(ကျားသစ်မလေး
Vol. 6 Ch. 56
၁လ ခန့်ကြာပြီးနောက်
“တွီ တွီ ဆရာ လူလူးဂြိုလ်ကို ရောက်တော့မယ်”
အသေးလေး၏ အသံထွက်ပေါ်လာလေသည်။
“အေး ဂြိုလ်ဝင်ပေါက်ကိုသွားပြီး
ဂိတ်ကြေးပေးလိုက် ပြီးရင် ဒေတာပေးလိုက်အုံး
လပ် အမိန့်ပေးလိုက်သည်။
(၁၀)မိနစန်ခန့်အကြာတွင် အစီအရင်ဖြင့် လွှမ်းခြုံထားသော ဝါကျင့်ကျင့်ဂြိုလ်ကြီးတစ်လုံးကို လပ် တို့မြင်တွေ့လိုက်ရလေ၏။ ဂြိုလ်၏ မိုင်အနည်းငယ်အကွာအဝေးတွင် ဂိတ်ကြီး ၂ ဂိတ်ရှိပြီး နယ်ခံများ ဝင်ထွက်ဂိတ်နှင့် ကူးသန်းရောင်းဝယ်သူများ၊ ဧည့်သည်များအတွက် ဝင်ပေါက်ဂိတ်ဟူ၍ ၂ ခု ရှိလေသည်။
ထိုဂိတ်များတွင်လည်း အစီအရင်များ အမြှောက်များဖြင့် တပ်ဆင်ထားပြီး စစ်ဆေးမှုပြီးသွားသည့် ယာဉ်ပျံများသာ ဝင်ထွက်သွားလာနိုင်လေသည်။
တပ်ဆင်ထားသော အမြောက်များနှင့် အဝေးပစ်လက်နက်များမှာ ဝိညာဉ်ကြီးစိုးသူများကို ချေမှုန်း ပစ်နိုင်လေ၏။ ပန်းပဲပညာရှင်များ၏ စိတ်ဝိညာဉ်လက်နက်များလည်း ရှိလေ၏။ ထိုလက်နက်များမှာ စိတ်ဝိညာဉ်ကို တိုက်ခိုက်ဖျက်စီးပစ်နိုင်လေသည်။
ယာဉ်ပျံများကို ကွန်ပျူတာစနစ်ဖြင့် သေချာစစ်ဆေးလေသည်။ စစ်ဆေးမှုခံယူပြီးသော ယာဉ်ပျံ များ၏ ဒေတာနှင့် သွားရောက်မည့်နေရာကို စနစ်တွင် မှတ်တမ်းတင်ထားပြီး ဖြစ်လေတော့သည်။ လပ်တို့ ယာဉ်ပျံစစ်ဆေးမှုခံယူပြီးနောက် ယာဉ်ပျံ၏စနစ်တွင် အသိပေးအကြောင်းကြားချက်ပေါ်လာ လေ၏။
[ တွီ မင်္ဂလာပါ မစ္စတာလပ် ကျနော်တို့ရဲ့ လူလူးဂြိုလ်က ကြိုဆိုပါတယ် ]
[ မစ္စတာလပ် ရောက်ရှိလာမည်ကို လုံခြုံရေးအဖွဲ့ချုပ်က သတင်းပို့ထားပြီး ဖြစ်ပါတယ်]
[ ပို့ထားတဲ့ GPS စနစ်ကို ဖွင့်ပြီး တည်နေရာကို ဦးတည်မောင်းနှင်လာခဲ့ပါခင်ဗျာ ]
[ တွီ ကျေးဇူးတင်ပါတယ် ]
လပ်တို့လည်း ဆက်လက်မောင်းနှင်လာခဲ့ရာ မကြာမှီဝါကျင့်ကျင့် ဂြိုလ်အတွင်းသို့ ဝင်ရောက် လာခဲ့ကြလေသည်။
လေထု၏ဖိအားမှာ အနည်းငယ်ပြောင်းလဲသွားပြီး ယာဉ်ပျံတစ်ချက် တုန်ခါသွားလေသည်။
ဂြိုလ်၏ အနောက်ဘက်ပိုင်းသို့ ဆက်လက်ပျံသန်းသွားပြီး အုပ်ချုပ်ရေးရုံးများရှိရာဘက်ကို ဦးတည်သွားလေသည်။.
ရုံးများ၏ ယာဉ်ရပ်နားရာနေရာတွင်တော့
လူ(၁၅)ဦးခန့် လပ်တို့ကိုကြိုဆိုရန် စောင့်ကြိုနေလေတော့သည်။
လပ်တို့ကို အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးက ဦးဆောင်နှုတ်ဆက်ကြိုဆိုခဲ့ကြပြီး အစေခံ (၁၀)ဦးက ဦးညွတ်ကြလေ၏။
ထိုအမျိုးသမီးမှာ ကြိုဆိုရေးအဖွဲ့၏ တာဝန်ခံဖြစ်ပြီး မဒမ်ရှိုင်း၏ တပည့်တစ်ဦးလည်း ဖြစ်နေသည်။ ထိုအမျိုးသမီးမှာ ကျားသစ်မျိုးနွယ်ဝင် ဖြစ်လေသည်။ ဦးခေါင်းတွင် ကျားသစ်နားရွက်ရှိပြီး တင်ပါးတွင် ၃ပေခန့်ရှည်သော အမြှီးတစ်ချောင်း ရှိလေသည်။ ကျန်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ လူသား အတိုင်းသာ ဖြစ်လေသည်။ အမို့အမောက် အချိုးအကွေ့ဖြင့် တစ်မျိုးဆန်းနေသော လူသားကျားသစ်မလေး ဖြစ်လေသည်။ ကျားသစ်မျိုးနွယ်ခြားများ၏ အသက်မှာ နှစ်(၄၀၀)ခန့် သက်တမ်းရှိသဖြင့် ထိုမိန်းမမှာ ငယ်ရွယ်သေးသည်ဟု ပြော၍ရပေသည်။
ကျားသစ်မလေး၏ ခေါ်ဆောင်ရာကို လပ်လိုက်ပါသွားပြီးနောက် လူလူးဂြိုလ်၏ အုပ်ချုပ်ရေး ဝန်ထမ်းများအိမ်ရာအနီး ဧည့်ရိပ်သာအဆောင်ကို လပ်တို့ ရောက်ရှိလာကြလေသည်။
အဆောက်အဦးမှာ ခမ်းနားထည်ဝါပြီး (၃)ထပ်အဆောက်အအုံဖြစ်ကာ ရေကူးကန်များ၊ ဇိမ်ခံ အနှိပ်ခန်းများ၊ ဘားများလည်း လပ်တစ်ယောက် မြင်တွေ့လိုက်ရလေ၏။
“၁၀လ လောက်စောင့်ရမှာဆိုတော့ အေးဆေးအပန်းဖြေရင်း စောင့်ပေါ့ မစ္စတာလပ်” ကျားသစ် မလေးက စကားစလိုက်သည်။
“ဟုတ်” “ပျင်းရင်လည်း ကျမကို ခေါ်လိုက်ပေါ့”
“လိုအပ်တာရှိရင်လည်း ဆက်သွယ်ပြီးခိုင်းလို့ ရပါတယ်နော်” ကျားသစ်မလေးရဲ့ မူယာနွဲ့နွဲ့ကြောင့် လပ်တစ်ယောက် နဲနဲထိတ်လန့်သွားသည်။ စိတ်ထဲတွင်လည်း “ဒီကျားမက ဘယ်လိုတုန်း လာနွဲ့နေတယ် ကျားတစ်ကောင်နဲ့တူတူ အိပ်ဖို့အတော်သတ္တိရှိမှ ဖြစ်မယ်”ဟု တွေးနေလေ၏။
ပစ္စည်းကိရိယာများကို အစေခံများအကူအညီဖြင့် အိပ်ခန်းအတွင်းရွေ့ပြီးနောက် လပ်တစ်ယောက် ရေကူးကန်ဘက်ကို သွားလေပြီ။ သန့်ရှင်းသပ်ရပ်သော ပေ၆၀-၄၀ အကျယ် ရေကူးကန်ကြီးမှာ ကြည်လင် စိမ်းပြာနေသည်။
ရေကူးကန်ဘေးတွင်လည်း ပက်လက်ကုလားထိုင်များရှိပြီး၊ (၆)ပေခန့်ရှည်သော ဘားတစ်ခု ရှိလေသည်။ ထိုဘားပေါ်တွင် အရက်မျိုးစုံ၊ ဝိုင်မျိုးစုံနှင့် အော်ဒါမှာယူနိုင်သော တက်ပလက်ရှိလေသည်။ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို လက်တစ်ချက်နှိပ်ရုံဖြင့် မှာယူနိုင်လေသည်။ လပ်တစ်ယောက် ခုံတစ်ခုတွင် ထိုင်လိုက်ပြီး ဘေးမှ အစိမ်းရင့်ရောင် ကော့တေးတစ်ခွက်ကို မော့သောက်လိုက်လေသည်။ ပြီးနောက် “အသေးလေး ဒီဂြိုလ်မှာ နောက်ဆုံး Update news က ဘာလဲကွ”