အဆင့်မြင့်အသိစိတ်အလျဉ် နယ်ပယ်
Vol. 73 Ch. 954
ယွဲ့ထင်းကဲက ချင်မူနှင့် လော့ဝူရွှမ်နှင့်အတူ ခရီးဆက်သွားသည်။ ချင်မူ မြင်ယောင်ဖန်ဆင်းထားသည့် နတ်နဂါးလည်း သူတို့နောက်မှ လိုက်လာ၏။
ဤတာအိုရသေ့ကြီးသည် တစ်ချက်တစ်ချက် စိတ်ဖောက်တတ်ပြီး သတိအနေအထားဖြင့် ပတ်၀န်းကျင်ကို ခိုးကြောင်ခိုးဝှက် ကြည့်တတ်၏။ နည်းနည်းလေး လှုပ်တိုင်း သူက ချုံပုတ်များနောက် ၀င်ပုန်းလျှင်ပုန်း၊ မပုန်းလျှင် သစ်ပင်များနောက်သို့ ပြေး၀င်သွားတတ်သည်။ ထို့နောက် ခေါင်းပြူထွက်ကာ တစ်စုံတစ်ယောက် သူ့ကို အန္တရာယ်ပြုရန် ကြိုးစားသကဲ့သို့ ဝေ့ဝဲကြည့်ရှုတတ်၏။
နတ်နဂါးလည်း သူ့အတိုင်း လိုက်လုပ်နေသည်။
ချင်မူမှာ ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။ သူ အကြောင်းရင်း မေးသည့်အခါ ယွဲ့ထင်းကဲသည် သရော်တော်တော် ပြော၏။ “ဒီကမ္ဘာက ငါ့ဆို ကြည်တာမဟုတ်ဘူး... ငါ့ရဲ့လှုပ်ရှားမှုတိုင်း ထောက်လှမ်းပြီး ငါ့ကို အန္တရာယ်ပြုချင်နေတာ... ငါ ဂရုမစိုက်ရင် သေသွားမှာပေါ့ဟ”
သူက ပတ်၀န်းကျင်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်ပြီးနောက် ခပ်တိုးတိုး ပြောသည်။ “ရှူး ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... သူတို့က ငါတို့ကို ထောက်လှမ်းနေတယ်...ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး ငါတို့ပြောတာတွေကိုတောင် နားထောင်နေတတ်တယ်.... ပြီးရင် ငါတို့ကို ဖယ်ရှားဖို့ အန္တရာယ်တွေမျိုးစုံ ဖန်ဆင်းလိမ့်မယ်”
ချင်မူနှင့် လော့ဝူရှန် တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။
ယွဲ့ထင်းကဲသည် ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်ပညာရှင်တစ်ယောက် ဖြစ်၏။ တာအိုဘိုးဘေးကြီးအောက်သော်လည်းကောင်း၊ ဗြဟ္မဗုဒ္ဓအောက်သော်လည်းကောင်း မနိမ့်ကျသင့်သော်လည်း ယခုလို အရူးတစ်ယောက် ဖြစ်လာခဲ့ချေပြီ။ ဤသည်မှာ အမှန်တကယ် အံ့အားသင့်စရာကောင်း၏။
“ရပ်လိုက်” ယွဲ့ထင်းကဲမှာ ရုတ်တရက် အလွန်စိုးရိမ်ကြောင့်ကြလာစာ်။ သူက ဖင်ဖူးတောင်းထောင်၍ မြေပြင်ကို အနံ့ခံနေ၏။ နတ်နဂါးကလည်း သူလုပ်သည့်အတိုင်း လိုက်လုပ်ပြီး မြေပြင်ကို အနံ့ခံနေသည်။
ယွဲ့ထင်းကဲက ကြောက်လန့်နေသော အမူအရာဖြင့် ခေါင်းမော့ကြည့်၏။ သူက ရုတ်တရက် ထွက်ပြေးပြီး အော်ဟစ်လေသည်။
“သူတို့ရောက်လာပြီ”
ချင်မူ မှင်သက်သွားပြီး အလျင်အမြန် လိုက်သွားမိသည်။ လော့ဝူရှန်လည်း ရွေးချယ်စရာမရှိသဖြင့် နောက်မှ လိုက်လာသည်။ သူက ပြောသည်။ “လောကသခင်ခန္ဓာချင် ဒီကောင်းကင်ဆရာသခင်ယွဲ့က ရူးနေတာ သေချာတယ်.... ဒီအရူး ငါတို့ကို ထသတ်ချင်ရင် ဘယ်သူမှ မတားနိုင်ဘူးနော်... သူ့ဆီက ဝေးဝေးနေတာ အကောင်းဆုံးပဲ”
ချင်မူမှာ တွန့်ဆုတ်နေသည်။
ယွဲ့ထင်းကဲ၏ အခြေအနေက အမှန်တကယ် မူမမှန်ပေ။ ပြောရလျှင် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ဤနေရာတွင် နှစ်ပေါင်းတစ်သောင်းပိတ်မိနေလျှင်ပင် မရူးသွားသင့်ပေ။ ကောင်းကင်နတ်ဧကရီက သူ၏ဦးနှောက်ကို ဖျက်ဆီးခဲ့သည်များလော။
ဤအရူးနောက် လိုက်ရသည်မှာ အမှန်တကယ် အန္တရာယ်များ၏။ သူနောက်ခဏတွင် မည်သို့ထလုပ်မည်ကို မည်သူမှ မသိနိုင်သည်မဟုတ်ပါလော။ နတ်နဂါးကလည်း သူ့နောက်မှလိုက်၍ တရှူးရှူး အနံ့ခံနေသည်။ ရုတ်တရက် နဂါးသည် တစ်စုံတစ်ခုကို အနံ့ရလိုက်သည့်အလား ခေါင်းထောင်ပြီး နှာခေါင်းကို လှုပ်၍ ဇဝေဇဝါ ဖြစ်နေ၏။ “မာဟာ”
ချင်မူနှင့် ကျန်ရှိသူများက အဝေးသို့ ရောက်သွားပြီဖြစ်သည်။ နတ်နဂါးလည်း လိုက်သွားတော့မည့်အချိန် မြေပြင်က ရုတ်တရက် ပွင့်ထွက်လာသည်။ မိုင်ပေါင်းထောင်ချီ ကျယ်၀န်းသော မြေပြင်သည် ရုတ်တရက် မျက်လုံးကြီးတစ်လုံးအသွင် ပြောင်းသွား၏။ မြေအောက်မျက်လုံးကြီးက ချင်မူနှင့် ကျန်ရှိသူများဆီသို့ လှမ်းကြည့်နေလေသည်။
နတ်နဂါးမှာ ကြောက်လန့်တုန်လှုပ်သွားသည်။ သူ့အကြေးခွံများ ထောင်မတ်သွားပြီး ချင်မူတို့နောက်သို့ သွေးရူးသွေးတန်း ပြေးလိုက်သွား၏။ “မာဟာ မာဟာ”
နတ်နဂါးက ချင်မူ့ကို လှည့်ပတ်ရင်း သူ မြင်ခဲ့သည့်အရာကို ပြောပြရန် ကြိုးစားနေသည်။
“ဗိုက်ဆာလို့လား” ချင်မူမှာ အူကြေင်ကြောင် ဖြစ်နေ၏။
နတ်နဂါးမှာ သူ မြင်ခဲ့ရသည်ကို မည်သို့ရှင်းပြရမည်မှန်း မသိသဖြင့် ဟိုပြေးလိုက်၊ သည်ပြေးလိုက် ငြိမ်ငြိမ်မနေနိုင်ပေ။ နဂါး နောက်လှည့်ကြည့်လိုက်သည့်အခါ မြေပြင်သည် ပုံမှန်ပြန်ဖြစ်သွားပြီး မျက်လုံးကြီးလည်း ပျောက်ကွယ်သွားချေပြီ။ “မာဟာ”
နတ်နဂါးမှာ လက်သည်းကို မြှောက်၍ သူ့ဦးခေါင်းပေါ်ရှိ အမွှေးများကို ကုတ်ရင်း ဇဝေဇဝါဖြစ်နေ၏။
ရုတ်တရက် မလှမ်းမကမ်းရှိ တောင်ကြီးတစ်လုံးသည် ရုတ်တရက် ကွဲထွက်သွားကာ လည်နေသော ဧရာမမျက်လုံးကြီးတစ်လုံးကို ပြသ၏။ ၎င်း၏သူငယ်အိမ်က ကျုံ့သွားပြီး ချင်မူနှင့် ကျန်ရှိသူများအပေါ် စိုက်ကြည့်နေသည်။
၎င်းဘေးရှိ တောင်သည်လည်း ဧရာမနားရွက်ကြီးတစ်ဖက် ဖြစ်သွားသည်။
နတ်နဂါး၏အကြေးခွံများ ထောင်မတ်လာပြန်ပြီး ချင်မူ့ဆီသို့ အပြေးအလွှားလာကာ လက်သည်းများဖြင့် တောင်ဘက်သို့ ထိုးပြနေသည်။ “မာဟာ”
ချင်မူ နောက်လှည့်ကြည့်သည့်အခါ တောင်တန်းများမှအပ မည်သည်ကိုမျှ မမြင်ရပေ။ မျက်လုံးကြီးနှင့် နားရွက်ကြီးသည် ပျောက်ချင်းမလှ ပျောက်သွားပြီး တောင်တန်းများ ပြန်ဖြစ်နေ၏။
“ဒီနဂါးလည်း ရူးနေပြီ”
လော့ဝူရွှမ်က အကြံပြုသည်။ “ငါတို့ သူ့ကို သတ်စားသင့်တယ်”
နတ်နဂါးက ခေါင်းငုံ့ကာ သူတို့နောက်မှ တကောက်ကောက် လိုက်ာလ၏။
နတ်နဂါးမှာ စကားမပြောတတ်သဖြင့် ချင်မူတို့ကို သူ မရူးကြောင်း၊ ဤမဟာလေဟာနယ်မြေပြင်သည် အမှန်တကယ် အသက်ရှင်နေပြီး သူတို့ကို ထောက်လှမ်းကြည့်ရှုနေကြောင်း မပြောပြနိုင်ပေ။
များစွာမကြာလိုက်ဘဲ သူတို့အပေါ်ရှိ ကောင်းကင်မှာ ဧရာမမျက်လုံးတစ်လုံး ဖြစ်လာသည်ကို နတ်နဂါး မြင်လိုက်ရသော်လည်း ကျန်သူများကို မပြောရဲတော့သဖြင့် ခပ်တိုးတိုးသာ ရေရွတ်နေ၏။ “မာဟာ…”
ဧရာမသစ်ပင်ကြီးတစ်ပင် နားရွက်ကြီးတစ်ဖက် ဖြစ်လာသည်ကို မြင်ရသည့်အခါလည်း အလားတူပင်။
ချင်မူတို့က တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေသော ယွဲ့ထင်းကဲနောက် လိုက်နေကြသည်။ “ဒီနေရာက သိပ်မာယာများတယ်… တိတ်ဆိတ်နေတာ ကြည့်ပြီး အေးချမ်းတယ်မထင်နဲ့… ငါ ဉာဏ်ကောင်းလို့သာ အသက်ရှင်နိုင်တာနော် ညီလေး”
သူက ကင်ထားသော သားရဲပေါင်ကို ပွတ်သပ်ရင်း နူးညံ့ညင်သာစွာ ပြောသည်။ “ညီလေး၊ ဒီမှာ မင်းနဲ့ ငါပဲ ရှိတယ်… ထာဝရ ညီအစ်ကိုတွေ လုပ်ကြရအောင် … ဟ မင်းတို့က ဘယ်ကကောင်တွေတုန်း”
သူက သူ့နောက်မှ လိုက်လာသည့် ချင်မူ၊ လော့ဝူရွှမ်နှင့် နတ်နဂါးကို ဘွားခနဲ မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။
ချင်မူ ချောင်းဟန့်ကာ ပြောလိုက်၏။ “ကောင်းကင်ဆရာသခင်ယွဲ့၊ ကျွန်တော်တို့က…”
“ငါ မင်းကို မှတ်မိပြီ”
ယွဲ့ထင်းကဲသည် သဘောပေါက်သွားပြီး သားရဲပေါင်ကို လွှင့်ပစ်ကာ ပြောနေ၏။ “ကောင်းကင်နတ်အရှင်မူ၊ လက်တစ်ဖက်နဲ့ကောင်…. ဟုတ်တာပေါ့ ငါ မင်းတို့ကို မှတ်မိတာပေါ့… ဟီးဟီး ငါတို့ ဘယ်သွားသွား သတိထားရတယ်တဲ့… ငါ မင်းတို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်… မဟာလေဟာနယ်မြေပြင်က အသက်ရှင်နေတယ် သိလား”
သားရဲပေါင် မြေပြင်ပေါ် ဘုတ်ခနဲ ပြုတ်ကျသွားသည့်အချိန်တွင် အသံကျယ်သွား၍ ယွဲ့ထင်းကဲမှာ ထိတ်လန့်သွားဟန်ဖြင့် ဟိုကြည့်သည်ကြည့် ကြည့်သည်။ သူက အေးစက်စက် ပြော၏။ “ငါ့ကို ပေါင်ကင်နဲ့ သွေးဆောင်နေတာပေါ့လေ… ဒီလေးကြောင့်နဲ့ ငါက မင်းတို့အလို လိုက်မယ်ထင်လား… ငါ့ကို သုံးနှစ်ကလေး မှတ်နေလား… မြန်မြန်သွားကြစို့၊ သူတို့ ငါတို့ကို စောင့်ကြည့်နေတယ်… ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို မြန်မြန်ရှာမှ ဖြစ်မယ်… ဟိုကောင် ခိုင်ဧကရာဇ်လည်း လာနေပြီ”
ချင်မူ ခေါင်းကြိမ်းသွားသည်။ သူ ထွက်သွားချင်သော်လည်း ခိုင်ဧကရာဇ် လာနေသည်ဟု ကြားလိုက်သည်နှင့် သူ့နောက် လိုက်ရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။
ယွဲ့ထင်းကဲသည် သူတို့ကို ဆက်လက်ဦးဆောင်သွား၏။ ထို့နောက် ယွဲ့ထင်းကဲ လမ်းလျှောက်နေစဉ် သူ့ဦးခေါင်းက ကုဗတုံးတစ်တုံး ဖြစ်လာာခဲ့ပြီး ထောင့်မှန်စတုဂံကျကျ မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းနှင့် ပါးစပ်များဖြင့် သေတ္တာတစ်လုံးပမာ ဖြစ်နေသည်။
ဤကောင်းကင်ဆရာသခင်၏ လည်ပင်း၊ ခန္ဓာကိုယ်နှင့် ခြေချောင်းလက်ချောင်းများ၊ လက်ဆစ်များလည်း ချိတ်ဆက်နေသော ကုဗတုံးများသဏ္ဍာန် ဖြစ်လာသည်ကို မြင်တွေ့ရ၏။
ချင်မူနှင့် လော့ဝူရွှမ် တုန်လှုပ်သွားသည်။ မကြာခင် သူတို့လည်း ယွဲ့ထင်းကဲလို ကုဗတုံးအသွင် ဖြစ်လာခဲ့ကြောင်း မြင်ရသည်။
ချင်မူက နတ်နဂါးဆီသို့ လှည့်ကြည့်လိုက်ရာ ၎င်းလည်း ကုဗတုံးများ ချိတ်ဆက်နေသော ဆန်းကြယ်သတ္တဝါတစ်ကောင် ဖြစ်လာခဲ့ကြောင်း တွေ့လိုက်ရသည်။
သစ်ပင်များ၊ သစ်ရွက်များ၊ တောင်များနှင့် မြစ်ထဲ၌ စီးဆင်းနေသော ရေများပင် ကုဗတုံးများ ဖြစ်နေသည်။
‘ဒါက… မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေ အသိစိတ်အလျဉ်နဲ့ မြင်ယောင်ဖန်ဆင်းထားတဲ့ ဆန်းကြယ်ကောင်းကင်နတ်သိုင်းပဲ… နောက်တစ်မျိုးပြောရရင် မဟာလေဟာနယ်ထဲမှာ အပြင်ကမ္ဘာနဲ့ မတူညီတဲ့ စည်းမျဉ်းနိယာမတွေ ချမှတ်ထားတဲ့ ပုံရိပ်ယောင်ကမ္ဘာနောက်တစ်စင်း ဖန်ဆင်းထားတာ’
ချင်မူ မော့ကြည့်လိုက်သည့်အခါ တိမ်တိုက်များလည်း ထောင့်မှန်စတုဂံလို ၊ ကုဗတုံးလို ဖြစ်နေပြီး နေလုံးကြီးမှာလည်း လေးထောင့်ကျနေ၏။ ဓားစက်လုံးကို ထုတ်ကြည့်သည့်အခါ ၎င်းလည်း လေးထောင့်တုံး ဖြစ်နေသည်။
သူ မှော်စွမ်းအင် ပို့လွှတ်ကြည့်ရာတွင် ဓားစက်လုံးသည်လည်း ကုဗတုံးများဖြင့် ဖွဲ့တည်နေသော ရတနာဓားတစ်လက် ဖြစ်သွားသည်။
ချင်မူ တတိယမျက်လုံး ဖွင့်လိုက်သည်။ တတိယမျက်လုံးသည် လေးထောင့်ဖြစ်မသွားဘဲ မူလအတိုင်း ၇ှိနေ၏။
သူက အသိစိတ်အလျဉ်ကို စုဝေး၍ ကမ္ဘာဦးအစ မူလကျောက်တုံးအထဲသို့ ပို့လွှတ်ကာ အော်ဟစ်လိုက်သည်။ “ကျိုးပျက်စမ်း”
သူ၏အသိစိတ်အလျဉ်ကား အတိုင်းထက်အလွန် သန်မာအားကောင်းသော်လည်း မျက်လုံးအပြင် ထွက်လာသည့်အခါ လေးထောင့်ကျကျ အသိစိတ်အလျဉ်သာ ဖြစ်လာသည်။
ချင်မူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။
ဤနေရာသည် ပုံရိပ်ယောင်တစ်ခုနှင့် မတူဘဲ အစစ်အမှန်ကမ္ဘာနှင့် တူနေ၏။
ရုတ်တရက် ရှုကျွင်း၏ ရယ်သံ ထွက်လာသည်။ “မင်းရဲ့ အားနည်းချက်ကို အခု သိပြီလား.. ဒီမြေပြင်က အဆင့်မြင့်ဆုံးအသိစိတ်အလျဉ်နဲ့ အသန်မာဆုံး ဖန်ဆင်းရှင် ဖန်ဆင်းထားတဲ့ အားအကောင်းဆုံးနယ်ပယ်ပဲ… ဝင်လိုက်တာနဲ့ မဟာတာအိုစည်းမျဉ်းတွေက ဝင်လာတဲ့လူကို ချုပ်နှောင်လိုက်ပြီး သူ့လက်ခုပ်ထဲကရေ ဖြစ်သွားစေတယ်… မဟာကမ္ဘာဦးအစ မူလကျောက်တုံးပဲ သက်ရောက်မခံရတာ”
မဟာကမ္ဘာဦးအစ မူလကျောက်တုံးအပြင်၌ ရှိနေသည့်တိုင် ရှုကျင်းသည်လည်း ယဇ်ပလ္လင်ထက်တွင် ခေါင်းကြီးအသွင်ဖြင့်သာ ဆက်ရှိနေ၏။ မျက်လုံးနှစ်လုံးမှအပ အထဲ၌ ဟောင်းလောင်းဖြစ်နေသည်မှလွဲ၍ပင်။
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားကာ မေးလိုက်မိသည်။ “ဒါကို ဘယ်လိုချိုးဖျက်ရမလဲ”
“မင်း မလုပ်နိုင်ဘူး”
ရှုကျွင်းသည် ယဇ်ပလ္လင်အပေါ်မှ ပျံတက်၍ ကမ္ဘာဦးအစ မူလကျောက်တုံးအပြင်သို့ ထွက်ရင်း လှောင်ရယ်သလို ရယ်နေ၏။ “မင်းလို အဆင့်နိမ်သတ္တဝါလေးတွေက အဆင့်မြင့်အသိစိတ်အလျဉ်ကို ချိုးဖျက်နိုင်မယ်ထင်လား… ဒါက မင်းကို ချုပ်ထားပေမယ့် ငါ့လိုဖန်ဆင်းရှင်ကို မချု်ပထားနိုင်ဘူး… ဒီဖန်ဆင်းရှင်ရဲ့ အဆင့်မြင့်အသိစိတ်အလျဉ်က ဘယ်အဆင့်မှာလဲ ငါ ကြည့်လိုက်မယ်”
သူ ချင်မူ၏မျက်လုံးအပြင် ထွက်လာသည့်အခါ သူ့ခေါင်းကြီးလည်း လေးထောင့်တုံးကြီး ဖြစ်လာသည်။
ရှုကျွင်း တုန်လှုပ်သွားသည်။ သူ့မျက်လုံးကြီးနှစ်လုံးက မျက်တွင်းပေါက်ထဲမှ ကျွတ်ကျလာပြီး ကုဗတုံးများနှင့် ချိတ်ဆက်လျက် ဦးခေါင်းဆီမှ တွဲလောင်းကျနေသည်။
“ငါထက် အနည်းငယ်သာနေတဲ့လူကို ပထမဆုံး တွေ့ဖူးတာပဲ… ဒါပေမဲ့ ချိုးဖျက်ဖို့ မခက်ပါဘူး… ကျိုးပျက်စမ်း”
သူက ချင်မူ့ထက်ပို၍ အသိစိတ်အလျဉ်ကို အသုံးချလိုက်သော်လည်း သူ့အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်း ပျံထွက်လာသည့်အခါ ချင်မူ့အသိစိတ်အလျဉ်အတိုင်း ပျံသန်းနေသော ကြည်လဲ့လဲ့ ကုဗတုံးများ ဖြစ်သွားသည်။
“ဒီဖန်ဆင်းရှင်က ငါ့ထက် သန်မာတာပဲ”
ရှုကျွင်းမှာ ဖင်မနိုင်မထိုင်နိုင် ဖြစ်လာတော့သည်။ “ဟီးဟီး ငါက ဦးနှောက်မှ မရှိသေးတာ… သူ့အသိစိတ်အလျဉ်ကို ချိုးဖျက်ဖို့ ခက်နေတယ်”
သူက ဟက်ခနဲ ရယ်ပြီး ချင်မူ့မျက်လုံးအတွင်းသို့ ပြန်ဝင်ရန် ပြင်နေစဉ် ယွင်ထင်းကဲက သူ့ကို လှမ်းဖက်ကာ ခေါင်းကို ပွတ်ပေးရင်း နူးညံ့ညင်သာစွာ ပြောနေသည်။ “နောက်ဆုံးတော့ မင်းနဲ့ တွေ့ရပြီပေါ့ ညီလေးရာ…”
ရှုကျွင်းမှာ ကျောရိုးတစ်လျှောက် စိမ့်အေးသွားကာ အသိစိတ်အလျဉ်မှတစ်ဆင့် အသံပေးပို့၍ ပြောနေသည်။ “ခွေးသူတောင်းစားချင်၊ ဒီအရူးကို ဖယ်ပေးစမ်း”
ချင်မူ မကြားချင်ယောင်ဆောင်ကာ တွေးနေသည်။ ‘ရှုကျွင်းက အသုံးဝင်ပေမယ့် ငါ့ကို အမြဲလှည့်စားဖို့ ကြံနေတဲ့သူပဲ… သူ မဟာကမ္ဘာဦးအစ မူလကျောက်တုံးကနေ ထွက်လာတာ ကောင်းတယ်… ဒါပေမဲ့ ကောင်းကင်ဆရာသခင်ယွဲ့က ဖန်ဆင်းရှင်တွေနဲ့ သူတို့ကောင်းကင်နတ်သိုင်းတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တွေအများကြီး သိထားတော့ သူ့ကို မသတ်ဖို့ မျှော်လင့်မိတယ်… သူ့မှာ အဆင့်မြင့်အသိပညာသုံးခုထက် ပိုကောင်းတဲ့ ကျင့်စဉ်တွေတောင် ရှိလောက်ဦးမှာ’
ရှုကျွင်းက အသိစိတ်အလျဉ်မှတစ်ဆင့် ကပျာကယာ အသံပေးပို့သော်လည်း ချင်မူက မတုံပြန်ပေ။ သူ ပျာယာခတ်လာတော့သည်။
ယွင့်ထင်းကဲက သူ့ကို ချိုင်းအောက်တွင် ညှပ်၍ ခပ်သွက်သွက် လျှောက်ကာ တိုးတိုး ပြောနေသည်။ “ငါတို့ အဲဒီနေရာဆီ မကြာခင် ရောက်တော့မယ်… ရောက်ရင် ကောင်းကင်နတ်အရှင်နောက်တစ်ယောက်ကို အန္တရာယ်ပေးနိုင်ပြီ… ဟီးဟီး…”
ရှုကျွင်းမှာ လှုပ်မရသဖြင့် သူ့ကံတရားကိုသာ လက်ခံလိုက်ရတော့သည်။
လမ်းလျှောက်နေစဉ် ယွဲ့ထင်းကဲ စက္ကူလူသားတစ်ယောက် ဖြစ်သွားသည်ကို ချင်မူ တွေ့လိုက်ရ၏။
သူ၏အတွင်းကလီစာများနှင့် ခန္ဓာကိုယ်လည်း အလားတူပင်။ ချင်မူနှင့် လော့ဝူရွှမ်မှာ သူ၏မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်ကို နောက်မှ မြင်နေရသည်။
ဦးနှောက်များနှင့် ကလီစာများကိုပင် မြင်နေရ၏။
သူကား လမ်းလျှောက်နေသော လူသားပုံစံပန်းချီအလားပင်။
ယွဲ့ထင်းကဲသာ စက္ကူလူသား ဖြစ်လာခြင်းမဟုတ်၊ ရှုကျွင်းလည်း စက္ကူဦးခေါင်းခွံ ဖြစ်လာသည်။
သို့သော် ရှုကျွင်းဦးခေါင်းမှာ ဦးနှောက်မရှိသောကြောင့် ဗလာကျင်းနေ၏။
ပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ သစ်ပင်များနှင့် မြစ်ချောင်းများလည်း ပန်းချီကားထဲက အဆင်အပြင်များပမာ ထင်ရသည်။ မြစ်က မြေပြင်ပေါ်တွင် စီးဆင်းနေပြီး တောင်တန်းများ၊ သစ်ပင်များသည် ၎င်းဘေး၌ ခြံရံနေ၏။ ကောင်းကင်ထက်၌ မျောလွင့်နေသော အဖြူရောင်တိမ်တိုက်များလည်း အဖြူရောင်စက္ကူဖတ်များ ဖြစ်လာသည်။ မြင်ကွင်းတစ်ခုလုံးကား ပြောစရာစကား မရှိလောက်အောင် ထူးဆန်းလှ၏။
ချင်မူ ငုံ့ကြည့်သည့်အခါ သူလည်း စက္ကူလူသားတစ်ယောက် ဖြစ်လာပြီး သူ၏အတွင်းကလီစာများနှင့် ရုပ်ခန္ဓာဖွဲ့စည်ပုံးအား ရှင်းလင်းပြတ်သားစွာ မြင်နေရကြောင်း တွေ့လိုက်ရသည်။
မပြောင်းလဲသည့်အရာဆို၍ သူ၏တတိယမျက်လုံးသာ ရှိလေသည်။
မဟာကမ္ဘာဦးအစ မူလကျောက်တုံးသည် ထူးဆန်းသော အဆင့်မြင့်အသိစိတ်အလျဉ်အဆင့်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်သည်အထိ အားကောင်းလှပေသည်။ သူတို့၏ရုပ်ခန္ဓာများမှာတော့ ထိုမျှမသန်မာသေးပေ။
‘ဒါက ပန်းချီလမ်းစဉ်နဲ့ မတူဘူး… တကယ့်ကမ္ဘာအစစ်ကို ရေးခြယ်တာ…. ဒါပေမဲ့ ဒီအဆင့်မြင့်အသိစိတ်အလျဉ်အဆင့်က ငါတို့ကို စက္ကူရွက်ပေါ်က ပန်းချီတွေ ဖြစ်လာစေသလိုပဲ’ ချင်မူ တွေးရင်း မျက်တောင်ပုတ်ခတ်နေမိသည်။
“မကြာခင် ရောက်တော့မယ်… မကြာခင် ရောက်တော့မယ်…” ယွဲ့ထင်းကဲသည် တတွတ်တွတ် ရွတ်နေ၏။
ရုတ်တရက် သူက ရှုကျွင်းကို မြေပြင်ပေါ် ပစ်ချ၍ ရှေ့သို့ ပြေးကာ ရယ်နေသည်။ “မြန်မြန် လာကြ… မကြာခင် ရောက်တော့မယ်”
ချင်မူ၊ လော့ဝူရွှမ်နှင့် နတ်နဂါးက သူတို့နောက်မှ ခပ်သုတ်သုတ် လိုက်သွားသလို ရှုကျွင်းလည်း လိုက်လာသည်။ စက္ကူခေါင်းကြီးက ချင်မူ့အနောက်၌ မျောလွင့်နေလျက် လှမ်းပြောနေသည်။ “ဒီအဆင့်မြင့်အသိိစတ်အလျဉ်ရဲ့ ခွန်အားက ကြီးထွားလာနေတယ်… ဒီဖန်ဆင်းရှင်က အသက်ရှင်စဉ်တုန်းက ငါ့အတွက် အများကြီး သန်မာအားကောင်းလောက်တယ်… ငါက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး… ဆက်မသွားသင့်တော့ဘူး… အခု ထွက်သွားရင် ငါတို့ အသက်ရှင်နိုင်သေးတယ်”
ရုတ်တရက် ယွဲ့ထင်းကဲ၏ခန္ဓာကိုယ်က ပြောင်းလဲသွားပြန်ပြီး ပျံသန်းနေသော အလင်းစက်တစ်စက် ဖြစ်လာသည်။
လော့ဝူရွှမ်နှင့် နတ်နဂါးလည်း အလင်းစက်များ ဖြစ်လာသလို ချင်မူ ရှုကျွင်းဆီ လှမ်းကြည့်သည့်အခါလည်း အလားတူ တွေ့ရ၏။ သို့သော် ချင်မူက မျက်လုံးကြီးတစ်လုံးနှင့် အလင်းစက်လေးတစ်စက် ဖြစ်လာသည်။
ယွဲ့ထင်းကဲက ဝမ်းသာအားရ ပျံသန်းရင်း လှမ်းအော်သည်။ “ကြည့်ကြ”
အလင်းစက်လေးစက်သည် သူနှင့်အတူ ပျံသန်းသွားပြီး သူတို့အရှေ့တွင် ဧရာမသတ္တဝါကြီးတစ်ကောင် ပေါ်လာ၏။
အလင်းစက်တစ်စက် တုံ့ခနဲ ရပ်သွားသည်။ ၎င်းက ရှုကျွင်းဖြစ်ပြီး သူ့အသိစိတ်အလျဉ်သူ မထိန်းချုပ်နိုင်တော့ဘဲ တုန်ရီနေသည်။
“မဟာ … မဟာ…. ဧကရာဇ်” ရှုကျွင်းသည် ခါးသီးစွာ အော်ဟစ်လိုက်၏။