(လူသတ်မှု)
Vol. 6 Ch. 55
လူလူးဂြိုလ်ပေါ်ရှိ အမျိုးအနွယ်အဖွဲ့အစည်းများမှာလည်း အလွန်များပြားလေသည်။ သားရဲများ အပြင် မကောင်းဆိုးရွားများလည်း ရှိပေသည်။ တစ်ခါတစ်ရံ ရုပ်ဖျက်၍ လုယက်တဲ့သူများလည်း ရှိပေ၏။ ထို့ကြောင့် ဘယ်ကိုသွားသွား ကိုယ့်ပိုင်ဆိုင်မှုကို အကုန်ထုတ်မပြခြင်းကသာ ကောင်းပေ၏။
ကြွားဝါ၍ သေသွားကြသူများ၊ မိုက်မဲ၍ သေသွားကြသူများမှာ စကြာဝဠာအတွင်း လွန်စွာများပြား လေသည်။ လူလူဂြိုလ်ရှိ အုပ်ချုပ်ရေးကို ကိုင်တွယ်သော မျိုးနွယ်ကြီးတစ်ခု ရှိလေ၏။ ထိုမျိုးနွယ်မှာ ရှိုင်း မျိုးနွယ်ဖြစ်လေသည်။
ရှိုင်းမျိုးနွယ်စု၏ ခေါင်းဆောင်မှာ ထူးထူးခြားခြားလှပသည့် အသက်(၅၀)ကျော် အမျိုးအသမီးတစ်ဦး ဖြစ်လေသည်။ ထိုအမျိုးသမီးကြီးမှာ မြင့်မားသောအရပ် ဖြောင့်မတ်သော ဘဲဥပုံမျက်နှာ တိကျပြတ်သား သော နှုတ်ခမ်းပါးများ ရှိလေ၏။
သူ့ကို အများက မာဂရက်ရှိုင်းလို့ ခေါ်ကြပါသည်။ ဟုတ်ပေ၏။ သူမသည် လွန်စွာရဲရင့်ပြတ်သား သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အလုပ်လုပ်ရာတွင်လည်း တိကျပြတ်သားကာ ခေါင်းဆောင်မှုအပြည့် ရှိသူဖြစ်လေသည်။
ထို့အပြင် လွန်စွာမျှတမှုရှိသူဟု နာမည်ကြီးလေ၏။ မာဂရက်ရှိုင်း၏ ခင်ပွန်းမှာ ဗာရာနန်းတော်၏ တပည့်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သည့် (၁၀)နှစ်က သားရဲမျိုးနွယ်များနှင့် တိုက်ပွဲတွင် ဆုံးပါးသွားခဲ့ လေသည်။ သူမတွင် အသက်(၂၀)ကျော် သားတစ်ယောက်ရှိပြီး၊ မြို့စွန်ဘက်ခြမ်းရှိ အပန်းဖြေအိမ်ရာဝင်း တွင် နေထိုင်လေ၏။ သူမ၏ သားအမည်မှာ ဂေါ်သန်ရှိုင်းဖြစ်လေသည်။ ဂေါ်သန်မှာ တစ်ယောက်ထဲ နေထိုင်လေ့ရှိပြီး တစ်ကိုယ်တည်းကျင့်ကြံလေ့ ရှိ၏။ ထိုကဲ့သို့ ကျင့်ကြံခဲ့ပြီး ယခုအချိန်တွင် S1 အဆင့်သို့ ရောက်ရှိခဲ့သောကြောင့် မိခင်ကြီးခင်ဗျာ ဖတဆိုးသားလေးအား အလိုလိုက်ကာ အချစ်ပိုနေခဲ့တော့ လေသည်။
မဒမ်ရှိုင်းမှာ အလုပ်ရုံးခန်းအတွင်းထိုင်၍ စာရင်းဇယားများကို စစ်ဆေးကြည့်ရှု့နေလေ၏။ လူလူးဂြိုလ်၏ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မဒမ်ရှိုင်းက စီမံရလေ၏။ လအလိုက် အစီအရင်ခံ စာများ၊ တိုင်ကြားစာများ ကုန်သွယ်မှုလုပ်ငန်းများ၏ အတက်အကျစာရင်းများ အမှုအခင်းများ စစ်ဆေး ဖတ်ရှု့နေလေသည်။
သတင်းမျာ၊ မှုခင်းများကို ကြည့်ရှုနေရာမှ ရုတ်တရက် သူမအလန့်တကြားဖြင့် ၈လက်မ ပတ်လည် ရှိသော တက်ပလက်ကို စားပွဲခုံပေါ်တွင် စိတ်ရှုပ်စွာ ပစ်တင်လိုက်သည်။
“ဝှစ် ချလတ် “
ထို့နောက် လူခေါ်ဘဲလ်ကို နှိပ်လိုက်၏။
မကြာမှီ ဗလတောင့်တောင့် အသက်(၄၀)အရွယ် လူထွားကြီးတစ်ဦး ဝင်ရောက်လာပြီး အရိုအသေ ပေးလိုက်လေသည်။
“မဒမ် အမိန့်ရှိပါ”
မဒမ်ရှိုင်းလည်း စိတ်ပျက်နေသော မျက်နှာဖြင့် ခုံပေါ်ရှိ တက်ပလက်ကို ညွှန်ပြလိုက်ပြီး ယခုလို ပြောလိုက်သည်။
“ဒီ မိန်းကလေးတွေ သေတဲ့အမှုတွေက
တရားခံ မမိသေးဘူးလား”
“အခု သေတဲ့ကောင်မလေးက ၄ယောက်မြောက်ပဲ”
လူထွားကြီးက
“ဟုတ်တယ်မဒမ် ကျနော်တို့လဲ စုံစမ်းနေတာပဲ”
“သေတဲ့ မိန်းကလေးတွေအားလုံး အဝတ်မရှိကြဘူး”
“စော်ကားထားတာမရှိပေမဲ့ မသေခင် ကြာပွတ်နဲ့ အရိုက်ခံထားရပုံရှိတယ် မဒမ်”
“နောက်ဆုံးမှာတော့ လည်ပင်းကို စွမ်းအင်နဲ့ညှစ်ပြီး သတ်လိုက်တာပဲ”
မဒမ်ရှိုင်းက မျက်မှောင်ကျုံ၍ ပြောလိုက်သည်။
“အဲတော့ ကောက်ချက်ချတာက ဘာလဲ”
“ဟုတ်ကဲ့ မဒမ်”
“သေချာတဲ့အချက်ကတော့ S1 အဆင့် လူသတ်သမားပဲ”
“သေတဲ့သူတွေရဲ့ ဒဏ်ရာကို ကြည့်ရတာတော့ စွမ်းအင်ရဲ့ မသေမရှင်လုပ်ထားပြီး စိတ်ကြိုက် ရိုက်နှက်ထားတယ်။ လက်နက်က ကြာပွတ်
“နောက်ဆုံးလည်ပင်းက အသက်ကြောတွေအကုန် ညှစ်ပြီး ဖြတ်လိုက်တယ်”
“လူလတ်ပိုင်းလို့ ယူဆရပြီး စိတ်အခြေအနေက ပုံမှန်မဟုတ်ဘူး”
“နောက်ပြီး မိန်းကလေးတွေပဲ ပစ်မှတ်ထားတယ်"ဟု မဒမ်ရှိုင်းက ဝင်ပြောလိုက်၏။
“ဟုတ်ကဲ့ ပြီးတော့ အဲ့မိန်းကလေးတွေအားလုံးက တစ်ယောက်နဲ့တစ်ယောက် စပ်ဆက်မှု မရှိကြဘူး”
“ဒါပေမဲ့ သူတို့အကြောင်းစုံစမ်းကြည့်လိုက်တော့ ပထမဆုံးမိန်းကလေးက အပျော်မယ် တစ်ယောက်ပါ။
“ဒုတိယမိန်းကလေးက ဘိုးဘွားရိပ်သာလို စခန်းမျိုးမှာ ဝန်ထမ်း”
“တတိယမိန်းကလေးက ဘဏ်လုပ်ငန်းမှာလုပ်ပြီး ရည်စား ၃ယောက်ရှိတယ် သိရပါတယ်”
“နောက်ဆုံး ၄ယောက်မြောက်က
နာမည်မကြီးသေးတဲ့ တက်သစ်စအဆိုတော်တစ်ယောက်ပါ”
“ဟုတ်ပြီ မင်းတာဝန်ယူပြီး အမြန်ဆုံးတရားခံမိအောင် ဖမ်းပါ။” “လိုအပ်တာကို စာရင်းတင်ပြပါ။”
“မင်းလည်း သိတာပဲ လူလူးဂြိုလ်ပေါ်မှာ မှုခင်းဖြစ်ရင် ခရီးသွားနဲ့ ကုန်သည်တွေ ကြောက်ရွံ့လာ လိမ့်မယ်။ ငါတို့ အုပ်ချုပ်ရေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သလို မိန်းကလေးတွေလည်း အခုအပြင်ကို မထွက်ရဲ တော့ဘူး”
“မြန်မြန်လုပ်” ဟူ၍ မဒမ်က အမိန့်ပေးလိုက်လေသည်။
လူထွားကြီးလည်း အလေးပြု၍ ထွက်သွားလေပြီ။
မကြာမှီ မိန်းကလေးများ ကြာပွတ်ဒဏ်ရာများနှင့် သေဆုံးကြကြောင်း သတင်းများ တောမီးသဖွယ် ပျံ့နှံ့သွားလေသည်။ လူလူးဂြိုလ်ပေါ်ရှိသူများမှာလည်း ကြောက်ရွံ့ထိတ်လန့်နေကြလေ၏။
အမျိုးမျိုးသော ဝေဖန်မှုများ ဖြစ်ပေါ်လာလေသည်။
[ လူသတ်သမားကိုဖမ်း မေနိုးကောင် မိန်းကလေးတွေကို ရက်ရက်စက်စက် လုပ်ရသလား ]
[ ငါသာဆို သူတို့ကို မတို့ရက်မကိုင်ရက် ချစ်တာ]
[ အဲကောင် အရူး စိတ္တဇပဲ သေချာတယ်ဟု တစ်ယောက်ဝင်ပြော၏ ]
[ အဲကောင် ဘာကောင်ကြီးပဲ ဖြစ်ဖြစ် နောက်ဆုံးဂန့်မှာပဲ ဗာရာနန်းတော်က အခုအဲ့အမှုကို လိုက်နေပြီ ဟား ဟား ] စသည်ဖြင့် ဂရုချက်များတွင် ဝရုန်းသုန်းကား ပြောဆိုနေကြတော့လေသည်။