(ထူးဆန်းသည့်ရထားလုံး)
Vol. 6 Ch. 58
၃ရက်ခန့်ကြာပြီးနောက် တနင်္လာနေ့ ည ၁၀ နာရီကျော်ခန့်တွင် ဖြစ်သည်။
လပ်တို့၏ ယာဉ်ပျံသည် ဂြိုလ်အနောက်ပိုင်းဒေသ၏ အပေါ်နားတွင် ပျံဝဲ၍ ကွန်ပျူတာနက်ဝေါ့ စနစ်များ အသုံးပြုကာ စောင့်ကြည့်နေလေသည်။ နည်းပညာတိုးတက်မှုများကြောင့် လှုပ်ရှားမှုများကို ကင်မရာများ၊ စွမ်းအင်ထောက်လှမ်းရေးကိရိယာများဖြင့် စစ်ဆေးကြည့်ရှုနိုင်လေသည်။
“ခလွမ် ခလွမ်” ညအမှောင်ထဲတွင် ရထားလုံးတစ်စီး ဖြေးဖြေးခြင်း မောင်းနှင်လာလေသည်။ ထိုရထားလုံးမှာ လူလူးဂြိုလ်တွင် လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များကို ပို့ဆောင်ရန်နှင့် အပျော်စီးရထားလုံး ဝန်ဆောင်မှုပေးရန် စီမံထားသော ရထားလုံးဖြစ်လေသည်။ စည်ပင်အုပ်ချုပ်ရေး တံဆိပ် ကပ်ထားသည့် ထိုရထားကို အလှအပတန်ဆာဆင်ထားပြီး တောင့်တင်းလှပခန့်ညားတဲ့ မြင်းကောင်း မြင်းချောကြီး ၂ကောင်က ဆွဲလာသေည်။ သေသေချာချာကြည့်မည်ဆိုလျှင် ထိုမြင်းများမှာ လွန်စွာတန်ဖိုး ကြီးသော မြင်းများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်လေသည်။
ထိုမြင်းတစ်ကောင်ကို UM ၁သန်းခန့် တန်ကြေးရှိလေသည်။ ထို့အပြင် ယခုအချိန်တွင် ရထားများ မထွက်တော့ပေ။ လပ်တို့လည်း ကောင်းကင်ပေါ်မှနေ၍ ကြည့်ရူနေလေရာ အနည်းငယ်ထူးဆန် နေသည်ဟု လပ်ထင်လိုက်သည်။ ထို့ကြောင့်ပဲ အမြန်ပြောလိုက်သည်။
“အဲဒီ ရထားလုံးကို တည်နေရာသိအောင် အမှတ်အသားလုပ်လိုက်”
AI အသေးလေး၏ လက်သေးသေးလေးတွင် သုံးလက်မခန့် ကိရိယာတစ်ခုပေါ်လာပြီး ဝှစ် ဝှစ် ဖတ် ယာဉ်ပျံ အတွင်းမှ အစိမ်းရောင်အလင်းတန်းမှာ ရထားလုံးဆီကို ဦးတည်ဝင်ရောက်သွားပြီး ရထားလုံး၏ ကိုယ်ထည် ဘောင်တွင် အစိမ်းရောင်အမှတ်အသားပုံစံ ၁လက်မခန့် အရွယ်ဖြစ်သွားလေသည်။
“အဲ ရထားလုံး ဘယ်သွားလဲလိုက်ကြမယ် သာမန်ပြည်သူတွေသုံးတဲ့ ရထားလုံးက ဒီလောက် တန်ဖိုးကြီး နေတာမဟုတ်တော့ဘူး” ဟု လပ်က အမြန်ပြောလိုက်သည်။
“မြို့ပြင်က အိမ်ဟောင်းတစ်ခုဆီ သွားနေတာ ဆရာသမား”
“အေးအေး တို့မသိမသာ လိုက်သွားကြမယ်”
နောက်ဆုံးတွင်
ရထားလုံးသည် မြို့ပြင်ရှိ ပေရာကျော်ကျယ်ဝန်းသည့် ခြံဝင်းကြီးအနီးသို့ ဝင်ရောက်သွား လေသည်။ ထိုခြံဝင်းကြီး၏ အနောက်ဖက်ဂိတ်တံခါးတစ်ခုမှ အစောင့်များက ရထားလုံးကို အမြန်ဝင်ခွင့်ပြုလိုက်ပြီး ရထားလုံး မောင်းနှင်လာသူကိုလည်း အရိုအသေပေးလိုက်ကြလေသည်။ ထိုသူမှာ အသက် ၂၅နှစ်အရွယ် လူရွယ်တစ်ဦးဖြစ်ပြီး မျက်လုံးများက ခက်ထန်နီရဲနေလေ၏။
“ကောင်းသောနေ့ပါ ဆရာရှိုင်း”
“အေးအေး ဒီနေ့ နဲနဲအေးနေတယ်”ဟု ဆိုကာ ရထားလုံးကို အိမ်တော်အတွင်း မောင်းဝင်သွားလေ တော့သည်။ “ယာဉ်ပျံကို အိမ်တော်အပေါ်မှ ပျံဝဲထားလိုက်” လပ်အမိန့် ပေးလိုက်သည်။
“အသေးလေး” “ငါအခုဆင်းကြည့်တော့မယ် သတိနဲ့နေအုံး”
“ကျနော်က အသင့်ပဲဆရာရေ” ဟု အသေးလေးက မျက်နှာသေးသေးလေးကို ရှုံ့မဲ့ကာဆိုလေ၏။ တန်ဖိုးကြီးအိမ်ယာများတွင် အစီအရင်များ ပတ်လည်ပြုလုပ်ထားသောကြောင့် S3, S4 အဆင့်များပင် အလွယ်တကူမဝင်ရောက်နိုင်ပေ။
လပ်က ယာဉ်ပျံပေါ်မှ ဖျက်ခနဲခုန်ဆင်းလိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ဝင်ပေါက် နားကို ရောက်သွားလေ၏။” “ဝှစ် အား အား” ရောက်ရောက်ချင်းပင် အစောင့်နှစ်ဦး၏ ဦးခေါင်းနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍ ပုတ်လိုက်ရာ ခွေခနဲလဲကျသွားလေသည်။
ထို့နောက် အိတ်အတွင်းမှ ကိရိယာတစ်ခုကို ထုတ်ကြည့်လိုက်ရာ မနီးမဝေးခြံထောင့်တွင် အစိမ်းရောင်အချက်ပြ နေလေ၏။
“အင်း ရထားကတော့ ဒီနားမှာပဲ”ဟု ရေရွတ်လိုက်လေသည်။
မကြာမှီ ခြံထောင့်နားရှိ ဒန်းလေးတစ်ခုကို လပ်မြင်တွေ့လိုက်ရလေသည်။
ဒန်း၏ ဘေးတွင်လည်း တိရိစ္ဆာန်အမွှေးများ ဟိုတစ်စ ဒီတစ်စကျ၍ နေလေ၏။ လပ်၏ မျက်လုံး များမှာ လက်ခနဲဖြစ်သွားပြီး ဒါန်း၏ အောက်ရှိမြေသားကို သေချာကြည့်လိုက်လေသည်။
“အမ် ဒီမြေသားက ဘေးနားက မြေသားနဲ့ အရောင်မတူပါလား”
“ရုတ်တရက် ဒန်း၏ အောက်ခြေမြေသားကို လပ်က ခြေထောက်ဆောင့်၍ ကန်လိုက်လေပြီ။
“ဝုန်း ချလွမ်”