ဟိတ်ဟန်ထုတ်ခြင်း
Vol. 64 Ch. 958
“ ဘာဖြစ်ခဲ့လဲ ငါ့ကို အတိအကျပြောစမ်း..”
နောက် လေးငါးမိနစ်ထိအောင် လျန်ရူရွှယ် ဖုန်းပြောနေခဲ့သည်။ ဖုန်းခေါ်လာသူက ကျိုးဟိုင် အခွန်ဌာန၏ ခေါင်းဆောင်ဖြစ်သူပင်။
တစ်ဖက်သူမှာ ဟော်ယွမ်ယွမ်နှင့် နက်ရှိုင်းသည့် စီးပွားရေး ပတ်သက်မှုတို့ ရှိထားသောကြောင့် သူမ ဟော်ယွမ်ယွမ်တင်သည့် ဝီချက်ပို့စ်ကို ဖုန်းဖွင့်သည်နှင့် အခါအားလျော်စွာ ချက်ချင်း မြင်တွေ့လိုက်ရ၏။
ထိုအထဲ လင်းရီကိုပါ စခရင်ပေါ် မြင်တွေ့လိုက်ရသောကြောင့် သူမ လျန်ရူရွှယ်ထံ ချက်ချင်း ဖုန်းခေါ်လိုက်ရခြင်းဖြစ်သည်။
“ ဘာလဲဖြစ်တာ… ဘာလို့ အဲ့ကလေးက အဖမ်းခံလိုက်ရတာလဲတဲ့…” ရန်ကွမ်းရှ ထိုင်နေရင်း မေးမြန်းလိုက်သည်။ သူ၏ လေသံထဲ ဝေခွဲမရ ဖြစ်နေသည့် အသံတို့ပါ ရောစွက်လို့နေသည်။
“ သမီးလည်း ဘာဖြစ်နေမှန်း အသေအချာ မသိသေးဘူး..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ပြီးတော့ အဖမ်းခံရတာက လင်းရီ တစ်ယောက်တည်းမဟုတ်ဘူး… ချင်းမိသားစုက ချင်းဟန်ရယ်… လျန်မိသားစုက လျန်ကျင်းမင်ရယ်.. နောက်ပြီး ကောင်းမိသားစုက ကောင်းကျုံးယွမ်ပါ အဖမ်းခံခဲ့ရတာ…”
“ လင်းရီအပြင်ကို ကျိုးဟိုင်က တခြား နာမည်ကြီး မိသားစုက ဆက်ခံသူတွေပါ အဖမ်းခံလိုက်ရတယ်လား…” မိုဟုန်ရှန်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
“ ဘာဖြစ်လဲ စုံစမ်းကြည့်လိုက်ဦးမယ်… ဟင်း… ဘယ်လို အရှုပ်တော်ပုံတွေမှန်းကို မသိဘူး.. သူတို့ကို ဘယ်သူကများ ဒီလို ဖမ်းရဲတဲ့ သတ္တိတွေ ပေးလိုက်ပါလိမ့်..”
လျန်ရူရွှယ် ဖုန်းထဲ စကားပြောနေသည်ကို မြင်တော့ ရန်ကွမ်းရှ စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီး “ရှောင်မို… ခဏကျရင် မင်းနဲ့ မီလိလေး ကိုယ်တိုင်ကိုယ်ကျသွားပြီး အထက်ကပေးတဲ့ သတင်းကို သူ့နားထောင်ခိုင်းလိုက်… ပြီးရင် သူဘယ်လိုမြင်လဲကြည့်ကြည့်ခဲ့…”
“ အခု ပြောတော့မလို့လား….” မိုဟုန်ရှန်း တုံ့ဆိုင်းသွားပြီး “ နည်းနည်းလေး စောလွန်းမနေဘူးလားလို့….”
“ ကြည့်ရသာ သူ နှစ်သစ်ကူးမတိုင်ခင် ရန်ချိန်သွားပြီး လူတစ်ချို့နဲ့ ပဋိပက္ခရှိခဲ့တယ်နဲ့တူတယ်.. ဒါကြောင့်မို့ အထက်က သူ့ကို ပါဝင်စေချင်နေတာ…”
“ ဒါပေမယ့် သိပ်အများကြီးတော့ မပြောနဲ့… ဒီတိုင်း အရိပ်အမြွက်လေးပဲပေး… ကောင်လေးက ဉာဏ်ကောင်းတဲ့သူပါ… အဲ့လောက်ဆို သူလည်း နားလည်ပါတယ်.. သူ ဘယ်လိုစဉ်းစားလဲ အရင်ကြည့်ကြတာပေါ့….”
“ ကောင်းပါပြီ.. ကျုပ် ကိုယ်တိုင်ကိုယ်ကျ သွားလိုက်ပါ့မယ်…”
“ အင်း…ကောင်းပြီ…”
………….
ကောင်တီ ရဲဌာန၌ လင်းရီနှင့် ကျန်သူများမှာ စစ်ဆေးမေးမြန်းခန်းထဲ တစ်ဖန် သွတ်သွင်းခံရပြီးနောက် အချုပ်ထဲ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
“ ဝင်သွား… ထိန်းထိန်းသိမ်းသိမ်းနေ… ဘာရုန့်ရင်းဆန်ခတ်မျိုးမှ မဖြစ်စေနဲ့.. မဟုတ်လို့ကတော့ မင်းတို့ လက်ရှိအမှုထက် ပိုဆိုးရွားသွားစေရမယ်…”
လင်းရီတို့ ဘာမျှပြန်မပြော။ လေးယောက်သား တစ်ယောက်ပြီးတစ်ယောက် အထဲ ဝင်သွားခဲ့ကြသည်။ အချုပ်ခန်းက အရမ်းမကြီး။ အတိုင်းအတာအရ နှစ်ဆယ် ပတ်လည်စတုရန်းမျှသာရှိသည်။
“ ဖက်ခ်… ငိုးမ… နံစော်နေတာပဲကွာ…” ချင်းဟန် နှာခေါင်းပိတ်ရင်း ပြောလိုက်သည်။
“ အေး...ဒီမှာပဲ စားသောက်စွန့် လုပ်မှတော့ မနံဘဲ နေပါ့မလားကွာ.. “ လင်းရီ ပြုံးလိုက်ပြီး “ ဒီတိုင်း သည်းခံလိုက်…”
“ ဒါပေမယ့် ဒီနေရာကြီးက တကယ့်ကို သေလောက်စရာပဲ..” လျန်ကျင်းမင် ပတ်ပတ်လည်တဝိုက် ကြည့်ရှုရင်း ပြောလိုက်ပြီး “ ဒါတောင် အချုပ်ပဲ ရှိသေးတာနော်.. တကယ်လို့များ အကျဉ်းထောင်အစစ်ထဲသာ ဝင်ရလို့ကတော့ ကမ္ဘာ့ငရဲပဲ နေမှာ…”
“ ဒါကြောင့် ဒီနေ့ခေတ်မှာ ဥပဒေကို မချိုးဖောက်တာ အကောင်းဆုံးပဲလို့ ပြောကြတာပေါ့ကွ… အေးအေးချမ်းချမ်းနဲ့ သာမန်လူလုပ်တာပဲ ကောင်းတယ်….” သို့သော် လင်းရီ ထိုစကားပြောရင်းဖြင့် သူ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့သည်။
သူ၏ အစ်ကိုကြီးက ထိုအထဲ အချိန်ကာလအားဖြင့် ငါးနှစ်တိတိ ကုန်ဆုံးခဲ့ဖူးလေသည်။ ထိုမျှ ဆိုးရွားလှသည့် ပတ်ဝန်းကျင်၌ မည်သို့ ရှင်သန်နေထိုင်ခဲ့မှန်း လင်းရီ နားမလည်နိုင်ခဲ့ချေ။
ကျန်သုံးယောက်လည်း လင်းရီ စကားကို ခေါင်းညိမ့်သဘောတူလိုက်ကြသည်။
သူတို့ထဲက အချို့လည်း ဤနှစ်များတွင် ပြဿနာကို ရှာချင်တိုင်းရှာ၊ ထင်တိုင်းကျဲနေခဲ့ကြသော်လည်း မိသားစု အဆက်အသွယ်များက အံ့အားသင့်ဖွယ်ကောင်းနေခြင်းကြောင့်သာ ယခုလို နေရာမျိုးသို့ မရောက်ခဲ့ရခြင်းပင်။ အကယ်၍ သာမန်လူဆိုပါက ထောင်မှာ အိမ်ဦးနှင့် ကြမ်းပြင်ကဲ့သို့ ဖြစ်နေပေမည်။
“ သောက် ချီးထုပ်လေးတွေ… မင်းတို့က အသစ်လား… ဘာအမှုနဲ့လဲ…”
ပြောလာသူက ကုတင်ခြေရင်းတွင် ထိုင်နေသူပင်။ သူက ခြေကို လျော့ရဲရဲချိတ်ထားပြီး လင်းရီတို့ လေးယောက်အား စူးစမ်းလေ့လာသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေခဲ့၏။
လျန်ကျင်းမင် ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး “ ငါတို့ဘာ ငါတို့ ဘာအမှုနဲ့ ကျကျ အဲ့တာ မင်းအပူပါလား..”
“ ငိုးမသားလေး… လေသံက တယ်မာလှပါလား… ကြည့်ရတာ အထဲ မရောက်ခင် အရိုက်မခံခဲ့ရဘူးနဲ့တူတယ်.. “
ထိုအမျိုးသားမှ မတ်တပ်ရပ်လိုက်ပြီး လျန်ကျင်းမင်ရှေ့ ရောက်လာခဲ့သည်။ လင်းရီနှင့် ကျန်သူများလည်း အမူအရာတို့ ချက်ချင်း တင်းမာသွားခဲ့ကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့ကြလေသည်။
“ မင်းတို့ကောင်တွေ အဲ့တာ ဘာလုပ်နေကြတာ…”
နှစ်ဦးနှစ်ဖက်မှ ရန်ထောင် သတ်ပုတ်ကြတော့မည့်စဲစဲတွင် တာဝန်ကျ ရဲအရာရှိမှ အနားရောက်လာပြီး လှမ်းအော်လိုက်၏။
“ ချက်ချင်း လူစုခွဲကြစမ်း…”
အဆိုပါ အမိန့်ပေးသံကိုလည်းကြားတော့ ခေါင်းတုံးပြောင်ပြောင်နှင့် လူကြီးမှာ ချက်ချင်း အချိုးပြောင်းသွားခဲ့ပြီး အပြုံးလေးဖြင့် “ ဟုတ်ကဲ့… ပြန်သွားနေပါပြီဗျ… ဟဲဟဲ…”
လင်းရီနှင့် ကျန်သူတို့ကတော့ ရပ်မြဲရပ်လျက်။ သူတို့ အရာရှိ ပြောသွားသည့် စကားအား အထူးတလှယ် နှလုံးသွင်းမနေခဲ့ကြချေ။
ထိုအချိန်တွင် ယွီတဲ့ချိန် ရောက်လာခဲ့ပြီး ခန့်မှန်းနေစရာမလိုအောင် လှောင်ရယ် ထေ့ငေါ့နေသည့် အမူအရာဖြင့် “ ကောင်လေး… မင်း ဒီထဲ ဝင်ရမယ်လို့ မျှော်လင့်မထားဘူး… ဟုတ်တယ်မလား..”
“ ငါ တကယ်ကြီး ထင်မထားခဲ့တာ.. မင်း ဉာဏ်တော့ အတော်ကောင်းသားပဲ…”
“ ဟေ့ကောင်…တိုက်ခိုက် သတ်ပုတ်ပြီး လက်စားချေတဲ့ ခေတ်က ကုန်သွားပြီ… ငါမင်းကို ပြန်ရိုက်နိုင်ဖို့ အခွင့်ကောင်း စောင့်မယ်လို့များ မင်းထင်နေတာလား.. ခုခေတ်က ဦးနှောက်ဉာဏ်စွမ်းကို အသုံးချပြီး ရှင်သန်ရတဲ့ခေတ်.. မင်းက တိုက်ရည်ခိုက်ရည်ကောင်းတာနဲ့ပဲ ဘယ်သူကမှ မင်းကို မကိုင်တွယ်နိုင်တော့ဘူး ထင်မနေနဲ့…”ယွီတဲ့ချန် ပြောလိုက်ပြီး “ မင်းလို လူက အများဆုံးရှိလှ အမြှောက်စာပေါ့(ထိုးကျွေးခံ)…. အစတုန်းကတည်းကရင် ဦးနှောက်ထဲကို မထည့်တာ….”
“ ပြီးတာ့ မင်း တိုက်ခိုက်တာ စောက်ရမ်း ကျွမ်းတယ် မဟုတ်ဘူးလား….ငါ ပြောပြမယ်… ဒီထဲမှာရှိတဲ့ ဘယ်သူကမှ ကိုင်တွယ်ရလွယ်တဲ့ကောင် တစ်ကောင်မှ မပါဘူး… မင်းရဲ့ မောက်မာမှုကို ဘယ်အချိန်ထိ ဆက်ထိန်းထားနိုင်မလဲ ငါကြည့်စမ်းမယ်….”
“ ငါကတော့… ငါဆက်ပြီး မောက်မာနိုင်တယ်လို့ ထင်တုန်းပဲ… ဒါပေမယ့် မင်းအတွက်ကတော့ မတူဘူး..”လင်းရီ ပြုံးလျက်ဆိုလိုက်သည်။
“ အထဲရောက်နေတာတောင် လေတစ်စက်မှ မလျော့တဲ့ မင်းလိုလူစားမျိုးကို ငါပထမဆုံး မြင်ဖူးတာပဲ…” ပြောပြီးနောက် ယွီတဲ့ချန် ခေါင်းတုံးပြောင်ပြောင်ကြီးအား ကြည့်လိုက်ပြီး “ လူကို မုန့်ညက်ညက်ကျေအောင် ရိုက်နှက်ပစ်လိုက်တဲ့ စွန်းရုံဟိုင်ဆိုတာ မင်းမလား…”
စွန်းရုံဟိုင် ယွီတဲ့ချန်ကို ကြည့်လိုက်ပြီး “ မင်းငါ့ကို သိနေတယ်..”
“ သိရုံတင် မကသေးဘူး.. မင်းအခြေအနေကိုပါ နားလည်ပြီးသား… မင်းက တော်တော်လေး အရည်အချင်းရှိပါတယ်.. ဒါကြောင့် မင်း အာသီသရှိတဲ့အချိန် ဖွာလို့ရအောင် စီးကရက် နည်းနည်း ယူလာပေးတယ်…”
ယွီတဲ့ချန် ထုတ်လိုက်သည့် ကျုံးဟွာ စီးကရက် လေးဘူးကို မြင်တော့ စွန်းရုံဟိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
ယခုလို နေရာမျိုးတွင် ဤသည်က အဖိုးအနဂ္ဂထိုက်သည့် ပစ္စည်းများဖြစ်၏။ ငွေထက်ပင် ပို၍ အသုံးဝင်သေးသည်။ အကယ်၍ လေးဘူးဆိုလျှင်တော့ သူ အချိန်တော်တော်ကြာအောင် ဇိမ်ယူ၍ ရလေပြီ။သို့သော်လည်း စွန်းရုံဟိုင် အသွားအပြန်ရှိသည့် သဘောကို နားလည်ထားသည်။မည်သူကမျှ အလကားနေရင်း အလကားတော့ ယခုလို တန်ဖိုးကြီး ပစ္စည်းအား လာပေးကမ်းမည် မဟုတ်ချေ။
“ ငါမင်းကို ဘာပြန်လုပ်ပေးရမလဲ….”
“ ဂျက်ကတ်နဲ့အဲ့ဒီကောင်… ငါသူ့ကို သဘောမကျဘူး…. ငါ့ကိုယ်စား သင်ခန်းစာပေးပေး.. ဒီစီးကရက် လေးဘူးက မင်းအပိုင်ပဲ…”
“ မင်း လာနောက်နေတာလား… မင်း အလိုရှိတိုင်းနဲ့ ငါက သင်ခန်းစာ ပေးရရောတဲ့လား.. တကယ်လို့ ဝါဒန်(အစောင့်)မြင်သွားရင် ငါ ယီးဖြစ်မှာပေါ့… “
“ မပူနဲ့ .. ငါအားလုံး စီစဉ်ထားပြီးသား… နောက်နာရီဝက်အတွင်း ဘယ်သူမှ ရောက်မလာစေရဘူး.. မင်း လုပ်ချင်သာတာလုပ်…”
ထိုစကားကြားတော့ စွန်းရုံဟိုင် မျက်လုံးတဖျတ်ဖျတ် လက်လာခဲ့လေသည်။
“ အဲ့လိုဆိုရတယ်… ငါ့ကို စီးကရက်သာပေး..”
ယွီတဲ့ချန် တုံ့ဆိုင်းမနေပဲ စီးကရက် ပစ်ပေးလိုက်၏။
စွန်းရုံဟိုင် စီးကရက်ဘူးများကို လက်ထဲ တယုတယ ကိုင်ထားရင်း ရတနာ တစ်ခု ရရှိလိုက်သကဲ့သို့ ပြုမူနေသည်။ ထို့နောက် တစ်ခြားသူတို့ တောင်းသောက်မည်အား စိုးရွံ့ဟန်ဖြင့် ခေါင်းအုံးအောက် သိမ်းထားလိုက်ပြီး ကျေကျေနပ်နပ်နှင့် ပုတ်လိုက်၏။
“ ညီကို… ငါတို့ကိုရော… မင်းနှစ်ဘူးတည်းပေးကွာ… ငါတို့ သေချာပေါက် အဲ့မအေဘေးကို သင်ခန်းစာပေးပေးမယ်…” ဘေးအခန်းရှိ လူနှစ်ဦးမှ ယွီတဲ့ချန်အား စုံမက်စွာကြည့်၍ ပြောလိုက်၏။
“ မလိုဘူး…” ယွီတဲ့ချန် ပြောလိုက်ပြီး “ ငါ ဒီမလာခင်ကတည်းကရင် အခန်း ၁၀၇ က စွန်းရုံဟိုင်အကြောင်း စုံစမ်းပြီးသွားပြီ… သူက ဒီမှာ ဆရာကြီးပဲ.. သူတစ်ယောက်နဲ့တင် လုံလောက်ပြီ… ဒါပေမယ့် မပူနဲ့… ငါ မင်းတို့နှစ်ယောက်ကိုလည်း ခဏကျရင် တစ်ယောက် နှစ်ဘူးစီ ပေးမယ်.. တကယ်လို့ အခွင့်သာရင် အဲ့ကောင်ကို ထပ်ပြီး ဂရုစိုက်ပေးလိုက်…”
“ ဟားဟား… ပြဿနာ မရှိဘူး…”
ဘေးခန်းရှိ လူများနှင့် စကားခဏပြောပြီးနောက် ယွီတဲ့ချန် စွန်းရုံဟိုင်ကို ကြည့်လိုက်ပြီး “ အချိန်ကျပြီထင်တယ်… ခု စလိုက်တာပေါ့…”
စွန်းရုံဟိုင် ခေါင်းညိမ့်လိုက်သည်။ထို့နောက် သူ့ကိုယ်ပေါ်ရှိ ဖုန်များအား ခါခပ်ရင်း လင်းရီကို စူးရဲစွာ ကြည့်လိုက်၏။
“ ငါအစကတော့ မင်းတို့ကောင်တွေကို ရက်နည်းနည်းလောက် လွှတ်ထားပေးမလို့ပဲ…. ဒါပေမယ့်လည်း အခြေအနေတွေက သူ့ဟာနဲ့သူ လာခဲ့တော့…. ကဲ… ဘယ်သူ အရင်ဆုံး ကြမ်းပြင်နဲ့ ကုန်းနမ်းချင်လဲ….”