← Chapters

လင်းရီ အဖမ်းခံလိုက်ရပြီ

Vol. 64 Ch. 957

လင်းရီ အဖမ်းခံလိုက်ရပြီ

Vol. 64 Ch. 957

ရဲကားထဲတွင်တော့ လင်းရီနှင့် ကျန်သူများအားလုံး ပလတ်တီနမ် လက်ကောက်ကိုယ်စီနဲ့ ကားထဲ ထည့်ပိတ်ခံထားကြရ၏။

“ ဒီလက်ထိပ်တွေက အတုတွေထက် ပိုပြီး မိုက်တာပဲကွ…” လျန်ကျင်းမင်မှ မှတ်ချက်ပြုလိုက်ပြီး “ အရည်အသွေးကလည်း တော်တော်လေး မဆိုးဘူး..”

“ မင်းက အတုတွေ ဝယ်ဖူးတယ်ပေါ့…” ကောင်းကျုံးယွမ် အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။

“ အင်း… ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းအောင်လို့လေ…”

“ သေစမ်း…. မင်းတော့ တကယ့်ကောင်ပဲကွ…”

“ မင်းကမှ တကယ့်ကောင်…” လျန်ကျင်းမင်မှ ပြောလိုက်ပြီး “ ခုဆို မင်းနဲ့ အစ်ကိုကြီးလင်းတို့က ကောင်မလေး ကိုယ်စီနဲ့……ဆိုတော့ ဒီလိုကိစ္စတွေကို ပိုပြီး အာရုံစိုက်ထားသင့်တယ်… မဟုတ်လို့ကတော့ အချိန်ကြာလာတာနဲ့ ပိုပိုပြီး ငြီးငွေ့ဖို့ ကောင်းလာတော့မှာ… အချိန်တိုင်း အခါတိုင်း စိတ်လှုပ်ရှားစရာလေးတွေ ဖြစ်အောင် လုပ်ဖို့ ယောက်ျားလေးတွေရဲ့ တာဝန်ကွ… အဲ့တာက မင်း ရိုမန်တစ်ဆန်တဲ့ ဘဝကို ဘယ်လိုထိန်းသိမ်းလဲ ဆိုတာပဲ…”

“ မင်း အဲ့စကား ကောင်းကြီးကိုပဲ ပြောရမှာ… လင်းကြီးလို တစ်နေ့ တစ်ယောက် ပြောင်းအိပ်နေနိုင်တဲ့ကောင်ကတော့ သူ့အတွက် အမြဲ အသစ်အဆန်း ဖြစ်နေမှာပဲ…” ချင်းဟန်မှ ပြောလိုက်သည်။

“ ငိုးမသားတွေ… မင်းတို့ ငါ့နာမည် ဖျက်ဆီးနေတာတွေ တော်လိုက်ကြတော့… ငါက လူကြီးလူကောင်းပါဟ… “

“ မင်းက လူကြီးလူကောင်းဆို ငါတို့ သုံးယောက်က သူတော်စင်တွေပေါ့…”

“ ဟားဟား… အစ်ကိုကြီးလင်းကတော့ တကယ့်ကို မကောင်းတဲ့ကောင် အကြီးစားပဲ… တကယ်လို့များ အမှတ်ပေးဇယားသာ ရှိခဲ့လို့ကတော့ သေချာပေါက် နံပါတ်တစ် နေရာရလောက်တယ်…” လျန်ကျင်းမင်လည်း ဟားတိုက်ရင်း ပြောဆိုလိုက်သည်။

“ ဒါတော့ ငါလည်း ထောက်ခံတယ်…” ကောင်းကျုံးယွမ်လည်း ထောက်ခံပြောဆိုလိုက်၏။

လေးယောက်မှ တစ်ယောက်ကိုတစ်ယောက် လှောင်ရင်းပြောင်ရင်း ဟားတိုက်နေကြသည်ကို မြင်တော့ ကားရှေ့တွင် ထိုင်နေသည့် ရဲအရာရှိမှ မျက်မှောင်ကြုတ်သွားခဲ့သည်။

‘ လူ့ယဉ်ကျေးမှု နားမလည်တဲ့ ဘောက်မသား တစ်သိုက်… ဒီလိုအချိန်မျိုးမှာတောင် ဟာသလုပ်နိုင်ကြသေးတယ်… တည်တည်တံ့တံ့ဖြစ်သွားအောင် နားရင်းပရင်းလေး တီးပေးလိုက်မှ ထင်တယ်’

ထိုအကြောင်းတွေးမိတော့ ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် ရဲအရာရှိမှ ခေါင်းခါရမ်းလိုက်သည်။

ဒီနေ့ခေတ် လူငယ်တွေကတော့ ရဲတင်းသထက် ရဲတင်းလာကြတော့တာပဲ..

မိနစ်နှစ်ဆယ်အတွင်း အုပ်စုမှာ ကောင်တီအချုပ်ဆီသို့ ခေါ်ဆောင်လာခြင်း ခံရလေသည်။

ကျိုးအိုက်မင် သူ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူ လင်းရီရှေ့ ရောက်လာခဲ့၏။

ထိုအချိန်တွင်ပဲ ကောင်တီ ပြည်သူ့လုံခြုံရေး ဗျူရို၏ ဒုတိယ အာဏာအရှိဆုံးသူ လျိုယွင်ချိန်လည်း အပြင်သို့ ထွက်လာခဲ့ပြီး “ ကျိုးကြီး… ဒီကောင်တွေက ဘာကောင်တွေလား…”

ကျိုးအိုက်မင် လင်းရီနှင့် ကျန်သူများဖက် ကြည့်လိုက်ပြီး “ ဒီကောင်တွေက ပိုက်ဆံလက်ခံပြီး သူများကို ပစ္စည်းအတုတွေ ရောင်းပါတယ်ဆိုပြီး စွပ်စွဲတဲ့ကောင်တွေ… ဆိုင်ထဲက လူတွေကို ရိုက်နှက်ရုံတင်မကသေးဘူး.. သူတို့ ပစ္စည်းတွေကိုပါ ဖျက်ဆီးသွားကြသေးတာ…” ပြောပြီးနောက် ကျိုးအိုက်မင် လင်းရီကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး “ ပြီးတော့ ဒီကောင်.. လူအများကြီးကို ရိုက်နှက်ရုံတင် မကသေးဘူး.. အရက်သောက်ပြီးတောင် ကားမောင်းလိုက်သေးတယ်…”

“ အရက်သောက်ပြီး ကားမောင်းတယ်…” လျိုယွင်ချိန် လင်းရီကို ကြည့်လိုက်ပြီး “ ဒီနေ့ခေတ် လူငယ်တွေက တစ်ခုခုတော့ တစ်ခုခုပဲ.. ပိုပိုပြီး ရဲတင်းလာကြပြီ.. နိုင်ငံတစ်ဝန်း အရက်သောက်ပြီး ကားမောင်းတာကို ဒီလောက်ထိ တင်းကြပ်ထားတာတောင်မှ ဒီလိုမျိုး ဥပဒေကို ချိုးဖောက်ရဲနေတယ်… ဒါဥပဒေကို လုံးဝ လေးစားလိုက်နာမှု မရှိတာပဲ…”

“ ခုခေတ်ကလေးတွေက နာခံရကောင်းမှန်းကို မသိတော့ပါကွာ…” ကျိုးအိုက်မင် ပြောလိုက်ပြီး “ ငါ့အထင် အဲ့ဒီ ရဲကို မခန့်လေးစားလုပ်ပြတဲ့ ဗီဒီယို အတိုလေးတွေကြောင့်လို့ ထင်တာပဲ… ကြည့်ရှုသူ များတာကို စွဲလန်းပြီး ဘာမဆို လုပ်ရဲကိုင်ရဲတွေ ဖြစ်ကုန်ကြတာ…”

“ အင်း…. အဲ့ဒီ ဗီဒီယိုတွေက တကယ့်ကို အဆိပ်အတောက်ဆိုပေမယ့် သူ့ရဲ့ လွှမ်းမိုးမှုကလည်း မသေးဘူး…” လျိုယွင်ချိန် ပြောလိုက်ပြီး “ ရှေ့ နှစ်ရက်လောက်တုန်းက ကောင်တီထဲ အရက်သောက်ပြီး ကားမောင်းတဲ့ကောင်တစ်ကောင် ငါတို့ရှေ့တင် မောင်းပြီး ထွက်ပြေးသွားခဲ့တာ… အဲ့တာကို vd ရိုက်ပြီး ငါတို့ မိအောင် မဖမ်းနိုင်ပါဘူးဆိုပြီး လိုင်းပေါ်တင်လိုက်တယ်လေ… မင်းစဉ်းစားကြည့်.. နောက် ငါတို့ဖမ်းမိတော့ အင်တာနက်ပေါ် အတန်းရှင်း ရှာချင်လို့ပါတဲ့… ငါယီးပဲပေါ့….”

“ ဒီကောင်တွေလည်း အတူတူပဲ… မြို့ထဲမှာတုန်းက တော်တော်လေးကို မောက်မာနေကြတာ… လာတဲ့လမ်းမှာတောင် ဟေးလားဝါးလားနဲ့.. ငါတို့ကို မခန့်လေးစားလုပ်နေကြတာ..” ကျိုးအိုက်မင် ပြောလိုက်ပြီး “ ငါ့အထင် တကယ်လို့ ဒီကိစ္စ ပြင်းပြင်းထန်ထန် မဆောင်ရွက်ဘူးဆိုရင် ဒီကောင်တွေ အမှတ်သည်းခြေ ရှိမှာ မဟုတ်ဘူး…”

“ အင်း… နှစ်သစ်ကူးပွဲကလည်း မပြီးသေးတော့ ဒီလိုကိစ္စမျိုး ဖြစ်လာရင် သေချာပေါက် တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှကို ဖြစ်မှာ…”လျိုယွင်ချိန် ပြောလိုက်သည်။

ထို့နောက် သူ လင်းရီတို့အနား ရောက်ရှိလာပြီး “ ကောင်လေး… မင်း ဘာလုပ်ခဲ့လဲ မင်းသိလား… မင်း ငါတို့ကို အားလပ်ရက်မှာ ခေါင်းကိုက်အောင် လာလုပ်နေတာပဲကွ… မင်းတို့လိုကောင်တွေကို နောင်ကြဉ်သွားအောင် သေချာလေး ဂရုစိုက်ပေးမှဖြစ်မှာ…”

လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်၏။

“ ကျုပ် အားလုံး ဝန်ခံတယ်…”

“ မင်းမှာ မိသားစုဝင်တွေရှိလား… ရှိရင် သူတို့ကို ဖုန်းဆက်လိုက်… ဘာဖြစ်နေလဲ သူတို့သိဖို့လိုတယ်…”

လျိုယွင်ချိန်မှ နယ်ပယ်အတွင်း ဗန်းစကားကို ပြောဆိုလိုက်ခြင်းပင်။

သူဆိုလိုသည်က ‘ မင်းရဲ့ မိသားစုဝင်တွေကို ခေါ်လိုက်… တကယ်လို့ သူတို့က အလိုက်ကန်းဆိုး သိတယ်ဆိုရင် လျော့ပေါ့ပြီးပဲ ပြစ်ဒဏ်ပေးလိုက်လို့ရတယ်…’

ယခုလို လုပ်ဆောင်မှုမျိုးကိုတော့ မြို့အသေးစားလေးများ၌သာ ဆောင်ရွက်နိုင်လေသည်။ အကယ်၍ တင်းကြပ်သည့် ကျိုးဟိုင်တွင်တော့ မည်သူမျှ ထိုသို့ လုပ်ဝံ့ကြလိမ့်မည် မဟုတ်ချေ။

မူလကလည်း ကျိုးအိုက်မင် ထိုသို့ ပြုလုပ်ရန် စဉ်းစားထား၏။ သို့သော်လည်း လင်းရီတို့က ခေါင်းမာနေသောကြောင့်သာ ဤနေရာအထိ ခေါ်ဆောင်လာခဲ့ခြင်းပင်။

သို့တိုင်အောင် လင်းရီနှင့် ကျန်သူများကတော့ ၎င်းတို့၏ မိသားစုဝင်များအား ပါဝင်ပတ်သက်စေလိုကြခြင်း မရှိသောကြောင့် ရိုးရှင်းစွာဖြင့်သာ အထဲသို့ ၀င်လိုကြသည်။

“ ကျုပ်က တစ်ကောင်ကြွက်.. မိဘမဲ့.. ကျုပ်ကို ဂရုစိုက်ပေးမယ့်သူ မရှိဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ တစ်ပြားတစ်ချပ်လေးတောင် ရဖို့ မစဉ်းစားထားနဲ့…”

“ သောက်ပေါက်တတ်ကရ…” လျိုယွင်ချိန် ကျယ်လောင်သည့် အသံဖြင့် ပြောလိုက်ပြီး “ မင်းဘာပြောနေလဲဆိုတာ မင်းကိုယ်မင်းကော သိရဲ့လား…”

“ သိပ်သိတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ သုံးနေကျ ဗန်းစကားတွေ အကုန်လုံးကို ကျုပ် နားလည်ပြီးသား… ကျုပ်ဆီကတော့ ရဖို့ မစဉ်းစားနဲ့…. လိုချင်ရင် ဟိုသုံးကောင်ကိုပြော… သူတို့မိဘတွေက အလတ်ကြီးရှိသေးတာ… ခင်များတို့ကို ပိုက်ဆံ အများကြီး ပေးနိုင်တယ်…”

“ လူငယ်လေး… မင်းက အရက်သောက်ပြီး ကားမောင်းရုံတင် မကသေးဘူး.. အရက်မူးပြီးပါ ပရမ်းပတာတွေ လျှောက်ပြောနေတာပဲ… ခဏနေကျရင် မင်းကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်နေ….”

ပြောပြီးနောက် လျိုယွင်ချိန် ကျန်သုံးယောက်ကို ကြည့်လိုက်ပြီး “ မင်းတို့ မိဘတွေဆီ ဖုန်းဆက်ပြီး ဒဏ်ငွေ လာဆောင်ခိုင်းလိုက်….”

“ မိဘတွေ ကိုယ်တိုင် လာမှ ဖြစ်မှာလား..” ချင်းဟန် ပြောလိုက်ပြီး “ ကိုယ်စားပြုအနေနဲ့ တစ်ခြားတစ်ယောက်ကော မရဘူးလား…”

“ ဘာလို့လဲ… မင်း အခု ကြောက်နေတာလား… မင်းမိဘတွေ ပတ်ဝန်းကျင်မှာ မျက်နှာငယ်နဲ့ ဖြစ်မှာကို မင်း အခု စိုးရိမ်သွားတာလားကွ…” လျိုယွင်ချိန် ပြောလိုက်ပြီး “ ငါ ပြောမယ်…မင်းတို့ကောင်တွေ ခုမှ နောင်တရချင်ရင်တောင် အရမ်း နောက်ကျသွားပြီ.. ခေါ် … အခုချက်ချင်းခေါ်….”

“ ကြည့်ရတာတော့ ရွေးချယ်စရာ မရှိတဲ့ပုံပဲ…” ချင်းဟန် ရယ်မောလိုက်ပြီး ဖုန်းထုတ်၍ သူ့ အဖေ ဖုန်းနံပါတ်ပေါ် နှိပ်လိုက်၏။

“ ဟယ်လို အဖေ… ကျွန်တော် အခု စစ်ဖန်းက ကောင်တီရဲစခန်းမှာ … လာပြီး အာမခံငွေနဲ့ ထုတ်ပေးလှည့်ပါဦး…”

“ ဟာ အဖေ… ကျွန်တော် ဟာသလုပ်နေတာ မဟုတ်ဘူးဗျ.. တကယ်ကြီး ဒီရောက်နေတာ… ကောင်တီ ပြည့်သူ့လုံခြုံရေး ဗျူရိုအရာရှိကိုယ်တိုင် အဖေနဲ့ အမေကို ဒီလာပြီး ဒဏ်ကြေးလာဆောင်ရမယ်တဲ့… ကိုယ်စား တစ်ယောက်မှ လွှတ်လိုက်လို့ မရဘူးတဲ့..”

“ ကျွန်တော်လည်း တမင်တကာ ပြဿနာ လိုက်ရှာနေတာ မဟုတ်ပါဘူး အဖေရာ.. ဒီတိုင်း ရောပြီး အဆစ်ပါသွားတာ.. အဲ့တာတော့ ကျွန်တော်လည်း ဘာတတ်နိုင်မှာ..”

ထိုသို့ ပြောပြီးနောက် ချင်းဟန် ဖုန်းချလိုက်သည်။

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ကလည်း အသီးသီး ဖုန်းချလိုက်ကြလေသည်။

“ ဟားဟား… မင်းတို့ကောင်တွေ ရုပ်ကြည့်ရတာ ကောင်းကောင်းကြီး အဆဲခံလိုက်ရတယ်နဲ့တူတယ်…”

“ ငါ့အဖေပြောတာ မင်းကို တကယ့်ချီးထုပ်တဲ့…”

“ အေးဆေးပေါ့… သူငါ့ကို အဲ့လိုခေါ်တာ ခု တစ်ခေါက်မှ မဟုတ်တော့တာ..”

“ ဖုန်းခေါ်လို့ ပြီးကြပြီလား… ဒါဆို ရှည်ရှည်ဝေးဝေး စကားပြောနေတာတွေ တော်တော့…” လျိုယွင်ချိန် စိတ်မရှည်စွာ ပြောလိုက်ပြီး “ ဟေ့ကောင်တွေ… သူတို့ကို ချုပ်ထားလိုက်တော့…”

“ နားလည်ပါပြီ…”

ထိုအခိုက်အတန့်တွင် ကျိုးအိုက်မင် လျိုယွင်ချိန်၏ နားထဲသို့ စကားတစ်ချို့ တီးတိုးပြောလိုက်၏။

တစ်ဖက်သူမှာ ယွီတဲ့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာဖြစ်နေလဲဆိုတာ ချက်ချင်း နားလည်သွားခဲ့လေသည်။

“ နေဦး.... သူတို့ကို အခန်း ၁၀၇ထဲ ထည့်လိုက်…”

“ ဟုတ်ကဲ့ … နားလည်ပါပြီ…”

……….

ကျိုးဟိုင် တပ်ဧရိယာ။ မိသားစုခြံဝန်း။

“ ရန်ဘိုးဘိုး.. သမီး ရေနွေးကြမ်း ဖျော်ပေးမယ်… အဘိုးပြောတာ ဒါ ဆေးလက်ဖက်ခြောက်တဲ့… သမီးကို အတင်းယူသွားခိုင်းလိုက်တယ်လေ…”

“ ဘာလို့ လက်ဖက်ခြောက်ပဲ ပါလာခဲ့တာ…” ရန်ကွမ်းရှ ပြောလိုက်ပြီး “ ကလေးမစုတ်… မင်း ငါ့ကို လာမလိမ်နဲ့.. ဟို အရိုးအိုကြီးဆီမှာ ဝိုင်ပုလင်းကောင်းတွေ အများကြီး ရှိတာ ငါသိတယ်.. ဘာလို့ ငါ့အတွက် တစ်ပုလင်းလောက် မယူလာခဲ့ပေးတာ….”

“ အိုက်ယား… အဲ့တာကလေ..” လျန်ရူရွှယ် ပြောလိုက်ပြီး “ နှစ်သစ်ကူးမတိုင်ခင်ကတည်းကရင် အန်ကယ်ချိန် အိမ်အလည်လာတော့ ဘွားဘွားက ဝိုင်ကောင်းတွေကို အကုန်ပေးပစ်လိုက်တာ… အဘိုးတောင် တစ်စက်လေးမှ မသောက်လိုက်ရဘူး…”

“ ဒါကြီးကတော့ လုံးဝမမျှတတာပဲကွ..” ရန်ကွမ်းရှ စောဒကတက်လိုက်ပြီး “ အမှန်ဆို ငါ့ကို ပေးလိုက်ရမှာ…”

လျန်ရူရွှယ်နှင့် မိုဟုန်ရှန်းတို့ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ကြသည်။

အသက်ကဖြင့် ဒီလောက်ကြီးနေပြီကို ဘာလို့ မတည့်တဲ့ ဝိုင်ကိုမှ သောက်ချင်နေရတာ…

ကလင် ကလင် ကလင်…

ထိုအခိုက်အတန့်တွင် လျန်ရူရွှယ်၏ ဖုန်းသံ မြည်လာခဲ့၏။

သူမ ဖုန်းနံပါတ်ကို တစ်ချက်ကြည့်ပြီးနောက် ဖုန်းဖြေလိုက်သည်။

“ ဘာပြောတယ်.. လင်းရီ အဖမ်းခံရတယ် ဟုတ်လား…”

All Chapters