← Chapters

ကျုပ်… နန်းတော်သခင်

Vol. 008 Ch. 799

ကျုပ်… နန်းတော်သခင်

Vol. 008 Ch. 799

ယူချင်း၏ ငြင်းပယ်မှုက အားလုံးကို မှက်တက် သွားစေခဲ့ကြသည်။ သူကား မည်သည့် ကမ်းလှမ်းမှုကိုမှ စိတ်ဝင်စားဟန် မရပေ။

ယူချင်းက ရီဖူရှင်းနှင့် အလွန်အမင်း နီးကပ်သည်မှာ သေချာသွားပေပြီ။ ပြည်နယ်ကိုးခု၏ တော်ဝင်မြေတိုင်းမှ ဖိတ်ကြားချက်များအား စိုးစဉ်းမျှ စိတ်ဝင်စားဟန် မရခြင်းက သူ့အား မည်သည့် အဖွဲ့ကမှ ခေါ်ရန် မျှော်လင့်ချက် မရှိကြောင်း သိသာစေပြီ ဖြစ်သည်။

“နှမြောစရာပဲ...” ယူချင်းက ထိုမျှ ပါရမီမြင့်မားသည့်တိုင် အထောက်အပံ့ အားနည်းသော မြေရိုင်းပြည်နယ်၌ လေ့ကျင့်ရသည်မှာ သူ့အတွက် ကံဆိုးလွန်း လှပေသည်။ အကယ်၍ သူက ဗာဂျာရာဒေသ ကဲ့သို့သော နေရာနှင် ပြည်နယ်ကိုးခု ကျောင်းတော်တို့တွင် လေ့ကျင့်ခွင့် ရခဲ့ပါက အနည်းဆုံး သူကား ပိုမိုမြန်ဆန်စွာ ကျင့်ကြံ့နိုင်ပြီး ရှန့်ထို မြန်မြန် ဖြစ်ပေမည်။

လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့် ကြသည်။ ပခုံးတွန့်ကာ အလေးအနက် ထားဟန် မရသော သူ့အမူအရာကြောင့် ယူချင်း၏ ဆုံးဖြတ်ချက်အပေါ် သူက စိတ်ဝင်စားခြင်း မရှိကြောင်း သိသာ ထင်ရှားစေသည်။

“ဒီကောင်လေး…” အားလုံးက ရီဖူရှင်းကို ဒေါသတကြီး ကြည့်ကြသည်။ ယူချင်းက တော်ဝင်ကျဲ နန်းတော်မှ ထွက်သွားမည် မဟုတ်သည်ကို သူက အလွန်အမင်း ယုံကြည်ထားဟန် ရသည်။

“စုချွဲ…” ထိုအခိုက်တွင် နောက်ထပ် အသံတစ်သံကို ကြားရသည်။ ခေါ်လိုက်သူကား ဖုန်းပြည်နယ်မှ စီကလန်ဝင် တစ်ယောက် ဖြစ်သည်။

စီကလန်မှ အနက်ရောင်ဝတ်စုံ လူကြီး တစ်ယောက်က ပြောသည်… “မင်း လေ့ကျင့်တဲ့ပညာက စီကလန်နဲ့ သင့်တော်တယ်… တကယ်လို့ မင်းက ငါတို့နဲ့အတူ လေ့ကျင့်မယ်ဆိုရင် ကလန်ခေါင်းဆောင်နဲ့ မင်းကို မိတ်ဆက်ပေးမယ်…”

လူအများအပြားက စီကလန်မှ လူကြီးအား ကြည့်ကြသည်။ ယူချင်းအား မရသည်တွင် စီကလန်မှ စုချွဲဘက်ကို ဦးတည်လာဟန် ရ၏။

စုချွဲကား အမှောင်ဓာတ်တွင် ကျွမ်းကျင်သည်။ သူက ထိပ်သီး ဆယ်ယောက် စာရင်းကို မဝင်ရောက်ခဲ့သော်လည်း အလွန် ပါရမီမြင့်သောသူ ဖြစ်သည်မှာ သံသယ ရှိစရာ မလိုပေ။ သူ၏ပါရမီကလည်း သတ်ဖြတ်ခြင်း ရှန့်ထို၏ တပည့်ဖြစ်ရန် လုံလောက်ပေသည်။

စုချွဲ၏မျက်လုံးက အရောင်လက်သွားကာ သူ့အား ဖိတ်ကြားသူကို ကြည့်သည်။ ထင်းဆွေအိမ်တော်မှ လူတစ်ယောက် ဖြစ်သည့်သူက သတ်ဖြတ်ခြင်း ရှန့်ထိုကို မသိစရာ အကြောင်း မရှိပေ။ သူကား ကမ်းလှမ်းမှုကို စိတ်မဝင်စားဟု ပြောလျှင် လိမ်ညာရာ ကျပေမည်။ သတ်ဖြတ်ခြင်း ရှန့်ထို၏ တပည့်ဖြစ်ရခြင်းကား မရေမတွက်နိုင်သော တန်ခိုးရှင်များ၏ အိပ်မက် ဖြစ်ပေသည်။

သူက ရီဖူရှင်းဘက်ကို လှည့်ကာ ပခုံးတွန့်လျက်မေးသည်… “မင်း ဘယ်လိုထင်လဲ…”

“မင်း သဘောအတိုင်းပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“အနည်းဆုံးတော့ မင်းက ငါ့ကို တားသင့်တယ် မဟုတ်ဘူးလား…” စုချွဲက ရီဖူရှင်းကို ဆွံ့အစွာ ကြည့်သည်။ သူက အမှန်ပင် တားဆီးခြင်း မပြုပေ။

“သွားစမ်းပါ…” ရီဖူရှင်းက စုချွဲကို မျက်လုံးပြူးကျယ်လျက် ကြည့်သည်။

“…” သည်တစ်ကြိမ်ကား ပြည်နယ်ကိုးခုမှ လူများ၏မျက်လုံးများ ပြူးကျယ်ရသည်။

စုချွဲက ရီဖူရှင်းကို နှခေါင်းရှုံ့ကြည့်ကာ စီကလန်မှ အကြီးအကဲအား လေးစားသည့် အမူအရာဖြင့် ပြောသည်… “စီနီယာလည်း မြင်တာပဲ… ဒီမှာ တစ်ယောက်က စိတ်မကောင်း ဖြစ်နေပြီ… တကယ်လို့ ကျွန်တော်က ဒီအတိုင်း ထွက်သွားရင် သူအသည်း ကွဲလိမ့်မယ်… ဒါကြောင့် ကျွန်တော်က တော်ဝင်ကျဲနန်းတော်မှာ အချိန်တစ်ခုအထိ ရှိနေရဦးမှာပါပဲ… တကယ်လို့ အခွင့်အရေး ရလာခဲ့ရင် စီကလန်ကို လာရောက် လည်ပတ်ပါ့မယ်…”

ရီဖူရှင်း၏မျက်နှာက ညိုမည်းသွားသည်။ သူက စိတ်မကောင်း ဖြစ်ရမည်လား…။ အသည်းကွဲ သည်တဲ့လား....။ သည်ခွေးကောင်ကား အရှက်မဲ့လွန်း လှသည်။

တခြားပြည်နယ်မှ လူများအားလုံးက ဆွံ့အရသည်။ နောက်ထပ် တစ်ယောက်က ငြင်းပယ်ပြန်၏။

ထို့အပြင် စုချွဲနှင့် ရီဖူရှင်းတို့အကြား စကား အသွားအလာကို ကြည့်သည်တွင် သူတို့အကြား၌ အလွန် ရင်းနှီးခင်မင်သော ဆက်ဆံရေး ရှိသည်ကို တွေ့မြင်ရ၏။ သူတို့က နန်းတော်သခင်နှင့် နန်းတော်တပည့် ဖြစ်ကြသော်လည်း အမှန်တကယ်အားဖြင့် မျိုးဆက် တစ်ခုတည်းဖြစ်ရာ ရီဖူရှင်းက နန်းတော်သခင် မဖြစ်မီကတည်းကပင် သူတို့က ရင်းနှီး ကျွမ်းဝင်ခဲ့ကြသူများ ဖြစ်ကြောင်း ခန့်မှန်း ရနိုင်ပေသည်။

ယူချင်းနှင့် စုချွဲတို့က ရှန့်ထိုများ၏ တပည့်များ ဖြစ်လာမည်ကို ငြင်းပယ်ခဲ့ကြသည်။ ရီဖူရှင်းက သူတို့အပေါ် ထိုမျှသော ဩဇာလွှမ်းမိုးမှုများ ရှိနေသည်လား။ မြေရိုင်းပြည်နယ်တွင် သူတို့ ဆက်လက်နေခြင်း အပေါ် မည်သို့သော အကျိုးကျေးဇူးများ ရှိနေပါသနည်း။

သို့သော်လည်း တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲများမူကား အလွန် အထင်ကြီး လေးစားကြရသည်။ ရီဖူရှင်းက ရှီနန်းတော်ထဲကို ဝင်ရန် စာရင်း ထုတ်ပြန်သောအခါ လူအများအကြား သဘော မကျမှုများစွာ ဖြစ်ပေါ်ခဲ့၏။ ထိုစဉ်က သူ၏ရွေးချယ်ခြင်းတွင် ပါရမီအပြင် တခြား အမူအကျင့်များကိုလည်း ထည့်သွင်း စဉ်းစားသည်ဟု ဆိုခဲ့သည်။

သူပြောခဲ့သည်ကား ယခုအချိန်အခါတွင် သက်သေပြနိုင်ပြီး ဖြစ်သည်။ အကယ်၍ စီမင်ဟန်ကျင့် ကဲ့သို့သော တပည့်ကသာ ဤသို့သော ကမ်းလှမ်းမှုများကို ရရှိပါက သူက သေချာပေါက် တခြား တော်ဝင်မြေများသို့ ခိုဝင်သွားမည် ဖြစ်သည်။

“အရမ်း ကောင်းတယ်…” ဖုန်းပြည်နယ်မှ အကြီးအကဲက ခေါင်းညိတ်ကာ ထိုကိစ္စကို ထပ်မပြောတော့ပေ။ စုချွဲကဲ့သို့သော ပါရမီရှင်က ရှားပါးသော်လည်း အလွန် ရှားပါးသည်တော့ မဟုတ်ပေ။ ပြည်နယ်ကိုးခု ညီလာခံက သုံးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ကာ ပါဝင် ယှဉ်ပြိုင်သူများ ကလည်း နိုဘယ်အဆင့် အတွင်းမှ အားအကောင်းဆုံးသူများ ဖြစ်ကြသည်။ တခြား တန်ခိုး အဆင့်တွင်လည်း ထိပ်သီးပါရမီရှင်များ ရှိကြပေသေးသည်။

သို့သော်လည်း ယူချင်းနှင့် ရာရာတို့ ကဲသို့သော သူများကား နှစ်ယောက် မရှိနိုင်သော ပါရမီရှင်များ ဖြစ်ကြပေသည်။ နှစ်ရာစုပေါင်း များစွာထဲ၌ပင် ထိုသို့သော ပါရမီရှင်မျိုးအား ရှာတွေ့ရန် မလွယ်ကူပေ။

“တော်ဝင်ကျဲ နန်းတော်က တပည့်တွေက တကယ်ပဲ​ စိတ်ဓာတ် ခိုင်မာကြတာပဲ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ထူးမခြားနားစွာ ပြောသည်။ သူက မြေရိုင်းပြည်နယ်ဘက်မှ ရီဖူရှင်းကိုကြည့်ကာ ပြောသည်… “ကျင့်ကြံခြင်း လမ်းစဉ်မှာ သာမန် မဟုတ်တဲ့ပါရမီကို ပိုင်ဆိုင်ပြီး မွေးဖွားလာသူတွေ ရှိကြတယ်… တကယ် လေ့ကျင့်သူတွေက သိပ်ထုတ်ပြလေ့ မရှိကြသလို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရှေ့ကို မဆုတ်မနစ် လျှောက်လှမ်း သူတွေလည်း ရှိကြတယ်… ဒါက ပါရမီကို အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ခိုင်မာတဲ့ စိတ်ဓာတ်ရှိတာ ကောင်းတဲ့အချက်ပဲ…”

“အခုလို လမ်းညွှန်တာ ကျေးဇူးတင်ပါတယ်… စီနီယာ...” ရီဖူရှင်းက ခေါင်းညိတ်ကာ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ပြောသည်။ ဘုရင်မင်းမြတ်က နောက်ထပ်ဘာမှ မပြောတော့ဘဲ တစ်ဖက်ကို လှည့်သွားသည်။

ဘုရင်မင်းမြတ်၏ ဘေးတွင် ရပ်နေသော ကျောက်ရာက ပြောသည်… “တော်ဝင်ကျဲနန်းတော် သခင်ဟောင်းက သူ့အသက်ကို စတေးပြီး အင်ပါယာရှားကို ဆင့်ခေါ်ခဲ့တာက ရီဖူရှင်းကို နန်းတော်သခင်အဖြစ် ဆက်ခံစေဖို့လို့ ကြားခဲ့တယ်… ခင်ဗျားကို ကျိရှမ်းကမ်းပါးရဲ့ အန္တရာယ်က ကာကွယ်ဖို့ ဒီလောက်အထိ ပေးဆပ်ခဲ့တယ် … ဒီလို အခြေအနေမှာ ခင်ဗျားက တော်ဝင်ကျဲ နန်းတော်က တပည့်တွေကို ခေါ်ပြီး မြေရိုင်းပြည်နယ် အပြင်ဘက်ကို ခရီးထွက်ခဲ့တယ် … အားလုံးက ခင်ဗျားရဲ့ သဘောထားကို အလေးထားမှတော့ ခင်ဗျားရဲ့ပါရမီကလည်း မြေရိုင်းပြည်နယ်ရဲ့ လူငယ်မျိုးဆက်ထဲမှာ အကောင်းဆုံးလို့ ပြောလို့ရမယ် ထင်တယ်…”

ကျောက်ရာက ထိုသို့ ပြောသည်တွင် မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။

ရီဖူရှင်း၏ စွမ်းရည်များကို အားလုံးက စိတ်ဝင်စားကြသည်။ မည်သို့ဆိုစေ မြေရိုင်းပြည်နယ်၌ ရီဖူရှင်း၏ အဆင့်အတန်းက တခြား ပြည်နယ်များနှင့် ကွဲပြား ခြားနားပေသည်။ သူကား ယူချင်းနှင့် မျိုးဆက်တစ်ခုတည်း ဖြစ်သည်။ သူက နိုဘယ်အဆင့် ကတည်းက နန်းတော်သခင် အဖြစ် ရွေးချယ် ခံခဲ့ရသည်ဟု ပြောကြသည်။ ဤသို့ဆိုလျှင် သူ၏ပါရမီက တခြားလူများထက် မြင့်မားမည်မှာ သေချာနေသည်။

“ယူချင်းက ပြည်နယ်ကိုးခု ညီလာခံ ပထမဆုကို ရခဲ့တယ်… တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်တဲ့ သခင်ရီက ယူချင်းထက်မြင့်မှာ သေချာတယ်…” တော်ဝင် အလင်းနန်းတော်မှ တန်ခိုးရှင် တစ်ယောက်က ပြောသည်။ တစ်ယောက်က သည်ကိစ္စကို စတင်လိုက်သည်တွင် အားလုံးက တော်ဝင်ကျဲ နန်းတော်၏ လူငယ် ခေါင်းဆောင်အပေါ် စိတ်ဝင်တစား ရှိလာကြသည်။

“ကျုပ်တို့ ကျိရှမ်းကမ်းပါး တပည့်တွေက နန်းတော်သခင်ရီရဲ့ စွမ်းရည်ကို ပထမဆုံး မြည်းစမ်းဖူးတယ် ပြောရမှာပဲ… နန်းတော်သခင်ရီရဲ့ ပါရမီက အကုန်လုံး မျှော်လင့်ထားတာထက် ကောင်းမွန်လိမ့်မယ်…” ကျိရှမ်းကမ်းပါးမှ ခွန်ယိုက ရီဖူရှင်းကို ချီးကျူး ဂုဏ်ပြုသလို ပြောသည်။ ရီဖူရှင်းက သူ၏ စွမ်းရည်များကို လူအများရှေ့တွင် ထုတ်ပြသည်ကို သူ လိုလားသည်လည်း ဖြစ်နိုင်၏။

“ဒါဆိုလည်း… နန်းတော်သခင်ရီရဲ့ ပါရမီက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက်ကင်းတယ်လို့ သတ်မှတ်နိုင်တာပဲ မလား…” လူအများအပြားက စိတ်ဝင်စားကြသည်။ အားလုံးသော သူများက ရီဖူရှင်းကို လှမ်းကြည့်ကြ၏။

ရှီဟွာတောင် ရှန့်ထို၊ ကောင်းကင် ရှန့်ထိုနှင့် တခြား ရှန့်ထိုများအားလုံးက တားဆီးခြင်း မပြုကြပေ။ သူတို့အားလုံးက သည်အတိုင်းပင် တိတ်ဆိတ်စွာ ကြည့်နေကြသည်။ မှန်နန်းတော် သခင်မပင် ရီဖူရှင်းကို ပြုံးလျက် ကြည့်နေ၏။

သူတို့အားလုံး အလွန် စိတ်ဝင်စား နေကြသည်။

သည်နှစ် မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များ သူတို့အား အံ့အားသင့်ဖွယ်ရာများ အများအပြား ပေးခဲ့ကြ၏။

ရီဖူရှင်းကလည်း ပြုံးလျက်ပင် အားလုံးကို ကြည့်လျက် ပြောသည်… “ခင်ဗျားတို့အားလုံး ကျုပ်ကို ချီးကျူးတဲ့အတွက် ဂုဏ်ယူရပါတယ် … ကျုပ်က ကောင်းမွန်တဲ့ ပါရမီရှိတယ် ဆိုတာ ဝန်ခံပေမဲ့ ပြည်နယ်ကိုးခုမှာတော့ ပြိုင်ဘက်ကင်းတယ်လို့ မသတ်မှတ်ရဲပါဘူး…”

“ခင်ဗျားက အရမ်း နှိမ့်ချတတ်တာပဲ … နန်းတော်သခင်ရီ … ယူချင်းကို ဘေးဖယ်ပြီး ခင်ဗျားကိုမှ နန်းတော်သခင် အဖြစ် ရွေးချယ်ခဲ့တာ ဘာလို့လဲ ကျုပ် အရမ်း သိချင်မိတယ်…” ကျောက်ရာက ဆက်ပြောသည်။

“ဒါက ကံကောင်းလို့လည်း ဖြစ်နိုင်တာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ခင်ဗျားက တကယ်ပဲ နှိမ့်ချတတ်ပါပေတယ်… နန်းတော်သခင်ရီ…” ကျောက်ရာက တည်ငြိမ်စွာ ပြောသည်… “အခု ပြည်နယ်ကိုးခု ညီလာခံမှာ နိုဘယ်တွေပဲ ဝင်ပြိုင်ကြတယ် ဆိုပေမဲ့ တော်ဝင်မြေတွေရဲ့ ထက်မြက်တဲ့ ရှီတန်ခိုးရှင်တွေလည်း ရောက်လာကြတယ် ... ဒါကို အခွင့်အရေး ယူပြီး ခင်ဗျားက ပြည်နယ်ကိုးခုကို နည်းနည်းလောက် စွမ်းရည်ပြပေးတာ မကောင်းဘူးလား…” ကျောက်ရာက ပြောသည်တွင် မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

တခြား ပြည်နယ်မှ လူများကလည်း ယူချင်းက ပြည်နယ်ကိုးခု ညီလာခံ၌ ပထမရသည့် အပေါ်တွင် သိပ်သဘောမကျကြရာ ရီဖူရှင်း၏စွမ်းရည်ကို မြင်တွေ့လိုကြဟန် ရသည်။

“ရှင်က ရှီတန်ခိုးရှင်တွေ အကြား လက်ရည် စမ်းချင်တယ်ဆိုရင် မြေရိုင်း ပြည်နယ်မှာလည်း တခြား ထက်မြက်တဲ့ ရှီတန်ခိုးရှင်တွေ ရှိတယ်…” ကျူးကော့မင်းယွီက ပြောသည်။ ကျောက်ရာက ကျောက်မဟာ ပြည်ထောင်၏ မင်းသား ဖြစ်သည့်တိုင် ရီဖူရှင်းကား တော်ဝင်မြေ၏ ခေါင်းဆောင် တစ်ယောက်ဖြစ်ကာ ရီဖူရှင်းက အချိန်တိုင်း ရှေ့ထွက်နေရန် မလိုအပ်ပေ။

“ကျုပ်က နန်းတော်သခင်ရီကို ပြောနေတာ... ခင်ဗျားက…” ကျောက်ရာ၏အသံက သဘောမကျဟန်ဖြင့် အနည်းငယ် မာကျောနေ၏။ ကျူးကော့မင်းယွီလို တစ်စုံတစ်ယောက်က သူနှင့် ရီဖူရှင်းတို့အကြား စကားများကို ဝင်ပြောရန် မထိုက်တန်ဟု သူယူဆသည်။

မရေမတွက်နိုင်သော လူများက ကျောက်ရာကို လှမ်းကြည့် ကြသည်။

ကျောက်ရာကား ကျောက်မဟာ ပြည်ထောင်၏ သာမန် မင်းသားတစ်ပါး မဟုတ်ပေ။ သူက ဘုရင်မင်းမြတ်၏ ဆက်ခံသူအဖြစ် သတ်မှတ် ခံထားရကာ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။ ရီဖူရှင်း တော်ဝင်မြေ ခေါင်းဆောင် ဖြစ်သည့်တိုင် ရှန့်ထိုမရှိသော မြေရိုင်းပြည်နယ်အား သူက သိပ်အလေးထား နေစရာမလိုဟု သူမြင်သည်။

ထိုအခိုက်တွင် ကျောက်ရာကား သူ၏ အထက်စီးဆန်သော အပြုအမူအား ​ဖော်ပြနေ၏။ ကျူးကော့မင်းယွီ၏ အပြုံးက ပျောက်ကွယ် သွားသလို ဘေးမှ​ဂူတုံးလျို၏ မျက်နှာကလည်း အေးစက် သွားသည်။

ထိုစဉ်မှာပင် ရီဖူရှင်းက ပြောသည်… “ကျုပ်ရဲ့ အစ်မ၂ပြောတာက ကျုပ်သဘောပဲ…” သူက ကျောက်ရာအား အေးစက်စွာ ကြည့်သည်။ သူက ကျောက်ရာ၏ မောက်မာမှုကို ခံစားမိသည့်တိုင် ရီဖူရှင်းတွင် လာရောက် စော်ကား၍ ​မရသော လူများ ရှိပေသည်။

“ဒါဆိုလည်း…” ကျောက်ရာက ထရပ်ကာ ရှေ့ကို တက်လာသည်။ သူက ရီဖူရှင်းအား ပြုံးလျက် ပြောသည်… “ကျုပ် ကျောက်ရာက နန်းတော်သခင်ရီနဲ့ တစ်ကွက် နှစ်ကွက်လောက် စမ်းကြည့်ချင်ပါတယ်…”

မရေမတွက်နိုင်သော မျက်လုံးများက သူ့ထံကို ရောက်လာသည်။ ကျောက်ရာက လက်ရည် စမ်းလိုသည်ဟု ပြောသော်လည်း သူက ရီဖူရှင်းအား စိန်ခေါ်သည်မှာ ထင်ရှား၏။

ပတ်ဝန်းကျင်က တစ်ဖန် တိတ်ဆိတ် သွားပြန်သည်။ အားလုံး၏ မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။

သူက စိန်ခေါ်မှုကို လက်ခံပါ့မလား။

ရီဖူရှင်း၏မျက်နှာက ပြုံးရောင်သန်း သွားသည်။ သူက ထရပ်ကာ ကျောက်ရာကို ပြောသည်… “မင်းသား ... ကျုပ် ... နန်းတော်သခင်က ခင်ဗျားကို တစ်ခုနှစ်ခု သင်ပေးရတာပေါ့…”

မရေမတွက်နိုင်သော မျက်လုံးများက အေးခဲ သွားကြသည်။

ကျုပ်... နန်းတော်သခင်က ခင်ဗျားကို တစ်ခုနှစ်ခု သင်ပေးမယ်တဲ့လား။

ရီဖူရှင်းက ပြည်နယ်ကိုးခုမှ လူတိုင်း၏ရှေ့တွင် ပထမဆုံးအကြိမ် မိမိကိုယ်ကို နန်းတော်သခင်ဟု ရည်ညွှန်းကာ ကျောက်ရာအား သင်ကြားပေးမည်ဟု ပြောခဲ့သည်။ သင်ကြားပေးမည် ဆိုခြင်းတွင် တခြားနည်းဖြင့် ပညာပေးမည်ဟု အဓိပ္ပာယ် ရပေ၏။

ထိုစကားလုံးများက လူကြီးမှ​လူငယ်ကို ဆိုသောစကားနှင့် အလားသဏ္ဌာန်တူ၏။ ဂုဏ်ပုဒ်နှင့် မာနတရားတို့က ထင်ရှားသည်။ သို့သော်လည်း သူက ရှီတန်ခိုးအဆင့်ကို ရောက်သည်မှာ မကြာသေးသည့် အလျောက် သူတို့ကား မျိုးဆက် တစ်ခုတည်းဟု သတ်မှတ် နိုင်ပေသည်။ ကျောက်ရာက သူ့ထက် အားနည်းလိမ့်မည် မဟုတ်ပေ။

ကျောက်ရာက မင်းသား တစ်ပါးဖြစ်ကာ ရီဖူရှင်းက ပြည်နယ် ခေါင်းဆောင် ဖြစ်သည့်တိုင် ဆုတ်ယုတ်နေသော မြေရိုင်းပြည်နယ်က ကျောက်မဟာ ပြည်ထောင်ကို မည်သို့ ယှဉ်နိုင်မည်နည်း။ ထို့ကြောင့် ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ ဆက်ခံသူ ကျောက်ရာက ရီဖူရှင်းကို အဆင့်အတန်းတူ သဘောဖြင့် ဆက်ဆံခြင်း ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းက အမှန်ပင် ကျောက်ရာ၏ သဘောထားကို ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။ သူက ပညာလိုချင်သည် ဆိုပါက တစ်ခုနှစ်ခု သင်ပေးရတာပေါ့... ဟု လူကြီးမှ​ လူငယ်ကို ပြောဆိုသည့်အလား ပြုမူခဲ့၏။

အားလုံးက စိတ်လှုပ်ရှား လာကြသည်။ သည်နှစ် ပြည်နယ်ကိုးခု ညီလာခံတွင် မြေရိုင်းပြည်နယ်ကား အလွန်အမင်း တောက်ပလွန်း၏။ ယူချင်းက ပြိုင်ပွဲ ပထမရသည်တွင် အားလုံးက ရီဖူရှင်း၏စွမ်းရည်ကို စိတ်ဝင်စား လာကြသည်။ ယခု သူကား ရှေ့ကို ထွက်လာပြီ ဖြစ်သည်။ အရှေ့ဘက် ပြည်နယ်မှ ရှန့်ထိုများပင် စိတ်ဝင်စားခြင်း ကြီးစွာဖြင့် တိုက်ပွဲကို ကြည့်နေကြသည်။

အဆုံးအစမဲ့သော အလင်းများ ကျောက်ရာထံကို ဆင်းသက် လာကြသည်။ ဧရာမ ဖီးနစ်ငှက်ကြီး တစ်ကောင်က ဝေဟင်ထက်တွင်ပေါ်လာ၏။ အတောင်ပံများကို ဖြန့်လိုက်သည်တွင် လေထဲ၌လည်း မရေမတွက်နိုင်သော ဖီးနစ်ပုံရိပ်များ ဖြစ်ပေါ်လာကာ ရီဖူရှင်းထံသို့ တိုးဝင်လာကြသည်။

“ခင်ဗျားဆီက သင်ယူရတာ ဂုဏ်ယူစရာပါ… နန်းတော်သခင်ရီ…” ကျောက်ရာက တင်းမာစွာ ပြောသည်။ ရီဖူရှင်းက သူ့အား ထိုမျှ မာကျောစွာ တုံ့ပြန်မည်ဟု မထင်ထားခဲ့ပေ။ ရီဖူရှင်းက သူ့အား မည်သို့ သင်ပေးမည်ကို သူသိလိုသည်။

ရီဖူရှင်းက အေးစက်စွာ ပြန်ကြည့်သည်။ သူ့အနီးတွင် ကြယ်တာရာများ ဖြစ်ပေါ်လာကာ ဖီးနစ်ပုံရိပ်များအား တားဆီးထားသည်။ စကားပြောနေရင်းကပင် သူတို့က စတင်တိုက်ခိုက် နေကြပြီဖြစ်သည်။

မရေမတွက်နိုင်သော လူများက ကျောက်ရာကို ကြည့်ကာ ပင့်သက်ရှိုက် လိုက်ကြသည်။ ဧရာမဖီးနစ်ငှက်ကြီးက အတောင်ပံကို ခတ်သည်တွင် လေထဲတွင် ပိုမိုသော ဖီနစ်ပုံရိပ်များ ဖြစ်ပေါ်လာပြီး မုန်တိုင်းအသွင် ပြောင်းလဲကာ လေဟာနယ်ကို ဖြတ်သန်း တိုက်ခတ်လာကြသည်။

ဖီးနစ်များက ကောင်းကင်မှ ဆင်းသက် လာကြသည်တွင် အားလုံးက အလွန်လှပသော မြင်ကွင်းတစ်ခုကို မြင်ကြရသည်။

“ကျောက်ရာက အတည် တိုက်နေပြီ…” အားလုံးက တွေးမိကြသည်။ ကျောက်ရာက လွန်ခဲ့သော နှစ်အနည်းငယ်ကမှ ရှီအဆင့်ကို တက်လှမ်းခဲ့ခြင်း ဖြစ်သော်လည်း သူ၏ အခြေခံအုတ်မြစ်က ခိုင်ခံ့နေပြီးဖြစ်ကာ လောကဓာတ်များ ကလည်း ရင့်သန်ပြီး ဖြစ်သည်။ သူကား ပတ်ဝန်းကျင်မှ အရာအားလုံးကို တစ်ယောက်တည်းဖြင့် ထိန်းချုပ်နိုင်၏။

***

All Chapters