Chapters

(စကြာဝဠာ၏ စည်းမျဉ်း)

Vol. 6 Ch. 57

(စကြာဝဠာ၏ စည်းမျဉ်း)

Vol. 6 Ch. 57

“နောက်ဆုံးသတင်းကတော့ ဆရာရေ လူသတ်မှုပဲ”

“အသက် ၂၀ နဲ့ ၃၀ ကြား မိန်းကလေး ၄ယောက် အသတ်ခံလိုက်ရတယ်”

“အသေးစိတ်ကို ငါ့တက်ပလက်ထဲ ထည့်ပေးလိုက်” လပ်က အမြန်ပြောလိုက်သည်။

အသေးစိတ်သတင်းများကို ဖတ်ရှုပြီးနောက် လပ်ရေရွတ်လိုက်သည်။

“အင်း သတ်တဲ့သူက စနစ်တကျရှိတယ်”

“ပထမဆုံးက ကြာသပတေးနေ့ သတ်ခံရတယ်”

“ဒုတိယက သောကြာ” “တတိယက စနေ”

နောက်ဆုံးက တနင်္ဂနွေနေ့မှာ အားလုံးကလည်း ကြာပွတ်ဒဏ်ရာတွေနဲ့ ကိုယ်လုံးတီးအသတ် ခံရတယ်” လပ် စဉ်းစားနေသည်။ ဒါက ကွင်းဆက်လူသတ်မှုပဲ လပ်တို့ ကမ္ဘာမြေပေါ်တွင် စိတ္တဇလူသတ် သမားများစွာ ရှိလေ၏။ ထိုအကြောင်းများကို ရိုက်ကူးထားသော ဇာတ်လမ်းတွဲများပင် ရှိချေ၏။ ထို့ကြောင့် ဤအဖြစ်အပျက်များမှာ လပ်နှင့် မစိမ်းပေ။

“နောက်တစ်ခါဆိုရင် တနင်္လာနေ့ပဲ ၁၂ နာရီနဲ့ ၁နာရီကြားမှာ လှုပ်ရှားလိမ့်မယ်”ဟု လပ် သုံးသပ် လိုက်လေသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာလေပြီး၊ စကြာဝဠာအတွင်း ယာဉ်ပျံများဖြင့် သွားလာနိုင်လေပြီ။ ဂြိုလ်များအချင်းချင်း ကူးသန်းရောင်းဝယ်လာကြပြီး အင်အားကြီး အဖွဲ့များ၏ စည်းကမ်းချက်များနှင့် မျိုးနွယ်စုများ၏ ဘုံသဘောတူညီမှုများမှာလည်း အားလုံးလိုက်နာ ကြသော ဥပဒေများရှိလေသည်။

ထိုဥပဒေများမှာ စွမ်းအားကျင့်ကြံသူများသည်။ သာမန်ကျင့်ကြံ၍ မရသောသူများကို ဥပဒေမဲ့ အကြောင်းအရင်းမရှိ သတ်ဖြတ်ခြင်း မပြုလုပ်ရပေ။ ထိုအရာသည် အားလုံးလိုက်နာကြသော စည်းကမ်း ဖြစ်လေသည်။ ထိုစည်းကမ်းများကို မလိုက်နာပဲ သတ်ဖြတ်ပါက မိစ္ဆာကျင့်ကြံသူအဖြစ် သတ်မှတ်ပြီး အားလုံး ဝိုင်းဝန်းသုတ်သင်ခြင်းကို ခံရပေမည်။

ပြစ်မှုထင်ရှားသူသည် မည်သူဖြစ်ပါစေ သေဒဏ်(သို့) ထောင်ဒဏ်တစ်သက်ကို အစီအရင်အတွင်း စီမံပြီး ပြစ်ဒဏ်ပေးခြင်း ခံရပေမည်။ သို့သော် မိမိ၏ စိတ်ဆန္ဒအရ တစ်ဖက်သူနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲများတွင်တော့ သေဆုံးပါက တရားဝင်ဖြစ်လေသည်။ မည်သူမှ ဝင်ရောက်နှောက်ယှက်၍ မရပေ။ တရားဝင်လက်စားချေ၍ မရပေ။ သို့သော် လူသားများ သတ္တဝါများအားလုံးသည် လောဘ ဒေါသကိုယ်စီ ရှိကြမြဲ ဖြစ်သည်။

ထို့ကြာင့် မိမိဆွေမျိုးသားချင်းများ အသတ်ခံရပြီး သေဆုံးပါက စိန်ခေါ်တိုက်ပွဲများ တရားဝင်ပြုလုပ် ပြီး လက်စားချေကြလေတော့သည်။ တချို့ကျင့်ကြံသူများမှာ လောင်းကြေးထပ်၍ လိုက်ပွဲဝင်ကြလေသည်။ အနိုင်ရရှိသူမှာ ပစ္စည်းဥစ္စာနှင့် အစွမ်းထက်သိုင်းကျမ်းများကို ပိုင်ဆိုင်သွားကြလေ၏။

စွမ်းအင်ကြီးသူသာ အောင်နိုင်မြဲဖြစ်ပြီး စကြာဝဠာအတွင်းရှိ မျိုးနွယ်အမျိုးမျိုးတို့မှာ တိုက်ပွဲများ ရင်ဆိုင်ရင်း တိုးတက်ကြီးပွား လာကြလေသည်။ မျိုးနွယ်စု တစ်ခုနှင့်တစ်ခုကြား ဖြစ်ပွားသော စစ်ပွဲများမှာ လွန်စွာကြမ်းတမ်းလွန်းလှပေသည်။ စစ်ပွဲတစ်ခု အနိုင်ရရှိသွားပါကလည်း ဂလက်စီများ၊ ဂြိုလ်များ နယ်မြေ ဒေသများစွာကို အနိုင်ရရှိကြမည် ဖြစ်လေ၏။

ထို့ကြောင့်လည်း အင်အားကြီးအဖွဲ့အစည်းများက စည်းကမ်းများချမှတ်ပြီး မျှခြေကို ထိန်းသိမ်း ထားတာပဲ ဖြစ်ချေ၏။

ဂြိုလ်များအချင်းချင်း အကြောင်းမဲ့ကျူးကျော်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို တားမြစ် ထားလေသည်။

လပ်က

“အင်း အခု လူသတ်သမားကို ဗာရာနန်းတော်က ဖမ်းဖို့ အမိန့်ပေးထားတာပဲ”

“လက်ရှိဂြိုလ်ကို ပိတ်ပြီးစစ်ဆေးနေတယ် ဆရာ”

သူစွမ်းအင်ကို ထုတ်သုံးတာနဲ့ မကြာဘူးမိပြီပဲ” ဟု အသေးလေးက ဝင်ပြေလေ၏။

“လူလူးဂြိုလ်က လူတွေကလည်း ‌Chat မှာ ဗြောင်းဆန်အောင် စိတ်တိုနေကြတယ်လေ”

လပ်က တစ်ဖက်ရှိ ခုံပေါ်မှ အစားအသောက်မှာရသော တက်ပလက်ကိုယူပြီး ပင်လယ်ခရုနှင့် ရှားပါးသားရဲအစာဖြစ်သော ဂျိုသုံးချောင်း သိုးသားကို လက်ထောက်၍ မှာယူလိုက်သည်။

မကြာမှီ ပင်လယ်ခရုနှင့် သိုးသားရောက်လာလေပြီး၊ လတ်ဆတ်သော ပင်လယ်ရနံ့နှင့် ခရု နီညိုရောင်အဆင်းရှိသော သိုးသားအပြားများကို တစ်ခုယူ၍ မြည်းကြည့်လိုက်သည်။

“အရသာကောင်းတယ်ဟ”

ထို့နောက် အသေးလေးကို ညွှန်ကြားလိုက်လေ၏။

“အသေးလေး လာမဲ့တနင်္လာနေ့ ည ၁၁ ကျော်ရင် ဂြိုလ်အနောက်ပိုင်းဘက်ကို သေချာစောင့်ကြည့် ထား” “တွေ့တဲ့လူကို တည်နေရာညွှန်းလေဆာနဲ့ ထိအောင်ပစ်ထား”

“အဲဒါမှ အဲ့ကောင်ကို ရှာလို့လွယ်မယ်”