(တရားခံ)
Vol. 6 Ch. 59
ဝုန်း ချလွမ် ဖုန်း ဒိုင်း
ဒန်းအောက်ရှိ မြေသားမှာ အထဲကို ကျွံကျသွားပြီး
မြေတွင်းတစ်ခု ဖြစ်သွားလေသည်။ ထိုမြေတွင်းကို သေချာငုံကြည့်လိုက်တဲ့ အခါမတော့
လပ်တစ်ယောက် လူလုပ်ဥမှင်လှိုင်ခေါင်းတစ်ခုကို မြင်လိုက်ရတော့သည်။
“အမ် ဒီမှာ လျှို့ဝှက်အခန်းရှိနေတာပဲ”
လပ်က မခိုးမခန့်ပြုံးရင် ပြောလိုက်သည်။
ထိုမြေတွင်းထဲသို့ ခုန်ဆင်းရန် ပြုလိုက်စဉ်
“ဝှစ် ဝှစ် ဝှီး ဒိန်”
အလွန်လျှင်မြန်သော အမည်းရောင်အရာတစ်ခု တွင်းပေါက်မှ လပ်ရျိရာသို့ ဖျက်ခနဲဝင်ရောက် လာလေသည်။ လေထဲတွင်ဖြစ်နေသော လပ်လည်း ကိုယ်ကိုတစ်ပတ်လှည့်ကာ ရှောင်တိမ်းလိုက်ပြီး ရေခဲလက်သီးဖြင့် ထိုအရာကို ထိုးချလိုက်သည်။
“ဝှန်း ဂျွတ်” S2 အဆင့်စွမ်းအားကြောင့် ထိုမည်းမည်းရာမှ နှစ်ပိုင်းပြတ်သွားပြီ မြေပေါ်ပြုတ်ကျ သွားလေပြီ။
“ဖုတ်” ကြည့်လိုက်တော့ အမည်းရောင် ၂ပေခန့်ရှည်သော မြွေလေးတစ်ကောင် ဖြစ်နေသည်။ ထိုမြွေမှာ အသက်ကိုဒုက္ခမပေးနိုင်ပေ။ မြွေအကြောင်း လပ်ကောင်းကောင်းသိ၏။
ထိုမြွေကို ထိမိသူသည် ၁၀ မိနစ်ခန့် မေ့မြောသွားမည် ဖြစ်လေသည်။ ဒါ့ထက်ပို၍ အန္တရာယ်မရှိပေ။
မြွေကို အာရုံစိုက်နေစဉ်အတွင်း နက်ပြာရောင်ဝတ် လူတစ်ဦးမှာ တွင်းပေါက်မှထွက်ကာ ရုတ်တရက် အရှေ့ဘက်သို့ ပြေးလေ၏။
“လပ် ရုတ်တရက် သတိဝင်လာချိန်တွင် ထိုလူနာ ပေ ၁၀၀ ခန့်ရောက်ရှိနေချေပြီ။
လပ် ခြေလှမ်း ၃လှမ်းအမြန်လှမ်းလိုက်သော် ထိုလူရိပ်ကို လိုက်မှီသွားလေ၏။
ရုတ်တရက်မကောင်းဆိုးဝါး အရိုးခြောက်ပုံရိပ်ကြီးပေါ်လာပြီး လပ်ကို တိုက်ခိုက်လိုက်လေသည်။ ထိုအရိုးခြောက်၏ လက်သီးမှာ လွန်စွာပြင်းထန်ပြီး တောင်ကြီးတစ်လုံးသဖွယ် လပ်၏မျက်နှာအနီးသို့ အမည်းရောင်တငွေ့ငွေ့တောက်နေသော စွမ်းအင်ကြီး ဝင်ရောက်ကာ ထိမှန်သကဲ့သို့ ဖြစ်သွားလေသည်။
သို့သော်လည်း လပ်၏ လက်ထဲတွင် ဓါးမောက်တစ်ချောင်း ဖြတ်ခနဲပေါ်လာပြီး ထိုလက်သီးချက်ကို နတ်ဘုရားတံတိုင်းကာလွယ်ဖြင့် အချိန်မှီကာနိုင်လိုက်လေသည်။
ထိုလက်သီးချက်မှာ ဓါးမောက်အရိပ်လှိုင်းများဖြင့် ထိပ်တိုက်တွေ့ဆုံသွားပြီး
“ဝုန်း ချလပ် ဟူ၍ မည်ကာ အရိပ်ကြီး ဖြတ်ပြေးသွားလေသည်။
“ယား နက်ပြာရောင်ဝတ်ထားသော လူရွယ်တစ်ဦး လပ်ရှေ့တွင် ပေါ်လာ၏။ သူ့၏မျက်နှာမှာ ထီမထင်ဟန်ရှိပြီး မခိုးမခန့်ပြုံးနေသေးသည်။
“အဲ့တော့ မင်းပေါ့ လူတွေသတ်နေတာ” လပ်က အော်ဟစ်လိုက်သည်။
“ဟား ဟား ငါက စီရင်ချက်ချပေးနေတာကွ”
“ငါဖန်တီးထားတဲ့အရာတွေက ငါဆုံးဖြတ်လို့ရတယ်”
“မင်းက စေတန်လိုကောင်ပဲ”
“ငါ့ အကြံအစည်ကို ဝင်ရှုပ်တဲ့ကောင်”
“သေလိုက်စမ်း”ဟု အော်ဟစ်ကာ စွမ်းအင်ဗုံးတစ်လုံးကို လပ်ရှိရာသို့ပစ်ပေါက် လိုက်လေ တော့သည်။
“မေနိုး မင်းကများ S2 အဆင့်ဗုံးလောက်နဲ့ တက်မလာနဲ့”တက်မလာနဲ့”
“အုန်း ဝုန်း’’
ဗုံးပေါက်ကွဲမှုကြောင့် မီးစွမ်းအင်တစ်ချို့ လပ်၏ ကိုယ်ပေါ်လာရောက် ရိုက်ခတ်သော်လည်း (၃)စက္ကန့်အတွင်း မီးငြိမ်းသွားခဲ့လေပြီ။ လေတစ်ချက်အဝှေ့တွင် ပြာမှုန့်များ မြေခဲများ လွှင့်ပျံ့သွားပြီး လပ်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်၍ ထိုလူရွယ်အား ကြည့်နေသည်။ ထို့နောက်
“မင်းရဲ့ အစွမ်းဒါအကုန်ပဲလား”
“အဲဒါဆိုရင်တော့ သေလိုက်တော့” ဟုဆိုကာ
“လပ်၏ ဓါးမောက်တွင် ခမ်းနားအေးစက်သော ရောင်ဝါများထွန်းလင်းလာပြီး ကမ္ဘာဖျက် ခုတ်ချက်ကို ဖော်ထုတ်တိုက်ခိုက်လိုက်လေတော့သည်။
“ဝှီး စွပ် အား” ကယ်ကြပါဦး”
လူရွယ်မှာ ကြိုးစားခုခံသော်လည်း လပ်၏ ဓါးမောက်ဆန္ဒပါဝင်သော ဓါးချက်ကို မခုခံနိုင်ပဲ ဘယ်လက်မှာ ပြတ်ထွက်ပြီး အဝေးကိုလွင့်သွားချေပြီ။ ထို့နောက် ဒူးထောက်၍ သွေးများ ပွက်ပွက်အန် လေတော့သတည်း။
“ဆရာ သက်ညှာပေးပါအုန်း”
အဝေးမှ အော်သံတစ်ချက် ကြားလိုက်ပြီး”
လူထွားကြီးတစ်ဦးနှင့် လူ ၅ယောက်ဖျတ်ခနဲအနီးသို့ ရောက်ရှိလာလေသည်။
အသက်(၅၀)အရွယ် အမျိုးသမီးကြီးတစ်ဦးက ဦးဆောင်လာခြင်းဖြစ်လေသည်။ မှန်ပေ၏။ မဒမ်ရှိုင်းပင် ဖြစ်ပေ၏။
“ဒီလူက မိစ္ဆာကိုးကွယ်နေတာပဲ”
“လုံးဝသတ်ပစ်ရမယ်”ဟု လပ်က အော်ဟစ်လိုက်သည်။
“ဆရာ သူက ကျမသားလေးပါ ဆရာ”
“သက်ညှာပါအုံး”ဟု ဝမ်းနည်းသံကြီးဖြင့် ပြောဆိုလေသည်။ သူ့ကြည့်တော့လည်း မျက်ရည်များ စီးကျနေပြီး အံ့ဩမှု၊ ယူကြုံးမရဖြစ်မှု မျက်နှာဖြစ်နေတော့၏။
“သူ့အပြစ်တွေကို ကျမအမှန်အတိုင်း အစီရင်ခံပါ့မယ်။’’
“ကျမ မသိခဲ့ဘူး၊ တကယ်ပါ ဒီနေ့မှ သိရတယ်”
“အမလေး သားလေး ငါ့သားလေး”
“ဖြစ်မှဖြစ်ရတယ်” ဟု မဒမ်ရှိုင်းအော်ဟစ်ငိုကြွေး နေလေတော့သည်။ လပ်လည်း ဆက်လက် ခုတ်ပိုင်းချက်ကို ရပ်တန့်လိုက်ပြီး “သူ့ကို ဖမ်းချုပ်ထားလိုက်” ဟု အမိန့်ပေးလိုက်လေ၏။