ခန့်မှန်းချက်။
Vol. 18 Ch. 264
အဖြစ်အပျက်များက ပြီးဆုံးသွားခဲ့သည်။
ကောင်းကင်ဘုံစိတ်ဝိဉာည်နယ်မြေက တိမ်ဖီးနစ်အင်ပါယာ၏ တရားဝင် လက်အောက်ခံနယ်မြေတစ်ခုဖြစ်လာခဲ့သည်။
ကောင်းကင်ဘုံလမ်းကိုပြုပြင်ပြီးနောက် ကန္တရဒေသ၏ တပ်ဖွဲ့များကို ကောင်းကင်ဘုံစိတ်ဝိဉာည်ကမ်ဘာသို့ ပို့ဆောင်လိုက်သည်။
ထိုသတင်းက နေ့တစ်ဝက်အတွင်း ပလိပ်ရောဂါကဲ့သို့ တိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
နယ်မြေစစ်ပွဲအတွင်းပါဝင်ခဲ့သော အဖွဲ့အစည်းများက အလွန်ပင် အံ့သြကျေနပ်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ယင်းမှ များစွာသော အကျိုးကျေးဇူးများကို ရရှိလိုက်နိုင်သောကြောင့်ဖြစ်သည်။
ဟုတ်ပေသည်၊ နယ်မြေစစ်ပွဲတွင် မပါဝင်ခဲ့ကြသော အဖွဲ့အစည်းများနှင့် တိမ်ဖီးနစ်အင်ပါယာ၏တိုက်ခိုက်ရန်အကြံကို မထောက်ခံခဲ့ကြသော အဖွဲ့အစည်းများကလည်း ရှုံးနိမ့်သွားပုံရသည်။
သူတို့က ဘာမှမရရုံသာမက အမှန်ပင် ကပ်ဘေးများကိုကြုံရနိုင်လေသည်။
"ဟူး၊ ဘာလို့ တိမ်ဖီးနစ်အင်ပါယာနဲ့ပူးပေါင်းဖို့ မရွေးချယ်မိခဲ့ရတာလဲကွာ"
"ဘယ်လိုဘဲဖြစ်ဖြစ် ငါတို့နယ်မြေစစ်ပွဲမှာရှုံးနိမ့်ခဲ့ရင် နယ်မြေက ဖျက်ဆီးခံရပြီး ငါတို့သေသွားလိမ့်မယ်"
"ငါလည်းဘဲ စွန့်စားပြီး တိမ်ဖီးနစ်အင်ပါယာနဲ့ပူးပေါင်းလိုက်ရမှာ"
အဲ့အချိန်တုန်းက ဒီလိုဖြစ်မယ်လို ဘယ်သူကသိမှာလဲ။
သူတို့ကို သူတို့ ရေတွင်းထဲက ဖားသူငယ်သာသာဘဲဟူ၍သာပြောလိုက်နိုင်သည်။
သူတို့က နောင်တရနေသော်လည်း ဘာမှလုပ်မရတော့ပေ။
ဖြစ်ပြီးသွားသည်က ဖြစ်ပြီးပြီဖြစ်လေသည်။
နောင်တရနေရန် အချိန်မရှိပေ။
တစ်ချိန်တည်းမှာ ကြောက်လန့်တကြားဖြစ်နေသော အချို့အဖွဲ့အစည်းများလည်းရှိပေသည်။
သူတို့က တိမ်ဖီးနစ်အင်ပါယာကို မထောက်ခံပါဟု တရားဝင်ပြောကြားခဲ့လေသည်။
သူတို့က တိမ်ဖီးနစ်အင်ပါယာပြန်လည်ထူထောင်ခြင်းကိုပင် ဆန့်ကျင်ခဲ့လေသည်။
စံအိမ်တော်နှင့် တိမ်ဖီးနစ်အင်ပါယာတို့နှင့်မသင့်မြတ်သော ဂိုဏ်းအဖွဲ့အစည်းများလည်းရှိသေး၏။
လက်ရှိ ထိုအဖွဲ့အစည်းများက...
တန်ဖိုးကြီးရတနာများကိုထုတ်ယူလာကြကာ တိမ်ဖီးနစ်မြို့ဆီသို့ တောင်းပန်ရန်ရောက်လာကြသည်။
တိမ်ဖီးနစ်အင်ပါယာက သက်ညှာပေးပါစေဟု သူတို့က မျှော်လင့်နေကြလေသည်။
သူတို့က ကြောက်လန့်နေကြသော်လည်း မလှုပ်ရှားရဲပေ။
တစ်ချို့ဂိုဏ်းများဆိုလျှင် သူတို့အသက်ကိုကယ်တင်နိုင်ရန် ဂိုဏ်းကိုပင်ပယ်ဖျက်လိုက်ကြသည်။
တိမ်ဖီးနစ်အင်ပါယာကို မုန်းတီးနေသော အဖွဲ့အစည်းများလဲရှိ၏။
ပထမဆုံး ကုန်းရုံးခံရသည့်အဖွဲ့အစည်းမှာ ဗုဒ္ဓဂိုဏ်းတော်ဘဲဖြစ်လေသည်။
အဖွဲအစည်းများက အနောက်ပိုင်းဒေသရှိ ဗုဒ္ဓဂိုဏ်းတော်ကို စောင့်ကြည့်နေကြသည်။
တိမ်ဖီးနစ်အင်ပါယာက ထိုသို့အစွမ်းကြီးမားပုံမျိုးဖြင့် ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မြင်ချင်နေကြသည်။
သိပ်မကြာခင် တိမ်ဖီးနစ်အင်ပါယာက သူတို့ကို အဖြေပြန်ပေးလေသည်။
ဧကရာဇ်မင်းဆရာက အဖွဲ့ကိုဦးဆောင်သည်။
ကျိုထျန်းမျိုးနွယ်စုနှင့် သူတို့၏နောက်လိုက်များက တပ်သားများကို ဦးစီး၍ အနောက်ပိုင်းဒေသသို့ ထွက်ခွာကြသည်။
သူတို့၏ပြစ်မှတ်က ဗုဒ္ဓဂိုဏ်းတော်ပင်။
ဗုဒ္ဓဂိုဏ်းတော်က ထိုသို့ဖြစ်လာမည်ကို ကြိုသိနေဟန်ရသည်။
ဗုဒ္ဓတောင်ပေါ်တွင် ရွှေရောင်အကာအရံတစ်ခုက ရှိနေလေသည်။
၎က ဗုဒ္ဓဂိုဏ်းတော်၏ အကာအကွယ်အစီအရင်ပင်။
မဟာအစီရင်၏အထဲတွင် ဗုဒ္ဓလေးပါးနှင့်အတူ ဗောဒိသတ္တများစွာက တိုက်ပွဲအတွက်ပြင်ဆင်ထားကြသည်။
လူတိုင်း၏ မျက်နှာတွင် မတူညီသော အမူအရာပေါင်းစုံရှိနေလေသည်။
တည်ငြိမ်ခြင်း၊ စိတ်မအေးခြင်း၊ ကြောက်လန့်နေခြင်းများပင်။
တိမ်ဖီးနစ်အင်ပါယာတပ်ဖွဲ့များက ဗုဒ္ဓတောင်ခြေရင်းသို့ ဆိုက်ရောက်လာကြသည်။
ဧကရာဇ်မင်းဆရာက တောင်ဝှေးကိုကိုင်ရင်း အော်မေးလိုက်သည်။ "အရှင်ဗုဒ္ဓက ဘယ်မှာလဲ"
ဗုဒ္ဓတောင်ထိပ်တွင် ရွှေရောင်အလင်းတစ်ခုက တောက်ပလာသည်။
မျက်တစ်ခတ်တွင် အရှင်ဗုဒ္ဓက ဧကရာဇ်မင်းဆရာ၏ ရှေ့သို့ရောက်လာလေသည်။
"ဗုဒ္ဓဂိုဏ်းတော်နဲ့ ဒီကုန်းမြေကြီးက သေမျိုးတွေရဲ့ကိုယ်စား ကိုယ်တော်က ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ"
ဧကရာဇ်မင်းဆရာက နှာခေါင်းရှုံ့ကာ "အရှင်ဗုဒ္ဓ၊ သူတော်ကောင်းယောင်ဆောင်တဲ့ စကားတွေပြောမနေပါနဲ့တော့"
"ကျုပ်တို့ ဒီကိုလာမွာ ခင်ဗျားတို့ကြိုသိနေတယ်မလား"
၎င်းကိုကြားသော် အရှင်ဗုဒ္ဓ၏ စိုးရိမ်ပူပန်သော အမူအရာတစ်ချက်မှမပြပေ။
ထိုသို့ဆန့်ကျင်စွာ တည်ငြိမ်နေလေသည်။
"ဒါပေါ့၊ ကိုယ်တော်တို့သိပါတယ်။ ဒါပေမယ့် ကိုယ်တော်တို့ကတော့ အစွမ်းရှိသလောက်ခုခံဦးမှာပါဘဲ" အရှင်ဗုဒ္ဓက ထူးမျခားနားစြာ ပြော၏။
"ဗုဒ္ဓဂိုဏ်းတော်တည်မြဲနေတာ နှစ်တစ်သောင်းကျော်ကြာမြင့်ခဲ့ပြီ။ အခြေခံအုတ်မြစ်က တည်တံ့ခဲ့တာကလည်း နှစ်တစ်သောင်းကျော်ခဲ့ပြီ။ ဒီလိုနဲ့ အဆုံးသတ်သွားလို့မရဘူး"
အရှင်ဗုဒ္ဓ၏ သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်က ရုတ်တရက်ထိုးထွက်လာတော့သည်။
ဗုဒ္ဓအလင်းရောင်လင်းလက်သွားပြီး ကောင်းကင်ပေါ်သို့ ပျံဝဲသွားတော့သည်။
၎င်းကိုမြင်လိုက်သောအခါ ဧကရာဇ်မင်းဆရာက တောင်ဝှေးကိုဆောင့်ချပြီး အရှင်ဗုဒ္ဓနှင့်အတူ ကောင်းကင်သို့ ပ်ံတက္သြား၏။
သိပ်မကြာ တိုက်ပွဲမှဖြစ်ပေါ်လာသော ငလျှင်လှိုင်းများကထွက်ပေါ်လာသည်။
သိုင်းဧကရာဇ်နယ်ပယ် တစ်ပိုင်းအဆင့်ကျွမ်းကျင်သူနှစ်ဦးတိုက်ပွဲက ထိုစစ္ပြဲကို အရှိုန်မြှင့်ပေးလိုက်သည်။
ကျိုထျန်းမျိူးနွယ်စု၊ လျှို့ဝှက်တာအိုကျောင်းတော်၊ လျှို့ဝှက်တာအိုဓားဂိုဏ်း၊ မုမျိုးနွယ်စု၊ လီမိသားစုနှင့် အခြားအဖွဲ့အစည်းများက သူတို့၏ အဖွဲ့သားများကိုဦးဆောင်ကာ ဗုဒ္ဓတောင်ပေါ်သို့ ဦးတည်ပြေးသွားတော့သည်။
ဗုဒ္ဓဂိုဏ်းတော်တွင် အာကာသနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ လေးဦးသားရှိလေသည်။
သို့သော်လည်း တိမ်ဖီးနစ်အင်ပါယာ၏ ဘက်တွင် ကျိုထျန်းမျိုးနွယ်စု၊ လျှို့ဝှက်တာအိုကျောင်းတော်မှ ကျောင်းအုပ်ယန်၊ လျှို့ဝှက်ဓားဂိုဏ်းချူပ် လင်းရုဖုန်း၊ မုမိသားစု၏ မုဟေဲာကျောစ်းနှင့် လီမိသားစုခေါင်းဆောင်တို့လို အာကာသနတ်ဘုရားကျွမ်းကျင်သူများပါရှိလေသည်။
ထိုလူအုပ်နှင့်ပင် ဗုဒ္ဓဂိုဏ်းတော်က ရှုံးနိမ့်နေသည်မှာ အသိသာပင်။
တစ်ချိန်တည်းတွင် စစ္ပြဲက သိပ်ကြာရှည်မခံလိုက်ပေ။
ဗုဒ္ဓဂိုဏ်းတောင်တော်တစ်ခုလုံးက သွေးစွန်းသွားခဲ့လေသည်။
ဗုဒ္ဓလေးပါးက ဒဏ်ရာအကြီးအကျယ်ရကာ အနားပတ်လည်တွင် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများက ဝန်းရံထား၏။
တစ်ဖက်သတ် လူသတ်ပွဲကြီးကိုကြည့်ကာ သူတို့က ခါးသီးစွာခံစားလိုက်ရသည်။
ယခင်တုန်းက ဗုဒ္ဓဂိုဏ်းတော်က ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။
ထိုဆုံးဖြတ်ချက်က မှန်ကန်ခဲ့သည်လား။
သို့သော်လည်း ၎က အရေးမကြီးတော့ပေ။
ဗုဒ္ဓဂိုဏ်းတော်၏ လူမ်ားကို တိမ်ဖီးနစ်အင်ပါယာရှိလူများသတ်ဖြတ်နေတာကို သူတို့ မတားဆီးနိုင်တော့ပေ။
သူတို့က ရပ်တည်ချက်တူခဲ့သည်မဟုတ်ပေ။
ဗုဒ္ဓဂိုဏ်းတော်က အရှုံးသမားဖြစ်ကာ ရှုံးနိမ့်သူက နောက်ဆက်တွဲအပြစ်ဒဏ်ကို တောင့်ခံနိုင်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုအခိုက်တွင် ဘုန်းကြီးအိုကြီးတစ်ပါးက ဗုဒ္ဓတောင်ထိပ်တွင် ပေါလာလေသည်။
ထိုဘုန်းတော်ကြီးက ညင်သာစွာ သက်ပြင်းချ၏။ "ဟူး... တကာကြီးတို့ ရပ်လိုက်ကြပါတော့"
သူ့အသံက အလွန်နူးညံ့၏။
သို့သော်လည်း လူတိုင်းက ကြားလိုက်ရသည်။
လူတိုင်းက မနေနိုင်ဘဲ မော့ကြည့်လိုက်သည်။
ထိုဘုန်းတော်ကြီး၏နောက်တွင် သန်မာသောအရှိုန်အဝါတစ်ခုက တဖြေးဖြေးမြင့်တက်လာသည်။
ထိုအရှိုန်အဝါကြောင့် အားလုံးက ရှော့ရသွားကြသည်။
သိုင်းဧကရာဇ်နယ်ပယ်တစ်ပိုင်းအဆင့်ပင်။
သိုင်းဧကရာဇ်တစ်ပိုင်းအဆင့်က တိမ်ဖီးနစ်အင်ပါယာ၏ ဘက်တွင်ရှိနေသည်။
နင်းချန်ရှင်းကလည်း မော့ကြည့်လိုက်သည်။
သူက အတန်ငယ်ကြောင်အသွားသည်။
ထိုဘုန်းတော်ကြီးက သူ့ကိုတပည့်အဖြစ်ခေါ်ယူလိုသော သန်စင်နှလုံးသားဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော်ပင်။
ဧကရာဇ်မင်းဆရာနှင့် အရှင်ဗုဒ္ဓသည်လည်း ဆက်လက်မတိုက်ခိုက်တော့ဘဲ သန့်စင်နှလုံးသားဘုရားကျောင်း၏ ကျောင်းထိုင်ဆီသို့ရောက်လာကြသည်။
ဆရာတော်က ခါးသက်သက်ပြုံး၍ လက်အုပ်ချီကာ "အော်မီတော်ဖော်၊ တကာကြီးတို့ သတ်ဖြတ်တာတွေ မလုပ်ကြပါနဲ့တော့"
"ဗုဒ္ဓဂိုဏ်းတော်ကလည်း သူတို့နဲ့ထိုက်တန်တဲ့ အျပစ္ဒဏ္ကို ခံခဲ့ရပြီးပါပြီ"
ကျိုထျန်းမျိုးနွယ်စုခေါင်းဆောင် ယွင်ကျန့်က နှာခေါင်းရှုံ့ကာ ပြော၏ "ဘယ်မှာလဲ။ ဒါက လုံလောက်ပြီထင်နေတာလား"
"နှစ်တစ်သောင်းတုန်းက ဗုဒ္ဓဂိုဏ်းတော်ဖော်ထုတ်လိုက်တဲ့သတင်းကြောင့် မဟာမိတ်တပ်တွေက အချိန်တိုအတွင်း ရှုံးနိမ့်ခဲ့ရတာ"
"အဲ့တာကြောင့်ဘဲ နယ်မြေစစ်ပွဲကို ရှုံးနိမ့်ခဲ့ရပြီး ဂိုဏ်းအမြောက်အများလည်း ဖျက်ဆီးခံခဲ့ရတယ်"
"သူတို့ကြောင့် တိမ်ဖီးနစ်အင်ပါယာလည် ဖျက်ဆီးခံခဲ့ရတာ"
"လူတွေအများကြီးသေကြေခဲ့ရတာကို ဘာလို့အပြစ်ပေးတာလုံလောက်ရဦးမှာလဲ"
သန့်စင်နှလုံးသားဘုရားကျောင်း၏ ကျောင်းထိုင်လည်း ခါးသီးစွာ ပြုံးလိုက်သည်။
တစ်ဖက်လူက သူမငြင်းနိုင်သော အမှန်တရားကို ပြောနေခဲ့ခြင်းဖြစ်လေသည်။
သူက ထိုသို့သာပြောလိုက်နိုင်တော့သည်။ "ဘယ်တော့မှ ဂလဲ့စားချေမှု့တွေက ရပ်တန့်တော့မှာလဲ"
သို့သော်လည်း ထိုစကားက အားလျှော့နေခဲ့သည်။
ဗုဒ္ဓဂိုဏ်းတော်က ရှုံးနိမ့်နေသောဘက်က ဖြစ်လေသည်။
ဧကရာဇ်မင်းဆရာက တပ်သားများ၏ အလယ်တွင်ရှိနေသော ဟုန်ရင်ကိုလှည့်ကြည့်လိုက်လေသည်။
ဟုန်ရင်က ဆုံးဖြတ်ချက်ချရသူဖြစ်လေသည်။
ဟုန်ရင်က သွေးစွန်းနေသော ဗုဒ္ဓဂိုဏ်းတော်နှင့် သန့်စင်နှလုံးသားဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ကိုကြည့်လိုက်သည်။
တခဏမှတွေးပြီးနောက် သူမက ပြောလိုက်၏။ "ငါတို့ရပ်လိုက်လို့ရပြီ"
ထိုစကားလုံးသုံးလုံးကိုကြားလိုက်ရသောအခါ အရှင်ဗုဒ္ဓက အတန်ငယ်ထိတ်လန့်သွား၏။
ဟုန်ရင်က ဆက်ပြော၏။ "ဒါပေမယ့် မဟာဗုဒ္ဓတွေနဲ့ ဗုဒ္ဓဂိုဏ်းတော်က အရှင်ဗုဒ္ဓကတော့ သေရမယ်"
"ဒါက ကျွန်မလက်ခံပေးနိုင်တဲ့အရာဘဲ"
ထိုဆုံးဖြတ်ချက်ကိုကြားသော် ယွင်ကျန့်က စကားပြောခြင်းကို ရပ်လိုက်သည်။
သူက ဧကရီကို တစ်ရာရာခိုင်နှုန်းထောက်ခံရမည်ပင်။
တစ်ချိန်ထဲမှာဘဲ ဟုန်ရင်က သူမကိုယ်ပိုင်အတွေးရှိလေသည်။
ဗုဒ္ဓဂိုဏ်းတော်က ကိုးကွယ်သူများစွာရှိလေသည်။
အကယ်၍ ၎င်းတို့သည် ဗုဒ္ဓဂိုဏ်းတော်ကို အတင်းအကျပ် ဖျက်ဆီးခဲ့မည်ဆိုလျှင် တိမ်ဖီးနစ်အင်ပါယာသည် ဗုဒ္ဓဝါဒ၏ နောက်လိုက်အများအပြား၏ မကျေနပ်မှုကို ခံရမည်မှာ သေချာပါသည်။
တိမ်ဖီးနစ်အင်ပါယာအတွက် ၎င်းက ကန္တာရဒေသကို အလုံးစုံထိန်းချုပ်ရန်အတွက် အတော်ကလေး ဆိုးကျိုးဖြစ်စေနိုင်သည်။
ထို့ကြောင့် သူမက ထိုဆုံးဖြတ်ချက်ကိုချခဲ့ခြင်းဖြစ်လေသည်။
အရှင်ဗုဒ္ဓက ဟုန်ရင်ကို ကြည့်ကာ ပြုံးလိုက်သည်။ "အော်မီတော်ဖော်၊ အရှင်မက စိတ်သဘောထားကြီးမြတ်ပါပေတယ်။ ဒီလိုဆိုမှတော့ အရှင်မရဲ့ကတိစကားကို လိုက်နာပေးပါ"
ဟုန်ရင်က ခေါင်းညိမ့်၏။
၎င်းကိုမြင်သော် အရှင်ဗုဒ္ဓနှင့် မဟာဗုဒ္ဓလေးပါးက ခြေချိတ်ထိုင်ချကာ လက်အုပ်ချီလိုက်ကြလေသည်။
သူတို့၏ မျက်ခုံးအလယ်မှ အစိမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ သူတို့၏ဝိဉာည်များသည်လည်း ထာဝရပျောက်ကွယ်သွားတော့သည်။
ထိုသို့ဖြင့် အရှင်ဗုဒ္ဓနှင့် မဟာဗုဒ္ဓလေးပါးဟာ သေဆုံးသွားကြတော့သည်။
ဗုဒ္ဓဂိုဏ်းတော်က ယခုမှစ၍ နာမည်သာကျန်ရစ်တော့သည်။