(ဂေါ်သန်ရှိုင်း၏အတွေး)
Vol. 6 Ch. 60
မကြာမှီ လုံခြုံရေးအဖွဲ့အစည်းများ ရောက်လာပြီး မဒမ်ရှိုင်း၏ သား ဂေါ်သန်ရှိုင်းကို ဖမ်းဆီး ချုပ်နှောင်၍ ခေါ်ဆောင်သွားကြသည်။
မြေအောက်ရှိ ဥမှင်လှိုင်ခေါင်းကို စစ်ဆေးကြည့်ရာတွင်တော့ အမျိုးသမီး(၂)ဦးကို ဝတ်လစ်စလစ်ဖြင့် တိုင်နှစ်ခုတွင် ကြိုးတုပ်ထားတာကို တွေ့ကြရပါတယ်။ ထိုနှစ်ဦး၏ ကိုယ်အနှံ့တွင် ကြာပွတ်ရာများ အထင်းသားပြည့်နှက်နေပြီး တစ်ဦးမှာသေဆုံး၍ သွားချေလေပြီ။ ကျန်တစ်ဦးကတော့ အသက်မျင်းမျင်း လေးသာ ကျန်ပေတော့သည်။
ကယ်ဆယ်ရေးသမားများတွင် စွမ်းအင်ကုသရေးဆေးဝါးကောင်းများ အဆင်သင့်ပါရှိသောကြောင့် ထိုမိန်းကလေးကို အချိန်မှီကယ်တင်နိုင်ခဲ့လေသည်။ မကြာမှီ စိတ္တဇလူသတ်သမား၏ ဖမ်းဆီးခံရသည့် သတင်းမှာ တောမီးသဖွယ်တောက်လျှောက် ပျံ့နှံ့သွားလေသည်။
“မင်းတို့ ကြားပြီးပြီလား ဟိုလူသတ်ကောင်ကို မိပြီတဲ့”
“တကယ်လား ကောင်းလိုက်တာ”
“သာမန်လူတွေလိုက်သတ်နေတာ စောက်ရူးပါကွာ”
“အေးဟေ့ ပိုအံ့ဩစရာကောင်းတာက တကယ့်သတင်းပဲ”
တကယ့်အကြီးကြီးဖြစ်သွားပြီ
“အဲလူက ဂေါ်သန်ရှိုင်းတဲ့”
လူတစ်ယောက်က ဝင်ပြောလိုက်သည်။
အရက်သောက်နေသူတစ်ဦးမှာ ဖူးခနဲ အရက်များထွေးထုတ်လိုက်ပြီး” မဖြစ်နိုင်တာ သခင်လေး ရှိုင်းက ကြင်နာတတ်ပါတယ် ငါ့ဆို အမြဲငွေစတွေ ပေးနေကျ”
“ဟိုမှာ ဖမ်းခံရလို့ အချုပ်ထဲရောက်နေပြီ မင်းက လာငြင်းနေတယ်”
“ငါလူးတကယ်ဟေ့ ဒီမနက်သတင်းကို ကြည့်လိုက်အုံး”
အမျိုးသမီးတစ်ဦးကလည်း “ရုပ်ကလေးချောချောလေးနဲ့ ရက်စက်လိုက်တာနော်”
ဟူ၍ ဝင်ပြောလေတော့သည်။
မဒမ်ရှိုင်း၏ သား ဂေါ်သန်ရှိုင်းမှာ တစ်ယောက်ထဲနေလေ့ရှိပြီး လျှို့ဝှက်စွာ နေထိုင်တတ်သူ ဖြစ်ကာ မိစ္ဆာကိုးကွယ်သူလည်း ဖြစ်နေကြောင်းသူသတ်ရသည့်အကြောင်းမှာ ထိုအမျိုးသမီးများကို ပြစ်ဒဏ်ခတ်ခြင်း ဖြစ်သည်ဟုလည်း ထွက်ဆိုထားကြောင်း သတင်းများတွင် ပါရှိလေသည်။
ထို့အပြင် သူ့ကို ဖမ်းဆီးမိသည်မှာ လုံခြုံရေးအဖွဲ့မှ မစ္စတာလပ်ဆိုသူဖြစ်ကြောင်းလည်း ပါရှိ လေသည်။
အုပ်ချုပ်ရေးရုံးခန်း၏ ခိုင်ခံ့လှသော အချုပ်ခန်းတွင် ဆံပင်များရှုပ်ပွနေသော လူရွယ်တစ်ဦး ထိုင်ခုံတစ်ခုတွင် ထိုင်နေသည်။
ထိုလူရွယ်မှာ ဂေါ်သန်ရှိုင်း ဖြစ်လေတော့သည်။
[ ကလပ် ချပ် ]
ခိုင်ခံ့လှသော အချုပ်ခန်း၏ လျှပ်စစ်တံခါးပွင့်သွားပြီး လူတစ်ယောက်ဝင်လာလေသည်။ ထို့နောက် ဂေါ်သန်ရှိုင်း၏ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ရှေ့ရှိလူငယ်ကို တချက်ကြည့်လိုက်သည်။ ထိုသူမှာ လပ် ပင်ဖြစ်သည်။
“မင်းကို တိုတိုပဲမေးမယ်”
“ဘာလို့ မိန်းကလေးတွေကို သတ်တာလဲ”
လပ်က စကားစလိုက်သည်။ ဂေါ်သန်၏ အမူအရာမှာ ပြုံးတုန့်တုန့်မှတဆင့် ခက်ထန်ကြမ်း တမ်းသည့်အသွင်သို့ ပြောင်းသွားပြီး
“ဟား ဟား ငါက စီရင်ချက်ချပေးတာလေ”
“ဘာစီရင်ချက်လဲ” လပ်က မေးသည်။
“သူတို့အပြစ်တွေအတွက် စီရင်ချက်ပေါ့”
“ဘုရားသခင်က မစီရင်တော့ သူ့ကိုယ်စား ငါက စီရင်တာလေ ဟား ဟား”
“ငါ စီရင်တဲ့ ကြောင်တွေ ခွေးတွေ လူတွေ အားလုံး အပြစ်ရှိတဲ့သူတွေပဲကွ”
ဂေါ်သန်၏ လေသံမှာ ပိုမိုပြင်းထန်ကျယ်လောင်လာလေ၏။
“လုပ်ပါအုန်း” ဘာကြောင့် စီရင်ရလဲပြောစမ်းပါအုံး”
လပ်ကို စူးစူးစိုက်စိုက်ကြည့်ပြီး ဂေါ်သန်ဆက်ပြောသည်
“အမ်း မင်းကိုတော့ ပြောပြလိုက်မယ်”
“မင်းမှာ ငါ့လိုပဲ သတ်ဖြတ်ခြင်းဆန္ဒတွေ ရှိနေတယ်”
“ပထမ ကောင်မလေး မင်းသတိထားမိလား”
“လူတကာနဲ့ ပျော်ပါးနေပြီး ဟိုလူ့ကိုအချစ်ဆုံး
ဒီလူ့ကို အချစ်ဆုံးပါ လျှောက်ပြောနေတာ
လိမ်ပြီး ပိုက်ဆံညာယူနေတာပဲကွ”
“သူ့ကို ဘုရားသခင်အစား ငါ ပြစ်ဒဏ်ပေးလိုက်တာ”
“နောက်တစ်ယောက်ကတော့ ဘိုးဘွားရိပ်သာက ပိုက်ဆံတွေဘုန်းပြီး သူလိုချင်တာ ဝယ်နေ တာဟ”
“တတိယ ကောင်မလေးက အံမယ် မင်းတောင် ကြွေသွားမယ်”
လပ်လည်း မျက်မှောင်ကျုံ၍ ကြည့်ကာပြော၏
“သူကတော့ ဘာလို့လဲ”
“အင်း သူက သူ့ရည်စားတွေရဲ့ အချက်အလက်တွေရှာတယ်။ အားနည်းချက်ကို ခြိမ်းခြောက်ပြီး နောက်လူတစ်ယောက်ပုံ ဟန်ဆောင်ပြီး ငွေညှစ်တယ်”
“နောက်ဆုံး ၄ယောက်မြောက်က အဆိုးဆုံးပဲ
ဟားဟား သူဌေးတွေကို ခန္ဓာကိုယ်နဲရင်းပြီးပေါင်းတယ် ပြီးတော့ အခွေထုတ်ခိုင်းတယ်”
“သူများမိန်းမတွေကို ကွာရှင်းဖို့အကြံပေးသေးတယ်” ပြီးတော့ ဆိုတဲ့သီချင်းက
“မင်းတစ်ယောက်တည်း ဆိုလား ဘာလား” “ဟား ဟား သူ့ကိုတော့ ငါမသတ်ခင်ပါးစပ်ကို စပါယ်ရှယ်ဆွဲဖြဲပေးလိုက်တယ်”
“ထွန့်ထွန့်လူးနေတာပဲ ကြည့်ကောင်းလိုက်တာ”
ဟူ၍ ဝမ်းသာအားရစွာဖြင့် လပ်ကို ပြောပြလေသည်။
“အဲတာဆို နောက်ဆုံးမင်းကို မေးမယ်”
“မင်းက ဘာလို့ စီရင်ချက်လိုက်ချရတာလဲ”
“ရဲတွေကိုတိုင်လို့မရဘူးလား”
ဂေါ်သန်ရှိုင်းက ရူးသွပ်စွာရီလိုက်ပြီး
“အဲ ကောင်မတွေကို ဘယ်သူမှ အရေးမယူကြဘူး”
“အထူးသဖြင့် မင်းတို့ပြောပြောနေတဲ့ ဘုရားသခင်ပေါ့”
“အဲဒါကြောင့် ငါက တရားစီရင်လိုက်တာ ဟား ဟား”
“ငါက ဘုရားသခင်ပေါ့ ဟား ဟား ဟား”
“မွေးဖွားခြင်း သေဆုံးခြင်းက ငါ့လက်ထဲမှာ ဟား ဟား”
မကြာမီ စစ်ဆေးခြင်းပြီးဆုံးသွားလေပြီ။
နောက်ဆုံးစစ်ဆေးမေးမြန်းမှုများ ပြီးနောက် အားလုံးဆုံးဖြတ်ချက်မှာ ဂေါ်သန်ရှိုင်းသည် မိစ္ဆာ ကိုးကွယ်မှုကြောင့် ရူးသွပ်သွားပြီး လူသတ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြပါရှိ လေတော့သည်။
စာစဉ်(၆)ပြီး၏။