← Chapters

အကျင့်မကောင်းသော တာအိုရသေ့

Vol. 73 Ch. 951

အကျင့်မကောင်းသော တာအိုရသေ့

Vol. 73 Ch. 951

လျန်းဟွာဟွန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ “နင် သူ့ဘေးမှာ တစ်လျှောက်လုံး ရှိနေခဲ့တာလေ… ဘာလို့ ပြန်မလုခဲ့တာလဲ”

ယွင်ချွီးရှို့က ရယ်သည်။ “နင် ငါ့ကို ပြန်ရအောင် ကူညီပေးမလား…. နင် ငါ့ရုပ်ခန္ဓာကို ပြန်ရရင် ငါ့ကိုလည်း ထိန်းချုပ်နိုင်သွားမယ်လေ…. ဒါဆို ငါတို့ ညီအစ်မနှစ်ယောက် အတူတူ အလုပ်လုပ်လို့ ရပြီ… နင် ငါ့ကို သံသယဝင်စရာမလိုတော့ဘူး”

လျန်းဟွာဟွန် တွေဝေသွားသည်။

ယွင်ချွီးရှို့သည် မျက်လုံးလှန်၍ ပြော၏။ “ပြီးတော့ သူ့ဆီက ပြန်လုဖို့ကလည်း ငါ့အတွက် ခက်တယ်… ငါ့အလောင်းကို သုံးပြီး ဝိညာဉ်ဆင့်ခေါ်လိုက်ရင် ငါ့လက်ရှိ ရုပ်ခန္ဓာမှာက အသိစိတ်အလျဉ်မရှိတော့ ငါ ချက်ချင်း သေမှာ… အဲဒါကြောင့် နင့်ဆီက ငါ အကူအညီတောင်းနေတာပါ”

“နင် တကယ် အဲ့လိုတွေးထားတာလား”

လျန်းဟွာဟွန်၏ မျက်ဝန်းများ အရောင်လဲ့သွားသည်။ “နင့်တပည့်တွေလည်း ဒီခရီးနဲ့အတူ လိုက်လာမှာပဲ‌လေ…. ဘာလို့ သူတို့ကို မကိုင်တွယ်ခိုင်းတာလဲ”

ယွင်ချွီးရှို့က မျက်ရည်များကျလာပြီး သနားဖွယ်ရာ အမူအရာဖြင့် ပြောသည်။ “အဲဒီလူ ဘယ်လောက် သန်မာအားကောင်းမှန်း နင်မှ မသိတာ… ငါ့တပည့်တွေက သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး… ငါ သူ့အကြောင်း သိထားသလောက် ငါ့ရုပ်ခန္ဓာကို သူတို့ ပြန်ယူပေးဖို့ အသာထား… အသတ်ခံလိုက်ရလိမ့်မယ်”

လျန်းဟွာဟွန်သည် ကောင်းကင်နတ်အရှင်ဟွေ့၏အရာကို ချင်မူ မည်ကဲ့သို့ အသက်သွင်းခဲ့ကြောင်း တွေးမိလိုက်သည့်အခါ ရင်ထဲ တုန်လှုပ်သွားမိ၏။

သူတို့ညီအစ်မနှစ်ယောက်က လျင်မြန်စွာ တုံ့ပြန်လိုက်၍သာ အဆုံးသတ်မြို့ပျက်ကောင်းကင်နတ်သိုင်းများဖြင့် ပုန်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် ပန်းယွင်ကျင့်၊ ရှုံ့ယိုဖန်းနှင့် ကျန်ရှိသူများလို အဆုံးသတ်သွားလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ အရာသည် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း ကံကောင်းထောက်မစွာဖြင့် အဆုံးသတ်မြို့ပျက်လည်း နယ်နယ်ရရ မဟုတ်ပေ။ ပို၍အရေးကြီးသည်မှာ အဆုံးသတ်မြို့ပျက်၏ မဟာတာအိုကို မည်သူမှ မဖြေထုတ်ရသေးချေ။

အဆုံးသတ်မြို့ပျက်၏ ဆန်းကြယ်နက်နဲမှုကြောင့်သာ ထိုညမှ သူတို့ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

လျန်းဟွာဟွန်က ချင်မူနှင့် တစ်ခါတိုက်ခိုက်ခဲ့ဖူးကာ သူ့လက်လေးဖက်ကို ချိုးပစ်ခဲ့ဖူးသည်။ သူမအနေဖြင့် သူ့ကို အနိုင်ယူ၍ ယွမ်မု၏ ရုပ်ခန္ဓာအား ပြန်ယူရန် ယုံကြည်ချက်ရှိသည်။ သို့သော် ချင်မူ့အား သူမ ကြောက်လန့်မိသည်မှာ သူ၏သိုင်းကွက်များကြောင့်မဟုတ်။ မည်သည့်တန်ခိုး၊ မည်သည့်စွမ်းအားကိုမဆို လက်နက်သဖွယ် အသုံးချနိုင်စွမ်းပင် ဖြစ်၏။ ဥပမာအနေဖြင့် ယမန်နေ့ညက ကောင်းကင်နတ်အရှင်ဟွေ့၏အရာ။

“တစ္ဆေသင်္ဘောကနေ ငါ့ရုပ်ခန္ဓာကို သွားထုတ်ပြီး နင့်ရုပ်ခန္ဓာနဲ့ လဲဖို့ အသင့်ပြင်ထား”

လျန်းဟွာဟွန်က အင်္ကျီလက်စခါကာ ပြန်ခါသွားသည်။ “ပြီးတော့ နောက်တစ်ချက် မမေ့နဲ့… နင်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ မယ်တော်…. ‘ရန်သူတော်ကြီး’ဆိုတဲ့ စကားကို လျှာရိုးမရှိ လျှောက်မသုံးနဲ့… ဒါက နင့်ရဲ့ကလေးအပေါ် သက်ရောက်မှုရှိတယ်”

ယွင်ချွီးရှို့ အမျက်တချောင်းချောင်း ထွက်သွားသည်။ ထို့နောက် သဘောကျစွာ ရယ်ရင်း မြို့ထဲမှ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။

‘အစ်မတော်၊ နင်ကတော့ မိခင်ကောင်း ပီသပါတယ်… ဧကရီတစ်ပါး၊ သတ္တဝါအားလုံး၏ အမေတစ်ယောက်အနေနဲ့ နင်က အားလုံးပေါ် မေတ္တာထားတယ်… စိုးရိမ်ပူပန်ပေးတတ်တယ်… နည်းနည်းလေး တုံးအနေတာ တစ်ခုပဲ… နင် ငါ့ရုပ်ခန္ဓာကို ပြန်ယူပေးနိုင်တာနဲ့ ငါ နင့်ကို သတ်ပစ်မယ်… စာကလေးတွေ အစာစားဖို့စောင့်နေသလို၊ ဓားခုတ်ကောင်က ပိုးကောင်းကို ချောင်းနေသလိုပေါ့”

မဟာလေဟာနယ်၏ မြေပြင်သည် ကျယ်ဝန်းပြီး ကြီးမား၏။ ချင်မူနှင့် လော့ဝူရွှမ်မှာ ရက်ပေါင်းများစွာ လမ်းလျှောက်နေခဲ့သော်လည်း မြို့ကို ရှာမတွေ့သေးပေ။

“မင်း စောစောက မြင်ယောင်ဖန်ဆင်းခဲ့တဲ့ နဂါးလည်း ပေါက်ကွဲမှုကြောင့် သေသွားပြီလား မသိဘူးနော်” လော့ဝူရွှမ်သည် ကောင်းကင်နတ်ဧကရီနှင့် သူ့ညီမတော် သူတို့အား ရှာတွေ့သွားစေသည့် တရားခံဖြစ်သော နဂါးကို တွေးလိုက်မိသဖြင့် ငေးငိုင်သွား၏။

ချင်မူက ထောင်ကျယ်အိတ်ထဲတွင် စွမ်းအင်ဆေးများ ရှာဖွေနေသည့်အချိန် လော့ဝူရွှမ်စကားကို ကြားလိုက်သည်။ သူက ခေါင်းယမ်းလေသည်။ “အဲဒီကောင်က စိတ်ကူးကနေ မွေးဖွားလာတာဆိုတော့ မဟာလေဟာနယ်လို နေရာမျိုးမှာ မသေနိုင်ဘူး”

လော့ဝူရွှမ် မှင်သက်သွားကာ ပြန်မေးတော့သည်။ “မင်း ပြောလိုက်တာက မင်း မြင်ယောင်လိုက်တဲ့ နဂါးက ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ကောင်းကင်နတ်သိုင်းတွေကို တောင့်ခံပြီး အသက်ရှင်နိုင်တယ်ပေါ့… မဖြစ်နိုင်တာကြီးကွာ.. မင်းက အဲဒီလောက် တန်ခိုးလည်း မကြီးပဲနဲ့”

ချင်မူ စွမ်းအင်ဆေးမျိုးစေ့တချို့ ထုတ်၍ ကြမ်းပြင်ပေါ် ကြဲချလိုက်သည်။ ထို့နောက် မန္တန်အစီအရင် ရွတ်ဖတ်လိုက်ရာ အစေ့များ ပေါက်လာကာ လျင်မြန်စွာ ကြီးထွားလာ၏။ မကြာခင် ဆေးခြံတစ်ခြံ ဖွဲ့တည်လာတော့သည်။

“အသက်ရှင်နိုင်တာမဟုတ်ဘူး... အသစ်ပြန်ထွက်လာနိုင်တာ”

သူက အစီအရင်ကို ဆက်လက်လုပ်ဆောင်ရင်း ရှင်းပြသည်။ “မဟာလေဟာနယ်ဆိုတာ ထူးဆန်းတဲ့နေရာတစ်နေရာပဲ… စိတ်ကူးအတွေးတွေကနေ ဖန်ဆင်းခဲ့တဲ့ အရာတွေမှာ ထူးဆန်းတဲ့ ဂုဏ်သတ္တိရှိတယ်… ဖျက်စီးခံလိုက်ရတဲ့အခါ ပြန်ဖွဲ့တည်လာနိုင်တာမျိုးပေါ့… မဟာလေဟာနယ် မကောင်းဆိုးဝါးတွေလည်း အဲဒီလိုပဲ… အဲဒီလို ပြန်ဖွဲ့တည်လာနိုင်အောင် သူတို့အားကိုးတဲ့ အသိစိတ်အလျဉ်က မဟာလေဟာနယ်တစ်ခုလုံးရဲ့ အသိစိတ်အလျဉ်ပဲ… ဒါကြောင့် မဟာလေဟာနယ်ရဲ့ အသိစိတ်အလျဉ်ကတစ်ဆင့် နတ်နဂါးလည်း ပြန်လည်မွေးဖွားလာနိုင်မယ်လို့ တွေးလိုက်တာ… ဒီကမ္ဘာက ဖန်ဆင်းရှင်တွေရဲ့ စိတ်ကူးအတွေးတွေနဲ့ ဖန်ဆင်းထားတဲ့ ကမ္ဘာ… မဟာလေဟာနယ် တည်ရှိနေသရွေ့ ပြန်လည်မွေးဖွားလာနိုင်ဖို့ အသိစိတ်အလျဉ်ပမာဏ မကုန်မခမ်းနိုင်အောင် ရှိတယ်… အဲဒီလိုပဲ သူတို့ မဟာလေဟာနယ်အပြင် ရောက်လာတာနဲ့ သူတို့ကို သတ်ဖို့ အင်မတန် လွယ်ကူသွားပြီ”

ဆေးပင်များ အရွယ်ရောက်လာသည်နှင့် သူက ခူးဆွတ်ပြီး နောက်တစ်ချိန် အသုံးပြုနိုင်ရန် သိမ်းထားသည်။

လော့ဝူရွှမ်က သူအလုပ်လုပ်နေပုံကို စောင့်ကြည့်နေသည်။ ချင်မူကား ဆေးပင်စိုက်သူတစ်ယောက်အလား ကျွမ်းကျင်နေ၏။ သူ ဆေးပင်များကို ဆေးကြောသန့်စင်နေသည့်အချိန်တွင်မူ ဆေးဆရာတစ်ယောက်ပမာ ကျွမ်းနေပြန်သည်။ လော့ဝူရွှမ် သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘လောကသခင်ခန္ဓာချင်က တော်တော်ဗဟုသုတ ရှိတာပဲ’

ပြီးခဲ့သည့်ရက်များအတွင် ချင်မူမှာ မကြာခဏ ထိခိုက်ဒဏ်ရာရခဲ့ရာ ဆေးပင်များမှာ ပြက်ခနဲပြိုက်ခနဲ ကုန်နေသည်။ လော့ဝူရွှမ်ကလည်း ကောင်းကင်နန်းဆောင် ပြန်တည်ဆောက်ရန်အတွက် ဆေးပင်များစွာ သုံးစွဲရသေးသည်။

“နတ်နဂါးက ကျွန်တော့်စိတ်ကူးအတွေးကနေ ဖန်ဆင်းလိုက်တဲ့ သတ္တဝါတစ်ကောင်ပဲ… ကျွန်တော်က ကျွန်တော့်အသိစိတ်အလျဉ်တစ်စိတ်တစ်ပိုင်းကို မဟာလေဟာနယ်ဆီ ပို့လွှတ်ပေးလိုက်သလိုပေါ့… အဲဒါကြောင့် မဟာလေဟာနယ်မှာ ကျွန်တော့နတ်နဂါးကို ဖန်ဆင်းပေးနိုင်တဲ့ အသိစိတ်အလျဉ်စွမ်းအင် ထပ်ရှိလာတယ်… ပြီးတော့ ဒီကမ္ဘာမှာ အသိစိတ်အလျဉ်အကူးအပြောင်း ရှိရမယ်… အဲဒါမှသာ နတ်နဂါး အသတ်ခံလိုက်ရရင် မဟာလေဟာနယ်က ပြန်ဖွဲ့တည်ပေးနိုင်မှာ”

ချင်မူက ဆေးပင်များကို သိမ်းဆည်း၍ သူ့လမ်းသူ ဆက်သွားရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ “ပြန်ဖွဲ့တည်လာပြီးရင် ကျွန်တော်တို့ကို အနံ့ခံပြီး နောက်က ပြန်လိုက်လာနိုင်တယ်…. ကျွန်တော်ထင်မြင်ချ်ကတွေက ဒီနေရာဆီ ရောက်လာပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရတာတွေအပေါ် အခြေခံထားတာ့ပဲ…. လွဲခဲတယ်”

ချင်မူ မျက်ဝန်းထောင့်စွန်းများ တွန့်သွား၏။ ယွင်ချွီးရှို့နှင့် လျန်းဟွာဟွန်ကို တွေးလိုက်မိသဖြင့် သူ့ယုံကြည်ချက် ကျဆင်းသွားသည်။

ဤအမျိုးသမီးနှစ်ယောက်၏ သရုပ်မှန်ကို သူ အတွက်မှားခဲ့သည်မဟုတ်ပါလော။

လော့ဝူရွှမ်က မေးသည်။ “မင်းက မြင်ယောင်ဖန်ဆင်းတဲ့နေရာမှာလည်း ကျွမ်းတာပဲလေ…. စွမ်းအင်ဆေးပင်တွေကို ဖန်ဆင်းပညာနဲ့ စိုက်မယ့်အစား ဘာလို့ မြင်ယောင်ပြီး မဖန်ဆင်းတာလဲ”

ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြန်သည်။ သူ စိတ်ညစ်သွားပြီး ခါးသီးလာတော့၏။ သူက အသံတိုးတိုးဖြင့် ပြောသည်။ “ကျွန်တော့်အသိစိတ်အလျဉ်က အားမကောင်းသေးဘူး… မွေးကင်းစဖန်ဆင်းရှင်အဆင့်ပဲ ရှိသေးတာ… လောကသခင်ခန္ဓာနာမည်နဲ့ ကျွန်တော် မထိုက်တန်ပါဘူးဗျာ”

လော့ဝူရွှမ် ဇဝေဇဝါ ဖြစ်သွား၏။

ဤလူချင်မူသည် မိုးသည်းထန်စွာ ရွာသွန်းဖြိုးလာသကဲ့သို့ ပြင်းထန်သော၊ ဆူနာမီလှိုင်းလုံးကြီးလို အားကောင်းသော ယုံကြည်ချက်ကို ပြသခဲ့သော်လည်း အဘယ်သို့ပြ၍ ကောက်ကာငင်ကာ စိတ်ဓာတ်ကျသွားသနည်း။

ထို့အပြင် သူ့စိတ်ဓာတ်သူ ပြန်မဆွဲနိုင်တော့ဟန်လည်း တူသည်။

သို့သော် ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးထဲ၌ ဖန်ဆင်းရှင်တစ်ယောက် နေထိုင်နေသည်ကို သူမသိပေ။ ထိုဖန်ဆင်းးရှင်သည် ချင်မူ့ကို နေ့စဉ်နေ့တိုင်း အပြစ်တင်ရှုံ့ချ အထင်သေးကာ သူ့အသိစိတ်အလျဉ်က မည်မျှအားနည်းကြောင်း ပေါက်ပေါက်ဖောက်သကဲ့သို့ ပြောနေ၏။ ကြာလာသည့်အခါ ချင်မူမှာ သူ့အသိစိတ်အလျဉ်သည် အားနည်းလှသည်ဟု အထင်ရောက်လာသည်။ ထို့ကြောင့် အားမလိုအားမရကာ စိတ်ဓာတ်ကျလာ၏။

သို့ရာတွင် မျက်စိတစ်မှိတ်အတွင်း ချင်မူကား ယုံကြည်ချက်ရှိသွားပြန်၏။ သူက တဟားဟား ရယ်ကာ ပြောသည်။ “ကံကောင်းထောက်မလို့၊ ကျွန်တော်က လောကသခင်ခန္ဓာ ဖြစ်နေတယ်လေ… ကျွန်တော် ကြိုးကြိုးစားစား အားထုတ်ရင် အသိစိတ်အလျဉ်က ဆယ်ကျော်သက် ဖန်ဆင်းရှင်အဆင့်ဆီ မြန်မြန်ဆန်ဆန် ရောက်သွားလိမ့်မယ်… ပို့လိုတောင် အားကောင်းလာနိုင်သေးတယ်… မဟာဧကရာဇ်နောက်တစ်ပါးတောင် ဖြစ်ရင် ဖြစ်လာဦးမှာ”

လော့ဝူရွှမ်သည် သူနှင့် များများစားစား မထိတွေ့ မဆက်ဆံဖူးသဖြင့် လောကသခင်ခန္ဓာဆိုသည့်အရာအပေါ် မျက်စိမှိတ်ယုံကြည်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သူက ခေါင်းယမ်းကာ သူ့ဘာသာသူ တွေးနေသည်။ ‘လောကသခင်ခန္ဓာက ဘာကြီးတုန်း… ကောင်းကင်နတ်ဘုံက လောကသခင်ခန္ဓာကို ဟာသတစ်ခုလို သဘောထားနေတာ မသိဘူးလား’

လောကသခင်ခန္ဓာ၏ ကောလဟာလနှင့် ပတ်သက်၍ သမိုင်းတစ်လျှောက် ထင်ရှားကျော်ကြားလာခဲ့သော လောကသခင်ခန္ဓာမှာ ချင်မူသာ ဖြစ်ကြောင်း ကောင်းကင်နတ်အရှင်များ သိထားသည်မှာ ကြာချေပြီ။ ထိုသတင်းသည် ကောင်းကင်နတ်ဘုံတစ်ဝန်းလည်း ပျံ့နှံ့ထား၏။

သူက နဂါးဟန်လောကသခင်ခန္ဓာ ဖြစ်သည်။

ချုံဧကရာဇ်လောကသခင်ခန္ဓာလည်း ဖြစ်သည်။

ယခုအချိန်တွင်ပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာကလည်း သူပင် ဖြစ်၏။

အမှန်တွင် ကမ္ဘာဦးအစမှ ယနေ့ထိတိုင်အောင် ကမ္ဘာမြေတုန်ဟည်းစေသော ကောင်းမှုများ လုပ်ဆောင်ခဲ့သည့် လောကသခင်ခန္ဓာဟူ၍ မရှိပေ။ လောကသခင်ခန္ဓာနှင့် ပတ်သက်သမျှ ကောလဟာလ သတင်းအားလုံးသည် အချိန်ကူးသန်းရောက်ရှိလာသော ချင်မူ၏ လက်ချက်များသာ ဖြစ်ပေ၏။

လောကသခင်ခန္ဓာဆိုသည်မှာ ချင်မူ၏ တစ်ကိုယ်တော် ပြပွဲပင်။

ကောင်းကင်နတ်အရှင်များစွာ အမှန်အတိုင်း သိထားကြသည်။ ချင်မူတစ်ယောက်တည်းသာ မသိခြင်းပင်။ သူသည် လောကသခင်ခန္ဓာအနေဖြင့် မည်သည့်အရာမဆို လုပ်နိုင်သည်ဟု ယုံကြည်နေသေး၏။ သူ မလုပ်နိုင်လျှင် ကြိုးစားသည်က မလုံလောက်သေး၍ဟုသာ ထင်မှတ်နေသည်။

သူတို့ ဆက်လျှောက်လာရင်း ဖန်ဆင်းရှင်များ ဖန်ဆင်းထားသော မြို့နောက်တစ်မြို့အား မြင်လိုက်ရသည်။ သို့သော် လမ်းတွင် ဖန်ဆင်းရှင်တစ်ယောက်မှ မမြင်ခဲ့ရသည့်အတွက် နှစ်ယောက်သား အူကြောင်ကြောင် ဖြစ်နေကြ၏။

လမ်းတွင် ချင်မူ၏ ကုသပေးမှုကြောင့် လော့ဝူရွှမ်၏ ဒဏ်ရာများ သက်သာလာသဖြင့် အစစ်အမှန်ဘုရားအဆင့် စွမ်းအားအထိ ထုတ်သုံးလာနိုင်သည်။ ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာအကြောင်း အားတက်သရော မျှဝေရင်း လော့ဝူရွှမ်ကို ကောင်းကင်တံတား ချိုးဖျက်၍ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ တည်ဆောက်ရန် တိုက်တွန်းနေသည်။

လော့ဝူရွှမ်က ကောင်းကျိုးနှင့် ဆိုးကျိုးကို ခွဲခြားသိရှိသူ ဖြစ်သည့်အလျောက် သူ့စကားများအား အာရုံမရှိပေ။

ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကိုတော့ စိတ်ဝင်စားမိသော်လည်း ထိုကောင်းကင်ရတနာသို့ ပြောင်းလိုက်လျှင် ပြုပြင်ပြောင်းလဲသူတစ်ယောက်အဖြစ် နာမည်တပ်ခံရကာ အသက်အန္တရာယ်ရှိလာလိမ့်မည်။

သူက နောက်ခံမရှိသော လူတစ်ယောက် မဟုတ်ပါလော။

ထို့အပြင် ချင်မူ့အထာကိုလည်း သူ ကောင်းကောင်းနပ်သည်။ သူ၏အချစ်ဆုံးတပည့်၊ ကျဲ့ဟွလီမှာလည်း သူ့စကားကြောင့် သူနှင့် သံယောဇဉ်ဖြတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရောက်ကာ ပြုပြင်ပြောင်းလဲခဲ့၏။

‘ငါ သူနဲ့ ဆက်နေရင် သူ့စကားထဲ မျောသွားတော့မယ် ထင်ပါရဲ့’

သူ တိတ်တိတ်ကလေး စိုးရိမ်လာသည်။ ချင်မူသည် ညှို့ဓာတ်တစ်မျိုးနှင့် လွှမ်းမိုးနိုင်၏။ သူနှင့် ထိတွေ့ဆက်ဆံလေလေ၊ သူ့အား ရန်သူအဖြစ် မြင်ရခက်လာလေလေပင်။

‘ငါ့ဒဏ်ရာတွေ ကျက်ရင် သူ့ကို စိန်ခေါ်ရမယ်… ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်၊ စိန်ခေါ်ပြီးတာနဲ့ ထွက်ပြေးမယ်… ဒါဆို သူ့စကားကို နားမယောင်တော့ဘူး’

ချင်မူက ကောင်းကင်ပေါ် ပျံတက်၍ မြေပုံတစ်ပုံအား ဖြန့်လိုက်သည်။ ပတ်ဝန်းကျင်အနေအထားနှင့် ယှဉ်တိုက်ကြည့်ပြီးသည့်အခါ စိတ်ပျက်သွားသောအမူအရာဖြင့် အောက်ဆင်းလာ၏။

ဝေစွေ့ဖုန်း ချန်ရစ်ခဲ့သော မြေပုံက ဤပတ်ဝန်းကျင်နှင့် မကိုက်ပေ။ အသိစိတ်အလျဉ်အကူးအပြောင်း တည်ရှိသော မဟာလေဟာနယ်တွင် ပတ်ဝန်းကျင်အနေအထားသည် အချိန်နှင့်အလိုက် ပြောင်းလဲနေမည်မဟုတ်ချေ။ ဝေစွေ့ဖုန်း ဤနေရာသို့ ရောက်လာပြီး သူ့အတွက် မြေပုံထားခဲ့လျှင် ထိုနေရာကို သူ ရှာတွေ့သင့်သည်။

သူတို့နှစ်ယောက်သား စွန့်ပစ်ခံထားရဟန်တူသည့် ဖန်ဆင်းရှင်မြို့ထဲသို့ ဝင်သွားကြသည်။ ဖန်ဆင်းရှင်တစ်ယောက်၏ အိမ်ထဲ ဝင်ကြည့်သည့်အခါ မီးဖိုက ထွန်းလင်းနေသေးကြောင်း တွေ့လိုက်ရသည်။ ရေနွေးအိုးတစ်အိုးကိုလည်း တည်ထား၏။ ရေနွေးအိုးထဲရှိ ရေက ပွက်ပွက်ဆူနေသည်။

ခုတင်တစ်လုံး၊ အိပ်ရာ၊ ငွေများ၊ ရတနာများကိုလည်း တွေ့ရသည်။ ချန်ထားခဲ့ခံရပုံရသည်။

စောစောလေးကတင် ဖန်ဆင်းရှင်မြို့မှာ စည်ကားသိုက်မြိုက်နေခဲ့သည့်အလားပင်။ တချို့က ရေနွေးအိုးတည်၍ တချို့က အိပ်ယာပြင်နေကြလိမ့်မည်။ တချို့က ငွေများ၊ ရတနာများ မြင်ယောင်ဖန်ဆင်းနေကြလိမ့်မည်။ ထို့နောက် မတော်တဆ အဖြစ်အပျက်ကြီးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသဖြင့် အထုတ်အပိုးများ ပြင်ဆင်ရန်ပင် အချိန်မရဘဲ ရေးကြီးသုတ်ပျာဖြင့် ထွက်သွားကြကာ ဤနယ်မြေကို စွန့်ပစ်ခဲ့ကြရလိမ့်မည်။

“ဖန်ဆင်းရှင်တွေ ဒီကမ္ဘာကို စွန့်ပစ်ခဲ့ကြပုံပဲ”

လော့ဝူရွှမ်က ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ “မဟာလေဟာနယ် မကောင်းဆိုးဝါးတွေကြောင့် ထွက်သွားကြတာလား”

မဟာလေဟာနယ်၏ မကောင်းဆိုးဝါးများသည် အသတ်ခံရပြီးနောက် ပြန်ရှင်သန်လာနိုင်၏။ ထိုအတိုင်း အမြဲသံသရာ လည်နေနိုင်ရာ အမှန်ပင် ဒုက္ခများစရာ ဖြစ်သည်။ သူတို့အတွက် ဆက်လက်သည်းခံရန် မဖြစ်နိုင်တော့သဖြင့် ဤနေရာမှ ထွက်သွားကြခြင်းလည်း ဖြစ်နိုင်သည်။

နှစ်ယောက်သား စင်မြင့်တစ်ခုဆီသို့ ရောက်လာကြပြီး ဧရာမမီးပုံကြီးတစ်ပုံ မြင်ကြရသည်။ မီးပုံအပေါ်၌ အကင်ခံရနေသော သားရဲပေါင်တစ်ချောင်း ရှိနေ၏။ ပေါင်ကား ပေတစ်ရာခန့် ရှည်ချေသည်။

မီးပုံဘေးတွင် လူနှစ်ရပ်စာမျှ မြင့်မားသော ဝိုင်ခွက်များ ရှိကာ ဝိုင်နံ့များ သင်းနေသည်။ ဝိုင်နံ့နှင့် အသားနံ့ ရောသွားသည့်အခါ ဗိုက်ဆာလာစေတော့သည်။

ချင်မူက လမ်းလျှောက်သွားပြီး အသားတစ်တုံး လှီးလိုက်သည်။ “ကောင်းသားပဲ”

သူက နောက်တစ်တုံး လှီး၍ လော့ဝူရွှမ်ဆီသို့ ပေး၏။

လော့ဝူရွှမ်မှာ တွန့်ဆုတ်နေသဖြင့် ချင်မူ ရယ်မောရင်း ပြောလိုက်သည်။ “ဒါက ဖန်ဆင်းရှင်တွေ ဖန်ဆင်းထားတဲ့ အသား… စားလို့ရပါတယ်… အလွန်ဆုံး အသိစိတ်အလျဉ်အဖြစ် ပြောင်းသွားရုံပဲ ရှိမှာ”

လော့ဝူရွှမ် စားကြည့်သည့်အခါ ထူးထူးဆန်းဆန်း အရသာ ရှိနေသည်။

ချင်မူက ထိုင်၍ အသားကင်စားလိုက်၊ ဝိုင်သောက်လိုက်ဖြင့် အရသာခံနေသည်။ ဝိုင်ကလည်း အံ့အားသင့်ဖွယ်ရာ သောက်ကောင်းသည်။ နှစ်ယောက်သား ခွက်ချင်းတိုက်ရင်း အားပါးတရ ကြိတ်ကြတော့သည်။

“ဖန်ဆင်းရှင်တစ်ယောက် ဖြစ်ရတာ မဆိုးဘူးပဲဟ” ချင်မူ တဟားဟား ရယ်လိုက်မိ၏။

“မွှေးချက်”

ရုတ်တရက် အသံတစ်သံ ထွက်လာ၍ နှစ်ယောက်သား လန့်သွားကြသည်။ ချင်မူနှင့် လော့ဝူရွှမ်က အသံလာရာသို့ လှမ်းကြည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော အသွင်ရှိသည့် တာအိုရသေ့တစ်ယောက်အား မြင်လိုက်ရသည်။ တာအိုရသေ့သည် အင်္ကျီလက်အိုးရှည်ရှည် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဆံပင်အား ခပ်မြောက်မြောက် ထုံးထား၏။ မည်သည့်နေရာမှ သူ ထွက်လာမှန်း မသိပေ။ သူက သူတို့ဘေး၌ ထိုင်၍ ဝေသာလီဘီလူးလို စားသောက်ရင်း အော်ဟစ်သည်။ “စားကောင်းလိုက်တာ”

လော့ဝူရွှမ်က တာအိုရသေ့ကို မည်သည့်နေရာမှ လာကြောင်း မေးရန် ပါးစပ်ဟလိုက်စဉ် တာအိုရသေ့သည် ရုတ်တရက် ပါးစပ်ဟ၍ သားရဲပေါင်အပေါ် တံတွေးထွေးလိုက်၏။ သူက ရယ်သည်။ “ငါ့တံတွေး ဒီအသားပေါ် ရောက်သွားပြီ… မင်းတို့ စားရဲလား… မစားရဲရင် ဒီသားရဲပေါင်က ငါ့အပိုင်ပဲ”

ချင်မူနှင့် လော့ဝူရွှမ် တစ်ယောက်ကို တစ်ယောက် ကြည့်၍ မှင်သက်သွားကြသည်။

ထိုတာအိုရသေ့သည် သားရဲပေါင်ကို ယူ၍ တဂွပ်ဂွပ် ကိုက်ပစ်၏။ ထို့နောက် တွေ့သမျှ ဝိုက်ခွက်တိုင်းသို့ တံတွေးထွေးချကာ ရယ်နေသည်။ “မင်းတို့လည်း ဝိုင်လည်း မသောက်တော့ဘူးမလား”

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူက တဟားဟား ထရယ်လိုက်လေသည်။ “ကောင်းကင်ဓားမလော့၊ မျက်လှည့်လေး တစ်ကွက်လောက် အတူတူ ပြကြရအောင်”

သူက တတိယမျက်လုံးဖွင့်၍ အဆင့်မြင့်အသိပညာသုံးခုကို လှည့်ပတ်လိုက်သည်။ အတန်ကြာ မြင်ယောင်ကြည့်ပြီးနောက် စားသောက်ဖွယ်ရာမျိုးစုံ ဖွဲ့တည်လာပြီး ဝိုင်များလည်း ပေါ်ထွက်လာကာ စားသောက်ပွဲကြီးပမာ ခမ်းနားနေတော့သည်။

အတန်ကြာသော် မိန်းမလှလေးများလည်း သီဆိုကခုန်ရင်း ထွက်လာကြသည်။ သူတို့က သူတို့နှစ်ယောက်ကို ဝန်းရံလျက် တခစ်ခစ် ရယ်မောရင်း ကလူကျီစယ်ကာ အစားအသောက်များ ဧည့်ခံနေကြ၏။

“ကောင်းကင်ဓားမလော့၊ ဘယ်လိုထင်လဲ” ချင်မူက မေးသည်။

လော့ဝူရွှမ် မှင်သက်သွား၏။ အတန်ကြာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည်။ “လောကသခင်ခန္ဓာချင်က ဘယ်လို ပျော်ပျော်နေရမလဲသိတာပဲ”

ချင်မူက အားပါးတရ ရယ်မောရင်း မိန်းကလေးများကို လက်တစ်ဖက်စီတွင် မလွတ်တမ်း ဖက်ထား၏။

အနက်ရောင်ဝတ်ရုံနှင့် တာအိုရသေ့မှာ သူတို့ကို မနာလိုစွာ ကြည့်ရင်း အနားကပ်လာသည်။

“ထွီ”

ချင်မူနှင့် လော့ဝူရွှမ်က အစားအသောက်များအပေါ် ကပျာကယာ တံတွေးထွေးလိုက်ကြသည်။ လော့ဝူရွှမ်က တာအိုရသေ့ကြီး လာမလုအောင် မိန်းမလှလေးများအပေါ်ပင် တံတွေးထွေးချင်နေကြ၍ ချင်မူမှာ ကမန်းကတန်း တားလိုက်ရ၏။

ဤအခြင်းအရာကို မြင်လျှင် အနက်ရောင်ဝတ်ရုံနှင့် တာအိုရသေ့က ညစ်ကျယ်ကျယ် ရယ်သည်။ “မင်းတို့ ကောင်းကင်နတ်ဘုံကဆိုရင် ငါ ဘယ်သူလဲ သိလား.. ငါ့ကိုများ ရာရာစစ ရိုင်းပျရဲရတယ်လို့”

ချင်မူက ပြုံးစစဖြင့် ခေါင်းစောင်းကာ လော့ဝူရွှမ်ဆီ ပြောလိုက်၏။ “ကောင်းကင်ဓားမလော့၊ ကျွန်တော် ဘယ်သူလည်း ပြောလိုက်”

လော့ဝူရွှမ်လည်း ချောင်းဟန့်၍ ပြောသည်။ “ဒါက ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူအကြီးအကဲ ငါးယောက်ထဲကတစ်ယောက်၊ ကောင်းကင်နတ်ဧကရာဇ် ချီးမြှောက်ထားတဲ့ ကောင်းကင်နတ်အရှင်တစ်ပါး၊ နဂါးဟန်လောကသခင်ခန္ဓာ၊ ကောင်းကင်နတ်အရှင်မူပဲ”

အနက်ရောင်ဝတ်ရုံနှင့် တာအိုရသေ့၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။

ချင်မူက ပြုံး၍ ပြောသည်။ “ကဲ ဒါဆို ခင်ဗျားက ဘယ်သူလဲ … ဘာလို့ ဒီရောက်နေတာလဲ”

All Chapters