အံ့ဖွယ်စည်းတံဆိပ်ကုန်းမြေ
Vol. 84 Ch. 1175
ယန်းအိုက်က ဝါးတောအုပ်ငယ်အတွင်း အပြုံးလေးတစ်ပွင့်ဖြင့် အဝေးတစ်နေရာကို လှမ်းကြည့်နေသည်။ သူမက အမြဲတမ်း ဝါးပင်များကို သဘောကျနှစ်သက်ခဲ့ပြီး သူတို့၏ တည်ရှိမှုက စိတ်အေးသလို ခံစားရသူဖြစ်သည်။ သို့သော်လည်း ထိုအေးချမ်းနေသည့် လေထုက မကြာခင် သူမဘေးနားရောက်ရှိလာသည့်သူကြောင့် ကျိုးပျက်သွားလေသည်။ သို့သော် ယန်းအိုက်၏ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။
“ဘာတွေများ အဲ့လောက် ပြုံးနေတာလဲ” ဝူဟုန်က မေးလိုက်သည်။
“အဲဒီကလေးက နောက်ထပ် အထိမ်းအမှတ်ကံကောင်းမှုတစ်ခုကို ထည့်ပေါင်းနိုင်ခဲ့တယ်။”
“အော် ဒီတစ်ခါ သူက ဘာများ လုပ်လိုက်တာလဲ”
“သူက ဒိုင်မေးရှင်းအနိမ့်ရဲ့ ပထမဦးဆုံး လောကသုံးပါးဧကရာဇ် ဖြစ်လာပြီလေ”
“ဒါ အံ့ဩစရာပဲ” ဝူဟုန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။
“မင်းရဲ့ ယောက်ျားက ဒီလောက်လုပ်ရည်ကိုင်ရည်ရှိတာကို ဂုဏ်ယူနေတာလား”
“လူသားဧကရာဇ်က ဒီရာထူးကို ရဖို့ အရမ်းကြိုးစားခဲ့ပေမဲ့ တခြားတစ်ယောက်ရသွားတာကို တွေးကြည့်မိလို့ပါ” ဝူဟုန်က ထပ်ပြောလိုက်သည်။
“မင်းက ပျော်စရာလည်း မကောင်းဘူး။ ဒါပေမဲ့ မင်းပြောတာလည်း မှန်ပါတယ်။ အဲဒီကောင်စုတ်ရဲ့ မျက်နှာကို မြင်ချင်မိသား” ယန်းအိုက်က ထပ်ပြောလိုက်သည်။
ဝူဟုန်က ခေါင်းယမ်းလိုက်ပြီး တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် အဆောင်စာရွက်တစ်ခုက အဝေးမှ ရောက်ရှိလာသည်။
“ဘာများလဲ”
“သူ့ကို ပြောတော့မှ မဟာချူးအံ့ဖွယ်တိုင်းပြည်နဲ့ ချင်သူတော်စင်ခုံရုံးတို့က လှုပ်ရှားလာတယ်လို့ သတင်းရလိုက်တယ်”
“အဲဒါက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး။ ယန်းအိုက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ရှုရန်က ယင်ကျန်းရဲ့ နယ်ရုပ်တစ်ရုပ်ဆိုတာကို သံသယဖြစ်တာ ကြာလှပြီ။ အခု ဒီကောင်လေးက လောကသုံးပါးဧကရာဇ်ဖြစ်ရုံနဲ့ အဲဒီနှစ်ယောက်က စပြီး လှုပ်ရှားလာပြီလား”
“အခု ဘာလုပ်မှာလဲ” ဝူဟုန်က မေးလိုက်သည်။
“ယင်ကျန်းက အတော်လေး သံသယဖြစ်ဖို့ ကောင်းတယ်။ သူက စိတ်ရှည်ပြီးတော့ ရက်စက်တတ်တယ်။ ဒီလောက်ထိတောင် လုပ်ရတယ်လို့”
“ အဲကလေး ငါတို့အဆင့် မရောက်ခင်အချိန်အထိ ငါက သူ့ကို မိုးဒဏ်လေဒဏ်ကနေ ကာကွယ်ပေးတဲ့ ထီးတစ်ချောင်း ဖြစ်ဖို့ပဲ လိုတယ်” ယန်းအိုက်က ရှင်းပြလိုက်သည်။ သူမက လေထဲတွင် စာကြောင်းတစ်ကြောင်းကို ရေးသားလိုက်၏။
ငါတို့ဘက်က လူတစ်ယောက်ကိုထိရင် အကျိုးဆက်ကို ခံစားဖို့ ပြင်ထား…
ထိုစကားလုံးများက ထက်ရှသည့် ဓားအသွင်ပြောင်းလဲသွားကာ အဝေးတစ်နေရာသို့ ပျံ့လွင့်သွားသည်။
“သူက ဒီသတိပေးစကားကို နားမထောင်ဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ”
“သူနဲ့ သူ့တိုင်းပြည်ကို ဖျက်ဆီးပစ်မယ်။ သိသာတာပဲ မဟုတ်ဘူးလား”
ဝူဟုန်က သက်ပြင်းချလိုက်၏။
“ဒါက ကျွန်မတို့ အာဏာရှင် ၁၃ယောက်က ကမ္ဘာကို အုပ်စိုးတာ မဟုတ်တော့ဘူး။ သူနဲ့ တိုက်ခိုက်တာက လက်ရှိအခြေအနေမှာ ကိစ္စတွေကို ပိုမိုရှုပ်ထွေးသွားစေနိုင်တယ်။ အဲဒီစိတ်သဘောထားကို ပြောင်းလဲပစ်သင့်တယ်”
“ငါ့ကို နည်းနည်းလောက် ချီးကျူးပါဦး” ယန်းအိုက်က ပြောလိုက်သည်။
“ယင်ကျန်းက မင်းလိုမျိုး အတွေးမျိုး ရှိနေမှာပဲ။ ဒါပေမဲ့ သူက တခြားနှစ်ယောက် မရှိရင် ငါက အကျိုးအကြောင်း မဆင်မခြင်လှုပ်ရှားလိမ့်မယ်လို့လည်း တွေးမိလိမ့်မယ်”
“အဲဒါဆိုတော့ အစ်မက သူနဲ့ တကယ်ကြီး စစ်ပွဲစမယ်လို့ ယုံသွားမှာလား” ဝူဟုန်က ထပ်ပြောလိုက်သည်။
“ဟုတ်တယ်လေ။ ဒီကောင်လေးက ဘေးကင်းနေပြီးတော့ အန္တရာယ်ကင်းကင်းနဲ့ အရွယ်ရောက်လာလိမ့်မယ်”
“အဲ့လိုပြောလို့တော့ ရပါတယ်။ ဒါပေမဲ့ အခွင့်အရေးသာရရင် သူနဲ့ စစ်ပွဲ စမယ်ဆိုတာကို သိတယ်”
ယန်းအိုက်က ပခုံးတွန့်ကာ ပြောလိုက်သည်။
“သူက ဒီလိုသတိပေးပြီးတာတောင် ငါတို့နဲ့ ရန်သူလုပ်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ရုံအပြင် ဘာမှမရှိတော့ဘူးလေ”
ဝူဟုန်က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ ထိုစဉ် ချင်သူတော်စင်ခုံရုံးက ဓားဧကရီ၏ သတိပေးချက်ကို လက်ခံရရှိလိုက်၍ သူတို့ဧကရာဇ်ထံ သတင်းစကားကို ပြန်လည်ပို့ဆောင်လိုက်သည်။
………………………………………………………………..
ဒိုင်မေးရှင်းအနိမ့်၊ အဆုံးမဲ့လေဟာနယ်
ဝမ်ဝေ့က သူ့ကို လူများစွာ စောင့်ဆိုင်းနေသည့် သက်ရှိကမ္ဘာဆီ ပြန်လည်ရောက်ရှိလာသည်။ သူက ဘာမှမပြောခင် အံ့ဖွယ်အသိစိတ် ဆက်သွယ်မှုတစ်ခုကို လက်ခံရရှိလိုက်၏။
“ဒီနေရာမှာအားလုံးကို လေ့လာပြီးသွားပြီလား”
ချန်းထုံက မေးလိုက်သည်။
“လေ့လာပြီးပါပြီ”
“အဲဒါဆိုရင် ငါတို့ကြားက ကိစ္စတွေရော အဆင်ပြေလား”
“ဒါပေါ့။ ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးပါ။ ဒါကို မမေ့ပစ်ပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါကိုပဲ ကြားချင်တာ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ပါးစပ်ဟလျက် လိမ်ညာနေခြင်း ဖြစ်၏။ သူက ချန်းထုံကို မည်သို့ အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။ ထိုသူက သူ့ကို တိတ်တဆိတ် ကြည့်ခြင်းဖြင့် ထူးကဲသာလွန်မှုလမ်းစဉ်အတွက် အကြံဉာဏ်တချို့ ရရှိသွားသည်မှာ သေချာလေသည်။
သူက ကောင်းကင်ဘုံအဆင့် ပစ္စည်းလေးနှင့် ဝမ်ကျူထံ မျက်နှာသာပေးစရာတစ်ခုလောက်ဖြင့် လွတ်မြောက်ချင်နေသည်လား။
ဝမ်ဝေ့က စိတ်ထဲမှ သရော်လိုက်သည်။ သူသာ စွမ်းအားရှိသည်နှင့် ထိုကောင် ခိုးယူသွားသည့်အရာကို ပြန်လည်ပေးဆပ်ခိုင်းမည် ဖြစ်၏။ ဝမ်ကျူ၏ မျက်နှာသာပေးမှုအတွက်မူ အတိုးတောင်းမထားသော်လည်း ပေးဆပ်ရဦးမည်သာ ဖြစ်သည်။
ဝမ်ဝေ့က သူ့အဖေနဲ့ အမေကို ကြည့်ပြီးသည့်နောက်တွင် ခေါင်းကို မော့ကြည့်လိုက်သည်။ မည်သူကမှ သူ့အတွေးကို မခန့်မှန်းနိုင်ကြပေ။
“စလိုက်ကြရအောင်”
ကောင်းကင်တာအို၏ မျက်လုံးက မိုးကောင်းကင်အထက် ထွက်ပေါ်လာကာ ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် အမြင်ရုပ်လွှာတစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရွှေရောင် ပလ္လင်က ဝမ်ဝေ့ထိုင်ဖို့ရာ ပေါ်ထွက်လာပြီး သူ့အမေနှင့် အဖေက ဘယ်နှင့်ညာတွင် ရပ်နေကြသည်။
အစစ်အမှန် ကောင်းကင်တာအိုက သက်ရှိအားလုံး၏ စိတ်ထဲ သတင်းစကားတစ်ခု ပို့ဆောင်လာခဲ့သည်။
သေမျိုးများနှင့် အဆင့်(၉)နှင့်အောက် ကျင့်ကြံသူအားလုံးက ဒူးထောက်ကာ ဝပ်တွားလိုက်ရသည်။ တာအိုအုပ်စိုးသူအဆင့်နှင့် အောက် ကျင့်ကြံသူများကလည်း ၉၀ဒီဂရီ ဦးညွှတ်လိုက်ရ၏။ အားလုံးက လက်နှစ်ဖက်ယှက်ကာ အရိုအသေ ပေးလိုက်ကြရသည်။ နောက်ဆုံးတွင် သက်ရှိအားလုံးက တူညီသည့် စာကြောင်းကို ရေရွတ်လာ၏။
“ကောင်းကင်ယံရဲ့ အုပ်ချုပ်သူ၊ သံသရာရဲ့ အရှင်သခင်နဲ့ ကမ္ဘာရဲ့ ကယ်တင်သူ … လောကသုံးပါး အရှင်သခင်ကို ကြိုဆိုပါတယ်။”
ထိုအသံက ပြီးပြည့်စုံစွာ စည်းချက်ညီနေပြီး ဒိုင်မေးရှင်းအနိမ့်ရှိ သက်ရှိတိုင်းက ပြိုင်တူရွတ်ဖတ်လိုက်ခြင်း ဖြစ်၏။
ယုယန်နှင့် ဝမ်ထျန်းတို့က သူတို့သားကို ဂုဏ်ယူစွာ ကြည့်လိုက်ကြသည်။
ဝမ်ဝေ့က သူ့ဆီ ဝင်ရောက်လာသည့် ယုံကြည်မှုစွမ်းအား အမြောက်အများကို ခံစားမိလိုက်သည်။ လူများစွာက သူ့ကို ကမ္ဘာကြီးက ကပ်ဘေးမှ လွတ်မြောက်သွားသည်ဟု သိပြီးသည့်နောက်တွင် သူ့ကို နတ်ဘုရားသဖွယ် ကိုးကွယ်လာကြ၏။ သို့သော်လည်း သူက ယုံကြည်မှုစွမ်းအားကို မစုဆောင်းနိုင်ခင် ရွှေရောင်နှင့် ခရမ်းရောင်ကုသိုလ်များက ကောင်းကင်တာအို၏ မျက်လုံးမှ ဆင်းသက်လာ၏။
သူ့ခန္ဓာကိုယ်က ရွှေရောင်ဗုဒ္ဓသဖွယ် ရွှေရောင်ပြောင်းလဲသွားသည်။ ထို့နောက် ဝိဇ္ဇာများ၏ ရွတ်ဖတ်သံများနှင့် ကျမ်းဂန်ရွတ်ဖတ်သံများလည်း လိုက်လံထွက်ပေါ်လာသည်။
ဒုတိယအဆင့် ရွှေခန္ဓာ ကုသိုလ်ရွှေခန္ဓာ…
တကယ်လို့ ငါသာ ဒါကို အရည်အချင်း ထပ်မြှင့်မယ်ဆိုရင် ထိပ်သီးရောက်သွားပြီးတော့ တတိယအဆင့် နီးပါးရောက်သွားမယ်…
ဝမ်ဝေ့က ထိုဆုလာဘ်ကို လက်ခံရရှိသည်နှင့် အားလုံးအတွက်လည်း ဆုလာဘ် လက်ခံဖို့ အချိန်ကျရောက်လာခဲ့သည်။ ဤရွှေရောင်နတ်ဘုရားကပ်ဘေးအတွင်း လူများစွာက အကျိုးပြုခဲ့လေသည်။ အထူးသဖြင့် နယ်ရှင်စည်းတံဆိပ်ဧကရီ၊ ဝမ်ကျူ၊ သုံ့လီဖန်း၊ ယုယန်နှင့် ဝမ်ထျန်းတို့ ဖြစ်ကြသည်။ ထိုသူများက ရွှေရောင်နတ်ဘုရားကို တိုက်ရိုက်ရင်ဆိုင်ခြင်း သို့မဟုတ် နယ်ခြားနတ်ဘုရားအား အကျဉ်းထောင်မှ လွတ်မြောက်ခြင်းမှ တားဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ချန်းထုံကပင် ထိုဆုလာဘ် တစ်စိတ်တစ်ပိုင်းကို လက်ခံရရှိလိုက်၏။
အစစ်အမှန်ကောင်းကင်က ရက်ရက်ရောရော ပေါ်ထွက်လာပြီး လူများစွာကို ဆုချီးမြှင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့ကို တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားခဲ့သည်။
“ဒီနှစ်အောင်မြင်မှုကို အောင်ပွဲခံဖို့ ကမ္ဘာ့အသိုက်အဝန်း ၃၈၀၀လုံးမှာ ရှိတဲ့ ကမ္ဘာတိုင်းမှာ အိပ်မက်လောကကို နှစ်တစ်ရာ အလကားသုံးခွင့်ပေးမယ်” ဝမ်ဝေ့က ကြေညာလိုက်သည်။ သူ့စကားများက နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သည့်သူများအတွက်မူ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။
အိပ်မက်လောကက အလကားဖြစ်ဟန်ပေါ်သော်လည်း အိပ်မက်ဒင်္ဂါးပြားများကို ဖွဲ့စည်းကို ဝိညာဉ်စွမ်းအားများကို လိုအပ်ပေသည်။ သို့သော်လည်း ထိုအရာက အမှန်တရားဖြင့် ဝေးကွာနေသေး၏။ လူအများစုက သူတို့၏ ဝိညာဉ်စွမ်းအားကို အိပ်မက်ဒင်္ဂါးပြားဖွဲ့စည်းသည့်အခါ ကုန်ဆုံးသွားသည်ထက် လျင်မြန်အောင် ပြန်လည်အားမဖြည့်နိုင်ကြပေ။ ထို့ကြောင့် သူတို့အနေဖြင့် ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်အားဖြည့်ရေး ဆေးလုံးများကို လိုအပ်၏။ ဆိုလိုသည်မှာ အိပ်မက်လောကက အသုံးပြုသူများထံ အရင်းအမြစ်တချို့တော့ ကုန်ဆုံးစေသည်။
ဝမ်ဝေ့၏ ကြေညာမှုက သူတို့အား နောက်နှစ်တစ်ရာအတွင်း အကောင်းဆုံး လေ့ကျင့်ရေး အခွင့်အရေးများကို ပေးမည်ဟု ဆိုလိုနေခြင်းဖြစ်သည့်အတွက် ထိုသူများက မစောင့်နိုင်တော့ပေ။
ဝမ်ဝေ့က မဟာမိတ်ဖွဲ့ထားသည့်သူများကို ကြည့်လိုက်၏။
“စစ်ပွဲက အဆုံးသတ်သွားတယ်ဆိုပေမဲ့ ငါတို့ရဲ့ တာဝန်တွေက မပြီးသေးဘူး။ ရွှေရောင်နတ်ဘုရားရဲ့ အရင်ပိုင်နက်တွေက ငါတို့ရဲ့ စနစ်နဲ့ မပေါင်းစည်းသေးဘူး။ အဲဒါကို ပြောင်းလဲရမယ်”
အသင်္ချေအင်ပါယာကမ္ဘာရှိ လူများနှင့် သူတို့၏ မဟာမိတ်များက ချက်ချင်းဆိုသလို စတင်လှုပ်ရှားလာကြသည်။ သူတို့က အစစ်အမှန်ကောင်းကင်တာအိုဆီမှ ဆုလာဘ်များစွာ ရရှိထားသော်လည်း ဤတာဝန်ကလည်း သူတို့အတွက် အကျိုးကျေးဇူးရှိလေသည်။ ဤသည်က ကမ္ဘာ့အသိုက်အဝန်းတစ်ထောင်ကျော်မှ ကံကောင်းမှုနှင့် ကုသိုလ်များ ဖြစ်၏။
ဝမ်ဝေ့က ထိုသူများ၏ သဘောထားကြောင့် ကျေနပ်နေမိသည်။ အကျိုးကျေးဇူး များပြားလွန်းသည်ဟူ၍ မရှိပေ။ သူက လောကသစ်ပင်ကို အာရုံစိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။
“ဘာဖြစ်လို့လဲ” ယုယန်က မေးလိုက်သည်။
“မဟုတ်ပါဘူး” သူ အနာဂတ်ကိုယ်မှ ရရှိထားသည့် စွမ်းအားက ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည့်အတွက် သူ့ကို အားနည်းကာ ဗလာကျင်းသည့် ခံစားချက်မျိုး ချန်ထားခဲ့သည်။ သူ့အရှိန်အဝါကို ပြီးပြည့်စုံစွာ ထိန်းချုပ်ခဲ့ပြီး မည်သူကမှ မူမမှန်မှုကို သတိမထားမိအောင် လုပ်ဆောင်ခဲ့သည်။
“အခု ဘာလုပ်မှာလဲ”
သူက ထိုသစ်ပင်ကို ဒိုင်မေးရှင်းအနိမ့်ရှိ သူ့ဂိုဏ်းအတွက် ချန်ထားခဲ့၍ မဖြစ်ကြောင်း သိထားပြီးသား ဖြစ်၏။ အစစ်အမှန်ကောင်းကင်တာအိုက ကောင်းကင်ဘုံအဆင့် ပစ္စည်းပျက်ကိုပင် လက်ခံနိုင်ရုံမျှသာ ဖြစ်ကာ အပြည့်အဝကောင်းမွန်နေသည့်အရာကို ဆိုထားဖွယ် မရှိတော့ပေ။ ထို့အပြင် လတ်တလော ကပ်ဘေးက ကောင်းကင်ဘုံအဆင့် စွမ်းအားသည် ဒိုင်မေးရှင်းအနိမ့်တွင် ပေါ်ထွက်မလာသင့်ကြောင်း သက်သေပြသွားခဲ့၏။
ဒီလောကကြီးက ကောင်းကင်ဘုံအဆင့်စွမ်းအားအတွက် ပျက်စီးလွယ်လွန်းတယ်ဆိုတော့ ငါက ဘာလို့ အားဖြည့်မပေးရမှာလဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက သစ်ပင်ကို လက်ညှိုးထိုးကာ ဒုတိယမြောက်သစ်ပင်အတွက် မျိုးစေ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ အသင်္ချေအင်ပါယာကမ္ဘာ၏ ခုံရုံးက သစ်ပင်ကို လိုအပ်နေဆဲဖြစ်သည့်အတွက် ဤအရာက အစားထိုးမှု ဖြစ်လာလိမ့်မည်။
သူ့ထိန်းချုပ်မှုအောက်တွင် လောကသစ်ပင်က လေဟာနယ်တိုက်ပွဲ ကွင်းပြင်ဆီ ရောက်ရှိသွားကာ ထိုဒိုင်မေးရှင်းထဲရှိ အာကာပြင်ထဲ အမြစ်တွယ်သွားခဲ့သည်။ ထို့နောက် အာကာပြင်ကို ပိုမိုကြံ့ခိုင်လာစေ၏။ ယခုနောက်ဆုံးတွင် ဝမ်ဝေ့က ဒိုင်မေးရှင်းအနိမ့်အတွက် လေဟာနယ်တိုက်ပွဲကွင်းပြင်ကို ဖန်တီးခဲ့ပြီ ဖြစ်၏။ ထိုအရာက ကောင်းကင်ဘုံအဆင့်ကြားမှ တိုက်ပွဲကိုပင် အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်။
လောကသစ်ပင်က သစ်မြစ်များစွာရှိနေပြီး အဆုံးမဲ့လေဟာနယ်၏ အာကာပြင်အခြေခံအုတ်မြစ်ဆီ ထိုးစိုက်သွားကာ ပိုမိုမြင့်မားသည့် အနေအထားတစ်ခုသို့ ပြောင်းလဲသွားသည်။
“ဒီလက်ရှိအနေအထားနဲ့ဆိုရင် ငါ့ကိုယ်တိုင်ကတောင် ဒိုင်မေးရှင်းအနိမ့်ကို ဖျက်ဆီးနိုင်မှာ မဟုတ်တော့ဘူး…” ဝမ်ဝေ့က သုံးသပ်လိုက်၏။
သတင်းကောင်းက အစစ်အမှန်ကောင်းကင်တာအိုက ငါ့ကျင့်ကြံဆင့် အဆင့် (၁၁)ရောက်ရှိပြီးတဲ့နောက်တောင် တက်လှမ်းဖို့ လောနေမှာ မဟုတ်တော့ဘူး…