(လှောင်အိမ်ထဲ တိရိစ္ဆာန်များ
Vol. 6 Ch. 54
အလင်းနှစ်သန်းပေါင်းများစွာ အကွာအဝေးကို လပ်တို့ယာဉ်ပျံမှာ ဖောက်ထွင်းပျံသန်းလျှက် ရှိလေသည်။ ယာဉ်ပျံအတွင်း လပ်သည် ကျင့်ကြံခြင်းနှင့် သိုင်းကွက်များကို အလှည့်ကျကျင့်လျှက် လိုက်ပါ သွားလေ၏။ အသေးလေးမှာလည်း
၆၂ လက်မ ဖလက်ပြားတီဗွီကြီးတွင် နောက်ဆုံးပေါ်ဂိမ်းကို ကစားနေလေသည်။
အသေးလေးမှာ နောက်ဆုံးပေါ်နည်းပညာဖြင့် ပြုလုပ်ထားသော သက်ရှိ AI တစ်မျိုးဖြစ်လေပြီး 3Dပုံရိပ်အမြင်ဖြင့် သူ့ကိုမြင်ရပြီး ဒြပ်မှုန်များဖြင့် ဖွဲ့စည်းထားသောကြောင့် သူ့၏ ၆လက်မအရွယ် ခန္ဓာကိုယ်မှာ ထိကိုင်၍ရပေသည်။ တည်နေရာစနစ်ကို ထည့်သွင်းထားသောကြောင့် လပ်တို့မှာ အပူအပင် မရှိပဲ ယာဉ်ပျံအတွင်း ပျော်ရွှင်စွာလိုက်ပါသွားကြလေသည်။ လူလူးဂြိုလ်ကို ရောက်ရန်နောက်ထပ် ၁လကျော်သွားရအုံးမှာ ဖြစ်ပါတယ်။
လူလူးဂြိုလ်တို့ ရောက်ရင်တောင် မိုင် ၅၀၀ အကွာတွင် စစ်ဆေးရေးစခန်းကို ဝင်ရမှာဖြစ်ပြီး ဝင်ကြေး ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။
အလင်းနှစ်သန်းပေါင်းများစွာ ဝေးကွာသော ဂလက်စီတစ်ခုအတွင်း ဝါကျင့်ကျင့်ဂြိုလ်တစ်လုံး တည်ရှိနေလေသည်။ ထိုဂြိုလ်မှာ ဗာရာနန်းတော်၏ အပိုင်ဂလက်စီတွင်ရှိသော လူလူးဂြိုလ်ဖြစ်လေ၏။
လူလူးဂြိုလ်၏ အနောက်ပိုင်းဒေသ မြို့ပြင်နေရာတစ်ခုတွင် ကြီးမားသောနှစ်ထပ် အဆောက်အဦး ကြီးတစ်ခုက ခြံဝင်းကျယ်ကြီးအတွင်း တည်ရှိနေလေသည်။
ထိုအဆောက်အဦးကြီးမှာ ပေ ၆၀၀ခန့်ရှိပြီး ခြံဝင်းကြီးကလည်း ၂ဆကျယ်ဝန်းလေသည်။
ခြံဝင်းကြီး၏ ထောင့်နားတွင် လေးထောင့်စပ်စပ်ပြုလုပ်ထားသော ပေ ၂၀ခန့်ရှိ လှောင်အိမ်များ ရှိနေလေ၏။ ထိုလှောင်အိမ်များထဲတွင် အကန့်လိုက်ပိုင်းခြားထားသော တိရိစ္ဆာန်ငယ်လေးများ ရှိနေ၏။ အများဆုံးမှာ ခွေးကလေးများနှင့် ကြောင်များပင်ဖြစ်ပြီး၊ ကြက်တူရွေး ၂ကောင်လည်း ရှိနေလေသည်။ ညနေခင်းအချိန် ရောက်လာခဲ့ချေပြီ။ တိရစ္ဆာန်များရဲ့ အော်ဟစ်မြည်သံက သဲသဲကြားနေရလေသည်။
ညက အလင်းရောင်သဲ့သဲ့ဖြင့် သိပ်မမှောင်လွန်းပေ။ ထိုခြံဝင်းကြီးအတွင်းရှိ ထောင့်နေရာတွင် စတီးဖြင့် ပြုလုပ်ထားသော ဒါန်းလေးတစ်ခုရှိနေလေ၏။ ထိုဒန်းပေါ်တွင် လူရွယ်တစ်ယောက် ထိုင်နေသည်။ ထိုသူ၏ ဆံပင်များမှာ နီညိုရောင်ဖြစ်ပြီး ပုခုံးပေါ်ဝဲကျနေသည့် ဆံပင်များနှင့်အတူ သူ့၏မျက်နှာမှာ လွန်စွာခံပြင်းဒေါသ ထွက်နေသည့်ပုံပေါ်၏။
ထိုလူရွယ်မှာ ဘေးနားရှိ ချစ်စဖွယ်ကြောင်ဖြူလေးတစ်ကောင်ကိုဆွဲ၍ ပေါင်ပေါ်တင်လိုက် လေသည်။ ထို့နောက် လူငယ်က မကျေမချမ်း အော်ဟစ်လိုက်သည်။
“မင်း ဘယ်သွားနေလဲ ပုတု အမ်”
“ညောင် “ “ညောင်”
“မင်းကို ငါမွေးထားတာကွာ သိလား”
“မင်းကို ဗိုက်ထဲကထွက်လာအောင်လည်း ငါလုပ်တာ
မင်းကြီးလာအောင် ငါဖန်တီးတာ၊ မင်းအမေ အဖေ
အိုကွာ အားလုံး ငါဖန်တီးတာကွ” ဟု ပြောဆိုကာ
ကြောင်လေး၏ ဦးခေါင်းကို ပွတ်သတ်နေလေသည်။
ရုတ်တရက် လူငယ်၏မျက်ဝန်းများ မှိုင်းညှိ့ခက်ထန်သွားပြီး
“အေး ငါသေဆိုလည်း မင်းသေရမှာ” ဟုဆိုရာ ကြောင်ဖြူလေး၏ ဦးခေါင်းကို စွမ်းအားသုံး၍ ဆွဲဖြုတ်လိုက်လေတော့သည်။
ဦးခေါင်းပြတ်နေသော ကြောင်၏ကိုယ်ပိုင်းကို ဂုန်လျော်ဟု ယူဆရသော အိတ်တစ်လုံးအတွင်း ပစ်ထည့်လိုက်ပြီး၊ ထိုလူရွယ်မှာ ဘောင်းဘီအိတ်အတွင်းရှိ စီးကရက်တစ်လိပ်ကို ကောက်၍ သွေးစွန်း နေသောလက်ဖြင့် နှစ်ဖွာခန့်ဖွာလိုက်လေ၏။
“ကျိ ကျိ အမ် အမ်”
ရုတ်တရက် ကြက်တူရွေးအော်သံထွက်ပေါ်လာသည်။
ဒန်း၏ ဘေးဖက်တွင် ကြက်တူရွေးလှောင်အိမ်တစ်ခု ရှိနေပြီး၊ အစိမ်းအပြာ ရောယှက်နေတဲ့ လှပတဲ့ ကြက်တူရွေးတစ်ကောင် ရှိနေလေ၏။
“အမ် မင်းကလည်း မကျေနပ်ဘူး ဟုတ်လား”
“အပြင်ထွက်ချင်တယ်ပေါ့” လူရွယ်က ဒေါသတကြီး ပြောဆိုလိုက်သည်။
ထိုလူရွယ်က သူ့၏လက်ကို ဝှေ့ယမ်းလိုက်လျှင် လှောင်အိမ်မှာ သူ့လက်အတွင်းသို့ ရောက်ရှိသွား လေသည်။ ထို့နောက် လှောင်အိမ်မှာ တစ်စဆီဖြစ်သွားလေသည်။
“ဟား ဟား မင်းတို့ ဘဝတွေ ငါပိုင်တယ်ကွ”
“မင်းတို့ သေခြင်းရှင်းခြင်းက ငါ့လက်ထဲမှာ ငါက ဘုရားသခင်ပဲကွ”
နောင်တစ်ချိန် လူသားတွေရဲ့ သေခြင်း ရှင်ခြင်းကို ငါကိုင်တွယ်မှ ဖြစ်တော့မယ်”
“ဟား ဟား ဟား ဟု အော်ဟစ်လိုက်လေသည်။