နောက်ဆက်တွဲ
Vol. 84 Ch. 1176
တခြားအကျိုးအမြတ်တွေက ဘာတွေဖြစ်မလဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
အခု ဒိုင်မေးရှင်းအနိမ့်က အရင်ကလို ပျက်စီးမလွယ်တော့ဘူး။ ယေဘုယျ စွမ်းအားအဆင့်မြင့်တက်လာတာလား။ အဲဒါဆိုတော့ ထာဝရဦးသျှောင်တွေတောင် ကန့်သတ်မခံရတော့ဘူးလား…
သူက မိုးမြေ၏ အပြောင်းအလဲများကို တွက်ချက်ကာ စစ်ဆေးကြည့်လိုက်သည်။
အပြောင်းအလဲ မရှိဘူးလား။ ကမ္ဘာကြီးက ဖျက်ဆီးဖို့ ပိုပြီး ခက်ခဲသွားရုံတဲ့လား။
ဝမ်ဝေ့က ထိုအကြောင်းအရာကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။ သူက အစစ်အမှန်ကောင်းကင်တာအိုသည် ယခုမှစ၍ ဒိုင်မေးရှင်းအနိမ့်တွင် အဆင့်(၁၁) ကျင့်ကြံသူများအပေါ် သက်ညှာမှုရှိလာလိမ့်မည်ဟု ထင်ထားခဲ့သည်။
ဒိုင်မေးရှင်းအနိမ့်က နဂိုကတည်းက ဧကရာဇ်တွေမွေးထုတ်ပေးဖို့ လေ့ကျင့်ရေးကွင်းတစ်ခုဆိုတော့ အဓိပ္ပာယ်တော့ ရှိပါတယ်။ ထာဝရဧကရာဇ်တွေက အဆုံးမဲ့လေဟာနယ်ရဲ့ အကြွင်းမဲ့အာဏာပြယုဂ် ဖြစ်မနေရင် စနစ်တစ်ခုလုံးက ပြိုလဲသွားနိုင်တယ်…
ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ထိုအချက်နှင့်ပတ်သက်ပြီး စိတ်ကျေနပ်သွားသည်။
သူတို့နောက်အဆင့်က သူတို့လေဟာနယ် တိုက်ပွဲကွင်းပြင်ကို အာရုံစိုက်ဖို့ ဖြစ်၏။ ထိုအရာက မူပိုင်ခွင့်အသစ်ဟု မှတ်ယူနိုင်သည်။ သို့သော်လည်း ထင်သလောက် အသုံးမဝင်ပေ။ အထူးသဖြင့် သူ ထွက်သွားသည့်အခါတွင် ဖြစ်၏။ ဝမ်ဝေ့က သူ့လေဟာနယ်တိုက်ပွဲကွင်းပြင်ကို အသုံးပြုဖို့ တမင်ပစ်ပယ်ထားမည့် ကမ္ဘာများကို မြင်နိုင်လေသည်။
ထိုဖန်တီးမှု၏ အဓိကပစ်မှတ်က လေဟာနယ်တိုက်ပွဲကွင်းပြင် မရှိသည့် ကမ္ဘာများအတွက် အသုံးဝင်လိမ့်မည်။ သို့သော်လည်း သူ မတက်လှမ်းခင် ဤသို့သော အရာမျိုးက ပုံမှန်ကိစ္စ ဖြစ်လာလိမ့်မည်။ အထူးသဖြင့် ကမ္ဘာ့အသိုက်အဝန်းများကြားတွင် အတွေးအခေါ်များနှင့် အရင်းအမြစ်များသည့် အချိန်အခါတွင် ဖြစ်၏။
လူတွေက သူတို့ကမ္ဘာရဲ့ တိုက်ပွဲကွင်းပြင်က အားနည်းနေတဲ့ အချိန် ငါ့တိုက်ပွဲကွင်းပြင်ကို လာပြီး သုံးကြလိမ့်မယ်။ တကယ်လို့ ဒါက အတိတ်ဆိုရင်တော့ ရှားပါးမယ်ဆိုပေမဲ့ ခေတ်သစ်ကာလမှာ အဆင့်မြင့်ဧကရာဇ်တွေ အများကြီး ထွက်ပေါ်လာလိမ့်မယ်။ ငါ့ရဲ့ တိုက်ပွဲကွင်းပြင်က ငါ ထင်ထားသလောက်တော့ အသုံးမဝင်တာမျိုး မဟုတ်ဘူးပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
ပြီးတော့ နာမည်မကြီးတာလည်း သိပ်ကိစ္စဆိုးတစ်ခုတော့ မဟုတ်ပါဘူး။ တိတ်တဆိတ်အနေနဲ့ ထိန်းသိမ်းထားလို့ရတယ်…
ကောင်းကင်မှ ဒုတိယအကြိမ် ကုသိုလ် ဆင်းသက်လာကာ သူ့ဖန်တီးမှုနှင့် ဒိုင်မေးရှင်းအနိမ့်၏ အာကာပြင်ဖွဲ့စည်းတည်ဆောက်ပုံအား တိုးမြှင့်ခဲ့သည့်အတွက် ဆုချီးမြှင့်လာသည်။ ဝမ်ဝေ့က သူ့လက်ထဲမှ ကုသိုလ်ကို စိုက်ကြည့်လိုက်၏။
ငါက ခေတ်ကာလသားတော်ရဲ့ တာဝန်ကို ဖြည့်စည်းပြီးသွားသလောက်ဖြစ်နေပြီ။ ငါ လုပ်ခဲ့တဲ့အရာအားလုံးက အန္တိမသဟဇာတနဲ့ တိုက်ပွဲမှာ အစစ်အမှန် ကောင်းကင်တာအိုဘက်ကနေ ကူညီပေးနိုင်လိမ့်မယ်။ ကွာဟချက်က အနည်းငယ်ဆိုရင်တောင်ပေါ့…
ထိုအပြောင်းအလဲက မည်သို့ပင်သေးငယ်စေကာမူ ဝမ်ဝေ့က သူသည် အန္တိမသဟဇာတ၏ အစစ်အမှန်ကောင်းကင်တာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်မှုကို နှောင့်နှေးထားနိုင်သည့်အတွက် ပျော်ရွှင်မိသည်။ မေတ္တယျနှင့် အန္တိမသဟဇာတတို့၏ စွမ်းအားက တူညီသော်လည်း သေချာတွေးကြည့်ပါက ထိုသို့ မဟုတ်ပေ။ အန္တိမသဟဇာတက ထိန်းချုပ်မှုအပြည့်အဝ မရှိသည့်အတွက် သူ့စွမ်းအားက အမြင့်ဆုံး အနေအထားသို့ မရောက်ရှိပေ။
ထို့ကြောင့် မေတ္တယျက ဖွံ့ဖြိုးတိုးတက်မှု အသစ် မရှိသရွေ့ ကိစ္စများက သူမအတွက် ဆိုးရွားသွားနိုင်သည်။
ဝမ်ဝေ့က ပျောက်ကွယ်သွားသည့် အမြင်ရုပ်လွှာများကို တည်တည်ငြိမ်ငြိမ် ကြည့်နေပြီးသည့်နောက်တွင် သူ့မိဘများနှင့်အတူ အိမ်သို့ ပြန်လာခဲ့လိုက်သည်။ ပလ္လင်အခန်းအတွင်း ရောက်ရှိလာပြီးသည့်နောက်တွင် သူက လောကသစ်ပင်အသစ်ကို ခုံရုံးအတွင်း ထည့်သွင်းခဲ့၏။
“သား”
ဝမ်ထျန်းက စကားမဆုံးခင် သူက သူ့သား၏ ခန္ဓာကိုယ်ဒွာရပေါက်များမှ သွေးများစီးကျလာသည်ကို ထိတ်လန့်တပျာ ကြည့်နေမိသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က မံမီတစ်ကောင်လို ခြောက်သွေ့သွားပြီး ဆံပင်များကလည်း လူအိုကြီးတစ်ယောက်သဖွယ် ဖြူဖွေးသွားသည်။
“သားအနေနဲ့ ကောင်းကောင်းအဆင်ပြေနေမှာ မဟုတ်ဘူးဆိုတာကို သိတယ်။ ဘာတွေလုပ်နေတာတုန်း။ ဆေးမြန်မြန်သောက်လေ” ယုယန်က တိုက်တွန်းလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ဘယ်လိုလုပ်အဆင်ပြေမှာတုန်း။ အဆင်မပြေတာ အသိသာကြီးကို” ဝမ်ထျန်းကလည်း ထပ်ပြောလိုက်၏။
“မဟုတ်ဘူး။ ကျွန်တော် တကယ်အဆင်ပြေတယ်။ တန်ပြန်သက်ရောက်မှုက ကျွန်တော်ရဲ့ တည်ရှိမှုကို ဒဏ်ရာအပြင်းအထန်ရစေသွားပြီး စွမ်းအားပြုတ်ကျသွားတဲ့ အနေအထားထိ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ကျွန်တော် ထင်ထားသလောက် မဆိုးရွားဘူး။ ဒါက ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို ရရှိထားခြင်းရဲ့ အကျိုးကျေးဇူးများလား…”
“အဆင်ပြေတယ်ဆိုတာ သေချာရဲ့လား။ ကုသိုလ် သုံးပြီး ကိုယ့်ကိုယ်ကို ကုသသင့်တယ်” ယုယန်က အကြံပြုလိုက်သည်။
“အဲဒါက အလကားဖြစ်လိမ့်မယ်” ဝမ်ဝေ့က ခေါင်းယမ်းလိုက်၏။ ဤအရာက တကယ် ပြင်းထန်သော်လည်း အထွတ်အထိပ်ပြန်ရောက်ရှိဖို့ အချိန်မျှသာ လိုအပ်လိမ့်မည်။
“အဖေနဲ့ အမေတို့ရော”
“ငါတို့က အဆင်ပြေတယ်။ မင်းရဲ့ ချပ်ဝတ်က ငါ ဒဏ်ရာရတာနဲ့ ချက်ချင်း ကုသပေးတယ်လေ”
ဝမ်ဝေ့က ထိုအရာကို အံ့အားသင့်ခြင်း မရှိပေ။ သူက ထိုအရာကို သူ့စိတ်ဝိညာဉ်အမှုန်ဖြင့် ကိုယ်တိုင်ဖန်တီးထားသည့်အတွက် ထိုအရာက သူ့မိသားစုကို မထိခိုက်စေဖို့ အသိဉာဏ်ရှိနေကာ လိုအပ်သည့်အချိန်တွင် ကူညီပေးနိုင်၏။
“မင်းအမေက တန်ပြန်သက်ရောက်မှုအများစုကို ခံယူခဲ့တာဆိုတော့ အဖေရဲ့ အုတ်မြစ်က အကောင်းအတိုင်းပဲ။ အခုတော့ အဆင်ပြေပါတယ်” သေမျိုးတစ်ယောက်အနေဖြင့် ဝမ်ထျန်းက သူ့အခြေခံအုတ်မြစ် ပြိုလဲမသွားသရွေ့ ကုစားဖို့ရာ လွယ်ကူလေသည်။
“တော်သေးတာပေါ့” အခန်းအတွင်း အသံတစ်သံ ရုတ်ချည်းထွက်ပေါ်လာကာ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
“တစ်ခုခု ဖြစ်မယ်လို့ ခံစားမိနေလို့ ဒီဟာတွေကို ပြင်ဆင်ထားတာ” ယန်းလီလင်းက အားလုံးကို အိတ်တစ်အိတ်စီ ပေးကာ ပြောလိုက်သည်။
“အိုး ဒါဘာတွေလဲ” ဝမ်ဝေ့က ချိုချဉ်ရထားသည့် ကလေးတစ်ယောက်လိုမျိုး အိတ်ကို ဖွင့်ကြည့်လိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် မံမီလို သွင်ပြင်က သူ လိုချင်သလိုမျိုး ချစ်ဖို့ကောင်းမနေခဲ့ပေ။
“ခန္ဓာကိုယ်အတွက် ယန်သွေးဆေးလုံး၊ ဝိညာဉ်အတွက် ယင်အားဖြည့်ရေးဆေးလုံးနဲ့ အဆီအနှစ် ဆုံးရှုံးသွားမှုအတွက် တာအိုအာဟာရဆေးလုံးတွေပဲ။ ဒီဟာတွေနဲ့ဆိုရင် နှစ် သန်းနှစ်သောင်းအတွင်းမှာ အထွတ်အထိပ်ကို ပြန်လည်ရောက်မှာပါ”
ဝမ်ဝေ့က အကြည့်များ တောက်ပလာလေသည်။ ထိုအရာက ထိပ်တန်းဧကရာဇ်အဆင့် ဆေးလုံးများ ဖြစ်၏။ သူက အကြီးအကဲနှင့် ပေးသည့်အရာများက သူ့အတွက် အသုံးမဝင်တော့မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။
“ငါ့ကို လျှော့တွက်နေတာပဲ” သူက ပြောလိုက်သည်။
“ငါက ငါ့ဝိညာဉ်ဒဏ်ရာတွေကို ကုစားနိုင်တယ်။ ကုသိုလ်ရွှေခန္ဓာရဲ့ အားဖြည့်မှုနဲ့ဆိုရင် နှစ်သန်းနှစ်ရာအတွင်းမှာ အကောင်းဆုံးပြန်လည်ရောက်လာနိုင်တယ်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။ သူ့မံမီရုပ်ခန္ဓာကိုယ်က နတ်ဆိုးဆန်နေသည်။ သူက ဝိညာဉ်ကုစားရေးဆေးလုံးကို သူ့အမေဆီ ပေးလိုက်သည်။ သူမက ဘာမှပြောမနေဘဲ လက်ခံလိုက်၏။
“တချို့ကို သုံ့လီဖန်းဆီ ပို့ပေးပြီးပြီလား”
“ပို့ပေးပြီးသွားပြီ။ တိုက်ပွဲမှာ ပါဝင်တဲ့သူအားလုံး ဝေစုရတယ်”
“အားလုံးလား” ယုယန်က မေးလိုက်သည်။
“ဟုတ်တယ်”
“မင်းအလှည့်နောက်က အစောင့်အရှောက်ကတော့ အတော်ပြန်ဖြည့်ရတော့မှာပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။ ငါ ကုစားပြီးမှ မင်းကို ဝလာအောင် ပြန်ပြီးတော့ ကျွေးမွေးမယ်။ လီကျွင်းက သူက ဝဝဖိုင့်ဖိုင့် ကောင်မလေးတွေကို သဘောကျတာလို့ ပြောခဲ့ဖူးတယ်”
“အဲဒါက အမှန်ဆိုပေမဲ့ ကျွန်တော် အဲ့လိုတစ်ခါမှ မပြောခဲ့ပါဘူး။ ကျွန်တော်ရဲ့ သတင်းစကားတွေကို လျှောက်ဖြန့်မနေနဲ့”
“ဟမ် ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
“အထက်က ရာထူးတိုးပေးလိုက်လို့လေ။ အခု သက်ရှိကမ္ဘာမှာ ပုံရိပ်ယောင်ကို ခဏ စေလွှတ်နိုင်တယ်” လီကျွင်းက ပြောလိုက်သည်။
“သံသယဝင်စရာပဲ”
“ကျွန်တော်လည်း အဲ့လိုပဲထင်ခဲ့တာ။ ဒါပေမဲ့ သေချာလေ့လာကြည့်ပြီးတဲ့နောက်မှာ မြေကမ္ဘာဧကရာဇ် လုပ်ပိုင်ခွင့်တစ်ခုဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ ရှည်ကြာတဲ့သူ ဒါမှမဟုတ် အကျိုးပြုထားတဲ့သူတွေကိုပဲ ချီးမြှင့်ထားတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလူတွေကို တားဆီးတာက အကျိုးပြုတယ်လို့ ယူဆလို့ရတာပဲလေ”
“မင်း ပြောတော့လည်း အဲ့လိုပဲပေါ့။ ဘာတွေစိုက်ကြည့်နေတာတုန်း”
“အစ်ကိုကြီးက မစင်နဲ့ တူတယ်” လီကျွင်းက ပြန်ပြောလိုက်သည်။
“စကားကြည့်ပြော” ယုယန်က သတိပေးလိုက်သည်။
“တောင်းပန်ပါတယ်” သူက အလိုအလျောက် ပြောထွက်သွားသည့်အတွက် ဝမ်ဝေ့က ရယ်မောလိုက်သည်။
“နောက်ထပ် ဘာဆက်လုပ်မှာလဲ” လီကျွင်းက ခေါင်းစဉ်လွှဲကာ ပြောလိုက်၏။
ဝမ်ဝေ့က သက်ပြင်းချကာ “အခု ငါ ထွက်သွားတော့မဲ့ အချိန်ကျပြီ။”
လေထုက ချက်ချင်းဆိုသလို အုံ့မှိုင်းသွားသည်။
“ဘာလို့ မျက်မှောင်ကြုတ်နေကြတာလဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“နောက်မျိုးဆက်ကျရင် ပြန်တွေ့ကြမှာပဲလေ။ ကောင်းကင်တာအိုက အချိန်မြှင့်တင်ရေးကို ပြန်ပြီးအသက်သွင်းမယ်ဆိုတာ မှန်းဆထားပြီးပေမဲ့ ကျွန်တော့်အတွက် ယွမ်ခေတ်ကာလအနည်းငယ်ဖြစ်ပြီးတော့ အမေတို့အတွက်တော့ ဆယ်သန်းလောက်ပေါ့။ တကယ် ခွဲရမဲ့သူတွေက မင်းတို့တွေပဲ” သူက လီကျွင်းနှင့် ယန်းလီလင်းကို ကြည့်လိုက်သည်။
“မင်းတို့တွေ တက်လှမ်းလာတဲ့အချိန်ကျရင် အချိန်တွေက အများကြီး ကုန်လွန်သွားပြီလောက်ပြီ။ ဒါပေမဲ့ မင်းရောက်တဲ့အချိန်ကျရင် ငါက ဒိုင်မေးရှင်းအမြင့်က ပြဿနာတွေကို ဖြေရှင်းပြီးတော့ မင်းတို့အတွက် အကောင်းဆုံး ကျင့်ကြံရေးပတ်ဝန်းကျင်ကို ပြင်ဆင်ပေးနိုင်လောက်တယ်”
“အဲဒါဆိုရင် နောက်ခရီးလမ်းမှာ အသုံးဝင်ဖို့ပဲ မျှော်လင့်ရတာပဲ” လီကျွင်းက သက်ပြင်းချလိုက်သည်။
“ငါတို့ရဲ့ ကျင့်ကြံရေးခရီးလမ်းက ရှည်လျားတယ်။ မင်းတို့မပါဘဲနဲ့ ငါအစစ်အမှန်ကိုယ်ကို ထိန်းထားရင်းနဲ့ အကောင်းအတိုင်း ကျန်ရှိနေလိမ့်မယ်လို့ မထင်ဘူး။ အဲဒါကြောင့် မင်းတို့တွေက ဖြစ်ရပ်တစ်ခုမှာ မပါရုံလောက်နဲ့ ဘာမှစိတ်ထဲထားမနေကြနဲ့”
ဝမ်ဝေ့က သူ့အကြီးမားဆုံးအောင်မြင်မှုသည် မိသားစုနှင့် မိတ်ဆွေများဖြင့် ဆက်ဆံရေးကောင်း တည်ထောင်နိုင်ခဲ့ပြီး ထိုသူများအား ပါရမီထူးကဲသည့် ကျင့်ကြံသူများအဖြစ် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူ့ဘဝ၏ အကြီးမားဆုံး အလှည့်အပြောင်းက သူ့ဇနီး၏ အကြံဉာဏ်ကို နားထောင်ကာ သူ့မိသားစုအား အဟန့်အတား၊ အနှောင့်အယှက်ဟု မြင်မည့်အစား အားဖြည့်မှုအဖြစ် မှတ်ယူခဲ့ခြင်း ဖြစ်သည်။ သူက ထိုအရာကို သေသေချာချာ မမြင်တွေ့ရသေးသော်လည်း သူ့အလိုလိုသိစိတ်ကမူ တစ်ရက်ကျ သူမ စကားကို နားထောင်မိ၍ ကောင်းကင်ဘုံကို ကျေးဇူးတင်မိလိမ့်မည်ဟု ပြောနေ၏။
“နောက်ဆုံးအဆုံးသတ်အထိ အတူတူ လျှောက်လှမ်းပေးရတာ တော်သေးတယ်” ယုယန်က ပြောလိုက်သည်။
“ဒါပေမဲ့ အခု ငါတို့ဆီမှာ အချိန်တွေအများကြီး ရှိသေးတယ်ဆိုတော့ ဒါတွေ ဆွေးနွေးနေမဲ့ အချိန်မဟုတ်ဘူး။ နားပြီး ဒဏ်ရာတွေကို ကုစားတော့”
“ကျွန်တော်လည်း နည်းနည်းပင်ပန်းနေတာ။ နည်းနည်းလောက် အိပ်ရဦးမယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ အားလုံးက နှုတ်ဆက်စကားပြောပြီးသည့်နောက်တွင် သူတစ်ယောက်တည်း ကျန်ရစ်လေ၏။
“ကဲ ငါ အနားမယူခင် ဒီအမှိုက်ကို ရှင်းထုတ်ရဦးမယ်”
သူက လက်မြှောက်လိုက်ပြီး လေဟာနယ်ထဲမှ တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအရာက ဝိညာဉ်တစ်ခု ဖြစ်၏။
“မဖြစ်နိုင်တာ ငါ့ကို ဘယ်လိုလုပ်ရှာတွေ့တာလဲ”
“မော့ကျွင်း မော့ကျွင်း မင်းက ပိုးဟပ်တစ်ကောင်လိုပဲ သတ်ရခက်သား” ဝမ်ဝေ့က လက်ကို ယမ်းပြီး ပြောလိုက်သည်။
“ဒါပေမဲ့လည်း ဒါ ကိစ္စဆိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ လောဘနဲ့ မာနကြီးမှုက ဒီကောင်းချီးကို ပျက်စီးစေခဲ့တာပဲ”
စာမေးပွဲလေးရှိလို့ နောက်လ ၁၀ ရက်နေ့အထိ စာစဉ်လေး ခဏနားပါ့မယ်ရှင့် ... နောက်လမှ ပြန်တွေ့မယ်နော်