(ကံကောင်းခြင်းကြမ္မာ)
Vol. 6 Ch. 52
ကျွန်အဖြစ် ရောင်းစားခံရသူများမှာ ရုတ်တရက်လွတ်မြောက်သွားတာကြောင့် အလွန်ပဲ ဝမ်းသာ ပျော်ရွှင်နေကြလေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
“ကျနော်တို့ ရောင်းစားခံရရင် ဒုက္ခရောက်ပါပြီ၊ ဆရာကယ်လို့”
“ကလေးငယ်တစ်ဦးမှလည်း
“ဦးဦးကို ကျေးဇူးတင်ပါတယ်ဟု ဆိုလာလေပြီး” “ရတယ် ရတယ်” လပ်က အမြန်ပြောလိုက်သည်။
“အသေးလေး ဒဏ်ရာရတဲ့သူတွေကို ကြည့်လိုက်အုံး နောက်ပြီး အနားနီးတဲ့ လုံခြံဒရေးအဖွဲ့ကို ဆက်သယ်လိုက်”
“ဟုတ်ကဲ့ ဆရာ” အခုပဲ လုပ်လိုက်ပါ့မယ်”
“အေး ကယ်ဆေးရေးအဖွဲ့တွေကို ရောက်လာအောင် စောင့်ရမယ်”
“သူတို့ကို လွှဲပေးပြီးရင် ငါတို့ လူးလူးဂြိုလ်ဆီ ဆက်သွားကြတာပေါ့။”
“Yes, Sir”
လပ်တစ်ယောက် မိုမိုအနားသို့ ချည်းကပ်သွားပြီး ခေါင်းသေးသေးကို လက်ဖြင့်အုပ်ကိုင်လိုက်သည်။
“မိုမို” ဦးပြောတာကြားလား”
မိုမို၏ မျက်ဝန်းတွင် ကြောက်ရွံ့ထိတ်လန့်မှုများ နာကျည်းမှုများဖြင့် ပြည့်နက်နေပြီး မျက်လုံး မှာလည်း တစ်နေရာသို့ စိုက်ကြည့်နေလေ၏။
လပ်၏ ခေါ်သံကြားသော်လည်း တစ်ချက်ပဲလှည့်ကြည့်ကာ ငေးငိုင်၍သာနေလေသည်။
လပ် စမ်းသပ်ကြည့်ပြီးနောက်
“အင်း သနားစရာပဲ ကြောက်လွန်းလို့ ထိတ်လန့်ပြီး ကြောင်တောင်တောင် ဖြစ်သွားရှာတာပဲ။”
လပ် သိုလှောင်လက်ပတ်ထဲမှ ရေခဲနှင်းကြာပန်းအဆံကိုထုတ်၍ မိုမို၏ ပါးစပ်လေးထဲကို ညင်ညင်သာသာထည့်ပြီး ကျွေးလိုက်လေသည်။ လပ်တို့ သူရဲကောင်းများသည် အခြေခံဆေးပညာများ သင်ယူထားလေသောကြောင့် သူကျွေးသည့်အဆံ၏ အစွမ်းဖြင့် မိုမိုလေး ပြန်ကောင်းမည်ကို သူသိနေ လေသည်။
နာရီဝက်ခန့်ကြာပြီးနောက် မိုမို၏ အခြေအနေမှာ ပြန်ကောင်းလာပြီး ထိတ်လန့်ကြောက်ရွံ့မှုများ မရှိတော့ပဲ အသားအရောင်မှာလည်း ဖြူစပ်စပ်မှနေ၍ သွေးရောင်းပြန်လွှမ်းလာလေပြီ ဖြစ်သည်။
ကယ်ဆယ်ခြင်းခံရသူများကလည်း လပ်နှင့် ကင်းမှီးကောက်တို့၏ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောကြောင့် လူတိုင်းအံ့အားသင့် ဝမ်းသာနေကြလေသည်။
[ ဒီလူက ဘယ်သူလဲ တော်တော်အစွမ်းထက်တာပဲ ]
[ S3 အဆင့်ရဲ့တိုက်ခိုက်မှုကို ကောင်းကောင်းရင်ဆိုင်နိုင်တယ်။ နောက်ဆုံးမြှားခေါ်ပြီး S3 အဆင့်ကို တောင် သတ်ပစ်လိုက်သေးတယ်။ ဗုံးခွဲပြီးသတ်လိုက်နိုင်တယ် ဆိုပေမဲ့လည်း ဒီလိုစွမ်းနိုင်တာက တကယ့် ပါရမီရှင်ပဲ]
မကြာခင်ပဲ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာလေတော့သည်။ လပ်လည်း ကယ်ဆယ်ရေး အဖွဲ့ များထံသို့ အဖမ်းဆီးခံရသူများကို သေချာလွှဲပြောင်းပေးလိုက်လေသည်။ ထို့အပြင် ကလေးမလေး မိုမိုနှင့် သူ့အဖေကိုလည်း ထောက်ခံချက်ပေးကာ ဌာနချုပ်တွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် ခန့်အပ်ရန်အဖွဲ့ကို အကြံပြုခဲ့လေသည်။
တစ်နာရီခွဲကြာအောင် စီမံခန့်ခွဲပြီးနောက် ဒုက္ခသည်များမှာ ကယ်ဆယ်ရေးယာဉ်ပျံများဖြင့် ခေါ်ဆောင်သွားခြင်း ခံရလေပြီ။
“အသေးလေးရေ ပြီရင် လူးလူးဂြိုလ်ကို ဆက်သွားမယ်ဟေ့” လပ်အမိန့်ပေးလိုက်လေသည်။
“ဟုတ်ကဲ့ ဆရာ ကျနော်တို့ ဒုံးကျည် ၅လုံး ကုန်သွားတယ်။ ၄လုံးပဲ ကျန်တော့တယ်”
လေဆာစနစ်အားလုံး အိုကေတယ်။
“(၁၀)မိနစ်နေရင် ထွက်လို့ရပြီ ဆရာသမား”
“အေး ကောင်းတယ်”
မကြာခင်ပဲ S4 အစီအရင်များဖြင့် ထုတ်လွှင့်ထားသော လပ်တို့၏ ယာဉ်ပျံသည် အာကာသကို ခွဲထုတ်၍ လှစ်ခနဲ လျှင်မြန်စွာပျံသန်းသွားနေတော့သည်။ လပ်၏ စိတ်ထဲတွင် စိတ်နှလုံးအေးချမ်းနေပြီး တည်ကြည်မှုနှင့်အတူ အမျိုးအမည်မသိသော စွမ်းအားလေးတစ်ခု ရလာသလိုခံစားလိုက်ရ၏။
ပျော်ရွှင်စွာ လပ်ရေရွတ်လိုက်သည်။ “ဒါ ကောင်းမှုပြုလုပ်ခြင်းရဲ့ ကောင်းကျိုး ကံကြမ္မာလားပဲဟ”
“အင်း ငါသွေးခဲပန်းပွင့်ရမှ ဖြစ်မယ်"ဟု ရေရွတ်လိုက်သည်။ တွေ့ရန်မလွယ်သလို တွေ့လျှင်လည်း ကိုယ့်လက်ထဲရောက်ရန် မလွယ်ပေ။ မကောင်းဆိုးဝါးများက ပွင့်တာနှင့် လုစားသွားကြသောကြောင့် ဖြစ်လေသည်”
သွေးခဲပန်းပွင့်၏ အသုံးဝင်သော နေရာများစွာရှိပြီး အဓိကအချက်မှာ မည်သည့်အဆိပ်ကိုမဆို နာရီဝက်အတွင်း ဖြေပျောက်ပေးနိုင်ကာ ကံကြမ္မာကောင်းများကို ယူဆောင်ပေးနိုင်သောကြောင့် လွန်စွာ တန်ဖိုးကြီးမားကာ ရှားပါးလေသည်။ သွေးခဲပန်းပွင့်မှာ လူးလူးဂြိုလ်၏ ကီလိုမီတာ ၁သန်းကျော် ကျယ်ဝန်းတဲ့ ကျွန်းစုများပေါ်တွင် ထွက်ပေါ်လေ့ရှိပြီး (၅)နှစ်တစ်ကြိမ်သာ ပွင့်လေ၏။
ထို့ကြောင့် လပ်သည် ထိုပန်းကိုရရန်အချိန် (၁၀)လခန့် စောင့်ရပေဦးမည် ဖြစ်သည်။
တွီ တွီ အသေးလေး၏ ကလေးသံလေးထွက်ပေါ်လာသည်။
“ဆရာ လူလူးဂြိုလ်ရဲ့ ပထဝီဝင်အနေအထားနဲ့ နေထိုင်သူတွေရဲ့ စရိုက်ငွေကြေးနဲ့ စွမ်းအားတွေကို ကျနော်ရှာဖွေနေပါတယ်။ မကြာခင် သိရမယ်ဆရာ”
“ကောင်းတယ် ဘာဘဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ကို သေသေချာချာ စူးစမ်းလေ့လာထားဖို့တော့ လိုတယ်ကွ”ဟု လပ်က ကျေနပ်စွာ ပြောလိုက်လေတော့သည်။