← Chapters

(ကင်းမှီးကောက်ကို သတ်ဖြတ်ခြင်း)

Vol. 6 Ch. 51

(ကင်းမှီးကောက်ကို သတ်ဖြတ်ခြင်း)

Vol. 6 Ch. 51

ဂြိုလ်အသီးသီးမှ ခိုးကိုးရာမဲ့ လေလွင့်နေသူများ၊ ဆင်းရဲသားများ၊ ရာဇဝတ်ပြေးများနှင့် စစ်ရှုံးသော မိသားစုများသည် စကြာဝဠာအတွင်းတွင် အင်အားကြီးအဖွဲ့အစည်းများ၏ အစေခံများ၊ ကျွန်များ ဖြစ်လာ ကြသည်။ ငွေကြေးပေး၍ ဆွေမျိုးများက ရောင်းစားခြင်းကြောင့်လည်းကောင်း၊ စားစရာမရှိ သွားစရာမရှိ သဖြင့် အစေခံဖြစ်လာကြလေသည်။ အင်အားကြီးလာသော ဓါးပြ၊ ဒုစရိုက်ဂိုဏ်းများသည် အင်အားနည်း သော ဂြိုလ်များမှ လူများကို ဖမ်းဆီးကာ ကျွန်ပြုတော့လေ၏။ ကျွန်ရောင်းစားခြင်း၊ အသေခံဗုံးခွဲသူများ၊ လေ့ကျင့်ခြင်း၊ အပျော်မယ်များ မွေးမြူခြင်း၊ သိပ္ပံအစမ်းသပ်ခံများ ပြုလုပ်ခြင်းစသည့် မတရားမှုများကို ပေါ်ပေါ်တင်တင် ပြုလုပ်ကြလေသည်။

ထိုသူများ၏ နောက်ကွယ်တွင် S4 အဆင့်များ ဂြိုလ်စောင့်ရှောက်သူများပင် ရှိနေတတ်၏။ ထို့ကြောင့် ထိုဓါးပြအဖွဲ့များမှာ ထင်ရာစိုင်းဝံ့ကြခြင်း ဖြစ်လေ၏။

ယခုလည်း ရေခဲဂြိုလ်၏ ပေတေလေလွင့်နေသူများကို ဖမ်းဆီးကာ ကျွန်အဖြစ်ရောင်းစားရန် အတွက် အာကာသသင်္ဘောဖြင့် ချုပ်နှောင်ဖမ်းဆီးခေါ်လာခြင်း ဖြစ်ပေသည်။

လပ်တစ်ယောက် မိုမိုကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် မှတ်မိသွားပြီး မိုမိုကို ကယ်တင်ရန် အခွင့်အရေးကို စောင့်ကြည့်နေလေ၏။

“အသေးလေး ခရီးသွားယာဉ်အဖြစ် ဟန်ဆောင်ပြီး မိုမိုတို့ပါတဲ့ ယာဉ်ပျံနောက်ကို မသိမသာ လိုက်စမ်း”

“လပ် အမိန့်ပေးလိုက်လေသည်”

“ဟုတ်ကဲ့ဆရာ ကျနော်တို့ ၂ကီလိုမီတာအကွာကနေ လိုက်သွားနေတယ်ဆရာ”

“သူတို့သတိမထားမိဘူး”

“ကောင်းတယ်”

(၃)နာရီခန့် ပျံသန်းမောင်းနှင်ပြီးနောက်

ပုဆိန်ဓါးပြများ၏ အာကာသသင်္ဘောမှာ တစ်စီးထဲခွဲထွက်သွားပြီး ဂြိုလ်သေတစ်လုံးနားသို့ ချဉ်းကပ် သွားလေသည်။

လက်လည်း ယာဉ်ပျံကို ရှေ့မှကြို၍ မောင်းနှင်ခိုင်းလိုက်ပြီး ချုံခိုတိုက်ခိုက်ရန် နေရာအခွင့် ကောင်းကို စောင့်ရန် အသေးလေးကို ညွှန်ကြားလိုက်သည်။

“ဝှီး ဝှစ်”

ဥက္ကာခဲများ ပျံလွှင့်နေသော နေရာအရောက်တွင် လပ်တို့ယာဉ်ပျံသည် ဥက္ကာခဲကြီးတစ်ခု၏ နောက်တွင် ပုန်းခိုနေလေတော့သည်။

(၁၀)မိနစ်ခန့်အကြာတွင် ဓါးပြများ၏ ယာဉ်ပျံရောက်ရှိလို့လာချေပြီး လပ်အမိန့်ပေးလိုက်သည်။

“အသေးလေး သူတို့ရဲ့အဝေးပစ်လက်နက်စနစ်နဲ့ ထိန်းချုပ်ခန်းတွေကို သေချာချိန်ပစ်စမ်း”

“ဟုတ်ကဲ့ ဆရာ”

“တီ တီ ဒုန်း ဒုန်း ဒုန်း”

“ဝှီ ဝှီ ဝှမ်း ဝုန်း ဝုန်း”

ပုဆိန်ဓါးပြယာဉ်ပျံ၏ ထိန်းချုပ်ခန်းတွင် ဖြစ်သည်။ ခေါင်းတစ်ခြမ်း ဆံပင်ရိပ်ထားပြီး တစ်ခြမ်းကို ပခုံးတောက်ရှည်အောင်ထားတဲ့ လူလတ်ပိုင်းတစ်ဦး ဆိုဖာခုံတစ်ခုတွင် ထိုင်နေလေသည်။ ထိုဓါးမြ၏ ဦးခေါင်းပြောင်တစ်ဝက်တွင် ကင်းမှီးကောက်ပုံ ဆေးမှင်ကြောင်ထိုးထားလေသည်။

ဘေးနားမှ ဓါးပြတစ်ဦးက ယာဉ်ပျံကို မောင်းနှင်နေလေသည်။

“ဆရာကင်း ဒီတစ်ခါတော့ ကျနော်တို့ပွပြီ”

“မိန်းကလေး အပျိုလေးတွေကော”

“ကလေးတွေလည်း ၂၀ယောက်ရလာတယ်”

“ဈေးကောင်းရမှာပဲ ဆရာကင်း”

“အေးကွ ဒါပေမဲ့ မင်းသိတဲ့အတိုင်း”

“ငလူး ဌာနချုပ်က စောက်ရူး ၂ကောင်သိသွားတော့ ငါတို့ဝေစုနည်းသွားပြီဟ”

“တီ တီ” “ဆရာအမည်မသိအရာ ၃ခု ကျနော်တို့ ယာဉ်ဆီတည့်တည့်လာနေတယ်” ယာဉ်မောင်း ဓါးမြက အော်ပြောလိုက်သည်။

“သေချာကြည့်စမ်းပါဟ”

“ဟာ ဆရာ S4 ဒုံးကျည်ကြီး သွားပြီ”

“မအေးလုံးရဲ့ မြန်မြန်ရှောင်ဟ”

ကင်းမှီးကောက်ရဲ့ အော်ဟစ်မှုကြောင့် ဓါးမြအာကာယာဉ်မှာ ဒုံးကျည်တစ်ခုကို ပွတ်ကာသီကာဖြင့် ရှောင်နိုင်လိုက်သော်လည်း နောက်ကပ်ပါလာသော S4 ဒုံးကျည်နှစ်စင်းကိုမူ မရှောင်နိုင်လိုက်တော့ပေ။ တည့်တည့်ကြီး ထိမှန်သွားလေပြီ။

“ဝှန်း ဝှန်း ဒိုင်း”

“အား လုပ်ကြပါအုန်း ဓါးမြများ၏ အော်ဟစ်သံများဖြင့် ဆူညံသွားလေပြီ။ ဓါးပြများ၏ ယာဉ်ပျံမှာ S3 ထပ်ဆုံးအဆင့်များသာဖြစ်ပြီး S4 အဆင့်ဒုံးကျည်၏ ပြင်းအားကို မခံနိုင်ပဲ လက်နက်စနစ်နှင့် ကျည်ကာ စနစ်မှာ ပျက်စီးသွားလေခဲ့ချေပြီ။

ခေါင်းဆောင်ကင်းမှီးကောက်မှာလည်း အဖျားခတ်ထိသွားပြီး ကိုယ်တစ်ခြမ်းပဲ့ထွက်သွားလေ တော့သည်။

သို့သော်လည်း S3 အဆင့်ဆိုသည်မှာ နယ်နယ်ရရမဟုတ်ပေ။ အသက်အင်အားကို ရွှေအမြုတေ စွမ်းအားဖြင့် ထိန်းချုပ်လိုက်ပြီး ယာဉ်ပျံအတွင်းမှ လှံတစ်ချောင်းကိုင်ကာ ကင်းမှီးကောက် ညွှန်ကြားလာ လေ၏။

“ရာရာစစ ဘယ်ကောင်လဲကွ” ပုဆိန်အဖွဲ့ကို ပစ်ခတ်ရဲတာ ဟု အော်ဟ်လေ၏။

“ငါပဲကွ” ဥက္ကာခဲနောက်တွင် အသင့်ပုန်းနေသော လပ်က ရုတ်တရက် ကမ္ဘာဖြတ်ခုတ်ချက်ဖြင့် လွှဲခုတ်လိုက်လေသည်။ “ဝှစ် ဝှီး ဝုန်း” ကင်းမှီးကောက်၏ လှံချက်ကလည်း ပိုမိုပြင်းထန်စွာ လပ်အပေါ် ကျရောက်လာ၏”

လပ်က တချက်နောက်သို့ ခုန်ဆုတ်လိုက်လေ၏။ “သေစမ်း” ကင်းမီးကောက်က အော်ဟစ်ကာ လှံချက် ၃ကွက် တိုက်ခိုက်ပြီး လပ်နောက်ကို လိုက်လေသည်။

အသက်ရှူ ၆ ရှိုက်ခန့်အကြာတွင် လပ်၏အနားသို့ ကင်းမှီးကောက်မှာ ကပ်လိုက်လာလေ၏။

“အသေးလေးရေ လုပ်တော့ဟ”

အသေးလေးမှာ ဤနေရာတွင် အစီအရင်ဗုံးကို လာထောင်နေခြင်းဖြစ်ပြီး၊ လပ်မှာ ထို S3 ကင်းမှီးကောက်ကို ခေါ်လာခြင်းပဲ ဖြစ်လေတော်သည်။

ယာဉ်ပျံပေါ်မှာ ဖမ်းဆီးခံထားရသူများမှာလည်း အံ့အားသင့်ပြီး ကြည့်နေကြလေ၏။

“အမ် ကင်းမှီးကောက်မှာ သူ့အနားရောက်လာချိန်မှာ မှားယွင်းနေမှန်း သိသွားလေသည်။

“သေစမ်း” အမြန်ထွက်ပြေးရန် ကြိုးစားသော်လည်း “ဝုန်း” အား မင်းတို့ကို ပုဆိန်အဖွဲ့က လိုက်သတ်လိမ့်မယ်။ အသေးလေး၏ အစီအရင်ဗုံးဖောက်ကွဲမှုကြောင့် တစ်စစီလွင့်ကာ အပိုင်းပိုင်းဖြစ်သွား လေတော့သည်။

“လခွမ်းပဲ အသေးလေး”

“ငါသေတော့မလို့ မင်းလက်နှေးနေတာ”

လပ်မှာ မကျေမချမ်းအော်ဟစ်လိုက်လိုက်သည်။ ပြီးနောက် သမားလက်ရှောင်ထိုးချက်ဟု အော်ဟစ်ကာ ဒယီးဒယိုင် ပြေးလာသာ လက်ကျန်ဓါးပြ ၃ယောက်ကို ထိုးသွင်းအဆုံးသတ်လိုက်တော့ လေသည်။ ဓါးပြသင်္ဘောမှ အာကာသအတွင်း လွင့်မျောနေလေ၏။ မကြာမှီ လပ်နှင့် အသေးလေးတို့က ယာဉ်ပျံကို ထိန်းချုပ်ကာ ဖမ်းဆီးခံထားရသူများကိုလည်း ဖြေလွှတ်ပေးလိုက်ကြလေတော့သည်။

All Chapters