ်ကို လက်ခံရရှိလိုက်ကြသည်။

ကောင်းကင်စာအုပ်က နောက်ထပ် စာရွက်တစ်ခုကို ကိုင်ဆောင်ရင်း မျက်မှောင်ကြုတ်လိုက်၏။ ထိုသတင်းအချက်အလက်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ သူလျှိုတချို့ဆီမှ ဖြစ်၏။ ထိုသတင်းက ဟောင်းနေပြီဖြစ်ကာ အထဲတွင် ရေးသားထားသည်ကား

[နေမင်းနှစ်စင်း ပျောက်ကွယ်သွားပြီ]

ကောင်းကင်မျက်လုံးက နေရာတိုင်းတွင် ရှိနေသော်လည်း သူတို့၏ စွမ်းအားက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ရှိသည့် ကမ္ဘာများတွင် လှုပ်ရှားမှု နည်းပါးလေသည်။ တကယ်တော့ ထိုသူလျှိုများက ထိုထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် လက်များတွင် သေဆုံးသွားကြသည့်အတွက် ကောင်းကင်စာအုပ်က ထိုဖြစ်စဉ်မှ သတင်းအချက်အလက်များကို ရယူထားခြင်း ဖြစ်သည်။

တစ်ခုခုဖြစ်ပျက်ခဲ့တာဆိုရင် အဲဒီနေရာမှာပဲ ဖြစ်နိုင်တယ်…

သူက တွေးလိုက်သည်။

ငါ စွန့်စားပြီးတော့ နောက်ထပ် သူလျှိုတစ်ယောက်ကို လှုပ်ရှားခိုင်းလိုက်ရမလား …

သူ စွန့်စားမှုယူဖို့ တွက်ဆလိုက်စဉ် အခန်းအတွင်း နောက်ထပ် စာရွက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက အနီရောင်တောက်ပနေသည့်အတွက် အမြင့်ဆုံး သတင်းအချက်အလက်နှင့် အရေးကြီးကြောင်း ညွှန်ပြနေသည်။

ကောင်းကင်စာအုပ်က ထိုစာရွက်ကို ဖတ်လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။

စာရွက်ထဲတွင် ရေးသားထားသည်ကား

[ကဏ္ဍ ၃၄၅ မှာရှိတဲ့ သူလျှိုတွေအကုန်လုံးက တစ်ပြိုင်နက် သေဆုံးသွားကြတယ်။]

ထိုသတင်းက အင်မတန် ထူးကဲလှသည်။ ဟွင်သွမ်းစကြဝဠာကြီးက ကျယ်ပြောလွန်းသည့်အတွက် ကောင်းကင်စာအုပ်က သူ့အနေဖြင့် ထောင့်တိုင်းနေရာတိုင်းတွင် သူလျှိုများကို ဖြန့်ကျက်ထားဖို့ မဖြစ်နိုင်ကြောင်း သိထားသည်။ ထို့ကြောင့် သူက သမိုင်းကြောင်းနှင့် စကြဝဠာအပေါ် လွှမ်းမိုးမှုအပေါ် အခြေခံနေ၍ ထိပ်သီးဟွင်သွမ်းကမ္ဘာ တစ်သန်းကို စာရင်းပြုစုထားပြီး ဟွင်သွမ်းကမ္ဘာတစ်ထောင်အနေဖြင့် ကဏ္ဍအလိုက် ခွဲခြားထားပြီး သူ့ကောင်းကင်မျက်လုံးအဖွဲ့ဝင်များကို ဖြန့်ကျက်ထားခဲ့သည်။

ကဏ္ဍ၃၄၅တွင် ဟွင်သွမ်းကမ္ဘာ ၅ထောင်နှင့် သူလျှို တစ်ဆယ်ထရီလီယံကျော် ရှိလေသည်။ သို့သော် သူတို့အားလုံးက တစ်ပြိုင်နက် သေဆုံးသွားကြလေ၏။

ဒီလိုစွမ်းအားမျိုးက စံပြလုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ပဲ ဖြစ်ရမယ်။ သူတို့က အဲ့လောက်တောင် အားကောင်းနေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် အဲ့ထက်ပိုပြီး အားကောင်းတဲ့ တစ်စုံတစ်ယောက်ရှိနေတာလား…

ကောင်းကင်စာအုပ်က မျက်မှောင်ကြုတ်လိုက်၏။

ပိုပြီးအရေးကြီးတာက ဘာလို့ ကဏ္ဍ ၃၄၅လဲ။ ခဏနေပါဦး ဒါက မဟာတာအိုသားတော်ရှိတဲ့ နေရာ မဟုတ်ဘူးလား…

ကောင်းကင်စာအုပ်က အရိပ်အမြွက်ကို ဖမ်းဆုပ်မိလိုက်သည်။

မဟာတာအိုက ငါက သူ့ရဲ့အနာဂတ် ကံအပြောင်းအလဲအခွင့်အရေးကို ခိုးယူမှာဆိုးလို့ ဝင်ရောက်စွက်ဖက်လိုက်တာလား။ မဟုတ်သေးဘူး။ ဒီလိုအရာမျိုးနဲ့ ဝင်ရောက်စွက်ဖက်မှာတော့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒါက ပိုပြီးတော့ ထူးချွန်ပြောင်မြောက်လေလေ ငါ့စာအုပ်ကနေ အကောင်းဆုံးကံအပြောင်းအလဲ အခွင့်အရေးတွေကို ဖုံးကွယ်ထားမှာပဲ။ အဲဒါဆိုတော့ တခြားတစ်ယောက်က ဝင်ပြီးစွက်ဖက်တာ ဖြစ်နိုင်တယ်။ ကြည့်ရတာ သူ့နယ်ရုပ် ကာဒီနယ်ထဲက တစ်ယောက်ဖြ စ်နိုင်တယ်…

သူ့အကြည့်မျာက တောက်ပလာလေသည်။

ဒါပေမဲ့ ဘာလို့ ဝင်ရောက်စွက်ဖက်တာလဲ…

ကာဒီနယ်များက အမိန့်ပေးမခံရသရွေ့ သို့မဟုတ် သူတို့အတွက် အကျိုးအမြတ် မရသရွေ့ ဝင်ရောက်စွက်ဖက်မည့်သူများ မဟုတ်ပေ။

သူတို့က မဟာတာအိုသားတော်ဆီ ချဉ်းကပ်ရဲမှာ မဟုတ်သလို သွားပြီးရှုပ်ရဲမှာလည်း မဟုတ်ဘူး။ အမိန်ပေးမခံရသရွေ့ပေါ့…

ထိုပဟေဠိအပိုင်းအစများကို နောက်ဆုံးတွင် တစ်ခုတည်းအဖြစ် ဆက်နိုင်သွားလေသည်။

မဟာတာအိုက ဘယ်တုန်းကမှ တစ်ခုတည်းအဖြစ် ပုံအောမထားဘူး။ အထူးသဖြင့် အဲဒီတစ်ခုက ငါ ဖြစ်နေတဲ့အချိန်ပေါ့…

သူ့အမြင်မှာ ဝမ်ဝေ့အတွက် ပြင်ဆင်ထားတဲ့ တကယ့်ရန်သူက သူ့ရဲ့ ရွေးချယ်ခံသားတော်ပဲ။ ငါကတော့ အရန်လူပဲ။ ဒါပေမဲ့ ကာဒီနယ်ထဲက တစ်ယောက်ကိုတောင် သူ့သားတော်ကို လေ့ကျင့်ပေးခိုင်းတယ်ဆိုတော့ ဝမ်ဝေ့ရဲ့ စွမ်းဆောင်ရည်ကို ပြသနေတာပဲ…

ကောင်းကင်စာအုပ်က ဝမ်ဝေ့၏ အန္တရာယ်ရှိနှုန်းကို ထပ်မံမြှင့်တင်လိုက်သည်။

အခု မေးခွန်းက ဘယ်ကာဒီနယ်ဆိုတာပဲ။ ဘာလို့ ငါ့လူတွေကို သတ်လိုက်တာလဲ။ ဒါက ခြိမ်းခြောက်မှုတစ်ခုလား…

သူက သူတို့အကြောင်း သတင်းအချက်အလက်များစွာ နှစ်များစွာ ကုန်ဆုံး၍ ရှာဖွေခဲ့ရသော်လည်း သူတို့၏ ဂုဏ်ပုဒ်များ သို့မဟုတ် နာမည်များ၊ သူတို့၏ သွေးများနှင့် သွင်ပြင်နှင့် ဟွင်သွမ်းစကြဝဠာအတွင်း သူတို့ ဝင်ရောက်စွက်ဖက်ခဲ့သည့် ဖြစ်ရပ်တချို့ကိုသာ သိထားလေသည်။

ထိုသတင်းအချက်အလက်က သူတို့၏ အကြောင်းကို နားလည်ဖို့ရာ ခက်ခဲလာ၏။ သို့သော်လည်း သူက သူတို့၏ လိုအင်ဆန္ဒများမှတဆင့် ကောက်ချက်ချထားနိုင်ခဲ့သည်။ ထိုကောင်စုတ် ၆ယောက်က သူတို့ရာထူးများအတွက် အကျဉ်းသားသဖွယ် ဖြစ်နေပြီး သူတို့တွင် လိုအင်ဆန္ဒတစ်ခုသာ ရှိကြသည်။ အတူပါလာသည့် စွမ်းအားကို ထိန်းသိမ်းထားရင်းဖြင့် ထိုရာထူးမှ လွတ်မြောက်စေဖို့ ဖြစ်၏။

ကောင်းကင်စာအုပ်က အတွေးနက်ကာ မည်သည့်ကာဒီနယ်က ဝင်ရောက်စွက်ဖက်တာလဲဟု စဉ်းစားနေသည်။

တကယ်လို့ ကာကွယ်မှုအတွက် ဆိုရင်တော့ ကောင်းကင်၊ ကံကြမ္မာနဲ့ ဟွင်သွမ်းတို့က အကောင်းဆုံးပဲ။ ကောင်းကင်က ကောင်းကင်တာအိုနဲ့ အဲဒီကံကောင်းတဲ့ ကောင်စုတ်ကို ကာကွယ်မှုပေးနိုင်လိမ့်မယ်။ ကံကြမ္မာကကြတော့ အန္တရာယ်တွေကို ကြိုတင်ပြင်ဆင်နိုင်ပြီးတော့ ဟွင်သွမ်းကကျတော့ ကမ္ဘာဦးဟွင်သွမ်းထဲမှာ ကာကွယ်မှုပေးနိုင်လိမ့်မယ်။ ဒီလိုစဉ်းစားကြည့်မယ်ဆိုရင် တခြားသူတွေကလည်း အသုံးတော့ဝင်သားပဲ။ အချိန်ကလည်း အန္တရာယ်ကို မြင်နိုင်တာပဲ။ သံသရာကလည်း သူ့ရဲ့ သေဆုံးမှုကို ကာကွယ်ပေးနိုင်တယ်…

ကောင်းကင်စာအုပ်က ကောက်ချက်ချနေသော်လည်း အားလုံးက ပြီးပြည့်စုံသည့် ကိုယ်ရံတော် ဖြစ်နေသည့်အတွက် အသုံးမဝင်ပေ။

လေ့ကျင့်မှုအတွက်ပဲ မှတ်ယူလိုက်မယ်ဆိုရင် ကံကြမ္မာ၊ အချိန်နဲ့ ကောင်းကင်က အကောင်းဆုံးပဲ။ သူတို့က အကောင်းဆုံး လေ့ကျင့်ရေးနည်းလမ်းကို ကောက်ချက်ချနိုင်တဲ့ စွမ်းရည်မျိုးရှိတယ်…

ငါ့ရဲ့ ကောက်ချက်ချမှုမှာ ကံကြမ္မာဆီမှာ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့တယ်ဆိုတာ ညွှန်ပြနေတယ်။ တကယ်လို့ ငါသာ မှားတယ်ဆိုရင် သူ့တာအိုနည်းလမ်းတွေက သူက ဝမ်ဝေ့နဲ့ ဆက်နွယ်နေဖို့ ကံကြမ္မာဖန်လာတာပဲ။ မဟာတာအိုက ဒီလိုအပြောင်းအလဲမျိုးကို သူ့သားတော်နဲ့ နီးကပ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒါကြောင့်မလို့ ရွေးချယ်စရာက အချိန်နဲ့ ကောင်းကင်ပဲ ကျန်တော့တယ်…

ဒါပေမဲ့လည်း ငါက အကောင်းဆုံးရွေးချယ်ရမယ်ဆိုရင် ကောင်းကင်ပဲ ဖြစ်လိမ့်မယ်။ သူက လေ့ကျင့်ရေးနည်းလမ်းတွေကို သိပြီးတော့ ကံကောင်းမှုနဲ့ ကံဆိုးမှုကိုလည်း ထိန်းချုပ်နိုင်တဲ့ လေ့ကျင့်ရေး နည်းလမ်းကောင်းပဲ။ အဲဒါတွေအပြင် သူ့တာအိုက စွယ်စုံသုံးလို့ရတယ်ဆိုတော့ တခြားနည်းလမ်းတွေကိုလည်း အသုံးဝင်နိုင်တယ်…

ကောင်းကင်စာအုပ်၏ စိတ်ထဲ တွက်ချက်နေသည်။ ထို့နောက် သူ့ရှေ့တွင် စာရွက်တစ်ရွက် ပေါ်ထွက်လာသည့်အတွက် သူက အလျင်အမြန် ဖတ်ရှုလိုက်၏။

[ ကျုပ်တို့ သူလျှို့တွေအားလုံး အသက်ပြန်ရှင်လာပြီ။ ဝါ ၃၄၅နဲ့ ၅၃၄ ကလွဲရင်ပေါ့]

ဒါက သတိပေးမှုသက်သက်လား…

သူက ငါ့လူတွေအားလုံးကို သတ်ပြီးတော့ သူ့စွမ်းအားကို ပြသဖို့ ပြန်ပြီးအသက်သွင်းခဲ့တာလား…

ကောင်းကင်စာအုပ်က မျက်မှောင်ကြုတ်လိုက်သည်။

မဟုတ်သေးဘူး။ တစ်ခုခုတော့ လွဲနေပြီ…

သူက သူ့ဝိညာဉ်နှင့် စွမ်းရည်ကို အဆုံးစွန်တိုးမြှင့်ကာ ထိုသူလျှိုများက မည်သို့သေဆုံးသွားပြီး မည်သို့အသက်ပြန်ရှင်လာကြောင်း အသေးစိတ်ကို စုစည်းလိုက်သည်။ သူ့ဝန်းကျင်တွင် တောက်ပနေသည့် စာရွက်များစွာ ပေါ်လာသည့်အတွက် သူက အံ့မခန်းအလျင်ဖြင့် ဖတ်ရှုကြည့်လိုက်သည်။

ဒီမှာပဲ…

သူက တွေးလိုက်၏။ ကောင်းကင်စာအုပ်က မူမမှန်မှုတစ်ခုကို တွေ့သွားလေသည်။ သူက သူ့လက်အောက်ငယ်သားများ၏ သေဆုံးမှုကို နောက်ယောင်ခံဖို့ စွမ်းရည်တစ်ခုကို ဖန်တီးထားခဲ့ပြီး ထိုအရာက ရှေးရိုးဆန်သည့် ဝိညာဉ်မီးအိမ်များထက် ပိုမိုကောင်းမွန်လေသည်။ သူက ထိုသတင်းအချက်အလက်ကို ကောက်ချက်ချပြီးသည့်နောက်တွင် ထိုသူများ၏ ပြန်လည်အသက်ပြန်ရှင်လာမှုက ကြုံရာကျပန်း မဟုတ်ကြောင်း တွေ့ရှိသွား၏။

သူတို့က သေချာသည့် အချိန်မှာ ပြန်လည်အသက်ပြန်ရှင်လာကြသည်။ ပြန်လည်အသက်ပြန်ရှင်လာမှုကြား ကွာဟချက်က အင်မတန်သေးငယ်သော်လည်း သူက သတိထားမိလိုက်သည်။

ဒါက လျှို့ဝှက်စကားလား…

ကာဒီနယ်က ငါနဲ့ ဆက်သွယ်ချင်ပေမဲ့ သူနဲ့ သူ့ဘေးကလူတွေကို မသိစေချင်တာလား…

တခြားစောင့်ကြည့်နေသူများအတွက် ကာဒီနယ်က သူ့ကို သတိပေးချက်ပို့ဆောင်လိုက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ စကားဝှက်တစ်ခု ဖြစ်နေလေသည်။

စဉ်းစားစရာပဲ…

ကောင်းကင်တာအိုက ထိုစကားဝှက်ကို အာရုံစိုက်ထားပြီးသည့်နောက်တွင် ကောက်ချက်ချကြည့်လိုက်သည်။

သူက ထိုစကားဝှက်၏ တစ်စိတ်တစ်ပိုင်းကို တွေ့ရှိသွား၏။ သူ့သူလျှိုများ၏ ဝိညာဉ် သူတို့ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်လာသည့် အခိုက်အတန့်၌ သူတို့၏ တာအိုဖွင့်လာသည့်အချိန်တွင် အနည်းငယ် ကွာဟချက်၊ သူတို့၏ ပထမဦးဆုံး အသက်ပြန်ရှူသည့် စည်းချက် အစရှိသည်အားလုံးက စကားဝှက်သာ ဖြစ်နေသည်။

ဒီလိုပြောင်မြောက်တဲ့ စကားဝှက်၊ ဒါက ကောင်းကင်ရဲ့ လက်ရာပဲ…

ကောင်းကင်စာအုပ်က ရယ်မောရင်း သုံးသပ်လိုက်သည်။

သူက ငါ့ကို အဲဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ စက်ဆုပ်ရွံရှာနေတယ်လို့ ထင်ထားတာ။ ကြည့်ရတာ သူတို့က အာဏာနဲ့ လွတ်လပ်ခွင့်အတွက် ဘာမဆိုလုပ်မဲ့ပုံပဲ…

သူက စကားဝှက်ကို တွက်ချက်ရင်းဖြင့် ထိုအားစိုက်ထုတ်မှုများဖြင့် ထိုက်တန်ရဲ့လားဟု တွေးကြည့်မိသည်။

All Chapters