← Chapters

သွေးမိုးရွာကျသော ညတစ်ည

Vol. 73 Ch. 949

သွေးမိုးရွာကျသော ညတစ်ည

Vol. 73 Ch. 949

မြို့အပြင်ရှိ အမှောင်ထုထဲတွင် ကမ္ဘာမြေတုန်ဟည်းသွားစေသော ဟိန်းဟောက်သံကြီးက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အမှောင်ထဲမှ မကောင်းဆိုးဝါးကြီးတစ်ကောင် ပေါ်လာသည်။

ထိုမကောင်းဆိုးဝါးကြီးသည် အိပ်မက်ဆိုးထဲမှ အရုပ်ဆိုးဆုံး၊ ကြောက်စရာအကောင်းဆုံး သရဲတစ်ကောင်နှင့် တူသည်။ တစ်ကိုယ်လုံးမှ လက်တံများ ပေါက်နေပြီး မျက်လုံးများလည်း ပြည့်နှက်နေသည်။ အမှတ်တမဲ့ကြည့်လျှင် ကို့ရိုးကားယား လက်တံများဖြင့် ပန်းလူသားပမာ ထင်ရနိုင်သည်။ အသွင်အပြင်ကားး အင်မတန် ထူးဆန်းချေသည်။

၎င်း၏အနောက်မှ လူခန္ဓာနှင့် နွားခေါင်း၊ ငှက်ခေါင်းအစရှိသော သားရဲခေါင်းများဖြင့် ရှေးဟောင်းနတ်ဘုရားများ လိုက်ပါလာကြသည်။ သူတို့၏အနောက်၌မူ မကောင်းဆိုးဝါးနဂါးကြီးများ၊ ခေါင်းများစွာ ထွက်နေသည့် မြွေများ၊ ဗိုက်ဖောင်းဖောင်း ဘီလူးကြီးများ ပါလာ၏။

တချို့က ထူးဆန်းသော ယန္တရားသတ္တဝါများနှင့် တူသည်။ သူတို့၏လက်မောင်းများသည် လွန်သွားများ ဖြစ်ကြပြီး ခန္ဓာကိုယ်မှ ဓားသွားများ ထိုးထိုးထောင်ထောင် ဖောက်ထွက်နေကြ၏။ လမ်းလျှောက်နေသော လူသတ်စက်များအလားပင်။

တူ တူ

သင်္ဘောတစ်စင်းသည် အသွေးအသားစိုင်ကြီးဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ အခိုးအငွေ့တထောင်းထောင်း မှုတ်ထုတ်နေ၏။ လက်တံရှည်ရှည်များလည်း ပေါက်နေပြီး ခြေထောက်များကလည်း မရေမတွက်နိုင်အောင် ရှိသည်။ ကုန်းပတ်အပေါ်၌ အသားစိုင်များ ထွက်နေသကဲ့သို့ ထိုးထောင်နေသော လူသားများပင် ရှိနေသည်။ သင်္ဘောက လက်တံများဖြင့် ဗုံစည်များ တီးရင်း ပုလွေများ၊ နှဲများ မှုတ်ကာ သီချင်းဆိုနေသည်။

အသားသင်္ဘောကြီးက သီချင်းသံနှင့်အတူ ကခုန်နေပြီး ၎င်း၏အရှေ့ပိုင်းသည် ပါးစပ်ကြီးသဖွယ် ပွင့်လာ၏။ ပါးစပ်အတွင်း၌ သွားလို ပြုမူနေသော သံမဏိဓားမများ ပြည့်နှက်နေသည်။ သင်္ဘောကား ဖန်ဆင်းရှင်တို့၏ မြို့တော်ဆီသို့ ဝမ်းသာပျော်ရွှင်စွာ လမ်းလျှောက်လာနေချေသည်။

ကောင်းကင်ထက်၌ လတစ်စင်းသာလာကာ မြေပြင်ပေါ် လရောင် ဖြန့်ကျက်သည်။

တဟီးဟီး တဟားဟား အော်ဟစ်နေသည့် ကြက်သီးထဖွယ် ရယ်သံများ ကောင်းကင်ထက်မှ ပျံ့လွင့်လာ၏။ ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ လပေါ်တွင် ထူးဆန်းစွာ ရယ်နေသော လူ့မျက်နှာတစ်ခု မြင်တွေ့ရသည်။

ထို့အပြင် လတွင်လည်း လက်များ ထွက်နေ၏။ ၎င်းက ဖန်ဆင်းရှင်တို့၏ အရိုးများဖြင့် ဖွဲ့တည်ထားသော အရိုးပုလွေတစ်လက် ထုတ်ကာ မြူးမြူကြွကြွ တေးတီးလုံးအား တီးမှုတ်နေသည်။

ချင်မူ ၎င်းဆီမှ အကြည့်လွှဲလိုက်မိသည်။ မဟာလေဟာနယ်၏ ညမှာ ကစဉ့်ကလျား အိပ်မက်ဆိုးတစ်ခုအလားပင်။

ဝှစ်

သတ္တဝါကြီးတစ်ကောင်က ကောင်းကင်ထက်မှ မြို့တံတိုင်းအပေါ်သို့ ဆင်းသက်လာသည်။ တစ်ကိုယ်လုံး လူ့မျက်နှာများ ဖုံးနေသော ငှက်ကြီးတစ်ကောင် ဖြစ်ကာ တောင်ပံများကို အရိုးများဖြင့် ဖွဲ့စည်းထား၏။ ၎င်း ဆင်းသက်လာသည့်အရှိန်ကြောင့် အဆောက်အအုံတစ်ဝက်ကျော် ပြိုကျသွားသည်။

ငှက်ကြီး၏ မျက်နှာများက မြို့ထဲရှိ လူများကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး တဟီးဟီး ရယ်နေကြသည်။

ငှက်ကြီး၏တောင်ပံများကို ဖွဲ့စည်းထားသည့် အရိုးများသည် ဟောင်းလောင်းပေါက်များ ဖြစ်၍ လေ၊မီးတောက်များ မှုတ်ထုတ်လိုက်သောအခါ ရွှီးခနဲ မြည်သံက နားထဲ စူးသွားစေသည်။ လေနှင့် မီးတောက်တို့က ငှက်ကြီးကို ပင့်မကာ ကောင်းကင်ထက်သို့ မြှောက်တင်ပေးလိုက်၏။

မြို့အပြင်ရှိ ညသတ္တဝါများကား မြို့ဆီ ပြေးလာကြချေပြီ။

“ဘုရား ဘုရား...”

အစစ်အမှန်နတ်ဘုရားအဆင့် အမျိုးသမီးနတ်ဘုရားတစ်ပါးက ထိုမြင်ကွင်းကို စိုက်ကြည့်ရင်း မေးသည်။ “ဒီကမ္ဘာက ဘာကမ္ဘာလဲ”

ဤကမ္ဘာသည် မဟာလေဟာနယ်၏ ဖန်ဆင်းရှင်များ ဖန်ဆင်းထားသော ကမ္ဘာတစ်စင်း ဖြစ်၏။

ဖန်ဆင်းရှင်များ အသိစိတ်အလျဉ်မှတစ်ဆင့် မြင်ယောင်စိတ်ကူး၍ ပုံဖော်ထားသော အသိစိတ်အလျဉ်ကမ္ဘာတစ်ကမ္ဘာလည်း ဖြစ်သည်။ သူတို့သည် ဤနေရာရှိ မည်သည့်အရာကိုမဆို ဖန်ဆင်းခဲ့သည့်အပြင် လူမှုအဖွဲ့အစည်းလည်း ထူထောင်ခဲ့ကြ၏။ သို့သော် ပြင်ပရန်သူတို့ ကျူးကျော်တိုက်ခိုက်သောကြောင့် ဖန်ဆင်းရှင်တို့မှာ စိုးရိမ်ကြောင့်ကြလာရာ သူတို့၏ ရင်ဘတ်အတွင်းရှိ စိတ်နှလုံးမိစ္ဆာများလည်း ဤမဟာလေဟာနယ်၌ မွေးဖွားလာတော့သည်။

မဟာလေဟာနယ်သည် ပြီးပြည့်စုံသော်လည်း ယိုတုမရှိသောကြောင့် သေဆုံးသူတို့ သွားစရာနေရာမရှိပေ။ ဤသို့နှင့် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာသည်။

သေဆုံးသူတို့မှာ သွားစရာနေရာမရှိ၍ မဟာလေဟာနယ်၌ လျှောက်သွားရင်း ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များနှင့် ပေါင်းစည်းသွားကြကာ ထူးခြားဆန်းပြားသော သတ္တဝါအသစ်တစ်မျိုး ပေါ်ထွက်လာစေခဲ့၏။

မဟာလေဟာနယ်ထဲရှိ ဤမကောင်းဆိုးဝါးများတွင် သေဆုံးသွားသည့် ဖန်ဆင်းရှင်တို့သာမဟုတ်၊ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ၊ မိစ္ဆာများလည်း ပါဝင်သည်။

ဘုန်း

မဟာလေဟာနယ်မကောင်းဆိုးဝါးများ တံတိုင်းကို ဝင်တိုက်သဖြင့် မြို့တစ်မြို့လုံး ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ ဖန်ဆင်းရှင်တို့၏ မပျက်စီးနိုင်ဟန်တူသော မြို့တံတိုင်းများမှာ ယိမ်းထိုးယမ်းခါသွားကာ နံရံတံတိုင်းများတစ်လျှောက် အက်ရာများ ထလာသည်။

သို့သော် မြို့သည် ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များဖြင့် ဖွဲ့တည်ထားသဖြင့် လျင်မြန်စွာ ပြန်ဖွဲ့တည်နိုင်ရာ အထဲရှိ လူများ စိတ်သက်သာရာရသွားကြ၏။

ဘုန်း

လှိုင်းလုံးကြီးနောက်တစ်လုံးက လာရောက်ရိုက်ခတ်ပြန်သည်။ ပြောင်လက်နေသော မြို့တံတိုင်းများမှာ အချိန်မှီ ပြန်မပြင်နိုင်တော့ပေ။ ရုတ်တရက် တောင်ဘက်မုခ်ဝ ပြိုကျသွားကာ မဟာလေဟာနယ်မကောင်းဆိုးဝါးများ အင်အားအလုံးအရင်းလိုက် ဝင်ချလာချေပြီ။

“ရန်သူကို ရင်ဆိုင်ဖို့ အသင့်ပြင်" တစ်ယောက်က ထအော်သည်။

ဤအခိုက်အတန့်တွင် မြောက်ဘက်မုခ်ဝလည်း ပြိုကျလာသည်။ အရှေ့ဘက်၊ အနောက်ဘက်မုခ်ဝများလည်း တစ်ပြိုင်တည်း ပြိုကျကုန်ရာ မဟာလေဟာနယ်မကောင်းဆိုးဝါး အပြုံလိုက်ကြီး မြို့ထဲ ရောက်လာကြသည်။ မကောင်းဆိုးဝါးများက မြို့ထဲတွင် ပြေးလွှားရင်း မည်သည့်အရာကိုမဆို ဖျက်စီးနေကြသည်။

မဟာလေဟာနယ်မကောင်းဆိုးဝါးများ ဝင်ရောက်လာခြင်းက မြေပြင်ပေါ်ရှိ လူများအား ထိပ်ပျာသွားစေသည်။

ကင်းစောင့်မျှော်စင်တစ်ခုတွင် အမျိုးသမီးတစ်ယောက်က သွေးပျက်ချောက်ချားစွာ အော်၍ အိပ်မက်ဆိုးမြို့ထဲမှ ထွက်ပြေးရန် ကြိုးစား၏။

သို့သော် သူမ အပေါ်ပျံတက်လိုက်သည်နှင့် လူမျက်နှာလကြီးက စူးနေအောင် အော်လိုက်သည်။ ထိုအခါ လူ့ဦးခွံသဏ္ဍာန် ငှက်ခေါင်းရှိသော နတ်ဘုရားတစ်ပါးက သူမဆီ ပြေးဝင်လာသည်။

မရေမတွက်နိုင်သော ဆန်းကြယ်ငှက်များက လအတွင်းမှ ပျံထွက်လာပြီး အမှောင်ထု၏ ကောင်းကင်တစ်ခွင် လွှမ်းခြုံသွား၏။ လ၏အရောင်ကလည်း သွေးထွက်နေသော မျက်နှာသဖွယ် နီရဲတောက်လာသည်။

လ တီးမှုတ်နေသော ပုလွေသံက ထူးထူးဆန်းဆန်း မြန်လာပြီး မြူးလာသည်။ အနည်းငယ် စနောက်နေသံပင် ပေါက်၏။

နားထဲသို့ တေးသံ ရောက်လာသည်နှင့် မကောင်းဆိုးဝါးများက အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာကြသည်။

မကြာမီ လေပေါ် ပျံတက်လိုက်သော အမျိုးသမီးမှာ ငှက်များ၏ ထိုးစိတ်ဆွဲဖြဲမှုကြောင့် အရိုးတခြား၊ အသားတခြား ဖြစ်သွားသည်။ သွေးမှုန်တို့က မိုးဖွဲရွာကျသကဲ့သို့ တဖွဲဖွဲ ကျဆင်းလာသည်။

လဆီမှလည်း သွေးတို့ ယိုစိမ့်လာပြီး သွေးမိုး ရွာချပေးသည်။ ကေင်းကင်မှာ သွေးဖြင့် ခြယ်မှုန်းထးသော ပန်းချီကားတစ်ချပ်ပမာ ထင်ရ၏။

ထူးဆန်းသော ငှက်ကြီးက ကောင်းကင်မှ ပျံဆင်းလာပြီး မကောင်းဆိုးဝါးအုပ်ကြီးသည် ချင်မူတို့ကို ဝိုင်းထားချေပြီ။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်မူကို သတ်ရန်ဆိုသော အမိန့်များ၊ ရန်ကြွေးများ နောက်ရောက်သွား၏။ သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည် - သူတို့ အသက်ရှင်မှ ဖြစ်မည်။

ချင်မူက ကောင်းကင်အလိုတော်မုခ်ဝကို ချက်ချင်း ထုတ်သုံးလိုက်သည်။ သို့သော် မုခ်ဝအား ဖွင့်မရသဖြင့် ချင်မူ မှင်သက်သွား၏။

ဤမကောင်းဆိုးဝါးများက မဟာလေဟာနယ်ထဲ၌ သေဆုံးသွားသူတို့၏ ဝိညာဉ်များမှ ဖွဲ့တည်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ရင်ဆိုင်ရန် အထိရောက်ဆုံး ကောင်းကင်နတ်သိုင်းများမှာ ဝိညာဉ်ကို ပစ်မှတ်ထားသော သိုင်းကွက်များ ဖြစ်၏။ သို့သော် ယိုတုနှင့် မဟာလေဟာနယ်မှာ မတူညီသော နေရာဟင်းလင်းပြင်နှင့် အချိန်တွင် တည်ရှိသောကြောင့် ကောင်းကင်အလိုတော်မုခ်ဝအား ဖွင့်မရပေ။

‘ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်နိုင်ရင် ငါ အကုန်လုံးကို သတ်ပြီး အလွယ်တကူ ထွက်သွားနိုင်တယ်.... ဖွင့်မရတာ ဆိုးတာပဲ’

သူက ယိုတုကောင်းကင်နတ်သိုင်းအသုံးပြု၍ သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို ပေါင်းစည်းကာ အဖြူရောင်အောင်လံတော်တစ်ခု မြင်ယောင်ကြည့်လိုက်သည်။ ထို့နောက် သူ့ဆီ ပြေးဝင်လာသည့် ရှေးဟောင်းနတ်ဘုရားအသွင် မကောင်းဆိုးဝါးတစ်ကောင်ဆီသို့ လွှဲယမ်းလိုက်သည်။

‘ငါက ငါ့အစ်ကိုကြီးမဟုတ်ဘူး... ဒါပေမဲ့ ငါ့ကောင်းကင်နတ်သိုင်းတွေထက် ပိုကောင်းတဲ့ ယိုတုကောင်းကင်နတ်သိုင်းက ငါးခုတောင် မပြည့်ပါဘူး’

ထိုမကောင်းဆိုးဝါး၏ အထဲရှိ ဝိညာဉ်မှာ ပျံထွက်လာကာ အဖြူရောင်အော်လံတော်ထဲ ဝင်ရောက်သွား၏။ စောစောက ဗလာကျင်းနေခဲ့သော အောင်လံတော်၏ အထဲ၌ လူတစ်ယောက် ရှိနေချေပြီ။

ထိုလူသည် ငေးငေးကြောင်ကြောင် ဖြစ်နေပြီး ရှုံ့မဲ့တွန့်လိမ်နေသော မျက်နှာတစ်ခု ရှိ၏။ သူက အောင်လံတော်ထဲမှ အတင်းအကြပ် ပျံထွက်နေသည်။ အောင်လံတော်မှာ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ဖြင့် ဖွဲ့တည်ထားသောကြောင့် အလွန်ပါးသော်လည်း အတွင်းနေရာ ကျယ်ပုံရသည်။

ထိုလူ၏ ရှုံ့မဲ့နေသောမျက်နှာက အဖြူရောင်အောင်လံတော်၏ အသားကို ထိုးထွက်နေသည်။

ချင်မူ အောင်လံတော်ကို မြေပြင်ပေါ် ရိုက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ငါ ဘယ်နေရာရောက်ရောက် ယိုတု တည်ရှိတယ်”

ဘုန်း

သူ၏ချီစွမ်းအင်က ပေါက်ကွဲသွားပြီး ယိုတိုစ္ဆာနတ်ဆိုးချီများ အလိပ်လိပ် ထလာကာ ခုနစ်ဆယ်ဧကကျော် လွှမ်းခြုံရိုက်ခတ်သွားသည်။ ၎င်းသည် အမှောင်ကမ္ဘာတစ်ခုအသွင် ဖွဲ့တည်လာ၏။

ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် မူလဝိညာဉ်သည် ခြေထောက်မြှောက်လိုက်ပြီး သူ့ခြေထောက်အောက်တွင် ထိုက်ကျိစက်ဝန်း ပေါ်လာသည်။ အပေါ်ကောင်းကင်နှင့် အောက်မြေပြင်မှာ လည်သွားပြီး မြေပြင်မှာ ယိုတုကမ္ဘာတစ်စင်း ဖြစ်လာ၏။

ချင်မူ့ခန္ဓာကိုယ်က မူလဝိညာဉ်နှင့် တစ်သားတည်း ဖြစ်သွားပြီး လှုပ်ခါကာ မျက်လုံးသုံးလုံး မြေအောက်ဘုံအရှင်သခင်အသွင် ပြောင်းလိုက်၏။ ထို့နောက် အလိုအလျောက် ဖောင်းကြွလာပြီး ကိုက်တစ်ရာဝန်းကျင် အရပ်ရှည်လာသည်။ သူကား မကောင်းဆိုးဝါးနည်းတူ ကြီးမားနေချေပြီ။

သူ့လက်တွင် မီးကြာပွတ်တစ်လက် ကိုင်ထားပြီး ကြာပွတ်ကို လွှဲကာ လာနေသည့် မကောင်းဆိုးဝါးတစ်ကောင်၏ လည်ပင်းဆီ ရစ်ပတ်လိုက်သည်။ သူ ကြိုးကို ဆောင့်ခါလိုက်သည်နှင့် ထိုမကောင်းဆိုးဝါး၏ ကိုယ်အတွင်းရှိ ဝိညာဉ် ပျံထွက်လာကာ ကြာပွတ်ဖြင့် ဖမ်းချုပ်ခံလိုက်ရသည်။

သူက ကြာပွတ်ကို ပြန်ရုတ်၍ အဖြူရောင်အောင်လံတော်တွင် ချည်ကာ ဝိညာဉ်နောက်တစ်ယောက်ကို ထည့်သိမ်းလိုက်သည်။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံး ပွင့်လာပြီး မျက်လုံးအလင်းတန်းက တိုင်လုံးကြီးပမာ အရှေ့သို့ ဖြာထွက်လာ၏။ တစ်ဖက်အဆုံးထိ မကောင်းဆိုးဝါးမှာ ဝိညာဉ်ချေမှုန်းခံလိုက်ရသည်။

မကောင်းဆိုးဝါးတစ်ကောင်က အနောက်မှ ချဉ်းကပ်လာသည်။ ချင်မူက ခွာတစ်ဖက်ကို မြှောက်၍ ထိုမကောင်းဆိုးဝါး၏ ဦးခေါင်းကို ဆောင့်ကန်ထည့်လိုက်သည်။ ထို့နောက် ယိုတုမိစ္ဆာမီးလျှံက မကောင်းဆိုးဝါး၏ ဝိညာဉ်အား လောင်ကျွမ်းပြာချပစ်လိုက်၏။

သူ့အနောက်သို့ ပြေးလာသော မကောင်းဆိုးဝါး နောက်တစ်ကောင်မှာလည်း ချင်မူ့အမြီးဖြင့် လည်မြိုအား ရစ်ပတ်ခံလိုက်ရပြီး လေပေါ် ပင့်မြှောက်ကာ မြေပေါ် ရိုက်ချခံလိုက်ရ၏။

ထိုမကောင်းဆိုးဝါးမှာ ချာချာလည် မူးသွားသည့်တိုင်အောင် ရိုက်နှက်ခံလိုက်ရသည်။ ၎င်း ပြန်ထတော့မည့်အချိန် ချင်မူ၏ နွားခွာက သူ့ခေါင်းပေါ် ကျလာသည်။

မကောင်းဆိုးဝါး၏ ဦးခေါင်းကား ခွမ်းခနဲ ကြေမွသွားတော့သည်။

ကောင်းကင်ထက်ရှိ ထူးဆန်းသော ငှက်ကြီးက လက်သည်းများ ကားလျက် မြေပြင်ပေါ် ထိုးဆင်းလာသည်။ သို့သော် အလျှံ့တညီးညီး တောက်လောင်နေသည့် မြေအောက်ဘုံအရှင်သခင်ချိုနှစ်ချောင်းနှင့် အချိုးအကွေ့ကိုးသွယ် အဝါရောင်စမ်းချောင်းသည် ၎င်းအား မချိတင်ကဲ အော်ဟစ်ရစေသည်။

ရုတ်တရက် မကောင်းဆိုးဝါးတစ်ကောင်သည် သူ့ခန္ဓာကိုယ်အား ဝင်တိုက်လိုက်သဖြင့် ချင်မူ့ရင်ဘတ်မှ ဂျွတ်ခနဲ မြည်သံတစ်ချက် ထွက်ပေါ်လာသည်။ သူ့အရိုးများ ကျိုးကြေသွားပြီး သူ့မှာ မြေပြင်တစ်လျှောက် လိမ့်ထွက်သွားကာ နန်းဆောင်တစ်ဆောင်ကို ဝင်တိုက်သွား၏။ ထို့နောက် အရှိန်ကြောင့် နန်းဆောင်နောက်တစ်ဆောင်ကို ထိမှန်သွားကာ ဧရာမတိုင်လုံးကြီးတစ်လုံးအား ထိုးဖောက်ဖျက်စီးပြီးနောက်မှ ရပ်တန့်သွားတော့သည်။

သူ၏မြေအောက်ဘုံအရှင်သခင်အသွင် ပြိုကွဲသွား၍ မူလအတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် ချင်မူသည် အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်သုံးကာ သူ့ကိုယ်သူ ကုသနေ၏။

သူ့အရှေ့တွင် ဝုန်းခနဲ မြည်ဟည်းသွားသည်။ သူ့ကို ဝင်တိုက်ခဲ့သော နတ်ဘုရားက ခန်းမနှစ်ခုကို ဖျက်စီး၍ သူ့နောက် လိုက်လာသည်။ ၎င်း သူ့အား ရိုက်နှက်တော့မည်ကို မြင်လျှင် ချင်မူသည် ချက်ချင်း အနက်ရောင်အရိပ်အသွင်ဖြင့် မြေကြီးတွင် ကပ်ကာ လျင်မြန်စွာ ထွက်ပြေးသွား၏။

မကောင်းဆိုးဝါးမှာ မှင်သက်သွားပြီးနောက် သူ့အရိပ်နောက် အသည်းအသန် လိုက်သည်။

လော့ဝူရွှမ်က ချီစွမ်းအင်ကို ဓားမသဖွယ် အသုံးချလျက် မကောင်းဆိုးဝါးများကို ခုတ်ပိုင်းနေသည်။ သို့သော် သူ့မှာ အာရုံမစိုက်နိုင်ဘဲ ပတ်ဝန်းကျင်အား လိုက်ကြည့်နေသည်။ အားလုံး အန္တရာယ်ထဲ ကျရောက်နေပြီး အကျအဆုံးများလာကြောင်း သူ တွေ့ရ၏။

ကောင်းကင်နတ်အရှင်တို့၏ တပည့်များ ဖြစ်ပြီး ကောင်းကင်နတ်ဘုံငယ်အဆင့်အထိ ကျင့်ကြံထားသော အစစ်အမှန်နတ်ဘုရားများပ်င ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးအား မခံစားနိုင်ပေ။

အော်သံနောက်တစ်ချက် ကြားလိုက်ရပြီး အစစ်အမှန်နတ်ဘုရားနောက်တစ်ပါးမှာ တစစီ ဖြဲစုတ်ခံလိုက်ရသည်။

ထိုနတ်ဘုရား သေဆုံးသွားပြီးနောက် သူ့ဝိညာဉ်မှာ လွင့်မျောနေပြီး နောက်တခဏ၌ ၎င်း၏ပတ်ပတ်လည်တွင် အသွေးအသားများ ဖွဲ့တည်လာကာ မိတ်ဆွေလည်း မသိ၊ မိသားစုလည်း မသိသော လူရိုင်းမကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်လာသည်။ ၎င်းက ဆာလောင်မွတ်သိပ်နေလေသည်။

ထို့အပြင် မကောင်းဆိုးဝါးများ တစစီ ပြိုကွဲပျက်စီးသွားသည့်တိုင်အောင်၊ မီးလောင်ပြာကျသွားသည့်တိုင်အောင် သူတို့၏ရုပ်ခန္ဓာများက ပြန်လည်ဖွဲ့တည်လာကာ ဆက်လက်တိုက်ခတ်တတ်ကြသည်။

ဝိညာဉ်များ ပြိုကွဲသွားသည့်အခါမှ အမှန်တကယ် သေဆုံးခြင်း ဖြစ်သည်။

ထိုမျှပြွတ်သိပ်နေသော မကောင်းဆိုးဝါးတို့၏ ဝိညာဉ်မှန်သမျှ ဖြိုခွဲပစ်ရန် မလွယ်ပေ။ အရေအတွက်များ လွန်းသလို၊ သိုင်းကွက်များကလည်း များပြားလွန်းသည်။

‘ငါ့ကောင်းကင်နတ်ဘုံ ဖျက်စီးရရင်တောင်မှ သူတို့ဝိညာဉ်တွေ ဖြိုခွဲပစ်နိုင်အောင် ငါ့အသက်နဲ့ လောင်းပြီး ကမ္ဘာဦးသစ်ပင်ရဲ့အူတိုင်ကိုပဲ ဆွဲထုတ်ရတော့မှာပေါ့”

လော့ဝူရွှမ်က အံတင်းတင်းကြိတ်၍ ကမ္ဘာဦးသစ်ပင်အူတိုင်ကို ဆွဲထုတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် အနက်ရောင်အရိပ်တစ်ခုက သူ့ခြေထောက်အောက်သို့ ရွေ့လျားလာသည်။

ထိုအရိပ်သည် မတ်တပ်ရပ်၍ ချင်မူ့အသွင် ပြောင်းလဲလိုက်၏။ ချင်မူက ကမ္ဘာဦးသစ်ပင်အူတိုင်ကို သူ့မျက်ခုံးနှစ်ဖက်ကြားမှ ဆွဲထုတ်ပြီး လေထဲတွင် ခါလိုက်ရာ သစ်သားတုတ်ချောင်းကား ကြီးလာသည်။

အတန်အသင့်ရှည်လျားသော တုတ်တစ်ချောင်းက ချင်မူ့လက်ထဲ၌ ပေါ်လာ၏။ ချင်မူက ၎င်းပေါ် လေဖြင့် မှုတ်ကာ ဂါထာရွတ်ဖတ်သည်။

သစ်သားတုတ်သည် ဘေးသို့ ကျသွားပြီး တဟုတ်ချင်း ပြန့်ကားလာ၏။

ဘုန်း

လော့ဝူရွှမ်မှာ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံတစ်သံ ကြားလိုက်ရပြီး ချင်မူက သူ့ကို လေပေါ် ဆွဲတင်သွားသည်။ အောက်ငုံ့ကြည့်လိုက်သည့်အခါ မြင်ကွင်းကား ကြောက်စရာကောင်းနေသည်။

ကမ္ဘာဦးသစ်ပင်၏အူတိုင်သည် မိုင်ရှစ်ရာကျော် ဆန့်တန်းနေသော တုတ်အထူကြီးတစ်လက် ဖြစ်လာကာ ဖန်ဆင်းရှင်တို့မြို့တော်အလယ်တွင် ထူမတ်နေ၏။

ထိုတုတ်ချောင်း၏ အကျယ်ကား ကိုက်တစ်ထောင် အနည်းဆုံးရှိသည်။ တုတ်ချောင်းအောက် ရောက်သွားသော မကောင်းဆိုးဝါးများမှာ ပြားကပ်နေကြလေသည်။

သူတို့နှစ်ယောက်သား ပျံဆင်းလိုက်သည့်အခါ တောင်ပံတဖျတ်ဖျတ် ခတ်နေသော ငှက်ထူးဆန်းများက သူတို့ကို ဝိုင်းလိုက်ကြ၏။ သူတို့၏အရိုးဟောင်းလောင်းများမှ မီးတောက်မီးလျှံများအား အလွန်င်မြန်စွာ မှူတ်ထုတ်နေသည်။

ချင်မူက လော့ဝူရွှမ်ကို သူ့နှင့်အတူ ခေါ်သွားသည်။ အူတိုင်သည် သေးသထက် သေးလာပြီးနောက်ဆုံး ချင်မူ၏လက်ထဲရှိ သစ်သားအပ်အရွယ်သာ ရှိတော့သည်။

ချင်မူက ကမ္ဘာဦးသစ်ပင်အူတိုင်ကို လော့ဝူရွှမ်၏ မျက်ခုံးနှစ်ဖက်ကြားတွင် ထားလိုက်သည်။ အူတိုင်က လော့ဝူရွှမ်၏ ကောင်းကင်နန်းဆောင်ကို တမုဟုတ်ချင်း ထိုးဖောက်ကာ ဆေးစွမ်းအင်ပို့လွှတ်လျက် သူ၏ကောင်းကင်နန်းတော်ကို ဆက်လက်ကုသပေးနေသည်။

လော့ဝူရွှမ် ညည်းလိုက်မိ၏။ ယခင်တုန်းက ကမ္ဘာဦးသစ်ပင်အူတိုင်ကို သူ့မျက်ခုံးနှစ်ဖက်ကြားတွင် ထားရသည်မှာ ကြောက်စရာကောင်းသည်ဟု မခံစားခဲ့ရပေ။ ယခုတွင် ၎င်း၏အစွမ်းအစများကို မြင်တွေ့ပြီးနောက် သူ ကြောက်လာကာ ပြောလိုက်မိသည်။ "မင်း အမှတ်တမဲ့ ဖြစ်သွားမှာ မကြောက်ဘူးလား.... ငါ့ကောင်းကင်နန်းဆောင်ကို အမှုမဲ့အမှတ်မဲ့ ဖျက်စီးပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ”

နှစ်ယောက်သားသည် ကမ္ဘာဦးသစ်ပင်၏ အူတိုင် ရှင်းလင်းပေးခဲ့သောာ လမ်းအတိုင်း လျှောက်ရင်း မြို့အပြင် ထွက်ရန် ကြိုးစားနေကြ၏။ သို့သော် ယခုလေးတင် ပြားကပ်သွားသည့် မကောင်းဝါးများက ကုန်းရုန်းထလာကြသည်။

ထို့အပြင် ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကြောင့် ပြားကပ်သွားသော နန်းဆောင်များ၊ ခန်းမများနှင့် အဆောက်အအုံများက မူလအတိုင်းပြန်ဖြစ်လာနေသဖြင့် သူတို့လမ်းကို ပိတ်သွားသည်။

ချင်မူ မျက်မှောင်ကြုတ်၍ လော့ဝူရွှမ်၏ မျက်ခုံးနှစ်ဖက်ကြားမှ အူတိုင်ကို ထပ်မံထုတ်လိုက်ပြန်သည်။

လော့ဝူရွှမ်မှာ အသားကျနေပြီဖြစ်၍ စိတ်မပူတော့ဘဲ သူနှင့်အတူ လိုက်ခုန်သည်။

ဂျိန်း

မကောင်းဆိုးဝါးများစွာ ထွက်ပေါ်လာသည်နှင့် အူတိုင်က ထုရိုက်ပစ်သည်။

ချင်မူနှင့် လော့ဝူရွှမ် ပြန်လည်ဆင်းသက်လိုက်ပြီး ချင်မူက အူတိုင်ကို လော့ဝူရွှမ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ပြန်ထည့်ပေးလိုက်သည်။

All Chapters